Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ထွက်ရပ်လမ်း လမ်းညွှန် (OPINION)

ဟေ့ကောင်…လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ… ရိုင်းရိုင်း ပြောကြစို့ကွာ။ ဒို့အရပ်ဒေသရဲ့ ဥပမာစကားလို မင်းရဲ့အဖြစ်က တကယ်ကို ‘အောင်ချမ်းသာ ခွေးကြီး’ လို ဖြစ်နေပါပေါ့လားကွ…။ ပြောပြမယ်…ဒီလိုကွာ…။ ဒို့ရွာနဲ့ သရက်ကန်ရွာရဲ့ကြားမှာ အောင်ချမ်းသာရွာ ရှိတယ်ကွ။ အဲဒီရွာက ဒို့ရွာနဲ့ (၂)မိုင်လောက် ဝေးသလို သရက်ကန်ရွာနဲ့လည်း (၂)မိုင်လောက် ဝေးသကွ။ ဒို့ရွာနှစ်ရွာကြား အလယ်ဗဟို တည့်တည့်မှာ ရှိနေတယ် ဆိုပါတော့ကွာ။ အဲဒီမှာ… ဒို့ရွာရဲ့ ရွှေစည်းခုံ ဘုရားပွဲနဲ့ သရက်ကန်ရွာရဲ့ ရွေဂူနီဘုရားပွဲတို့က တနေ့တည်း ဖြစ်နေတယ်။ ဝါဆိုလပြည့်နေ့…။        

 

ဒီတော့ အောင်ချမ်းသာမှာရှိတဲ့ ခွေးကြီးက ဒို့ရွာကို လာရနိုးနိုး သရက်ကန်ရွာကို သွားရနိုးနိုး ဖြစ်နေရှာတာပေါ့။ အဲဒီနေ့က နှစ်ရွာစလုံးမှာ ခွေးတွေအတွက် ထမင်းကျန် ဟင်းကျန်နဲ့  အသားအရိုးအရင်းတွေ ပေါင်းလန်နေတဲ့ နေ့ကိုး…။ 

 

အခု…မင်းလည်း ရုရှကိုပြေးပြီး အဖေခေါ်လိုက်၊ တရုတ်ကိုပြေးပြီး အဖေခေါ်လိုက်နဲ့ …နောက်ဆုံးမှာတော့ အောင်ချမ်းသာခွေးကြီးလို ဖြစ်မှာ မြင်ယောင်မိပါသေးရဲ့ကွာ…။ဟုတ်တယ်လေ…ပထမမှာတော့ မင်းက ရုရှပြေးကာ ထားဝယ် ရေနက်ဆိပ်ကမ်းကို စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့် ပြုမယ်ဆိုတဲ့ မက်လုံးနဲ့ စစ်ရေးအကူအညီတွေ၊ အနုမြူစွမ်းအင် အကူအညီတွေ တောင်းဆိုခဲ့တယ်ပေါ့လေ…။ ဒါပေမဲ့ ကံဆိုးတဲ့ မောင်ရှင်ဆိုတာလို…ရုရှက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲလိုက်တော့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုကို ခံလိုက်ရတာ သူကိုယ်တိုင် တိုင်ပတ်ပါလေရော…။ ဒီတော့ မင်းကို ဆင့်ပါးစပ် နှမ်းပက်တာလောက်သာ ကူညီနိုင်တော့တာပေါ့…။        

 

အဲဒီမှာ တရုတ်ကြီးက GMS အစည်းအဝေးတက်ရောက်ဖို့ မင်းကို ဖိတ်လိုက်တယ်။ ခွေးငတ် ဖိနပ်ပြတ်နဲ့တွေ့သလို ဖြစ်သွားတာပေါ့လေ…။ တရုတ်အပါအဝင် တက်ရောက်လာတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကျင်းပဖို့ ပံ့ပိုးကူညီကြမယ်ဆိုတော့ မင်းအနေနဲ့ နွားပြာကြီး ပဲဖတ်ဆမ်းကျွေးသလို ဖြစ်သွားပါရောလား…။ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ လက်နက်ကိုင် အစောင့်အရှောက်တွေ ထားရှိခွင့်ကို ခွင့်ပြု သဘောတူခဲ့ဟန် တူရဲ့။ အဲဒီအချက်ကတော့ ဒင်းတို့က ရှင်သန်တည်ရှိနေဆဲလို့ ယူဆထားတဲ့ ၂၀၀၈ ခြေ/ဥကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြလိုက်တာပါပဲ။ တရုတ်ကြီးကလည်း ဒင်းကို စစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီပြီး ကူညီမယ်လို့ ကတိပြုလိုက်ဟန် တူတယ်။        

 

ဒါကြောင့် ဒင်းက  တရုတ်က ပြန်ရောက်တာနဲ့  နိုင်ငံခြား လက်နက်ကိုင် အစောင့်အရှောက်တွေ စိစစ်ဖို့ အဖွဲ့တခု ဖွဲ့စည်းလိုက်တယ်။ ပြီးတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေအတွက် စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့သူတွေကို ကြိုတင်ဖွဲ့စည်း လာတာကို တွေ့ရတယ်။ တရုတ်က ကူညီမယ့်လက်နက်တွေနဲ့ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူမယ်ပေါ့လေ…။ လက်နက်စွမ်းရည် အင်အား သာလွန်နေတာမို့ ပြန်လည် မရရှိနိုင်စရာ အကြောင်းမရှိ၊ ပြန်လည်ရရှိရင် အလျင်အမြန် ထိန်းသိမ်းထားနိုင်အောင် ကြိုတင်ပြင်ဆင်ထားတဲ့ သဘော…။        

 

ဒါပေမဲ့ ဒင်းက ဝမ်းသာလုံးတွေဆို့ပြီး ဒင်းအဖြစ်ကို ဒင်း မေ့လျော့နေတဲ့ သဘော…။ အငွေ့တထောင်းထောင်းနဲ့၊ အသားတွေနိုင်းချင်းနဲ့ ခေါက်ဆွဲကြော်ပန်းကန်ကြီး စားဖို့ တူတစုံနဲ့ ရောက်လာပါရဲ့…။ စားမယ်လုပ်တော့မှ ကိုယ်က လက်ဆစ်လေးတွေ ပြုတ်နေတဲ့ အနူရောဂါသည်လို တူကို  ဘယ်လိုကိုင်ရမှန်းမသိ ဖြစ်နေရော…။ ဟုတ်တယ်…။ လူယုတ်မာ အကြမ်းဖက်ခေါင်းဆောင် မ.အ.လရေ… မင်းက တူ မကိုင်နိုင်တော့တဲ့ အနူ…။ မင်းရဲ့ စ.ခတွေဟာ တိုက်ခိုက်လိုစိတ်နဲ့ တိုက်ခိုက်စွမ်းရည် လုံး၀ မရှိကြတော့ဘူး…။ မရှိဆို နားခွင့်မရ၊ အာဟာရ လုံလုံလောက်လောက် မရ၊ စစ်ကူ မရ ဖြစ်နေကြတာကိုး…။ ဒီတော့ ရင်ဆိုင်မိလိုက်တာနဲ့ အလံဖြူ ထောင်မယ်၊ ထွက်ပြေးကြမယ် ဖြစ်ကုန်ကြရော…။ မင်းရဲ့ စ.ခတွေကို သိကြားမင်းရဲ့ ၀ရဇိန်လက်နက် အပ်နှင်းဦးတော့ အနိုင်ရရှိအောင် မစွမ်းသာတော့တဲ့ အနေအထားပါကွာ…။        

 

MNDAA  ကို NUG နဲ့ မဆက်ဆံရ၊ တောင်ကြီး ရှမ်း-မန်း စစ်ဆင်ရေးတွေမှာ မပါဝင်ရ ဆိုတဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်လာတယ်။ အသက်ပေါင်းများစွာ ပေးဆပ်ပြီး ရယူခဲ့တဲ့ လားရှိုးကို အသာတကြည် လက်လွှတ်ပေးရမှာကိုတော့ MNDAA က တွန့်ဆုတ်နေတယ်။

 

ဒီမှာ တရုတ်ကြီးခမျာလည်း ၁၀၂၇ စစ်ဆင်ရေးက လောက်ကိုင် တင်မက လားရှိုး ရ.မ.ခထိကို ထိန်းချုပ်နိုင်တဲ့ အနေအထားထိ ရောက်လာတော့ သူ့ရဲ့နှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ  ထိခိုက်လာမှာ စိုးရိမ်ဟန် တူပါရဲ့…။ MNDAA  ကို NUG နဲ့ မဆက်ဆံရ၊ တောင်ကြီး ရှမ်း-မန်း စစ်ဆင်ရေးတွေမှာ မပါဝင်ရ ဆိုတဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်လာတယ်။ အသက်ပေါင်းများစွာ ပေးဆပ်ပြီး ရယူခဲ့တဲ့ လားရှိုးကို အသာတကြည် လက်လွှတ်ပေးရမှာကိုတော့ MNDAA က တွန့်ဆုတ်နေတယ်။ ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားတာလည်းမဟုတ်၊ တရုတ်ပြည်က ပြန်ဖို့လည်း ခွင့်မပြုဆိုတဲ့ သတင်းတွေ ဖြစ်နေတယ်။        

 

တခါ KIA ကိုလည်း နယ်စပ်မြို့ ကန်ပိုင်တီကို မတိုက်ခိုက်ဖို့၊ ကန်ပိုင်တီဂိတ်ကို မပိတ်ဖို့ တရုတ်က တောင်းဆိုလာတယ်။ အဲဒီဂိတ် ကနေ သူတို့နိင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုတွေ ဝင်ရောက်နေတာကိုးလေ…။ အဲဒီမှာ KIA က နယ်စပ်ဂိတ်တွေ ပိတ်တဲ့ဂိတ်က ပိတ်၊ ဖွင့်တဲ့ဂိတ်ကဖွင့် လုပ်မနေနဲ့။ ပိတ်ချင်ရင် အားလုံးပိတ်၊ ဖွင့်ချင်ရင် အားလုံးဖွင့်လို့ တုံ့ပြန်လိုက်တယ်။   ခုတော့ KIA က ကန်ပိုင်တီမြို့ကိုလည်း သိမ်းပိုက်လိုက်တယ်။ ဂိတ်ကိုလည်း ပိတ်ပစ်လိုက်တယ်။ တရုတ်ကြီး အရှက်တကွဲ ပက်လက်လန် ကျသွားရှာပေါ့…။        

 

အခု AA ကလည်း ရခိုင်ပြည်နယ်တခွင်လုံး မရပ်မနား တရစပ်   ထိုးစစ်ဆင် တိုက်ခိုက်လာလိုက်တာ တရုတ် ရင်းနှီးမြှုပ်နှံမှုကြီး ရှိရာ ကျောက်ဖြူကိုတောင် ခြိမ်းခြောက်လာပြီ…။ အဲဒီမှာ AA ခေါင်းဆောင်ကလည်း အင်္ဂါဂြိုဟ်က လာတားရင်တောင် ရပ်တန့်လိမ့်မယ် မဟုတ်ဘူးလို့ ကြိမ်းဝါးထားတယ် မဟုတ်လား…။  နယ်စပ်ချင်း ထိစပ်နေတဲ့ KIA ကတောင် သူ့ရဲ့စကားကို အလေး ထားတာမှ မဟုတ်တာ…။ AA ဆိုရင် ပို၍ပို၍ ဝေးပေါ့လို့ တရုတ်က တွက်ဆဟန်တူပါရဲ့…။ ကျောက်ဖြူမှာလည်း အကြမ်းဖက်အဖွဲ့အစည်းရဲ့ စခန်း(၂)ခု ရှိနေတယ်လေ…။ အဲဒီစခန်း(၂)ခုကို AA  က တက်ကြိတ်လိုက်ရင် မရည်ရွယ်ပေမဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်မှာ အသေအချာပဲ…။        

 

ဒီတော့ တရုတ်ကြီးက အကြမ်းဖက်အဖွဲ့အစည်းကို စခန်း(၂)ခုကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုလာတယ်။ ကိုင်း…ဘာလုပ်ကြမလဲ…ပြော။ ဆုတ်ခွာပေးလိုက်ရင် ဒင်းတို့ရဲ့ Standard Army ကြီးဟာ MNDAA နဲ့ တတန်းစားတည်း ဖြစ်သွားမှာပေါ့။ အဖြစ်မခံနိုင်ပေါင်…။ အဖြစ်မခံချင်ဘူး ဆိုရင် တရုတ်ကြီးက သူပေးမယ့် အကူအညီတွေ မပေးဘဲ ထားလိုက်ရုံပေါ့။ လွယ်လွယ်လေး…။ တရုတ်အကူအညီ မရရင် ရှမ်းမြောက် ရရှိဖို့ဆိုတာ လုံး၀ မဖြစ်နိုင်တော့…။ ဒါကြောင့် အခု ဒင်းက ရုရှကို အဖေလို့ ပြေးခေါ်ဖို့ ကြံရွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ တကယ်ပါ… မင်းအဖြစ်က အောင်ချမ်းသာ ခွေးကြီးလို ဖြစ်နေပါပြီ…။        

 

 ‘တုတ်ကလေးနဲ့ ရိုက်ရိုက်ပြီး မေးချင် တယ်’ ဆိုတဲ့ သီချင်း ထပ်မံသီဆိုလိမ့်ဦးမယ် ထင်ပါရဲ့…။ ကိုင်း… မ.အ.လရေ…မင်းရဲ့အဖေတွေက မယားပါသား မင်းကို ဆက်လက် စောင်မကြဦးမယ်ဆိုတာ ကြည့်ကြသေးတာပေါ့ကွာ…။        

 

ဟော ထရမ့်က သမ္မတမှ မရယူရသေးဘူး…၊ သူအင်မတန် ယုံကြည် စိတ်ချရတဲ့သူတယောက် ထိုင်းကို စေလွှတ်လိုက်သတဲ့။ ထိုင်းဝန်ကြီးချုပ်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းက ရုရှားရဲ့ ရေတပ်အခြေစိုက် စခန်း အနေအထား၊ မြန်မာပြည်တွင်း တရုတ်ပါဝင်မှု အခြေအနေတွေ ဆွေးနွေး ပြောဆိုဖို့ ဆိုလားပဲ…။ ထရမ့်က သမ္မတ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ…။ အဲဒီတုန်းကလည်း ရုရှနဲ့တရုတ်ကို ခပ်ဆတ်ဆတ်လေး ရိုက်ပြခဲ့ပြီးပြီ။ အခု သမ္မတတကြိမ် ဖြစ်လာပြန်ပြီ။  ‘တုတ်ကလေးနဲ့ ရိုက်ရိုက်ပြီး မေးချင် တယ်’ ဆိုတဲ့ သီချင်း ထပ်မံသီဆိုလိမ့်ဦးမယ် ထင်ပါရဲ့…။ ကိုင်း… မ.အ.လရေ…မင်းရဲ့အဖေတွေက မယားပါသား မင်းကို ဆက်လက် စောင်မကြဦးမယ်ဆိုတာ ကြည့်ကြသေးတာပေါ့ကွာ…။        

 

ဒီမှာ မင်းရဲ့ ဉာဏ်လေး တထွာတမိုက်နဲ့ နယ်စပ်ဂိတ်တွေ ပိတ်၊ လောင်စာဆီ ပိတ်ဆို့လိုက်ရင် ဒင်းတို့ ဘာမို့လို့ ခံနိုင်မှာလဲ… ပယောဂ မှန်ရင် တုံဆင်းစေရမယ်…လို့ ယူဆဟန်တူပါရဲ့…။ ဟော…အခု KIA က ကန်ပိုင်တီကို ပိတ်ချလိုက်တယ်။ TNLA  ကလည်း လောင်စာဆီ ပိတ်ဆို့ရင် မူဆယ်ကိုပို့မယ့် လောင်စာဆီကိုလည်း သူတို့အနေနဲ့ ပိတ်ဆို့ရ လိမ့်မယ်..တဲ့။ အင်း…မူဆယ်ကတော့ (၉၀)ပြည့်မြောက် မြို့အဖြစ် လက်လွှတ်ရမှာ မြင်ယောင်မိပါသေးရဲ့…။        

ခုဆို မြင်းခြံ၊ ပုလဲ၊ မတ္တရာ၊ စဉ့်ကူး၊  ငဖဲတို့မှာ တိုက်ပွဲတွေက ပြင်းထန်လာနေတယ်။ ဒါတောင် BPLA, ABSDF, PLA တို့က မြေပြန့် ဆင်းလာကြမယ်ဆိုတာ ရောက်ရှိကြသေးဟန် မတူဘူး။ မြေပြန့်က အင်အားကောင်းလှတဲ့ PDF တွေနဲ့ ပေါင်းမိရင်တော့လား…။ ရှေ့ပြေး သတင်းအဖြစ် နေပြည်တော်နယ်မြေထဲက ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စု ရွာမှာ ကာကင်းတခု တိုက်ခိုက်ခံရတာ ကြားလိုက်ရတယ်။ သေဆုံးတဲ့ အထဲမှာ ဒုဗိုလ်မှူးကြီး တကောင်တောင် ပါတယ်ဆိုပဲ။ ဒါတောင် မင်းက ရွေးကောက်ပွဲမဲစာရင်း မှန်ကန်ရေးအတွက် လူဦးရေစာရင်း (၆၃)ရာခိုင်နှုန်း ကျော် ကောက်ယူပြီးပါပြီ၊ နှစ်ကုန်ထိ ဆက်လက် ကောက်ယူသွားမှာ ပါ..တို့၊ စီးပွားရေးတိုးတက်အောင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ လုပ်ရမယ်၊ SMSME လုပ်ငန်းတွေ လုပ်ရမယ်..တို့ ပြောနေနိင်သေးတယ် နော်…။ အံ့ရော…။        

 

ဒီတော့ ကျုပ် ဘာလုပ်ရမလဲ…ဟုတ်လား…။ ရှင်းရှင်းလေးပါကွာ။ မင်းအနေနဲ့ ထွက်ပြေးချင်ပြေး၊ ဒါမှမဟုတ် ကြိုးစင်တက်လိုက်ရုံ ရှိတာပေါ့။ ထွက်လည်း မပြေးချင်ဘူး၊ ကြိုးစင်လည်း မတက်ချင်ဘူး ဆိုရင်တော့ မင်းရဲ့ငယ်ပါကို ကြမ်းကြားညှပ် သေလိုက်ဖို့သာ ရှိတော့ကြောင်း ပေါ့ကွာ…။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။