Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

NUG ဝန်ကြီးတွေ ပြည်တော်ပြန်မှာလား (Opinion)

NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာကြလို့ပြောလိုက်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ တိုက်တွန်းချက်ကို တော်လှန်သောပြည်သူတို့က လှိုက်လှဲစွာ ကြိုဆိုခဲ့ကြတယ်။

 

နိုဝင်ဘာ ၂၆ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်း။ စစ်ကောင်စီလက်အောက်ခံမဟုတ်တဲ့ မြန်မာသတင်းဌာနတွေက ညတွင်းချင်း အဲဒီတိုက်တွန်းချက်ကို သတင်းဖော်ပြကြရာမှာ ပြည်သူများစွာ Like ပေးကြ၊ ကွန်မန့်တွေမှာ  ထောက်ခံကြိုဆိုကြနဲ့ ဒူဝါလရှီးလနဲ့ ပြည်သူတို့ရဲ့သဘောထား တသားတည်းပဲလို့ ဖော်ပြခဲ့ကြတယ်။

 

မျက်ဖြူလန်နေပြီဖြစ်တဲ့ စစ်ကောင်စီဘက်က လုံးလုံးလျားလျား ရပ်တည်ကာ မြန်မာ့ပြည်တွင်းရေးကို အတိအလင်းဝင်စွက်ဖက်နေတဲ့ တရုတ်ရဲ့ဖိအား သက်ရောက်နေချိန်မှာ ယာယီသမ္မတက ညီညွတ်တဲ့စု စည်းအင်အားနဲ့ တန်ပြန်ခုခံနိုင်ရေးအတွက် ပြည်ပရောက် NUG ဝန်ကြီးတွေကို ဆင့်ခေါ်လိုက်ခြင်းလို့ နားလည်ရတယ်။

 

ယာယီသမ္မတ ဒူဝါလရှီးလက “ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစ ထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ဆိုတယ်။

 

တိုက်ပွဲတွေချက်ချင်းရပ်ဖို့ နယ်စပ်ဂိတ်တွေပိတ်ကာ ဖြတ်ငါးဖြတ်တိုက် ကွက်ဖော်နေတဲ့ တရုတ်ရဲ့ ဖိအားတွေ သည်းသည်းထန်ထန် ကျရောက်နေတဲ့ကြား နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုင်တီကို ကေအိုင်အေ က သိမ်းပိုက်ပြီး ၆ ရက်အကြာမှာ ယာယီသမ္မတရဲ့ မိန့်ခွန်း ထွက်ပေါ်လာခြင်းလည်းဖြစ်တယ်။

 

ယာယီသမ္မတ ဒူဝါလရှီးလက “ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစ ထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ဆိုတယ်။

 

အင်အားဆိုတာ ပြည်တွင်းမှာ အခြေစိုက်ရမယ်။ NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရ၊ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမယ်လို့လည်း ပြောတယ်။

 

“ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး  အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက်ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ 

 

“ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး  အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက်ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အား ကို စုစည်းဖို့အတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်”လို့ ယာယီသမ္မတက ပြောတယ်။

 

ဒူဝါလရှီးလ အဲဒီလိုဆင့်ခေါ်တဲ့ နိုဝင်ဘာ ၂၆ ရက်မှာ တော်လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံတစ်ဝန်းမြို့ပေါင်း ၈၉ မြို့ သိမ်းပိုက်ပြီးတဲ့အချိန်။ အဝေးရောက်အစိုးရဆိုတာက လွတ်မြောက်နယ်မြေမရှိတာ ကြောင့် နယ်စပ်အစွန်အဖျား၊ တိုင်းတစ်ပါး နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက်အခြေချရပ်တည်ရတာ မျိုး။ လက်ရှိ မြေပြင်အခြေအနေတွေအရ NUG ဝန်ကြီးတွေ ကရင်မှာ နေမလား၊ ကချင်မှာနေမလား၊ ရှမ်း၊ ကရင်နီ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းနေမယ်ဆို နေလို့ရတဲ့နေရာတွေ ပုံလို့။ အမေရိကန်တို့ အင်္ဂလန်တို့မှာနေသလို ရာနှုန်းပြည့်လုံခြုံစိတ်ချရမှုမရှိပေမဲ့ ထိုက်သင့်တဲ့ လုံခြုံမှုရှိကြောင်း လက်ရှိပြည်တွင်းထဲမှာ ရပ်တည်နေတဲ့ NUG ဝန်ကြီးတွေက သက်သေ။

 

ယာယီသမ္မတရဲ့ ပြည်တော်ပြန်မိန့်ခွန်းပြောပြီး ၄ ရက်အကြာ နိုဝင်ဘာ ၃၀ ရက် ညဦးပိုင်းမှာတော့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းရဲ့ ဖော်ပြချက်အရ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန် စစ်ဝတ်စုံ ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ဆင်ကာ မန္တလေး PDF ထိန်းချုပ်ဒေသသို့ ကွင်းဆင်းစစ်ဆေးတဲ့မှတ်တမ်း ဓာတ်ပုံတွေ မီဒီယာပလက်ဖောင်းပေါ် တက်လာတယ်။ ဘယ်အချိန်တုန်းက သွားရောက်ခဲ့သလဲဆိုတာ မသိရပေမဲ့ ယာယီသမ္မတရဲ့ ပြည်တော်ပြန်မိန့်ခွန်းနဲ့ မရှေ့မနှောင်းမှာ ထိန်းချုပ်နယ်မြေသို့ ဝန်ကြီးရောက်ရှိနေ ပုံမြင်ရတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေထက် လက်သီးလက်မောင်းတန်းတက်ကြွနေတဲ့ ပြည်သူတွေရဲ့အသံကို ကြားရတယ်။

 

PDF ထိန်းချုပ်နယ်မြေတစ်နေရာမှာ NUG ဝန်ကြီးဦးရည်မွန်ကို တွေ့ရတော့ ပြည်သူ တွေအတွက် ခွန်အားဖြစ်စေတယ်။ ပြည်ပရောက်ဝန်ကြီးတွေ ပြည်တော်ပြန်ဝင်ပြီဆိုတဲ့အသံကို မကြားရ သေးပေမဲ့ ပြည်သူတွေ မျှော်လင့်နေကြတာ သေချာတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး ၂ ရက်အကြာ အောက်တိုဘာ ၁၀ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီး ပင်လည်ဘူးမြို့သို့သွားကာ အောင်ပွဲရ ရဲဘော်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ဖူးတာကြောင့် ပြည်တော်ပြန်မိန့်ခွန်းထွက်ပေါ်လာပြီးမှ ဦးရည်မွန်လူလုံး ထွက်ပြတာ မဟုတ်မှန်း ပေါ်လွင်စေတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် PDF ထိန်းချုပ်နယ်မြေတစ်နေရာမှာ NUG ဝန်ကြီးဦးရည်မွန်ကို တွေ့ရတော့ ပြည်သူ တွေအတွက် ခွန်အားဖြစ်စေတယ်။ ပြည်ပရောက်ဝန်ကြီးတွေ ပြည်တော်ပြန်ဝင်ပြီဆိုတဲ့အသံကို မကြားရ သေးပေမဲ့ ပြည်သူတွေ မျှော်လင့်နေကြတာ သေချာတယ်။

 

လုပ်ငန်းလိုအပ်ချက်အရ ပြည်ပမှာသာ ရှိရမယ့် ဝန်ကြီးတွေ ရှိတာကို ပြည်သူတွေက နားလည်ကြတယ်။ ပြည်ပမှာမရှိလည်းရတဲ့ ဝန်ကြီးတွေ ပြည်တွင်းထဲ ပြန်ဝင်ကြဖို့ကိုလည်း ပြည်သူတွေက မျှော်လင့်ကြ တယ်။ ငါတို့ဝန်ကြီးတွေ ငါတို့နဲ့အတူ တမြေတည်း တရေတည်း ကြမ်းတပြေးတည်း ရပ်တည်ကြတယ်ဆိုတဲ့ တသားတည်းစိတ်ဟာ ပြည်သူတို့ရဲ့ ပြင်းပြဆန္ဒ၊ တော်လှန်ရေးအတွက် ခွန်အားတစ်ရပ်လည်း ဖြစ်တယ်။

 

တရုတ်ရဲ့ အားပေးအားမြှောက်ပြုနေခြင်းနဲ့ နိုင်ငံတကာရဲ့ မသိချင်ယောင်ဆောင်တို့ကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့မြို့တွေက ပြည်သူတွေပေါ် ပစ်မှတ်ထား ဗုံးကြဲနေခြင်းကို စစ်ကောင်စီ စိတ်ကြိုက်ပြုလုပ်နေခြင်းလည်း ဖြစ်တယ်။

 

ပြီးတော့ တော်လှန်ရေးကာလ ၄ နှစ်မပြည့်မီ မြို့ပေါင်း ၈၉ မြို့ သိမ်းပိုက်နိုင်ခဲ့တာ ဒီပြည်သူတွေရဲ့ နင့်နေအောင်ရုန်း၊ နင့်နေအောင် ဒုက္ခခံကာ နင့်နေအောင် ထမ်းခဲ့တာကြောင့်ပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာက စိတ်ဓာတ်ရေးရာအရ ထောက်ခံရပ်တည်ပေးတဲ့အဆင့်၊ အလုပ်မဖြစ်တာ သိပ်သေချာနေတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စွဲကိုင်ပြကာ တော်လှန်ရေးအရွေ့အတွက် လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ မေ့ချင်ယောင်ဆောင်နေကျ။ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်ခိုင်လုံစွာနဲ့ ကုလသမဂ္ဂလက်ထဲ အထုပ်နဲ့အထည်နဲ့ရှိနေပေမဲ့ ကန့်ကွက်ရှုတ်ချခြင်းကနေ ရှေ့တစ်လှမ်းတက်မလာခြင်းက မြန်မာ့အရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ရပ်တည်ချက်လို့ ဆိုရင် မမှား။ တရုတ်ရဲ့ အားပေးအားမြှောက်ပြုနေခြင်းနဲ့ နိုင်ငံတကာရဲ့ မသိချင်ယောင်ဆောင်တို့ကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့မြို့တွေက ပြည်သူတွေပေါ် ပစ်မှတ်ထား ဗုံးကြဲနေခြင်းကို စစ်ကောင်စီ စိတ်ကြိုက်ပြုလုပ်နေခြင်းလည်း ဖြစ်တယ်။

 

ယာယီသမ္မတက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ပေးသင့်တာထက်ပိုပြီး ပေးခဲ့ပြီးပြီလို့  ဆို လိုက်တယ်။ ယာယီသမ္မတရဲ့ ဆိုလိုရင်းက နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ လက်တွေ့ကျတဲ့ အကူအညီ တွေရဖို့ NUG ဝန်ကြီးတွေ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အခုထက်ပိုပြီး မျှော်လင့်စရာ မရှိတာကြောင့် ပြည်တွင်းမှာ ပြန်စုစည်းပြီး ကိုယ့်အားကိုယ်ကိုးလမ်းကိုသာ ဆက်ဖောက်ကြဖို့ တိုက်တွန်းခြင်းဖြစ်တယ်။ ထပ်ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ စိတ်ကူးယဉ်နေတာ ရပ်ပြီး လက်တွေ့ကျကြဖို့ ဆင့်ခေါ်ချက်။

 

ယာယီသမ္မတက အဲဒီလို ပြောပြီးမှပဲ နိုင်ငံတကာနဲ့ပတ်သက်ပြီး အမှတ်ပေးရမယ့် ပြောစရာတစ်ခု ရှိလာတယ်။ နိုဝင်ဘာ ၂၇ ရက်၊ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ လျှောက်ထားချက်။ ၂၀၂၅ မှာ မည်ကာမတ္တရွေးကောက်ပွဲသာလုပ်နိုင်ခဲ့ရင် သမ္မတကြီးမင်းအောင်လှိုင်အဖြစ် ဟန်လုပ်နိုင်ပြီလို့ အိပ်မက်မက်နေတဲ့ မင်းအောင်လှိုင်ကို ICC က နိုင်ငံတကာဝရမ်းပြေးတံဆိပ် ခတ်နှိပ်မယ့်အစီအစဉ်။ ပုဆိုးဂွင်းသိုင်းပြီး ထမကမိအောင် စိတ်ငြိမ်ဆေးကတ်လိုက်နဲ့ မင်းအောင်လှိုင် စိတ်ထိန်းထားရမယ့်ဘဝ။ ရန်သူ့ မေးရိုးဆီ ဖြောင့်ဖြောင့်ကြီးဝင်သွားမယ့် လက်သီးကို ကျနော်တို့ ကြိုဆိုကြရမှာဖြစ်ပေမဲ့ ၂၀၂၆၊ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုက အခုမှ ကောက်ကာငင်ကာ ဘာ့ကြောင့်အသက်ဝင်လာရသလဲဆိုတာ စဉ်းစားဖို့လိုပါမယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးကို မြန်မာ့အရေးသက်သက် ခေါင်းထဲမထည့်ဘဲ မြန်မာ့အရေးကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာအပေါ် သက်ရောက်မှုကိုသာ စဉ်းစားချက်ထား တုံ့ပြန်နေပုံပါ။ 

 

ကူမင်းမှာ မဟာမဲခေါင်အစည်းအဝေး မင်းအောင်လှိုင် တက်ရောက်နေချိန် စစ်ကောင်စီထိန်းချုပ်သတင်းစာတွေက မြန်မာနိုင်ငံဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်တယ်ဆိုတဲ့ ဖော် ပြချက်နဲ့ တရုတ်လက်နက်ကိုင်တွေကို မြန်မာမြေပေါ် ခြေချခွင့်ပြုနိုင်ခြေ နောက်ဆက်တွဲသတင်းတွေက စစ်ကောင်စီနဲ့တရုတ်ကြား ဘယ်လိုသဘောတူညီချက်တွေ ရထားပြီးပြီဆိုတာ မသိရသေးပေမဲ့ မြန်မာ့အရေးကို ကျော်လွန်ကာ အနည်းဆုံး ဒေသတွင်းအထိ ရိုက်ခတ်မှုပြင်းမယ့် တရုတ်ရဲ့ ခြေလှမ်းတွေလို့ မှန်း ဆနိုင်တယ်။ ဒါ့ကြောင့် အာဏာလက်မလွှတ်ရရေးအတွက် တရုတ်လက်ဝေခံပြည်နယ်အဆင့် ထိုးကျွေးပစ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မင်းအောင်လှိုင်ကို ဝရမ်းပြေးတံဆိပ်ကပ်ဖို့ ဖြစ်လာတာများလားလို့ မှန်းဆရပါမယ်။ ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးကို မြန်မာ့အရေးသက်သက် ခေါင်းထဲမထည့်ဘဲ မြန်မာ့အရေးကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာအပေါ် သက်ရောက်မှုကိုသာ စဉ်းစားချက်ထား တုံ့ပြန်နေပုံပါ။ ထပ်ပြောရရင် နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အာရုံပြုမှုဟာ ယူကရိန်းကျူးကျော်စစ်နဲ့ အ ရှေ့အလယ်ပိုင်းပြဿနာတို့ရဲ့ အနောက်ခပ်လှမ်းလှမ်းမှာသာ တည်ရှိနေတာ အားလုံးရဲ့ မျက်မြင်ပါ။

 

ဒါ့ကြောင့် နိုင်ငံရပ်ခြားမှာနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် စိတ်ကူးယဉ်နေတာရပ်ပြီး ပြည် တော်ပြန်ဝင်ခြင်းသည်သာ တော်လှန်ရေးအတွက် လက်တွေ့အကျိုးရှိမယ်လို့ ပြည်သူတွေကပါ ရှုမြင်နေပြီဖြစ် တယ်။

 

ပြည်တော်ပြန်ကြမယ့် NUG ဝန်ကြီးတွေကို လှိုက်လှဲစွာ ကြိုဆိုဖို့ရာ ပြည်သူတို့က အဆင်သင့်စောင့်‌ နေပါတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။