Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နိမ္မိတာရုံဆရာတော်ရဲ့ တာဝန်မကျေတဲ့ တပည့်သံဃာတွေ (OPINION)

ဝိနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ရဲ့ အရိုးပြာကို စစ်တောင်းမြစ်အတွင်း ရေမျှောပူဇော်ခြင်းအမှု ပြုပြီးနောက် ဘာဆိုဘာမှမဖြစ်ခဲ့ဖူးသလို ပြီးဆုံးလိုက်ကြလေတော့နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ဟား တိုက်နေမှာ အသေအချာပေါ့။

 

ဇွန်၁၉ရက်၊  ဝိနိမ္မိတာရုံဆရာတော် ငါန်းဇွန်မှာ စစ်တပ်ပစ်ခတ်လို့ ပွဲချင်းပြီး ပျံလွန်ခဲ့ပြီးနောက် ဇွန်၂၀ရက်မှာ ဝိနိမ္မိတာရုံဆရာတော်နဲ့အတူရှိနေတဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ရဲရင့်တဲ့သီလကြောင့် သတ် ဖြတ်ခံရခြင်း အဖြစ်မှန် ကို သိရှိ။မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေရော သံဃာတော်တွေပါအစွမ်းကုန် တောက်လောင်ခဲ့ကြပေမဲ့ သိပ်မကြာ အရိုးပြာ ရေမျှောပူဇော်ပြီးတဲ့အခါ အသံတွေလည်း တိတ်သွားလိုက်ကြတာ အခုဆိုရင် ၅လကျော်ကြာ။အထူးပြုညွှန်းရမှာက ထေကြီးဝါကြီး ဝိနိမ္မိတာရုံကျောင်းတိုက်ဆရာ တော် ကြီးရဲ့မြောက်မြားစွာသော တပည့် သံဃာတွေ။

 

ဝိနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပနသို့ ကြွလာတဲ့သီတဂူဘုန်းကြီးက “ပြင်မရတော့တဲ့ ဒီအမှားကို၊ တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို သံဃာတော်တွေက အားပေး မိရာမရောက်အောင်၊ ထပ်ပြီးတော့လည်း မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား’’လို့ ဆိုတယ်။ ဝိနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာတွေ သီတဂူဘုန်းကြီးရဲ့အမှာတော်အတိုင်း လက်ခံလိုက်ကြ တဲ့ပုံ။ဘယ်သူတွေက မပြီးသေးဘူးဆိုဆို ငါတို့ကတော့ သည်းခံ ခွင့်လွှတ် မေ့ပျောက်လိုက်ကြမယ်လို့ ကိုယ်စီ အ သံမထွက်ဘဲ တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြပုံ၊တစ်စွန်းတစ်စသော အသံပင် မထွက်တော့။

 

ဘယ်သူတွေက မပြီးသေးဘူးဆိုဆို ငါတို့ကတော့ သည်းခံ ခွင့်လွှတ် မေ့ပျောက်လိုက်ကြမယ်လို့ ကိုယ်စီ အ သံမထွက်ဘဲ တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြပုံ၊တစ်စွန်းတစ်စသော အသံပင် မထွက်တော့။

 

သီတဂူဘုန်းကြီး ပြောတဲ့ တစ်စုံတစ်ယောက်မှားတဲ့အမှားဆိုတာက အောက်ခြေအဆင့် စစ်သားတွေ ရဲ့အမှား၊စစ်ကောင်စီအမှားမဟုတ်ဘူးလို့ ဆိုလိုချင်ပုံရတယ်။တကယ်တမ်းသာ စစ်ကောင်စီဘက်က ရိုးရိုးသား သားအောက်ခြေစစ်သားတွေရဲ့ မဆင်မခြင်ပစ်ခတ်မှုကြောင့် ဝိနိမ္မိတာရုံဆရာတော်ဘုရား ပျံလွန်သွားတဲ့အ တွက်ရှိခိုးဦးချတောင်းပန်ပါကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ရာ ပြဿနာကသိပ်ကြီးလိမ့်မယ်မထင်။

 

အဲဒီလိုမဟုတ်ဘဲ ဆရာတော်ကိုသတ်ပစ်ခဲ့တဲ့ ဇွန်၁၉ရက်ညမှာပဲ စစ်ကောင်စီမီဒီယာတွေက PDF သတ်လို့ ပျံလွန်ပါတယ်ဆိုပြီး သရဲဘောကြောင်ပြလိုက်လေတော့ ပြည်သူနဲ့သံဃာ ပေါက်ကွဲဆတွေ ဒီတက်ခဲ့ ကြရတယ်။

 

ကားပေါ်အတူပါလာတဲ့ ကန်သုံးဆင့်ဆရာတော်ကဒဏ်ရာအနည်းငယ်ရတယ်။ဒါပေမဲ့၊ပစ်ခတ်ပြီး ၂ နာရီကြာတဲ့အထိ သက်တော်၈၀နားနီးနေပြီဖြစ်တဲ့ ကန်သုံးဆင့်ဆရာတော်ကို ဖုန်းလည်းဆက်ခွင့်မပေး၊ ဆေး လည်းကုသမှုမပေး၊ဘယ်မှာလည်း ထွက်ခွာခွင့်မပေး။အဲဒီနောက် ကန်သုံးဆင့်ဆရာတော် တံတားဦးဆေးရုံ ရောက်တော့ ပျံလွန်သွားတဲ့ ဝိနိမ္မိတာရုံဆရာတော်နဲ့ ဒဏ်ရာရ ကန်သုံးဆင့်ဆရာတော်တို့ဟာထေကြီးဝါကြီး ဆရာတော်ကြီးတွေတင်မက ရွှေကျင်ဂိုဏ်းရဲ့ဦးဆောင်ဆရာတော်ကြီးတွေမှန်း စစ်ကောင်စီက သိရှိ။ဒါပေမဲ့၊ ကန်သုံးဆင့်ဆရာတော်ကို စစ်ကောင်စီက ၃ကြိမ်ထက်မနည်း သူတို့လိုချင်တဲ့အဖြေရအောင် ဖိအားပေးစစ်ဆေးခဲ့တယ်။

 

ဒါပေမဲ့၊ပစ်ခတ်ပြီး ၂ နာရီကြာတဲ့အထိ သက်တော်၈၀နားနီးနေပြီဖြစ်တဲ့ ကန်သုံးဆင့်ဆရာတော်ကို ဖုန်းလည်းဆက်ခွင့်မပေး၊ ဆေး လည်းကုသမှုမပေး၊ဘယ်မှာလည်း ထွက်ခွာခွင့်မပေး။

 

စစ်ကောင်စီလိုချင်တဲ့အဖြေက PDFပစ်ခတ်လို့ ဝိနိမ္မိတာရုံဆရာတော် ပျံလွန်သွားကြောင်း လိမ်ညာ ထွက်ဆိုချက်။ကံသုံးဆင့်ဆရာတော်က စစ်တပ် ပစ်သတ်ကြောင်း အမှန်အတိုင်း ထွက်ဆိုတာကြောင့် ဆေးမ ကုပေး။ပြီးတော့ မန္တလေးနန်းတွင်းထဲခေါ်ပြီး စစ်ကောင်စီတိုင်းမှူးကိုယ်တိုင် ထပ်စစ်၊ဖိအားပေး။ နန်း တွင်းထဲ ရောက်တဲ့ ညဦးပိုင်းကျမှခေါင်း၃ချက်ချုပ်ကာ ပတ်တီးစည်းပေးတယ်လို့ ဆရာတော်က မိန့်တယ်။

 

ဆရာတော်တွေစီးလာတဲ့ကားက အမြန်မောင်းတယ်၊မှန်မချဘူးဆိုတာလောက်နဲ့ စစ်ဆေးမေးမြန်း ခြင်းမရှိ၊သတိပေးခြောက်လှန့် ပစ်ခတ်ခြင်းမျိုးလည်းမရှိဘဲ အသေပစ်သတ်ခဲ့တယ်။ ဒဏ်ရာရကန်သုံးဆင့် ဆရာ တော်ကို ရွှေကျင်ဂိုဏ်းဦးဆောင်ဆရာတော်မှန်းသိလျက် ဆေးကုမပေးဘဲခြိမ်းခြောက်စစ်မေးခဲ့တယ်။ ပြီးတော့ စစ်တပ်ပစ်လို့ဆရာတော်ပျံလွန်မှန်းသိလျက် PDF ပစ်တာပါလို့ လိမ်ညာသတင်းထုတ်ခဲ့တယ်။

 

ဆိုတော့ ဝိနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်သတ်လိုက်ရုံတင်မက သံဃာထုတစ်ရပ်လုံးကို ပါအတိအလင်း စိန်ခေါ်စော်ကားမှုက အစွမ်းကုန်မို့ စစ်ကျွန်ဘုန်းကြီးလက်တစ်ဆုပ်စာကလွဲလို့ သံဃာထု တစ်ရပ်လုံးပွက်လောရိုက်ခဲ့တာ ဘယ်ဆန်းမလဲ။

 

ကန်သုံးဆင့်ဆရာတော်ရဲ့ ရဲရင့်တဲ့ သီလကြောင့်အလိမ်ပေါ်၊ဆက်လက်လိမ်ညာစရာ အချက်အလက် လည်းမရှိ၊သံဃာထုကြား မီးဟုန်းဟုန်းတောက်နေပြီမို့ ဇွန်၂၁ရက်ညမှာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း က စစ်သား တွေပစ်ခတ်ခဲ့ကြောင်းဝန်ခံကာ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ အဲဒီဖြစ်စဉ်ကိုဖော်ထုတ်နေတယ်လို့ လေ ပြေထိုး။

 

ဝိနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်သတ်လိုက်ရုံတင်မက သံဃာထုတစ်ရပ်လုံးကို ပါအတိအလင်း စိန်ခေါ်စော်ကားမှုက အစွမ်းကုန်မို့ စစ်ကျွန်ဘုန်းကြီးလက်တစ်ဆုပ်စာကလွဲလို့ သံဃာထု တစ်ရပ်လုံးပွက်လောရိုက်ခဲ့တာ ဘယ်ဆန်းမလဲ။

 

ဆက်လက်ပြီး ဇွန်၂၄ရက်မှာ စစ်ကောင်စီခန့်သာသနာရေးဝန်ကြီးဆိုသူ တင်ဦးလွင်နဲ့အဖွဲ့ ပဲခူးမြို့၊ ဝိနိမ္မိတာရုံကျောင်းတိုက်သို့ ရောက်လာကာ ဆရာတော်ကြီးတွေရဲ့ရှေ့မှာမင်းအောင်လှိုင်ရဲ့ တောင်းပန်လွှာကို ဖတ်ကြားခဲ့တယ်။အဲဒီတောင်းပန်လွှာထဲမှာလည်း ဆရာတော်စီးလာတဲ့ကားသာသနာရေးအမှတ်အသားမပါ၊ ကားမှန်မချဘဲ အရှိန်ပြင်းစွာမောင်းနှင်လာပြီး လုံခြုံရေးအရ စစ်ဆေးဖို့ တားဆီးတာကို မရပ်လို့ ပစ် ခတ်တာ ကြောင့် ပျံလွန်၊အခုလို ဖြစ်သွားတာကိုအလေးအနက်ထားတောင်းပန်ပါတယ်လို့ ဆိုတယ်။
ပြောရရင် စစ်တပ်က ပစ်သင့်ပစ်ထိုက်လို့ ပစ်ခတ်တာဖြစ်ပြီး ပစ်ခတ်တာဟာ မမှားပေမဲ့ တောင်းပန် တယ်ဆိုတာမျိုး။ထပ်ပြောရရင် သံဃာတွေကြား ပွက်လောရိုက်နေရုံတင်မက ဇွန်၂၃ရက်မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇ ကံဆောင်သပိတ် စတင်လိုက်တာကြောင့် ကံ ဆောင်သပိတ်တွေကို မပြန့်ပွားလာရေးအတွက် မကောင်းတတ်လို့ လူစားလွှတ် တောင်းပန်ခိုင်းတဲ့သဘော။ အဲဒီလို လာရောက်တောင်းပန်ခိုင်းကြောင်းကို စစ်ကောင်စီမီဒီယာတွေမှာ လုံးဝ မဖော်ပြခဲ့တာက လည်းလေးနက်မှုမရှိကြောင်း ပေါ်လွင်ခဲ့တယ်။

 

ပြီးတော့ မင်းအောင်လှိုင်ရဲ့ တောင်းပန်လွှာမှာ ဆရာတော် အသတ်ခံရခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆင့်မြင့်အရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကစစ်ဆေးဖော်ထုတ်နေပြီး ဖော်ထုတ် ချက်အပေါ်မူတည်ကာအရေးယူဆောင်ရွက်မှုတွေကို အလေး ထား လုပ်ဆောင်သွားမယ်လို့လည်း ဆိုခဲ့တယ်။

 

ဒါပေမဲ့၊မင်းအောင်လှိုင်ရဲ့ တောင်းပန်စာကိုဖတ်ကြားခဲ့တဲ့ဇွန်၂၄ရက်ကစလို့ အခုနိုဝင်ဘာလကုန်ခါ နီးအထိ ဘယ်သူတွေက စုံစမ်းစစ်ဆေးပြီး ဘယ်လိုရလဒ် ထွက်ပေါ်ခဲ့သလဲဆိုတာ စစ်ကောင်စီ ထုတ်ပြန်ခြင်း မရှိသလို နောက်ဆက်တွဲအရေးယူခြင်းလည်း မရှိတာက သံဃာထုတစ်ရပ်လုံးကိုထပ်မံစော်ကားလိုက်ခြင်း လည်း ဖြစ် တယ်။(ဝိနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရခြင်းဟာ နိုင်ငံနဲ့ချီတဲ့ကိစ္စရပ်ဖြစ်တာကြောင့် လူမသိ အောင် ခိုးကြောင်ခိုးဝှက် ထုတ်ပြန်ခဲ့တယ်ဆိုရင် တရားမဝင်ဘူးလို့ အပြတ်ပြောရပါမယ်)

 

မင်းအောင်လှိုင်ရဲ့ လူလွှတ်တောင်းပန်စာဟာ သံဃာထုကြား ကံဆောင်သပိတ်တွေ ကြီးထွားလာမှာ စိုးတာ ကြောင့်ဖြစ်ပြီး ကံဆောင်သပိတ်တွေက မြို့ပေါ်သံဃာအသိုင်းအ ဝိုင်းဆီ ရောက်မလာတာ သေချာ သွား တဲ့အချိန်မှာ စစ်ကောင်စီကလည်း စုံစမ်းဖော်ထုတ်ခြင်းတွေ မလုပ် တော့ဘဲ ဒါမှမဟုတ် စုံစမ်းမှုရလဒ်ကို ထုတ်မပြောတော့ဘဲ ပြည့်ဖုံးကားချ။ဒါကိုနောက်တစ်မျိုးဆိုရရင် ငြိမ်ခံ မှန်းသိလို့ အဖက်မလုပ်ခြင်းမည်တယ်။ပြောရရင် လုပ်လို့ရလို့ လုပ်တဲ့သဘော။

 

ဝိနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရခြင်းဟာ နိုင်ငံနဲ့ချီတဲ့ကိစ္စရပ်ဖြစ်တာကြောင့် လူမသိ အောင် ခိုးကြောင်ခိုးဝှက် ထုတ်ပြန်ခဲ့တယ်ဆိုရင် တရားမဝင်ဘူးလို့ အပြတ်ပြောရပါမယ်

 

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များရဲ့ ထုတ်ပြန်ချက်ထဲမှာ “စစ်အာဏာ ရှင်တို့၏အကြမ်းဖက်သတ်ဖြတ်မှုများသည် ရဟန်းရှင်လူ၊ပြည်သူမရွေး၊ဘာသာမရွေး၊ လူမျိုးမ ရွေး၊အဆင့်အ တန်းမရွေး မည်သူ့အပေါ်မဆို အချိန်မရွေး ကျရောက်လာနေပြီဆိုသည်ကိုဆရာတော် ဘုရား ကြီးမှ ခန္ဓာဝန် ကိုစွန့်၍ တပည့်သံဃာအပေါင်းအား သိမြင်စေခဲ့ပါသည်”လို့ ဖော်ပြထားတာတွေ့ရတယ်။

 

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်အသတ်ခံရပြီး ဘာမှမကြာ ဇွန်လ၂၂ရက်ညမှာ မြင်းခြံမြို့နယ်၊ ဆခမကျောင်းဆရာတော် လူနာပို့ပြီးပြန်လာစဉ် စစ်တပ်က ပစ်ခတ်လို့ ပျံလွန်သွားသလို ဇွန်၂၂ရက်၊ည၁၂ နာရီလောက်မှာလည်း စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊နန့်သာရွာဘုန်းကြီးကျောင်း တည့်တည့်စစ်တပ် တိုက်လေယာဉ်ပေါ်ကနေ ကြဲချတဲ့ ဗုံးကျရောက်ခဲ့တာကြောင့် ရွာသား၁၀ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ဦးဇင်းတစ်ပါးလည်း ပျံလွန်ခဲ့ခြင်းက ဝင်းနိမ္မိတာရုံကျောင်းတိုက်စာသင်သားဟောင်း တပည့်သံဃာ တော် များရဲ့ ထုတ်ပြန်ချက်ဟာ မှန်ကန်ကြောင်း ထပ်မံသက်သေခံနေတယ်။

 

စစ်ကောင်စီရဲ့ သေနတ်ကျည်ဆန်ဟာ ဘယ်ပြည်သူ၊ဘယ်ရဟန်းကိုမှမရှောင်ဘူးဆိုတာ သေချာနေ ပေမဲ့ အဲဒီသေနတ်ကိုကြောက်ကာ ရှောင်ပြေးနေခြင်းကလည်း စစ်ကောင်စီကို ပိုအတင့်ရဲလာစေကြောင်း ဝင်းနိမ္မိတာရုံဆရာတော်အရေး ပြောင်ပြောင်တင်းတင်း ပြည့်ဖုံးကားချလိုက်ခြင်းက ဖော်ပြနေတယ်။
မင်းအောင်လှိုင် လူလွှတ်တောင်းပန်ပွဲမှာ ဆရာတော်ကြီးတစ်ပါးက “ဝမ်းနည်းဖွယ်ရာ၊ကြေကွဲဖွယ် ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ပါဘူး။ဝမ်းနည်းပါတယ်။ကြေ ကွဲပါတယ်။မမေ့ဖျောက်နိုင်ဘူး။ဒါပဲ ပြောချင်တယ်”လို့ မိန့်ခဲ့တယ်။
ဒါပေမဲ့၊ဆရာတော်ရဲ့ အရိုးပြာ ရေမျှောပူဇော်ပြီးတဲ့နောက် ဆရာတော်ရဲ့ တပည့်သံဃာအပေါင်းတို့က သူတို့တာဝန်ကျေပွန်သွားသလိုမျိုး မေ့ပစ်လိုက်ကြတာ ဒီနေ့ထိတိုင်ပါပဲ။

~~~~

လင်းခေတ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။