Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဦးဝင်းခိုင် သို့မဟုတ် အစဉ်အလာကြီးတဲ့ RIT ကျောင်းဆင်း

အရပ်မြင့်မြင့်၊ ဥပဓိရုပ်ကောင်းကောင်းနဲ့ စကားကို အပိုမပြောရုံတင်မက တတ်ယောင်ကား ဆရာကြီး အထာလည်း မရှိတဲ့သူတစ်ယောက်အဖြစ် ဦးဝင်းခိုင်ကို သိမှတ်ခဲ့ဖူးတယ်။

 

​MES လို့ အတိုကောက်အခေါ်များတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရန်ကုန်မြို့၊လှိုင်တက္ကသိုလ်ဝင်းထဲက အင်ဂျင်နီယာအသင်းအဆောက်အအုံ ပေါ်မှာပင် ၂၀၀၅ ခုနှစ် ဝန်းကျင်ကာလတုန်းက သိရှိခြင်း။

 

​MES(Myanmar Engineering Society)ကို ၁၉၉၅ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပေမဲ့ အရှိန်နဲ့အဟုန်နဲ့ အားကောင်းလာတာ ၂၀၀၅ ခုနှစ်မတိုင်ခင်ကမှ။ အဲဒီအားကောင်းလာတဲ့ ကာလမှာခေတ်ပေါ် အာရုံခံစားမှု ဗိသုကာပုံစံ MES အဆောက်အအုံကိုလည်း တည်ခါစ။ အဆောက်အအုံဆောက်လုပ်စ တန်းလန်းအကြမ်းထည်အဆင့်မှာပဲ အင်ဂျင်နီယာဘာသာရပ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို အဲဒီအဆောက်အအုံထဲမှာပဲ ချွန်းဖွင့်လို့။ MES ရုံးခန်းကိုလည်း အဲဒီမှာပဲ ဖွင့်။

 

​MES ကို နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်(Rangoon Institute of Technology-RIT)ဆင်းတွေထဲကအောင်မြင်နေပြီဖြစ်တဲ့ အင်ဂျင်နီယာကြီးတွေက ဦးဆောင်တယ်။ တချို့ အနည်းငယ်ကတော့ RIT မပေါ်မီ RIT ထက်စောတဲ့ B.Sc (Engineering)ကျောင်းဆင်း အင်ဂျင်နီယာဘိုးအေတွေ။ MES ဦးဆောင်သူ အားလုံးလိုလိုဟာ အင်ဂျင်နီယာလုပ်ငန်းနဲ့ ကြီးပွားနေကြသူ ကုမ္ပဏီပိုင်ရှင် မဟုတ်ရင်တောင်သူ့နယ်ပယ် အလိုက် လူရိုသေရှင်ရိုသေ ဝါရင့်အင်ဂျင်နီယာကြီးတွေချည်း။

 

​“အန်ကယ်တို့ရဲ့ ပုဂ္ဂလိကဘဝက အထိုက်အလျောက်ပြည့်စုံနေပြီလေ။ မပြည်စုံသေးတာက ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးရေးပဲ။ အဲဒီအတွက် အန်ကယ်တို့ နားလည်တဲ့ အင်ဂျင်နီယာဘာသာရပ်ဖွံ့ဖြိုးရေးပေါ့။ တတ်နိုင်သလောက် အားထည့်လုပ်နေတာ”

၂၀၀၅ ခုနှစ် ဝန်းကျင်ကာလ MES ဥက္ကဌ ဦးသန်းမြင့်(ကွယ်လွန်)ဆိုရင် အိုးဆားဗစ်အင်ဂျင်နီယာကြီး၊ ပြီးတော့ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်။ အထွေထွေအတွင်းရေးမှူး ဦးဝင်းခိုင်က ကုမ္ပဏီ ၁၀ ခုကျော်ကို စုစည်းထားတဲ့ United Engineering Group ဥက္ကဌ။ ပြောရရင် ကုမ္ပဏီ ၁၀ ခုကျော်ပိုင်ဆိုင်သူ။ အဲဒီလို ကိုယ်ပိုင်လုပ်ငန်းကြီးတွေကို လက်မလည်အောင် စီမံခန့်ခွဲနေရပေမဲ့ မြန်မာမှာ အင်ဂျင်နီယာပညာရပ်ဖွံ့ဖြိုးရေးဆိုတဲ့ MES ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်လာရင်သူတို့ အားလပ်မြဲ။ ဘယ်လိုမှ မအားလပ်ဘူးဆိုရင်တောင်စနေလို ရက်မျိုးတွေမှာ MES သို့ ရောက်ရှိ စုဝေးကြတယ်။

 

​“အန်ကယ်တို့ရဲ့ ပုဂ္ဂလိကဘဝက အထိုက်အလျောက်ပြည့်စုံနေပြီလေ။ မပြည်စုံသေးတာက ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးရေးပဲ။ အဲဒီအတွက် အန်ကယ်တို့ နားလည်တဲ့ အင်ဂျင်နီယာဘာသာရပ်ဖွံ့ဖြိုးရေးပေါ့။ တတ်နိုင်သလောက် အားထည့်လုပ်နေတာ”လို့ တစ်ခါက ဦးဝင်းခိုင် ပြောပြခဲ့ဖူးတယ်။

 

​ နောက်တစ်ချက် MES ဆိုတာ သူတို့ခေတ်ပြိုင်တွေ၊ ကျောင်းနေဖက် ပြောမနာဆိုမနာတွေ ဆုံကြ ကြုံကြ ရယ်ကြမောကြနဲ့ လူငယ်တစ်ယောက်ရဲ့ အငွေ့အသက်တွေ ပြန်လည်ရရှိခံစားရတဲ့နေရာလည်းဖြစ်တာကြောင့် အပန်းဖြေစရာနေရာတစ်ခုဆိုလည်း မမှား။

 

အန်ကယ်တို့က နိုင်ငံခြားအစည်းအဝေးတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားတက်ကြတာ။ MES မှာ နိုင်ငံခြားခရီးစရိတ်မကြာခဏပေးဖို့အထိ ရန်ပုံငွေမရှိဘူး”

 

​MES မှာ သူတို့ရဲ့ တတ်နိုင်ရာရာတွေ ပုံအောကြတယ်။ MES ရန်ပုံငွေ၊ MES လုပ်ငန်းတွေ သွက်သွက် မြန်မြန်လည်ပတ်နိုင်ရေးဆိုတာ ငွေနဲ့လည်း တိုက်ရိုက်အချိုးကျတာကြောင့် သူတို့အိတ်ကတ်ထဲက ငွေတွေလည်း ရက်ရောကြတယ်။ MES ဆိုတာ အာဆီယံနိုင်ငံတွေရဲ့ အင်ဂျင်နီယာအဖွဲ့အစည်းတွေ၊ အာဆီယံအင်ဂျင်နီယာအသင်းအဖွဲ့တွေနဲ့လည်းချိတ်ဆက်ထားတာကြောင့် နိုင်ငံရပ်ခြားအစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေလည်း မကြာခဏ သွားတက်ကြရ။ ပထမ၊ MES ရဲ့ရန်ပုံငွေ စိုက်ထုတ်မှုနဲ့ နိုင်ငံခြားအစည်းအဝေးသွားတက်ကြတယ်လို့ ထင်မှတ်မှားမိ။ တစ်ခါက MES ရုံးအဖွဲ့မှူးကို စကားစပ်လို့ မေးကြည့်တော့မှ “အန်ကယ်တို့က နိုင်ငံခြားအစည်းအဝေးတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်သွားတက်ကြတာ။ MES မှာ နိုင်ငံခြားခရီးစရိတ်မကြာခဏပေးဖို့အထိ ရန်ပုံငွေမရှိဘူး”တဲ့၊အံ့အားသင့်ခဲ့ရ။

 

​အဲဒီလိုကြုံရဆုံရကာလတစ်ခုမှာ ကျနော်က MES ကထုတ်ဝေတဲ့ Tech Digest နည်းပညာဂျာနယ်ရဲ့ သတင်းထောက်အဖြစ် အင်ဂျင်နီယာကြီးတွေနဲ့ MES ရုံးမှာ ၆ လကျော်ကြာဆုံခဲ့ဖူးတယ်။ MES လူကြီးတွေက အဲဒီအချိန်မှာ အသက် ၆၀ ပတ်လည်နဲ့ အထက်။

 

​Tech Digest ဂျာနယ်ကို အလုံးစုံတာဝန်ယူသူက အန်ကယ်ဦးဝင်းခိုင်။ ဂျာနယ်ရုံးခန်းကလည်း အချောမကိုင်ရသေးတဲ့ MES အဆောက်အအုံထဲက အခန်းကျယ်တစ်ခန်းမှာမို့ ဂျာနယ်ကိစ္စ တွေ့စရာ ပြောစရာရှိရင် အန်ကယ်ဦးဝင်းခိုင် MES လာတတ်တဲ့ စနေလိုနေ့မျိုး စောင့်တွေ့။

 

​“အန်ကယ်တို့က ဂျာနယ်လုပ်ငန်း ဘာမှမသိဘူး။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်ကြ။ MES နဲ့ပတ်သက်ပြီးဂျာနယ်မှာဖော်ပြချင်တာရှိရင် ပြောမယ်”တဲ့။ပြီးတော့ ဂျာနယ်ကို အပတ်စဉ်ထွက်နိုင်အောင် ကြိုးစားပေး၊ ဖြစ်နိုင်ရင် မရှုံးအောင် ကြိုးစားပေး။ လိုအပ်တာရှိရင် အချိန်မရွေး လာပြော။အန်ကယ်ဦးဝင်းခိုင်ရဲ့ အမှာစကားက အဲဒီလောက်ပဲ။

 

​ပြောရရင် ဂျာနယ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ဝင်မစွက်။ ကျနော်တို့ရဲ့ အလုပ်တက်၊ အလုပ်ဆင်းအချိန်ကိုလည်း ကိုယ့်ဘာသာ စီမံခန့်ခွဲ။ MES ရန်ပုံငွေနဲ့ ထုတ်ဝေရတာဖြစ်လို့ လစာကောင်းကောင်း မပေးနိုင်သလို အချိန်ပိုကြေးတွေဘာတွေလည်း မပေးနိုင်တဲ့အကြောင်းလည်း ပြောပြတယ်။

 

​အန်ကယ်ဦးသန်းမြင့်နဲ့ MES လူကြီးတချို့က စစ်အစိုးရရဲ့ ဗရုတ်ဗရက်နိုင်မှုကို  ရံဖန်ရံခါ ခပ်ဆတ်ဆတ်ဝေဖန်တာမျိုး ကြားရတတ်ပေမဲ့ အန်ကယ်ဦးဝင်းခိုင်ရဲ့ ဝေဖန်သံကိုတော့ တစ်ခါမှ မကြား။ 

 

​ ကျနော်တို့ ဂျာနယ်ရုံးခန်းထဲ အန်ကယ်ဦးသန်းမြင့်ရော ဦးဝင်းခိုင်ပါ တစ်ခါမှ လာမကြည့်ဖူးသလို အပတ်စဉ်ထွက်လာတဲ့ ဂျာနယ်ကိုကြည့်ကာ ဟန်ကြီးပန်ကြီးနဲ့ ဝေဖန်ချက်ပေးခြင်းမျိုးလည်း မရှိ။ ဘာပဲဖြစ်ဖြစ် ဂျာနယ်ထွက်နေရင်ကို MES လူကြီးတွေ ကျေနပ်နေကြတဲ့ပုံ။

 

​အန်ကယ်ဦးသန်းမြင့်နဲ့ MES လူကြီးတချို့က စစ်အစိုးရရဲ့ ဗရုတ်ဗရက်နိုင်မှုကို  ရံဖန်ရံခါ ခပ်ဆတ်ဆတ်ဝေဖန်တာမျိုး ကြားရတတ်ပေမဲ့ အန်ကယ်ဦးဝင်းခိုင်ရဲ့ ဝေဖန်သံကိုတော့ တစ်ခါမှ မကြား။ ဒါပေမဲ့၊ စစ် ဗိုလ်ချုပ်တွေရဲ့ ခွက်စောင်းခုတ် မတည်ကြည်မှုကြောင့် အန်ကယ်ဦးဝင်းခိုင် နင့်နေအောင် ခံခဲ့ရဖူးကြောင်း သူ့ မိတ်ဆွေ အင်ဂျင်နီယာကြီးတစ်ဦးက ပြောပြလို့ သိခဲ့ရတယ်။

 

​မြန်မာနိုင်ငံရဲ့ နိုင်ငံအဆင့် အင်တာနက်ဖြန့်ဝေရေးကုမ္ပဏီလို့ဆိုရမလား။ စစ်ဗိုလ်ချုပ်ခင်ညွန့်ရဲ့သား ရဲနိုင်ဝင်းတည်ထောင်ခဲ့တဲ့ Bagan Cyber Tech လုပ်ငန်းလုပ်ကိုင်ခွင့်စတင်ကမ်းလှမ်းခံရသူမှာ အန်ကယ်ဦးဝင်းခိုင်ရဲ့ ကုမ္ပဏီလို့ဆိုတယ်။ ဦးဝင်းခိုင်တို့က ဒါကြီးလုပ်ချင်ပါတယ်ဆိုပြီးလျှောက်ထားတာမျိုးမဟုတ်။ သူတို့ ကုမ္ပဏီရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို စိတ်ချယုံကြည်တာကြောင့် စစ်ဗိုလ်ချုပ်တွေရဲ့ ကမ်းလှမ်းချက်။ အခွင့်အရေးက အကြီးကြီးမို့လုပ်မယ်လို့ဆိုပြီး လိုအပ်တဲ့ အရင်းအမြစ်တွေကို ပုံအောဝယ်ယူပြီးစီးပြီ ဆိုတဲ့အခါကျမှ လုံခြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့ ပြန်ပယ်ဖျက်ကာ ခင်ညွန့်သားကိုလုပ်ပိုင်ခွင့်ပေးလိုက်တာမို့ ရင်းထားသဖြင့် ရှုံးလိုက်တာမှ နင့်ခနဲ။

 

​“ဦးဝင်းခိုင်တို့ ငွေကြေးတော်တော်ဆုံးရှုံးသွားတယ်။အဲဒီအချိန်ကစလို့ အစိုးရနဲ့ပတ်သက်တဲ့အလုပ် ဘာမှမလုပ်တော့ဘူးလို့ သူ့ကုမ္ပဏီမှာ မူချမှတ်ခဲ့တယ်”

 

​“ဦးဝင်းခိုင်တို့ ငွေကြေးတော်တော်ဆုံးရှုံးသွားတယ်။အဲဒီအချိန်ကစလို့ အစိုးရနဲ့ပတ်သက်တဲ့အလုပ် ဘာမှမလုပ်တော့ဘူးလို့ သူ့ကုမ္ပဏီမှာ မူချမှတ်ခဲ့တယ်”လို့ သူ့မိတ်ဆွေက ပြောပြတယ်။

 

​အရင့်အရင်ကာလတွေတုန်းကလည်း ဦးဝင်းခိုင်ရဲ့ကုမ္ပဏီတွေက စစ်အစိုးရနဲ့ ပတ်သက်မှုမရှိတဲ့ ကုမ္ပဏီတွေချည်း။ပြောရရင် ဦးဝင်းခိုင်ရဲ့ ကုမ္ပဏီ ၁၀ ခုကျော်ဆိုတာစစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းစားရိုက်စားပြီး ဖြစ်ထွန်းလာခဲ့တာမျိုးမဟုတ်။

 

​အန်ကယ်ဦးဝင်းခိုင်ရဲ့ ကိုယ်ရေးအကျဉ်းကို မှတ်မိသလောက်ပြန်ပြောရရင် RIT ကျောင်းမှာတုန်းက စာတော်တဲ့ B.E(Mechanical) ကျောင်းသားတစ်ယောက်။ ကျောင်းပြီးတော့ MOGE လို့ခေါ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာအင်ဂျင်နီယာ။ အစိုးရအင်ဂျင်နီယာဘဝမှာလည်း လူတော်မို့နိုင်ငံခြားပညာတော်သင်အဖြစ် စေလွှတ်ခံရ။နိုင်ငံခြားရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီမှာ လက်တွေ့သင်ကြားမှု အစိုးရအင်ဂျင်နီယာအဖြစ် နှစ်အတန်ငယ်ကြာ။ ၁၉၈၈ ခုနှစ်ဒီဘက်ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီတွေကို ရပ်တည်လည်ပတ်ခွင့်ပြုတဲ့အချိန်ကျတော့ အစိုးရအလုပ်ကနေထွက်ကာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာကုမ္ပဏီထောင်။ မြန်မာ့ရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ထွန်းထွန်းပေါက်ပေါက်။

 

​အဲဒီလို ရေနံနဲ့သဘာဝဓာတ်ငွေ့ ပင်မကုမ္ပဏီကြီးကစလို့အခက်အလက်တွေဖြာကာ အင်ဂျင်နီယာဆိုင်ရာ တခြားသောကုမ္ပဏီတွေပါ တည်ထောင်လာနိုင်ခဲ့တယ်။ United Engineering Group က စီဒိုးနား ဟိုတယ်ကနေ ကုက္ကိုင်းမှတ်တိုင်ဘက် အသွား စီဒိုးနားဟိုတယ်အကျော်မှာမြင်ရတဲ့လမ်းသွယ်ထဲမှာ။ လုပ်ငန်းကအကြီးကြီးဆိုပေမဲ့ ကုမ္ပဏီအဆောက်အအုံကတော့ ထယ်ထယ်ဝါဝါကြီး မဟုတ်။ ကျနော်ရောက်ဖူးတဲ့ ဦးဝင်းခိုင်အပိုင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကုမ္ပဏီဆိုရင်လည်း လှိုင်မြို့နယ်၊ ဘူတာရုံ လမ်းမပေါ်ကတိုက်ခန်းတစ်ခုမှာ။ မြေနီကုန်း လမ်းဆုံနားမှာ ဖွင့်ထားတဲ့ Informatics က ခေတ်ပေါ်နည်းပညာနဲ့ ဆက်စပ်တဲ့ နိုင်ငံခြားဒီပလိုမာသင်တန်းတွေကို ပို့ချနေတဲ့ကျောင်း။ Informatics ရဲ့အကြီးအကဲက သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းရဲ့ သားမက်။ သူကလည်း စာဖတ်ပေဖတ်၊ကျနော်ကလည်း ဒေါက်တာသန်းထွန်းဆို လွှတ်ကြွေသူမို့ တွေ့လိုက်တိုင်း အချိန်ကြာကြာ လေပေးတွေ ဖြောင့်လိုက်တာမှ အလွန်။

 

​၂၀၀၅ ခုနှစ်ကျော်ကာလမှာပဲ ဦးဝင်းခိုင်ရဲ့ သမီးအငယ်က Informatics ကျောင်းမှာ သင်တန်းတစ်ခု လာတက်တယ်တဲ့။ တခြားသင်တန်းသားတွေလို ကျောင်းလခသွင်းပြီး လာတက်တာဆိုတော့ ဘယ်သူက UE Group သူဌေး ဦးဝင်းခိုင်သမီးမှန်း ဘယ်သိလိမ့်မလဲ။ 

 

​၂၀၀၅ ခုနှစ်ကျော်ကာလမှာပဲ ဦးဝင်းခိုင်ရဲ့ သမီးအငယ်က Informatics ကျောင်းမှာ သင်တန်းတစ်ခု လာတက်တယ်တဲ့။ တခြားသင်တန်းသားတွေလို ကျောင်းလခသွင်းပြီး လာတက်တာဆိုတော့ ဘယ်သူက UE Group သူဌေး ဦးဝင်းခိုင်သမီးမှန်း ဘယ်သိလိမ့်မလဲ။ သင်တန်းပြီးခါနီးကျမှသာ ဦးဝင်းခိုင်သမီးမှန်း တစ်ယောက်ကပြောလို့ သိလိုက်ရတာတဲ့။Informatics အကြီးအကဲရဲ့ ပြောပြချက်။ ဦးဝင်းခိုင်မိသားစုရဲ့ဖွဲ့စည်းပုံက အဲဒီလို ဟိတ်ကြီးဟန်ကြီး အလုံးအထည်ကြီး ပြလေ့မရှိတဲ့ ရိုးရိုးစင်းစင်း။

 

​Tech Digest ဂျာနယ် ရပ်နားပြီးနောက် အန်ကယ်ဦးဝင်းခိုင်နဲ့ အတွေ့ကျဲသွားတယ်။ ဒါပေမဲ့၊ တစ်ခါ တစ်ရံ MES ရောက်သွားတိုင်း အန်ကယ်ဦးဝင်းခိုင်အပါအဝင် MES လူကြီးတွေကအရင်အတိုင်းဖော်ရွေစွာ။ ဦးသန်းမြင့် ပြီးနောက် ဦးဝင်းခိုင်က MES ဥက္ကဌ။ ဦးဝင်းခိုင်ပြီးတော့ ဥက္ကဌဦးအောင်မြင့်။

 

​နောက်ပိုင်း အယ်ဒီတာစားပွဲပေါ် ကျနော် ရောက်ရှိသွားတာကြောင့် ဂျာနယ်နဲ့ သတင်းစာတိုက် ရုံးခန်းတွေမှာသာငုတ်တုတ်။ ၂၀၁၅ ခုနှစ်က ထင်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို  Asean Federation Engineering Organization က ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်တော့ အန်ကယ်ဦးဝင်းခိုင်ကို ဖြတ်ခနဲ တွေ့လိုက်ရတယ်။

 

​သူရဦးရွှေမန်းနဲ့ ဦးဝင်းခိုင် ဆက်စပ်မှုရှိလို့လား။ သူရဦးရွှေမန်းရဲ့ ထောက်ခံချက်ကြောင့်လား မပြောတတ်။ NLD အစိုးရအဖွဲ့စာရင်းကြေညာတော့ အန်ကယ်ဦးဝင်းခိုင်ကိုဆောက်လုပ်ရေးဝန်ကြီးအဖြစ် တွေ့လိုက်ရ၊ NLD အစိုးရ လူရွေးမှန်တယ်လို့ ကျနော်ကောက်ချက်ချမိတယ်။ နောက်ပိုင်းမှာဆောက်လုပ်ရေးဝန်ကြီးအဖြစ်ကနေ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်။ စွမ်းအင်ဆိုတာ ဦးဝင်းခိုင်ရဲ့ အင်ဂျင်နီယာဘဝ စတည်ရာ သူ့နယ်ပယ်၊ သူ့ ပရော်ဖယ်ရှင်နယ်မို့ အကောင်းဆုံး အလုပ်လုပ်ပြနိုင်မယ်လို့ ကျနော် ယုံကြည်ခဲ့တယ်။

 

မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်တော့ NLD ဝန်ကြီးဦးဝင်းခိုင်လည်း ထောင်ထဲရောက်၊ မတရားပုဒ်မတွေနဲ့ ထောင် ၂၈ နှစ် ချမှတ်ခံရ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဘဝက စစ်တပ်ရဲ့စီးပွားရေးလောဘနဲ့ဂျင်းလာ ထည့်တာကို ပြတ်သားစွာ ငြင်းပယ်ခဲ့တာကြောင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အငြိုးကြီးခြင်းခံရတယ်လို့ ကြားခဲ့ရတယ်။

 

​ဦးဝင်းခိုင်ဆိုတာ တရားဝင်ကြွယ်ဝချမ်းသာလာတဲ့အင်ဂျင်နီယာကုမ္ပဏီများရဲ့ ပိုင်ရှင်။ တိတိကျကျ ထပ်ပြောနိုင်တာက ဦးဝင်းခိုင်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး လုပ်ပိုင်ခွင့်တွေ အထွေးလိုက်ရကာ ကြီးပွားလာတဲ့ ခရိုနီသူဌေးလုံးဝမဟုတ်။ သူ့မှာ ငွေကြေးလိုအပ်ချက်မရှိသလို ကျနော့်အတွေ့အကြုံအရ ငွေကြေးလောဘရှိသူလို့လည်း မမြင်။ ပြီးတော့ သူ့နယ်ပယ်မှာ သူက ဆရာတစ်ဆူ။ သူ့ကျွမ်းကျင်မှုတွေကို ပြန်လည် မျှဝေ ပေးအပ်လိုသူ။ သူမက်မောတဲ့အရာကနိုင်ငံအတွက် တစ်ခုခုလုပ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာလို့ထင် ရ။

 

​မအောင်မြင်တဲ့ အာဏာသိမ်းပွဲစတင်တော့ NLD ဝန်ကြီးဦးဝင်းခိုင်လည်း ထောင်ထဲရောက်၊ မတရားပုဒ်မတွေနဲ့ ထောင် ၂၈ နှစ် ချမှတ်ခံရ။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဘဝက စစ်တပ်ရဲ့စီးပွားရေးလောဘနဲ့ဂျင်းလာ ထည့်တာကို ပြတ်သားစွာ ငြင်းပယ်ခဲ့တာကြောင့် အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အငြိုးကြီးခြင်းခံရတယ်လို့ ကြားခဲ့ရတယ်။

 

ဦးဝင်းခိုင်က အာဏာရှင်ဆန့်ကျင်ရေးအစဉ်အလာကြီးခဲ့တဲ့ RIT ကျောင်းဆင်းတစ်ယောက် ။ စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးမထောက်ဘဲ အသက်ကိုရင်းခဲ့တယ်။ 

 

​လူမှုဘဝ လောကဓံ အင်မတန်နည်းပြီး ဇိမ်ကျကျ နေနိုင်စားနိုင်တဲ့ သူဌေးကြီးတစ်ယောက်မို့ ထောင်ထဲကအနေအစားဆင်းရဲမှုဟာ တခြားသူတွေထက် လောကဓံပိုကြီးမှာ သေချာတယ်။ ပြီးတော့ ဦးဝင်းခိုင်ဆိုတာ ပညာရှင်တစ်ယောက်၊ ကုမ္ပဏီပိုင်ရှင်တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်မဟုတ်တာကြောင့် ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအကြောင်းပြချက်နဲ့ မှားပါတယ်လို့ဝန်ခံလိုက်မယ်ဆိုရင် စစ်ကောင်စီလွတ်ငြိမ်းခွင့်မှာ ထိပ်ဆုံးက ပါလာမှာ သေချာတယ်။

 

​ဒါပေမဲ့၊ ဦးဝင်းခိုင်က အာဏာရှင်ဆန့်ကျင်ရေးအစဉ်အလာကြီးခဲ့တဲ့ RIT ကျောင်းဆင်းတစ်ယောက် ။ စစ်ဗိုလ်ချုပ်တွေရှေ့မှောက် ဒူးမထောက်ဘဲ အသက်ကိုရင်းခဲ့တယ်။ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှ မန္တလေးဆေးရုံကြီးက အထူးကြပ်မတ်ကုသဆောင်မှာဆေးကုသခွင့်ရတယ်။ နောက်ဆုံးအချိန် ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်လာပေးတယ်။ လွတ်ငြိမ်းခွင့်ပြုပြီး ၁၁ ရက်အကြာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ ကျဆုံးခဲ့တယ်။ ကျဆုံးချိန်မှာ အသက် ၇၄ နှစ်အရွယ်။ ပုံမှန်အခြေအနေသာဆိုရင် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်နိုင်ကိုင်နိုင်သေးတဲ့အရွယ်။ဒီခေတ်ကြီးထဲမှာ ကွတ်ခိုင်မြို့ပေါ်က လသားအရွယ်ကလေးလည်း စစ်တပ်ကြဲချတဲ့ ဗုံးထိမှန်ကာကွယ်လွန်ခဲ့ရရှာတာပဲလို့ ဖြေရ။

 

​ဦးဝင်းခိုင်ဟာ နိုင်ငံရေးသမားမဟုတ်ပေမဲ့ နောက်ဆုံးအချိန်ထိ တာဝန်ကျေခဲ့တယ်။ သူဟာ အစဉ်အလာကြီးတဲ့ RITကျောင်းဆင်းဖြစ်ကြောင်း အသက်နဲ့ရင်းလို့ သက်သေပြခဲ့တယ်။

~~~~

လင်းခေတ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။