Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အဆုံးသတ်ပုဒ်မ (Poem)

ထန်တလန်မှာ စစ်ကိုင်းမှာ 
ဖားကန့်မှာ မကွေးမှာ 
ချင်းမှာ ကချင်မှာ ကရင်နီမှာ
ရခိုင်မှာ ကရင်မှာ 
ဘယ်နားလောင်လောင် လောင်တဲ့မီးဟာ
တစ်ပြည်လုံးကို လောင်တာပဲ
လူစိတ်ရှိသူတွေရဲ့ရင်ထဲမှာ
တဆစ်ဆစ်နာကျင်ရပါတယ်။

 

တိုင်းပြည်ဖျက်နေတဲ့ အဖျက်သမားဟာ
သူ့သဏ္ဌာန်သရုပ်နဲ့
အပီအပြင် ယုတ်မာပြနေတယ်၊
မဖြစ်နိုင်တာကို ဇွတ်မဲတင်းပြီး
ကျေးလက်မီးရှို့ မြို့ပြမြေလှန်
ဆင်ကန်းတောတိုးသလို 
ရမ်းချင်တိုင်း ရမ်းကားနေတော့တယ်။

 

နိုင်ငံတော်ဂုဏ်သရေကို လိုချင်ရှာသတဲ့
သူတို့ကို ဆန့်ကျင်တော်လှန်တော့
နိုင်ငံတော်အကြည်ညိုပျက်စေမှုတဲ့
ဒီလို ဖက်ဆစ်စစ်တပ်ကို
ဘယ်သူတွေ ဘယ်တုန်းကများ 
ကြည်ညိုမိကြပါလိမ့်။

 

အမိုက်ဇာတ်သိမ်းဖို့လမ်းစ
သူတို့ဘာသာသူတို့ တစ်ဆုံးထိအောင်
လမ်းထွင်ပြနေတာပဲ။

အိမ်ပြိုတာ အရေးမကြီးဘူး
အသက်မပြိုဖို့ အရေးကြီးတယ်
အဘွားအိုရဲ့ နှုတ်ထွက်စကား
လက်ဖျားခါလောက်ပါရဲ့
တိုင်းပြည်မီးလောင်တော့
ပြည်သူလူထုရဲ့ သွေးသတ္တိဟာ
ပိုရဲလာတယ်၊
အောင်ပွဲရလိုစိတ်တွေ
ပိုပြီး ချွန်မြလာတယ်။

 

ပြည်သူကို ရန်သူလို သတ်မှတ်ထားသူတွေကို
တုံ့ပြန်ပြတ်သားရပေမပေါ့၊
တိုင်းပြည်ရဲ့ အလှေးအမှိုက်တွေကို 
တစ်ခန်းရပ် ဇာတ်သိမ်းအောင်
ညီညွတ်ခြင်းပုဒ်မနဲ့ အဆုံးသတ်ချပေးကြပါစို့။ ။
~~~~~

မာလာမေ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။