Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

​တော်လှန်​ရေး စိတ်​လောကြီးဝေဒနာ (Opinion)

မြန်မာ့အ​ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဆောင်ရွက်ချက်​တွေဟာ လိပ်ခဲတင်းလင်း နဲ့ ထူးမခြားနားပဲဖြစ်​နေပါတယ်။ ဒီတ​လောပြီးသွားတဲ့ အာဆီယံ အစည်း​ဝေးက ​မျှော်လင့်ထားကြတဲ့အတိုင်း အရင်ဆုံးဖြတ်ထားတဲ့ မူ ၅ ချက်ထက်​ကျော်ပြီးဘာမှ ဖြစ်မလာပါဘူး။ မြန်မာအ​ရေးထက်​တောင်တရုတ်ပင်လယ်အ​ရေးက ပို​တောင်လွှမ်းသွားပါ​သေးတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုက​ရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယဘက်ကလဲ မြန်မာ့အ​ရေးအတွက် လှုပ်ရှားမှုတချို့ရှိ​ပေမယ့် ဒါကလဲ QUAD အစည်း​ဝေးမှာ US ဘက်က တိုက်တွန်းချက်​ကြောင့်ဖြစ်နိုင်ပြီး နှေး​ကွေးတဲ့ ခြေလှမ်း​တွေပဲဖြစ်လာမှာပါ။

 

အင်ဒိုနီးရှားက​တော့ silence diplomacy ဆိုတာကို အ​တော် ဓါတ်​တွေ့​နေတာဖြစ်တယ်။ ဒါက သူ့အတွက်အလွန်အားသာတာဖြစ်တယ်။ ဘယ်သူနဲ့​တွေ့တယ်။ ဘာ​ပြောကြတယ်ဆိုတာ ဘာမှ ထုတ်​ဖော်​ကြေညာစရာမလို​တော့ ဘာမှတာဝန်ခံစရာမလို​တော့ပါဘူး။

 

ထိုင်းနိုင်ငံဘက်ကလဲ မြန်မာ့အ​ရေး ဦးဆောင်​ဖြေရှင်းဖို့ ဒီဇင်ဘာလအတွင်း ချိန်းဆိုထားမှုရှိ​ပေမယ့် နိုင်ငံ​ရေးဖြတ်သန်းမှု ဘာမှမရှိ​သေးတဲ့ ဝန်ကြီးချုပ်အမျိုးသမီးထံက မျှော်လင့်စရာ များများရှိမယ်မထင်ပါဘူး၊ အင်ဒိုနီးရှားက​တော့ silence diplomacy ဆိုတာကို အ​တော် ဓါတ်​တွေ့​နေတာဖြစ်တယ်။ ဒါက သူ့အတွက်အလွန်အားသာတာဖြစ်တယ်။ ဘယ်သူနဲ့​တွေ့တယ်။ ဘာ​ပြောကြတယ်ဆိုတာ ဘာမှ ထုတ်​ဖော်​ကြေညာစရာမလို​တော့ ဘာမှတာဝန်ခံစရာမလို​တော့ပါဘူး။ အကြိမ်ဘယ်နှစ်ရာဘဲ​တွေ့ တွေ့​ပေါ့​လေ။ ထူးခြားတာ မထူးခြားတာ ဘာမှ ပြောစရာမလို​တော့ အလွန်ပိုင်တဲ့ နည်းလို့ပဲဆိုရမှာပါ။

 

စင်ကာပူက​တော့ အ​မေရိကန်နဲ့ တရုတ်တို့ ဦး​ဆောင်​ဖြေရှင်း​ပေးရင် ကောင်းမယ်ဆိုတဲ့သ​ဘောမျိုး​ပြောတယ်။ ဒါက တဘက်က ဖြစ်နိုင် မဖြစ်နိုင်အပထား အင်အားကြီး​တွေဆွဲထဲ့လိုက်ပြီး အာဆီယံက ခေါင်း​ပေါ်က ဗြမ္မာ့ဦး​ခေါင်းကြီးကို လွှဲ​ပေးချင်​နေတာ ပေါ်လွင်​နေပါတယ်။ အမှန်​တော့ အားလုံးက ​ပြောင်မထုတ်​ဖော်ကြ​ပေမယ့် တရုတ်လက်အပ်ချင်​နေကြတာပါ။ ဒါကိုသိလို့ တရုတ်ကလဲ နယ်စပ်​အဖွဲ့​တွေကို သူ့လက်​အောက်ခံ​တွေလို အမိန့်​ပေး တောင်းဆိုတာ​တွေ လုပ်လာတာပါပဲ။

 

နိုင်ငံတစ်နိုင်ငံက တော်လှန်​ရေးတရပ်ဟာ အိမ်နီးချင်း အင်အားကြီးများရဲ့ ထောက်ခံမှုမရသည့်တိုင် ဆန့်ကျင်ခံရတာမျိုးအထိ ဖြစ်မသွားဖို့​တော့ ဆက်ပြီး ကြိုးပမ်းရမှာပါပဲ။

 

ပထမ​တော့ ဝမ်ယိရဲ့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စည်းသုံးစည်းပါပဲ။ နောက်​တော့ ဝ အတွက် စည်း​လေးစည်းနဲ့ ကိုးကန့်က ထုတ်ပြန်လာတာ​တွေအားလုံးက ဝမ်ယိရဲ့ စည်း​တွေပါပဲ။ ဒါ​ပေမယ့် ဒီစည်း​တွေက AA နဲ့ TNLA အတွက်​တော့ သက်​ရောက်မှု မရှိပါဘူး။ နောက် အောက်တိုဘာ ၂၅ ရက်မှာကျ​ရောက်တဲ့ KIA ထူ​ထောင်ခြင်း ၆၄ နှစ်​မြောက်​ နှစ်ပတ်လည် အခန်းအနားမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာပြည်သူတရပ်လုံးနဲ့ လက်တွဲပြီး တော်လှန်​ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားမယ်လို့ တရုတ်​တောင်းဆိုချက်​တွေကို ဆန့်ကျင်ပြီး ပြတ်ပြတ်သားသား  ပြောသွားတာ​တွေ့ကြရမှာပါ။ ဒီအဖွဲ့​တွေနဲ့ တောင်ပိုင်းအဖွဲ့​တွေဟာ ဒေသဆိုင်ရာ pdf အဖွဲ့များစွာနဲ့ စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်​နေကြတာဖြစ်တယ်။ ဒါက လွတ်လပ်​ရေးရပြီး​နောက်ပိုင်း ပေါ်ထွက်လာတဲ့ အထူးခြားဆုံးအ​ခြေအ​နေပါ။ ဒီပူးပေါင်းစစ်ဆင်​ရေး​တွေ အားလုံးဟာ ကြီးမားတဲ့ အောင်မြင်မှု​တွေရ​နေတာဖြစ်ပါတယ်။ ဒါကလဲ သမိုင်းမှာ မကြုံဖူးတဲ့အ​ခြေအ​နေပါပဲ။ ဒါ​ပေမယ့် နိုင်ငံတစ်နိုင်ငံက တော်လှန်​ရေးတရပ်ဟာ အိမ်နီးချင်း အင်အားကြီးများရဲ့ ထောက်ခံမှုမရသည့်တိုင် ဆန့်ကျင်ခံရတာမျိုးအထိ ဖြစ်မသွားဖို့​တော့ ဆက်ပြီး ကြိုးပမ်းရမှာပါပဲ။

 

၂၀၂၀ ရွေး​ကောက်ပွဲတုန်းက no vote လှုံ့​ဆော်ခဲ့တာလဲ သူတို့ပါပဲ။ အမှန်က​တော့ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်​ရေးနဲ့ ဖက်ဒရယ်ဒီမိုက​ရေနိုင်ငံထူ​ထောင်​ရေးဆိုရင် လုံ​လောက်ပါတယ်။ 

 

ဒီလိုအ​ခြေအ​နေမှာ အလွန်စိတ်​လောကြီး​ဝေဒနာ စွဲကပ်​နေသူတချို့က လက်ဝဲလက်ယာ ညီညွတ်​ရေးတို့၊ တပ်​ပေါင်းစုဖွဲ့​ရေးတို့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောဆို​နေကြတာ​တွေ့ကြမှာပါ။ ဒီက​နေ့​ခေတ်က လွတ်လပ်​ရေးရကာစတုန်းက ရဲ​ဘော်ဖြူတို့ ဦးနုတို့ လုပ်ခဲ့တဲ့ လက်ဝဲလက်ယာ ညီညွတ်​ရေးမူ​တွေချပြီး လုပ်ဖို့လိုတဲ့ ခေတ်မဟုတ်​တော့ပါဘူး။ ဒီက​နေ့ လက်ဝဲလို့ ပြောင်​ပြောပြီး သီအိုရီအရပါ ရပ်တည်​နေတဲ့ နိုင်ငံ​တောင် မရှိသ​လောက်ပါပဲ။ အခုမြန်မာရဲ့​နောက်ဆုံး​ရောက်​နေတဲ့ အ​ခြေအ​နေက ဒီအဆင့်​တွေကို အများကြီး​ကျော်သွား​နေပါပြီ။ ပဲခူးရိုးမတုန်းက ကိုယ်ပိုင်ပြဌာန်းခွင့်အပါ ဖက်ဒရယ်ဆိုတာကို​ပြောခဲ့ပြီး ၊တရုတ်နယ်စပ်​ရောက်​တော့ တရုတ်ပုံစံကိုယ်ပိုင် အုပ်ချုပ်ခွင့်​လောက်ပဲ​ ပြော​နေခဲ့သူ​တွေက အခု ဘာ​ပေါ်လစီမှချမပြနိုင်ပဲ၊  တော်လှန်​ရေးတပ်ဖွဲ့ ဘယ်အဖွဲ့မှာမှ မသုံးကြတဲ့ စစ်သုံးစစ်ဆိုတာကို ပြော​နေတာဖြစ်တယ်။ ၂၀၂၀ ရွေး​ကောက်ပွဲတုန်းက no vote လှုံ့​ဆော်ခဲ့တာလဲ သူတို့ပါပဲ။ အမှန်က​တော့ စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်​ရေးနဲ့ ဖက်ဒရယ်ဒီမိုက​ရေနိုင်ငံထူ​ထောင်​ရေးဆိုရင် လုံ​လောက်ပါတယ်။

 

တပ်​ပေါင်းစုဆိုရာမှာလဲ ရှေးခေတ်က ဖဆပလလိုတပ်​ပေါင်းစုဖွဲ့တဲ့ ခေတ်မဟုတ်​တော့ပါဘူး။ တိုင်းရင်းသားများနဲ့ စစ်​ရေး​ရော နိုင်ငံ​ရေးပါ ပူးတွဲလုပ်​ဆောင်နိုင်မယ့် အ​ခြေ​နေတရပ်ဖန်တီးဖို့ပဲလိုတာပါ။ ဒီအတွက် လော​လောဆယ်မှာ  alliance ဆိုတဲ့ အသုံးအနှုံးက အသင့်​တော်ဆုံးဖြစ်ပါတယ်။ တချို့​သော အဖွဲ့များရဲ့ စစ်​ရေးရည်မှန်းချက်များ မပြည့်စုံမချင်း ဒီအဆင့်က​ ကျော်လို့မရပါဘူး။ ဒါ့အပြင်အလွန်စိတ်​လောသူများက တော်လှန်​ရေး ၃ နှစ်ခွဲ​လောက်ကို စိတ်မရှည်ကြဘူး။

 

တိုင်းရင်းသားလက်နက်ကိုင်များထဲက ကြိုက်တဲ့အဖွဲ့ကို​မေးကြည့်ပါ။ အဖွဲ့ကြီး​တွေဆိုရင် သေနတ်အလက် ၅၀၀၀ လောက်ရဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားခဲ့ရတာ​တွေ့ရမှာပါ။ အများစု အဖွဲ့ငယ်​တွေဟာ ခုချိန်ထိ သေနတ်အလက် ၅၀၀၀ မရှိ​သေးပါဘူး။

 

အခုရှိ​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များထဲက ကြိုက်တဲ့အဖွဲ့ကို​မေးကြည့်ပါ။ အဖွဲ့ကြီး​တွေဆိုရင် သေနတ်အလက် ၅၀၀၀ လောက်ရဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားခဲ့ရတာ​တွေ့ရမှာပါ။ အများစု အဖွဲ့ငယ်​တွေဟာ ခုချိန်ထိ သေနတ်အလက် ၅၀၀၀ မရှိ​သေးပါဘူး။ အခု NUG လက်​အောက် pdf များက အချိန်တိုအတွင်း (အတိအကျမသိနိုင်​သော်လဲ) သေနတ်အလက် ၄ သောင်းပတ်ဝန်းကျင် တတ်ဆင်နိုင်တယ်လို့ထင်ပါတယ်။ ဒါက တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ ဝိုင်းဝန်း ပံ့ပိုးကူညီမှု​တွေနဲ့ ကိုယ်တိုင်ကြိုးစားမှု​တွေက ရရှိလာတာ​တွေပါ။ အဲဒီသူများ စိတ်သာမရှည်ကြတာ တိုင်းအစိုးရဆိုတာမျိုး​တွေကျ​တော့ ကိုယ့်ဖာကိုယ်ထပြီးဖွဲ့​နေကြတာ​ တွေ့ရတာပါပဲ။ အဲ​တော့ ပြည်သူဆိုတာ ဘယ်မှာလဲလို့ သူတို့ကို​မေးရမှာပါ။

 

လက်ရှိအမျိုးသားညီညွတ်​ရေးအစိုးရပုံစံက ကနဦး အဆင့်ပဲဖြစ်မှာပါ။ တချိန်မှာ ပြည်​ထောင်စုအစိုးရဆိုတဲ့ ပြီးပြည့်စုံတဲ့ ပုံစံတရပ်ဟာ ကြားကာလအတွင်းမှာပဲ​ ပေါ်ထွက်လာရမှာပါ။ နိုင်ငံတကာအ​ခြေအ​နေ ပြည်တွင်းအ​ခြေအ​နေ ဘာ​တွေပဲဖြစ်ဖြစ် လော​လောဆယ်မှာ​တော့ စစ်​ရေးရည်မှန်းချက်များပြည့်မှီ​ရေးက အဓိက ဦးစား​ပေးပဲ ဖြစ်ရမှာပါ။

~~~~

နွေဦးစစ်​သွေး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။