သမိုင်းလိမ် ပြုစုပြီး စစ်တက္ကသိုလ် ထူထောင်ခြင်း
၁၉၄၆ ခုနှစ်တွင် ဆင်းမလား၌ စစ်ပြေးအစိုးရဖြစ်နေသော ဆာဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည်။ ၎င်းနှင့်အတူ စစ်ကာလအတွင်း ဆင်းမလား၌ ရေးဆွဲခဲ့သော စက္ကူဖြူစာတမ်းကို ယူဆောင်လာသည်။ ၎င်းစာတမ်းအရ မြန်မာတို့ လိုလားသော လွတ်လပ်ရေးကို ချက်ချင်း မရနိုင်ဘဲ၊ ဒိုမီနီယံ အဆင့်မျိုးကို ဖြတ်သန်းမည်ဖြစ်သည်။ သို့ဖြစ်ရာ ဖဆပလမှ ဦးဆောင်၍ စက္ကူဖြူစာတမ်း ဆန့်ကျင်ရေးတိုက်ပွဲများ ဆင်နွှဲ ခဲ့ကြသည်။
အဂ်လိပ်အစိုးရက ဒေါ်မန်စမစ်၏နေရာတွင် ဆာဟူးဘတ်ရန့်စ်ကို ပြောင်းလဲခန့်ထားခဲ့ရသည်။ ထိုကာလအတွင်း ဘုရင်ခံ၏ သဘောတူညီချက်ဖြင့် ရွေးကောက်ပွဲကျင်းပခဲ့သည်။ ဖဆပလကသာ အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ကွန်မြူနစ်ပါတီက အမတ်နေရာ ၇ နေရာသာ အနိုင်ရခဲ့သည်။ ထို့နောက် ၁၉၄၆ ခုနှစ် ၄ လ ပိုင်းလောက်ကတည်းက ဦးအောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေကိုလည်း ဗိုလ်ချုပ်တို့ လုပ်ကြံမခံရမီ အချိန်အတွင်း မူကြမ်းအဆင့်အထိ ရေးဆွဲနိုင်ခဲ့သည်။ အောင်ဆန်း -အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ နု-အက်တလီစာချုပ်တို့ဖြင့် မြန်မာပြည်သစ်ကို တည်ဆောက်ခဲ့သည်မှာ ဖဆပလ နိုင်ငံရေးသမားများသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကို ဦးအောင်ဆန်း ဦးဆောင်သော ဖဆပလ နိုင်ငံရေးသမားများကသာ ငြိမ်းချမ်းသောနည်းဖြင့် ရယူခဲ့သည်မှာ ထင်ရှားလှသော သမိုင်းဖြစ်ရပ်များ ဖြစ်ပါသည်။
ဂျပန်တော်လှန်ရေးတွင် စစ်တပ်၏အခန်းကဏ္ဍက မဖြစ်စလောက်သာ ရှိခဲ့သည်မှာလည်း အထင်အရှားပင် ဖြစ်သည်။ သို့သော် ၁၉၉၄ ခုနှစ် မှ ၂၀၀၂ ခုနှစ်အတွင်း နဝတ အစိုးရက ထုတ်ဝေခဲ့သော အတွဲ ၈ တွဲပါ တပ်မတော်သမိုင်း စာအုပ်တွင် ထိုအချက်များကို အမှန်အတိုင်း မဖော်ပြဘဲ လိုရာဆွဲရေးသားမှုများပြုလုပ်ခဲ့သည်။
ထိုစဥ်က အရာရှိငယ်မျှသာ ဖြစ်သော စစ်တပ်၏ တတိယ မျိုးဆက် မင်းအောင်လှိုင်တို့ အတွက် DSA စစ်ကျောင်းမှာကတည်းက ထိုအယူအဆကို သွတ်သွင်းခဲ့ခြင်းကြောင့် စစ်တပ်သည်သာ တိုင်းပြည်၏ ကယ်တင်ရှင်အဖြစ် လွဲမှားစွာ ယုံကြည်ခဲ့ကြတော့သည်။
ထိုစာအုပ်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူး ဗိုလ်မှူးကြီးရဲထွဋ်က နိဒါန်းတွင် “မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တပ်မတော်သည် အဓိကအင်အားစုအဖြစ် ပါဝင်ခဲ့သည်။ ခိုင်မာသည့် အဖွဲ့အစည်းဟူ၍လည်း တပ်မတော်သာ ရှိခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တပ်မတော်ကသာ ရှေ့ဆောင်ဦးရွက်ပြုကာ မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင်ဆိုင်သော လွတ်လပ်သည့် နိုင်ငံဘဝသို့ ရောက်ရှိအောင် ကြိုးပမ်းခဲ့သည့်အတွက် တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတို့၌ သန္ဓေတည်ခဲ့သည့် တပ်မတော်ဖြစ်ရာ မြန်မာနိုင်ငံသမိုင်းသည် တပ်မတော် သမိုင်းပင် ဖြစ်ပါသည်” ဟု အရှက်မဲ့စွာ သမိုင်းကို ပြောင်လိမ်ညာ၍ရေးသားထားသည်ကို တွေ့ နိုင်သည်။ သို့သော် ထိုအယူအဆသည် ဖြစ်ရပ်မှန်ကို တကယ် သိမြင်ပါဝင်ခဲ့ကြသော ဗိုလ်နေဝင်းနှင့်ခေတ်ပြိုင် တပ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ နောက် ဒုတိယမျိုးဆက်ဖြစ်သော ဗိုလ်စောမောင် ဗိုလ်သန်းရွှေတို့လက်ထက်ကစ၍ ယုံကြည်သဘောကျစရာ အယူအဆဖြစ်ခဲ့သည်။ ထိုစဥ်က အရာရှိငယ်မျှသာ ဖြစ်သော စစ်တပ်၏ တတိယ မျိုးဆက် မင်းအောင်လှိုင်တို့အတွက် DSA စစ်ကျောင်းမှာကတည်းက ထိုအယူအဆကို သွတ်သွင်းခဲ့ခြင်းကြောင့် စစ်တပ်သည်သာ တိုင်းပြည်၏ ကယ်တင်ရှင်အဖြစ် လွဲမှားစွာ ယုံကြည်ခဲ့ကြတော့သည်။
၁၉၆၂ မတ်လ ၂ရက်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၈ ခုနှစ်ကတည်းက အာဏာသိမ်းရန် ကြိုးစားခဲ့သော်လည်း ဝန်ကြီးချုပ်ဦးနုက အာဏာသိမ်းသည်မှာ အစဥ်အလာ ဖြစ်သွားလျှင် မကောင်း၊ အိမ်စောင့်အစိုးရအဖြစ် အာဏာလွှဲပေးမည်၊ ၂ နှစ်ကြာလျှင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရမည်ဟူသော ကတိကို ယူ၍ အာဏာလွှဲပေးခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်မှစ၍ ၁၉၇၄ အထိ တော်လှန်ရေးကောင်စီအနေဖြင့် အာဏာ ရယူခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးနောက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ (မဆလ) ကို ဖွဲ့စည်းခဲ့သည်။ ထိုတစ်ပါတီအာဏာရှင်စနစ်ဖြင့် ၁၄ နှစ်ကြာ အုပ်ချုပ်ပြီးနောက် ၁၉၈၈ တွင် လူထုအုံကြွမှု အရေးအခင်းများကြောင့် မဆလ ပြုတ်ကျသွားသည်။ ထို့နောက်ဦးနေဝင်း ၏ ကြိုးကိုင်မှုဖြင့်ပင် ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်သော စစ်တပ်က အာဏာပြန်သိမ်းခဲ့ပြန်သည်။
ထိုစဥ်က မဆလပါတီထဲတွင် နိုင်ငံရေးသမားဟောင်းတချို့ နှင့် ရိုးရိုးအရပ်သားမှ ပါဝင်လာသူ ပါတီဝင်များ နေရာရလာခြင်းများ ရှိသည့်အပေါ် စစ်တပ်အရာရှိများက မကျေနပ်မှုများ ရှိခဲ့သော်လည်း ခေါင်းဆောင်များအားလုံး ထိပ်သီးများ ဖြစ်နေခြင်းကြောင့် သည်းခံ၍နေခဲ့ကြသည်ဟု ဆိုနိုင်သည်။
မဆလခေတ်တလျှောက်လုံး စစ်တပ်သည် နောက်ကွယ်ကျသောနေရာတွင် ရှိနေခဲ့သည့် အကြောင်းရင်းတစ်ခုမှာ မဆလ ထိပ်သီးခေါင်းဆောင်အားလုံးနှင့် တိုင်းအဆင့်ခေါင်းဆောင်အားလုံးသည် စစ်တပ်မှ လောလောလတ်လတ် လူဝတ်လဲ၍ အရပ်သားဘဝသို့ ကူးပြောင်းထားသူများဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုစဥ်က မဆလပါတီထဲတွင် နိုင်ငံရေးသမားဟောင်းတချို့ နှင့် ရိုးရိုးအရပ်သားမှ ပါဝင်လာသူ ပါတီဝင်များ နေရာရလာခြင်းများ ရှိသည့်အပေါ် စစ်တပ်အရာရှိများက မကျေနပ်မှုများ ရှိခဲ့သော်လည်း ခေါင်းဆောင်များအားလုံး ထိပ်သီးများ ဖြစ်နေခြင်းကြောင့် သည်းခံ၍နေခဲ့ကြသည်ဟု ဆိုနိုင်သည်။
တော်လှန်ရေးကောင်စီလက်ထက်တွင် DSA ခေါ် မေမြို့စစ်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ဗိုလ်နေဝင်းသည် ပညာတတ်ဆန့်ကျင်ရေးအမြင်၊ တက္ကသိုလ်ကျောင်သားများအပေါ် မကြိုက်သော အခြေခံအမြင် ရှိသူဖြစ်သောကြောင့် ယခင်က တက္ကသိုလ်ဘွဲ့ရမှာသာ ဗိုလ်လောင်သင်တန်း (OTS) တက်ခွင့်ပြုရာမှ ဆယ်တန်းအောင်ကျောင်းသားများကိုပါ ဗိုလ်လောင်းအဖြစ် လေ့ကျင့်မွေးမြူရန် ပြုလုပ်လာခြင်းဖြစ်သည်။ ယခု အာဏာသိမ်းခေါင်ဆောင်သည် DSA ဆင်းများထဲက ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူ ဖြစ်သည်။
DSA ဆင်းများသည် ၁၇ နှစ်၊ ၁၈ နှစ်သားအရွယ်မှစ၍ ပုံသွင်းခံရသူများဖြစ်ခြင်းကြောင့် အမြင်မကျယ်သူ၊ မိုက်ကန်းကန်း လုပ်ရဲသူများသာ အများစု မွေးထုတ်ပေးခဲ့သည်။
ယခင် နဝတ လက်ထက်က ဒုချုပ် မောင်အေး သည် DSA အပတ်စဥ် ၁ ဖြစ်ပြီး ယခု မင်းအောင်လှိုင်သည် အပတ်စဥ် ၁၉ ဖြစ်သည်။ DSA ဆင်းများသည် ၁၇ နှစ်၊ ၁၈ နှစ်သားအရွယ်မှစ၍ ပုံသွင်းခံရသူများဖြစ်ခြင်းကြောင့် အမြင်မကျယ်သူ၊ မိုက်ကန်းကန်း လုပ်ရဲသူများသာ အများစု မွေးထုတ်ပေးခဲ့သည်။ ၎င်းတို့သည် အပေါ်တွင် တင်ပြခဲ့သော သမိုင်းအမှားများကို အမှန်အဖြစ် မှတ်ယူကြပြီး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ အပေါ် အဆိုးမြင်စိတ်များ ရိုက်သွင်းခံထားရသူများ ဖြစ်သည်။ တိုင်းပြည်ကို စစ်တပ်ကသာလျှင် စိုးမိုးချယ်လှယ် နိုင်ရမည် ဟူသောအမြင်အထိ သင်ယူ ခံယူ လာကြသူများ ဖြစ်ကြသည်။ သို့မှသာ အာဏာနှင့်အတူ ပါလာမည်ဖြစ်သော သားစဥ်မြေးဆက် စား၍မကုန်မည့် စည်းစိမ်ဥစ္စာများပါ ရရှိခံစားရမည်ကို ကောင်းစွာ သိရှိထားကြပြီးလည်း ဖြစ်ပေသည်။
တိုင်းပြည်အာဏာ ထာဝရချုပ်ကိုင်ထားရေး အားထုတ်ခြင်း
နဝတ အစိုးရကို ပထမဆုံး ခေါင်းဆောင်ခဲ့ရသူ ဗိုလ်ချုပ်မှူးကြီးစောမောင် သည် စစ်သားလူရိုးတယောက်ဟု ဆိုနိုင်သည်။ တပ်မတော်သည် ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားသို့ ပြန်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကသာ ရေးဆွဲရမည်။ ၎င်းကိစ္စသည် တပ်မတော်အလုပ်မဟုတ်ဟု ပြောခဲ့သူဖြစ်သည်။ သို့သော် သူသည် ဗိုလ်သန်းရွှေအုပ်စု၏ ဖြုတ်ချခြင်းခံရကာ မထင်မရှား သေဆုံးသွားခဲ့ရသည်။ ၁၉၈၈ ခုမှ ၂၀၁၀ အထိ နဝတ၊ နအဖ အစိုးရလက်ထက်သည် မြန်မာ့သမိုင်းတွင် ဒီမိုကရေစီအဆိတ်သုဥ်းဆုံး အဆိုးဆုံးကာလများ ဖြစ်သည်။
နဝတ အစိုးရလက်ထက် စစ်ဗိုလ်ချုပ်များ တစိုက်မတ်မတ် လုပ်ခဲ့သောအလုပ်မှာ NLD ပါတီကို ဖိနှိပ်ထားရေး၊ ပျက်စီးသွားအောင် လုပ်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည် အား အနောက်အုပ်စု၏ လူအဖြစ် ပုံဖော်ပြီး သိက္ခါချရေးအလုပ်များသာ ဖြစ်သည်။
ကမ္ဘာတွင် ၁၉၉၀ နောက်ပိုင်းသည် အရှေ့ဥရောပနိုင်ငံများနှင့် အာရှမှ အိန္ဒိယ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအပါအဝင် နိုင်ငံအတော်များများ စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး စီးပွားရေး၊ နိုင်ငံရေး တည်ငြိမ်ကောင်းမွန် လာချိန်ဖြစ်သည်။ မြန်မာတနိုင်ငံတည်းသာလျှင် စစ်တပ်အာဏာသိမ်းမှုကြောင့် ခေတ်နောက်ပြန်ဆွဲကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့ရခြင်းဖြစ်သည်။ နဝတ အစိုးရလက်ထက် စစ်ဗိုလ်ချုပ်များ တစိုက်မတ်မတ် လုပ်ခဲ့သောအလုပ်မှာ NLD ပါတီကို ဖိနှိပ်ထားရေး၊ ပျက်စီးသွားအောင် လုပ်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည် အား အနောက်အုပ်စု၏ လူအဖြစ် ပုံဖော်ပြီး သိက္ခါချရေးအလုပ်များသာ ဖြစ်သည်။
စစ်အုပ်စု၏ မီဒီယာအားလုံးက တက်ညီလက်ညီ ဒေါ်စုကို သိက္ခါချသော သတင်းများ၊ ဆောင်းပါးများ အလျံအပယ် ဖော်ပြခဲ့ကြသည်။ ထိုအချက်အလက်များသည် ထိုစဥ်က အရာရှိငယ် စစ်တပ်ကျောင်းဆင်း တဦးမျှသာ ဖြစ်သော မင်းအောင်လှိုင်တို့လို ပုဂ္ဂိုလ်များအတွက် အဟုတ်တကယ်ဟု ထင်မှတ်သွားစေသော ကိစ္စများ ဖြစ်ခဲ့လေသည်။ ထိုသို့သော အချက်အလက်များနှင့် စစ်ကျောင်းက သင်ကြားပေးသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများကို မုန်းတီးရေး စိတ်ဓါတ်တို့ ပေါင်းစပ်သွားသောအခါ စစ်တပ်ကသာ အမြဲတန်းအာဏာကို ဆုပ်ကိုင်ထားရေး လမ်းကြောင်းသို့ ရောက်သွားလေတော့သည်။
အာဏာကိုင်ထားခြင်းအားဖြင့် နဝတ ကိုခေါင်းဆောင်ခဲ့သူ သူတို့၏ စီနီယာများ မည်မျှ ချမ်းသာကြွယ်ဝ သွားသည် ဆိုသည်ကလည်း သူတို့မျက်မြင်ပင် ဖြစ်လေရာ အာဏာရရေးအတွက် တပ်ကို အသုံးချပြီး ဘာမဆိုလုပ်ရဲသောသူများ ဖြစ်လာကြတော့သည်။
ဗိုလ်နေဝင်း အာဏာသိမ်းပြီး တနှစ်ကျော်မှာ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဗကပ နှင့်တိုင်းရင်းသား ၄ ဖွဲ့လောက်သာ ရှိခဲ့ရာမှ နဝတ လက်ထက်တွင် အပစ်အခတ်ရပ်စဲသောအဖွဲ့ ၁၇ ဖွဲ့ အထိ ရှိလာသည်။ ဦးသိန်းစိန်လက်ထက် NCA စာချုပ်အတွက် ဆွေးနွေးကြရာတွင် အဖွဲ့ပေါင်း ၂၀ ကျော်ရှိလာပြီး BGF နှင့် ပြည်သူ့စစ်အသွင် ပြောင်းထားသောအဖွဲ့များက ၂၀ ကျော်ရှိရာ အားလုံး လက်နက်ကိုင် အဖွဲ့ ၄၀ ကျော်ရှိသည်ကိုတွေ့ နိုင်ပါသည်။ ၎င်းအဖွဲ့များကို ထိန်းချုပ်ရန်နှင့် သတင်းရရှိရန် အစိုးရက ဖွဲ့ထားသော ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၀၀ ကျော် ရှိသေးသည်။ (ပြည်သူ့စစ်တဖွဲ့လျှင် အနည်းဆုံး လူအင်အား ၂၀ မှ ၁၀၀ အထိရှိသည်။ ၎င်းတို့ကို လက်နက်သာ တပ်ဆင်ထားပြီး ထောက်ပံ့ငွေပေးခြင်း မရှိသဖြင့် ထိုအဖွဲ့အများစုသည် မူးယစ်ဆေးဝါး လူမှောင်ခို စသောလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်လာကြသည်။) ထိုအချက်အလက်များကို ကြည့်လျှင် စစ်တပ် အုပ်ချုပ်လာသော နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း လက်နက်ကိုင်အဖွဲ့ များ မည်မျှတိုးပွားလာပြီး ပြည်တွင်းငြိမ်းချမ်းရေး မည်မျှပျက်ပြားကာ တိုင်းရင်းသားများကြား မည်မျှသွေးကွဲခဲ့သည်ကို အလွယ်တကူ ခန့်မှန်းနိုင်မည်ဖြစ်ပါသည်။
အမေရိကန် ဦးဆောင်သော အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုများရှိနေခြင်းကြောင့် အနောက်အုပ်စု ဆန့်ကျင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အနောက်အုပ်စုဖက်သားအဖြစ် ပုံဖော်ကာ သည်းသည်း မည်းမည်း ဆန့်ကျင်ခဲ့ကြသည်။
မဆလ လက်ထက်တွင် စစ်တပ်သည် အတော်အတန် တိုက်ရည်ခိုက်ရည်ရှိသည်ဟု ဆိုနိုင်သည်။ သဘောတရားရေးအရလည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ဟု ကြွေးကြော်ကာ ကွန်မြူနစ်မဟုတ် အရင်းရှင်မဟုတ် စီးပွားရေးတံခါးပိတ်ဝါဒ ကျင့်သုံးကာ နေခဲ့သည်။ နဝတ လက်ထက်တွင် သဘောတရားရေးထူထောင်စရာ မရှိသောအခါ အမျိုးသားရေးနှင့် ဘာသာရေးကို ရှေ့တန်းတင် လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး ရောင်ပြ၍ ၎င်းတို့ကိုယ်၎င်းတို့ အမျိုးချစ်သူများ၊ မျိုးချစ်တပ်မတော်အဖြစ် ပုံဖော်ခဲ့သည်။
အမေရိကန် ဦးဆောင်သော အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုများရှိနေခြင်းကြောင့် အနောက်အုပ်စု ဆန့်ကျင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အနောက်အုပ်စုဖက်သားအဖြစ် ပုံဖော်ကာ သည်းသည်း မည်းမည်း ဆန့်ကျင်ခဲ့ကြသည်။
စစ်အာဏာရှင်စနစ် ပျက်သုဉ်းချိန်တန်လေပြီ
ယခု မင်းအောင်လှိုင်အာဏာသိမ်းသောအခါ သဘောတရားရေးပြစရာမရှိ၊ အမျိုးချစ်ကြောင်းလည်း ပြောစရာမရှိ ဘာသာရေးတွင်လည်း ၎င်းတို့ကို ဆန့်ကျင်သူ ဘုန်းတော်ကြီး အများအပြားပင်ရှိနေရာ အာဏားရူး၍ အာဏာသိမ်းခြင်းထက်ပို၍ အကြောင်းပြရန် မရှိတော့ပေ။ စစ်တပ်၏တိုက်ရည်ခိုက်ရည် မှာလည်း ဇောက်ထိုးမိုးမျှော် ကျဆင်းသွားလျက်ရှိသည်။ တူမီးသေနတ်ကိုင်ထားသော လယ်သမားတပ်ဖွဲ့ များကိုပင် နိုင်အောင် မတိုက်နိုင်သော Standard Army ကြီးအဖြစ် တွေ့မြင်ရတော့သည်။ ယခု နဖူးတွေ့ ဒူးတွေ့ တိုက်ပွဲဝင်ကြသောအခါ ခေတ်အဆက်ဆက် လိမ်ညာထားသော တပ်အင်အားစာရင်းလည်း ပေါ်ထွက်လာသည်။
တပ်တခုလုံးတွင် တိုက်ခိုက်ရေးအင်အား တသိန်းခန့်သာ ရှိနိုင်ပြီး ထိုအင်အားမှာ ယခုအခါ များစွာ ပြုန်းတီးပွန်းပဲ့ လာနေပြီဖြစ်သည်။ ခြေလျင်တပ်များ၏ စိတ်ဓါတ်မှာ အောက်ဆုံးဆင့်အထိ ကျဆင်းလျက်ရှိရာ လေတပ်အကူအညီ မပါလျှင် စစ်မတိုက်ရဲသလောက် ဖြစ်လာသည်ကို တွေ့ရသည်။
တပ်ရင်းတရင်းလျှင် စာရင်းရှိ အင်အား ၂၀၀ ရှိသော်လည်း ရှေ့တန်းထွက်သောအခါ ၁၀၀ သာ ကျန်တော့သည်။ တပ်တခုလုံးတွင် တိုက်ခိုက်ရေးအင်အား တသိန်းခန့်သာ ရှိနိုင်ပြီး ထိုအင်အားမှာ ယခုအခါ များစွာ ပြုန်းတီးပွန်းပဲ့ လာနေပြီဖြစ်သည်။ ခြေလျင်တပ်များ၏ စိတ်ဓါတ်မှာ အောက်ဆုံးဆင့်အထိ ကျဆင်းလျက်ရှိရာ လေတပ်အကူအညီ မပါလျှင် စစ်မတိုက်ရဲသလောက် ဖြစ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် တိုက်ခိုက်ရေးတပ် မဟုတ်သော လက်ရုန်းတပ်များကို ထုတ်သုံးရခြင်း၊ အရပ်သားထဲမှ စစ်တပ်ထောက်ခံသူ လူဆိုးလူမိုက် များကို လက်နက်တပ်ဆင်ကာ ပျူစောထီး ခေါ် ပြည်သူ့စစ်များ ဖွဲ့စည်းပေးခြင်း၊ ရဲတပ်ဖွဲ့ကို စစ်ဆင်ရေးကိစ္စများတွင် အတင်းအကြပ် ခိုင်းစေ ပါဝင်ခိုင်းခြင်းစသော နည်းပေါင်းစုံ သုံးကာ ပြိုလဲလျက်ရှိသော စစ်တပ်ကြီးကို ကျားကန်ရလျက် ရှိနေသည်ကို တွေ့ရသည်။
၎င်းစစ်တပ်ကြီးသည် PDF ခေါ် ရပ်ရွာကာကွယ်ရေးအဖွဲ့များကိုပင် နိုင်အောင် မတိုက်နိုင်ဘဲ၊ ရှုံးမဲ မဲကာ လူသတ်၊ မုဒိန်းကျင့်၊ ကျေးရွာများကို မီးရှို့သော အလုပ်များကိုသာ တွင်တွင်ကျယ်ကျယ် လုပ်လျက်ရှိသည်။ ကျေးရွာများ မီးရှို့ခံရသည်မှာ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်သည်။ တနိုင်ငံလုံး မီးရှို့ခံရသော အိမ်ခြေပေါင်း ၃ သောင်း နီးပါးရှိလာပြီ ဖြစ်ပါသည်။ ဤအရေအတွက်မှာ ပြည်တွင်းစစ် အနှစ် ၅၀ ကျော်အတွင်း တိုင်းရင်းသားဒေသများတွင် မီးရှို့ခံရခဲ့သော အိမ်အရေအတွက်ထက် သုံးလေးဆပင် ပို၍ များနိုင်ပါသည်။
ပြည်တွင်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံရေးလေ့လာသူ အားလုံးတို့က “ဤစစ်တပ်သည် ခေတ်နောက်ပြန် အဆွဲဆုံး၊ အဆိုးဝါး အရက်စက်ဆုံးဖြစ်သည်၊ ကြာရှည်စွာ သက်ဆိုး မရှည်သင့်သော အဖွဲ့အစည်းတခုဖြစ်သည်”ကို ကောင်းစွာ သဘောပေါက် လက်ခံလာကြပြီလည်း ဖြစ်သည်။
အားလုံကို ခြုံငုံသုံးသပ်မည်ဆိုလျှင် ဘာအိုင်ဒီယော်လော်ဂျီ၊ ဘာကျင့်ဝတ်မှ မရှိတော့သော စစ်တပ်၏ ဘာအကြောင်းပြချက်မှ ခိုင်လုံစွာ မရှိဘဲ ရွေးကောက်ခံအစိုးရကို လက်နက်အားကိုး၍ ဖြုတ်ချခြင်းသည် မည်သို့မျှအောင်မြင်နိုင်မည် မဟုတ်ပေ။ အာဏာရူးခြင်းနှင့် အုပ်စုလိုက် အကျိုးစီးပွားအတွက် ဘနဖူး သိုက်တူးသော အာဏာရူးခြင်းသက်သက်သာ ဖြစ်သည်။ ဒီတကြိမ် စစ်တပ်၏အာဏာရူးခြင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးတို့အတွက် အကြီးမားဆုံးနှင့် တခုတည်းသော အတားအဆီးသည် ဤစစ်တပ်ပင်ဖြစ်ကြောင်း ပို၍ထင်ရှားလာစေပါသည်။
ဤစစ်တပ်၏လွှမ်းမိုးမှု မရှိလျှင် ဖက်ဒရယ်အရေး တိုင်းရင်းသားအရေးအပါအဝင် ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့သော ပြဿနာအရပ်ရပ်တို့ကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပို၍ ပေါ်လွင်ထင်ရှားလာစေပါသည်။ ပြည်တွင်းတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံရေးလေ့လာသူ အားလုံးတို့က “ဤစစ်တပ်သည် ခေတ်နောက်ပြန် အဆွဲဆုံး၊ အဆိုးဝါး အရက်စက်ဆုံးဖြစ်သည်၊ ကြာရှည်စွာ သက်ဆိုး မရှည်သင့်သော အဖွဲ့အစည်းတခုဖြစ်သည်”ကို ကောင်းစွာ သဘောပေါက် လက်ခံလာကြပြီလည်း ဖြစ်သည်။ ထို့ကြောင့် အချိန်မနှောင်းမီ နေမဝင်မီ မကောင်းဆိုးဝါးကို တောထုတ်သလို ယခုအချိန်သည် စစ်အာဏာရူများကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ အပြီးတိုင် ဖယ်ရှားရေးအတွက် အားလုံး ဝိုင်းဝန်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရမည့် အချိန်ကောင်းဖြစ်နေပါကြောင်း တင်ပြလိုက်ရပေသည်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။