Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်နက်ကိုင် လူငယ်(ကဗျာ)

ဘုရားအဖြစ်ကို ရဖို့
တောထွက်ခဲ့တာမဟုတ် 
အမှန်တရားကို ရဖို့နဲ့
နိုင်ငံတော်အသစ်ကို ရဖို့ 
ငါတို့တောခိုလက်နက်ကိုင်ခဲ့တယ်။

 

မနက်ခင်းတွေက ဟိုးအရင်က
မနက်ခင်းတွေလို မဟုတ်တော့ဘူး။

 

မိုးလင်းရင် ငါ့အခန်းရှေ့က
မဲဇလီပင်ပေါ် မှာ
တစာစာအော်မြည်နေကြ
ငှက်စာဝါလေးရဲ့ အော်သံကို
ငါမကြားရတာ အတော်ကြာပြီ 
အဲဒီငှက်စာဝါလေးကို ငါမမေ့ဘူး။

 

လမ်းထိပ်လက်ဘက်ရည်ဆိုင်က
မနက်တိုင်းဖွင့်နေကြ ဓမ္မတေးသံလည်း
ငါမကြားရတာကြာပြီ။

 

မနက်တိုင်းမှာ
အိပ်မက်ကိုယ်စီနဲ့ လမ်းမတွေပေါ်က
လူအုပ်ကြီးနဲ့ လမ်းအတူမလျှောက်ဖြစ်တာကြာပြီ 
အထည်ချုပ်စက်ရုံက ကောင်မလေးလည်း
 ငါမမေ့သေးဘူး။

 

ငါ့မှာ မေ့မရတဲ့ရန်ကုန်ညတွေရှိတယ်
စစ်မိစ္ဆာတို့ရဲ့အမှောင်ခေတ်ထဲမှာ 
ရေဆိုးမြောင်းထဲမှာ အိပ်ခဲ့ရတဲ့ညတွေရှိတယ်
အိပ်ရေးပျက်ခဲ့ရတဲ့ညတွေနဲ့
ငါတို့မက်ထားတဲ့အိပ်မက်တွေလည်း
ဖျက်ဆီးခံခဲ့ရတယ်။

 

ငါသတိထားမိတယ်
သူတို့ရဲ့ မျက်လုံးအိမ်နက်တွေထဲမှာ
သူတို့ကိုလွှမ်းမိုးနေတဲ့အရိပ်တစ်ခုခု။

 

ငါတွေ့မိတယ်
သူတို့ရဲ့မျက်ဝန်းအိမ်နက်တွေထဲမှာ
တစ်ခုခုကိုရဖို့ စွန့်လွှတ်စွန့်စားမယ်ဆိုတဲ့
အရိပ်ယောင်တွေ။

 

ငါတို့စွန့်စားရဲတယ်
နိုင်ငံတော်အသစ်ရဖို့
မနက်ခင်းအသစ်ကိုရဖို့
ငါတို့အသက်တွေရင်းပြီး စွန့်စားရဲတယ်။
~~~~~

လူခါးခါး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။