သန္ဓေမမှန်သည့် စစ်တပ်
မြန်မာ့နိုင်ငံရေးတွင် အစောပိုင်းကာလက စစ်တပ်သည် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကစ၍ အဖျက်သဘောမှသာ ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ စစ်တပ်ကို စတင်တည်ထောင်စဥ်ကတည်းက ဂျပန်ဖက်ဆစ်ထံမှ အထောက်အကူ ရယူကာ စစ်ပညာသင်ကြားခဲ့ခြင်းဖြစ်ရာ သန္ဓေမမှန်ဟူ၍လည်း ယူဆကြသည်။ ထိုသို့ဖြစ်ရ န်အကြောင်းရင်းများ ရှိခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော လူငယ် ခေါင်းဆောင်များတွင် အင်္ဂလိပ်နယ်ချဲ့ တို့ကို တိုက်ထုတ်ရေးအတွက် မည်သူနှင့်ပေါင်းရ ပေါင်းရ ပေါင်းမည်ဆိုသော စိတ်အခံရှိခဲ့ကြသည်။ ထို့ကြောင့်ပင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် ရယူရန် ပြည်ပသို့ထွက်ခွာခဲ့သော သခင်အောင်ဆန်းသည် တရုပ်သင်္ဘော ဟိုင်လီနှင့် လိုက်ပါသွားခဲ့ရာ ထိုအချိန်က ဂျပန်လက်အောက်ရောက်နေသော အမွိုင်ကျွန်းတွင် သောင်တင်နေခဲ့သည်။ ပြည်တွင်းရှိ ဂျပန်သူလျှို သွားစိုက်ဆိုင် ဖွင့်ထားသူနှင့် အဆက်အသွယ်ရှိသော ဒေါက်တာသိမ်းမောင် တို့ က သိရှိပြီး ဗိုလ်ချုပ်နှင့် ဗိုလ်ရန်အောင်တို့၏ ဓါတ်ပုံများကို ပေးရာ အမွိုင်တွင် ဂျပန်ထောက်လှမ်းရေးက လိုက်ရှာပြီး သူတို့ကို ဂျပန်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းရှိစဥ်က ပြဿနာ မရှိသော်လည်း ဗိုလ်ချုပ် မရှိသောအခါ နောင်အခါ တပ်ခေါင်းဆောင်ဖြစ်လာကြသည့် ရဲဘော်သုံးကျိပ်အပေါ် သက်ဆိုင်ရာပါတီများကသာ သြဇာလွှမ်းသွားတော့သည်။
ဤသို့ဖြင့် မြန်မာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်ထံမှ စစ်ပညာသင်ယူခဲ့ရသော အစမကောင်းသည့် တပ်မတော်ဖြစ်ခဲ့ရသည်။ ထိုစဥ်က နိုင်ငံရေးအဖွဲ့အစုံမှ လူ၃၀ (ရဲဘော်သုံးကျိပ်) ကို စစ်ပညာသင်ယူရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရှိစဥ်က ပြဿနာ မရှိသော်လည်း ဗိုလ်ချုပ် မရှိသောအခါ နောင်အခါ တပ်ခေါင်းဆောင်ဖြစ်လာကြသည့် ရဲဘော်သုံးကျိပ်အပေါ် သက်ဆိုင်ရာပါတီများကသာ သြဇာလွှမ်းသွားတော့သည်။ ထိုအထဲတွင် ကွန်မြူနစ်ပါတီလူများဖြစ်သော ဗိုလ်ရဲထွဋ်၊ သခင်ဗစိန်တို့နှင့်နီးစပ်သူ ဗိုလ်နေဝင်းနှင့် ဗိုလ်ချုပ်၏ယုံကြည်ခြင်းခံရသူ ပါတီစွဲမရှိသည့် ဗိုလ်လကျ်ာတို့က ထိပ်ဆုံးသို့ရောက်လာသည်။
၁၉၄၈ ခုနှစ် ကွန်မြူနစ်ပါတီ တောခိုသွားသောအခါ တပ်မတော်အတွင်း ကွန်မြူနစ်အင်အားများ မရှိတော့ဘဲ၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့၏ဆိုရှယ်လစ်များသာ ကျန်တော့သည်။ ဤတွင် ဗိုလ်နေဝင်းက ဦးကျော်ငြိမ်းတို့၏ထောက်ခံမှု ရရှိလာသည့်အတွက် ဝန်ကြီးချုပ် ဦးနုက ဗိုလ်နေဝင်းကို တပ်မတော်စစ်ဦးစီးချုပ်ရာထူး ပေးအပ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဖက်ဆစ်တော်လှန်ရေး၌ နိုင်ငံရေးအရ ဦးဆောင်သူနေရာတွင် ရှိခဲ့ပြီး ၁၉၄၆ ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်ရေးလုပ်သွားသူ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးက ဖက်ဆစ်ဂျပန်ထံ ပညာသင်ခဲ့သော စစ်တပ်သည် သန္ဓေမမှန်၊ တစ်နေ့တွင် တိုင်းပြည်ကို အကြီးအကျယ် ဒုက္ခပေးလိမ့်မည်ဟု ပြောဆိုခဲ့ဖူးရာ ထိုစကားသည် ယခုအခါ သွေးထွက်အောင်မှန်သောစကား ဖြစ်လာပေတော့သည်။ ဤသည်မှာ စစ်တပ်၏လုပ်နည်းလုပ်ဟန်တွင် ဖက်ဆစ်စရိုက်လက္ခဏာ တွယ်ကပ်လာခြင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။
အလောင်းမင်းတရား၏ ဆိုးမွေကို ဆက်ခံခဲ့ခြင်း
အတွေးအခေါ် ပိုင်းဆိုင်ရာတွင် စစ်တပ်သည် ကုန်းဘောင်မင်းဆက်(၁၇၅၂ မှ ၁၈၈၅ အထိ) ထူထောင်သူ အလောင်းဘုရား မင်းဆက်ကို များစွာအတုယူခဲ့ပုံရသည်။ နေပြည်တော်တွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အရုပ်ကြီးသုံးရုပ် စိုက်ထူထားသော်လည်း စစ်ခေါင်ဆောင်များ တကယ်တန်းအားကျသည်က အလောင်းဘုရားပင် ဖြစ်ပုံရသည်။ ထိုခေတ်ကို အမွှန်းတင်ထားသော စာရေးဆရာညိုမြ ၏ ကုန်းဘောင်ခေတ်ရှာပုံတော် စာအုပ်သည် မဆလ ခေတ်ကတည်းက စစ်တပ်အရာရှိများ စွဲလမ်းစွာ ဖတ်ခဲ့ကြသောစာအုပ်ဖြစ်သည်။
အလောင်းဘုရားသည် အာဏာကို အရက်စက်ဆုံး နည်းများဖြင့် ထူထောင်ခဲ့သူဖြစ်သည်။ အောက်ဗမာပြည်ကို သိမ်းပိုက်ပြီးချိန်တွင် လက်ရဖမ်းမိခဲ့သော မွန်ဘုရင်နှင့် နောက်လိုက်နောက်ပါ လူ ၂၀၀၀ ခန့်ကို သွေးအေးအေးဖြင့် သတ်ပစ်ခဲ့သည်။
အလောင်းဘုရားသည် အာဏာကို အရက်စက်ဆုံး နည်းများဖြင့် ထူထောင်ခဲ့သူဖြစ်သည်။ အောက်ဗမာပြည်ကို သိမ်းပိုက်ပြီးချိန်တွင် လက်ရဖမ်းမိခဲ့သော မွန်ဘုရင်နှင့် နောက်လိုက်နောက်ပါ လူ ၂၀၀၀ ခန့်ကို သွေးအေးအေးဖြင့် သတ်ပစ်ခဲ့သည်။ အလောင်းဘုရား၏ သားတော် ဆင်ဖြူရှင်မင်းလက်ထက်တွင် ထိုင်းနိုင်ငံကို သိမ်းပိုက်ပြီး ထိုင်းပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော အကြောင်းအရာများမှာ ယခုချိန်ထိ ထိုင်းလူမျိုးတို့ ကျေချမ်းနိုင်ခြင်း မရှိသေးသည်ကို တွေ့ နိုင်သည်။ ထို့ပြင် အလောင်းဘုရားက တိုက်ပွဲများအောင်နိုင်ရေးမက်လုံးအဖြစ် အောက်ခြေစစ်သည်များကို တိုက်ရာပါပစ္စည်း ရွှေ၊ ငွေ၊ ဘဏ္ဍာ၊ လူသူကျွဲနွား အားလုံး ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ရယူခွင့်ပြုခဲ့သည်။
ဤအချက်များ အားလုံးသည် ယခု လက်ရှိစစ်တပ်၏ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းတောင်တန်းဒေသတို့တွင် ကျင့်သုံးနေပုံနှင့် တထပ်တည်းပင်ဖြစ်သည်ကို တွေ့ရပါမည်။ အခု စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုက အလောင်းဘုရား လက်ထက် ကထက်ပင် သာလွန်နေသည်။ ကိုယ့်လူမျိုးအချင်းချင်း ရွာတွေကို သေနတ်ဖောက်ဝင်စီးသည်။ ရွာသားများ ထွက်ပြေးချိန်တွင် တစ်ရွာလုံး ရွှေငွေ ပစ္စည်းကောင်းမှန်သမျှ ရှာဖွေလုယက်သည်။ မပြေးနိုင်၍ ကျန်ရစ်သူများကို ပစ်သတ်ကာ မီးရှို့ပြီး တစ်ခါတည်း လက်စဖျောက်ပစ်သည်။
၂၀၂၁ ဇွန်လလောက်ကတည်းက ကျေးရွာများတွင် လူငယ်အရွယ်တွေ့လျှင် ပစ်သတ်ခွင့် ပေးထားပြီး ဖြစ်သည်။ ယခုနောက်ပိုင်းတွင်တော့ တွေ့သမျှ ပစ်သတ်လို့ ရနေတော့သည်။ ပြီးလျှင် ရွာကို မီးတိုက်ကာ သက်သေအားလုံး ဖျောက်ဖျက်ပစ်လိုက်တော့သည်။ ဤသည်မှာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လုပ်ခဲ့သောနည်းနှင့် အတူတူပင် ဖြစ်သည်ကို တွေ့ရသည်။
ဖက်ဆစ် ဂျပန်တော်လှန်ရေး
စစ်တပ်သမိုင်းတွင် အမြဲတမ်း ဂုဏ်တင်လေ့ရှိသောအချက်များရှိသည် ၎င်းတို့မှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဦးဆောင်ခဲ့ခြင်း တိုင်းပြည်ကိုလွတ်လပ်ရေးရအောင်တိုက်ပွဲဝင်ခဲ့ခြင်း စသည်တို့ကိုကြွားဝါပြောဆိုလေ့ရှိသည်။ ၎င်းတို့သည်လည်း အချက်အလက်မှားများ လိမ်ညာမှုများသာဖြစ်သည်။ BIAတပ်သည် ဂျပန်တပ်နှင့်အတူ ဗမာပြည်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူတို့အဓိက ထမ်းဆောင်သည့်တာဝန်မှာ ဂျပန်တပ်ကို လမ်းပြရခြင်းသာ ဖြစ်သည်။ အင်အားထောင်ချီသောင်းချီ၍ တိုက်ကြသော တိုက်ပွဲများတွင် BIA တပ် မပါခဲ့ပေ။ ဂျပန်အဝင်တွင် အဂ်လိပ်က မြေလှန်စနစ်ကျင့်သုံးပြီး အလျင်အမြန် ဆုတ်ခွာခဲ့သောကြောင့် လနှင့်ချီ၍ တိုက်ရသော တိုက်ပွဲကြီးများ မရှိခဲ့ပါ။ ဂျပန်အဝင်တွင် BIA အုပ်ချုပ်ရေးဟူ၍ ၆ လခန့် အုပ်ချုပ်ခွင့် ရလိုက်သော်လည်း နောက်ပိုင်းတွင် ဂျပန်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သဖြင့် ထိရောက်သော အုပ်ချုပ်ရေးအတွေ့အကြုံလည်း မရလိုက် ဟုဆိုရပါမည်။ ၁၉၄၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ အဂ်လိပ်တပ်၏ တန်ပြန်ထိုးစစ် စတင်လာချိန်တွင် BIA ၏ အခန်းကဏ္ဍမှာ ပို၍ပင် နည်းသေးသည်။
သမိုင်းမှတ်တမ်းများအရ ၁၉၄၂ ဖေဖော်ဝါရီလတွင် စက်ာပူ ဂျပန်လက်အောက် ကျရောက်ခဲ့သည်။
အမေရိကန်စစ်ဘက်ဆိုင်ရာတာဝန်ခံ (US War Secretary Heney L. Stimson) က တရုတ်ခေါင်းဆောင်ချန်ကေရှိတ် နှင့် အမေရိကန်ဗိုလ်ချုပ်စတီးဝဲလ် တို့ကို ဖက်ဆစ်ဂျပန်အား မြန်မာပြည်မှခုခံရန် စီစဥ်ညွှန်ကြားခဲ့သည်။ ၁၉၄၂ ခုနှစ် မတ်လ ဗိုလ်ချုပ်စတီးဝဲလ် ရောက်ချိန်တွင် ဂျပန်တို့က ရန်ကုန် ကိုရောက်နေပြီ ဖြစ်သည်။ အထက်ဗမာပြည် မန္တလေးနှင့် မြစ်ကြီးနားမြို့များသို့ မီးရထားလမ်းအတိုင်း ချီတက်သွားရန်ပင် စီစဥ်နေကြပြီးဖြစ်သည်။ ဂျပန်တို့ ဤမျှ မြန်မြန်ဆန်ဆန် စီစဥ်နိုင်ခြင်းမှာ ဘီအိုင်အေ ကအစစအရာရာ ကူညီပေးခြင်းကြောင့်ပင် ဖြစ်သည်။
သမရိုးကျစစ်နည်းဗျူဟာဖြင့်မအောင်မြင်နိုင်ဘဲ တောနင်းပျောက်ကြားနည်းကို ပြန်သုံးရာတွင် ကချင်စစ်သည်တို့၏ အကူအညီက များစွာအရေးပါလှသည်။ မြစ်ကြီးနားကို ချီတက်သိမ်းပိုက်သော စတီးဝဲလ်စစ်ကြောင်းနှင့် ဝင်းဂိတ်စစ်ကြောင်းတို့တွင် ကချင် လဲဗီးတပ်နင့် ကချင်ရိန်းဂျားတပ် ထောင်ချီ၍ပါဝင်ခဲ့ကြသည်။
ဗိုလ်ချုပ်စတီးဝဲလ်က တရုတ်နိုင်ငံသို့ စစ်ရေးအထောက်အပံ့ ပစ္စည်းများပေးပို့ရန် လီဒိုလမ်းမကြီးကို အကောင်ထည်ဖော်ခဲ့သည်။ ထို့နောက် ဗမာပြည်တွင် တောင်တန်းဒေသနေ တောင်ပေါ်သားများကို ပြန်လည်စုစည်းပြီး စစ်ရေးလေ့ကျင့်ပေးသည်။ ဂျင်နရယ် ဝင်းဂိတ်(Lt General Wingate)၏ ပထမကြိမ် ချင်းဒစ်(Chindits ) စစ်ဆင်ရေးသည် မအောင်မြင်ခဲ့ပေ။ (မြန်မာလို ခြင်သေ့ ကို ချင်းဒစ် ဟု အသံထွက်ခြင်းဖြစ်သည်)။ ထို့ကြောင့် ဒုတိယအကြိမ်တွင် ကချင်ပျောက်ကြားများကို ပိုသုံးရန်ဖြစ်လာသည်။
သမရိုးကျစစ်နည်းဗျူဟာဖြင့်မအောင်မြင်နိုင်ဘဲ တောနင်းပျောက်ကြားနည်းကို ပြန်သုံးရာတွင် ကချင်စစ်သည်တို့၏ အကူအညီက များစွာအရေးပါလှသည်။ မြစ်ကြီးနားကို ချီတက်သိမ်းပိုက်သော စတီးဝဲလ်စစ်ကြောင်းနှင့် ဝင်းဂိတ်စစ်ကြောင်းတို့တွင် ကချင် လဲဗီးတပ်နင့် ကချင်ရိန်းဂျားတပ် ထောင်ချီ၍ပါဝင်ခဲ့ကြသည်။ စတီးဝဲစစ်ကြောင်းတွင် တရုတ်စစ်သည် ၄၀၀၀ ၊ အမေရိကန်စစ်သည် ၁၄၀၀နှင့် ကချင်စစ်သည် ၆၀၀ တို့ပါဝင်ခဲ့သည်။ အဂ်လိပ်နှင့် တရုတ်တပ်မဟာများပူးပေါင်းထားသော Merrils, Marauders တပ်တွင်ကချင်ရိန်းဂျား ၃၀၀၀ ပါဝင်ခဲ့သည်။ ၎င်းတပ်များသည် ကချင်များ၏ဦးဆောင်မှုဖြင့် ဂျပန်များမရိပ်မိနိုင်သော အလွန်ခက်ခဲသည့် တောတောင်များကိုဖြတ်ကျော်ကာ မြစ်ကြီးနားလေယဉ်ကွင်းအနီးအထိ ချဉ်းကပ်နိုင်ခဲ့ကြသည်။
ကချင်ရိန်းဂျားများသည် နယ်မြေအလွန်ကျွမ်းကျင်ကြသည့်အတွက် ဂျပန်တို့စခန်းချရာနေရာများကို အမှားအယွင်းမရှိ သိရှိနေတတ်ကြသည်။ ထို့နောက် ၁၉၄၄ခု ဇွန်နှင့် ဇူလိုင်လတို့တွင် ၇၈ ရက်ကြာစစ်ဆင်ပြီး သြဂုတ်လတွင် မြစ်ကြီးနားကိုသိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ်အတွင်း ကချင်တပ်ရင်း ၅ ရင်းဖွဲ့စည်းခဲ့သည်။ ကချင်ရိန်းဂျားတပ်ကို ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ၃ ရင်း ဖွဲ့စည်းခဲ့သည်။ ၎င်းတပ်ရင်းများ တွင် လွယ်ဂျယ်တပ်ရင်းမှလွဲ၍ ကျန်တပ်ရင်းများအားလုံး လားရှိုးတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ၁၉၄၅ မတ်လတွင် လားရှိုးကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကချင်တပ်အများစု အိမ်ပြန်သွားနိုင်ခဲ့ကြသည်။ ကချင်ရိန်းဂျားတပ်များ ဂျပန်တို့ကို တိုက်ခိုက်သည်မှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမန်းစံ၊ ရပ်စောက်၊ ပင်းဒယအထိနှင့် ဗမာ့မျိုးချစ် တပ်မတော် ဗိုလ်မှုးဗထူး လှုပ်ရှားသည့်နေရာများအထိ ရောက်သွားသည်။
ကချင်တပ်အင်အား ၃၂၀၀နှင့် အမေရိကန်တပ် တပ်ရင်း၄ ရင်းပူပေါင်း၍ လွယ်လင်မြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။ ဗိုလ်ချုပ်ဆလင်းဦးဆောင်သော မဟာမိတ်တပ်များက မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့ကို ၁၉၄၅ နှစ်ဆန်းပိုင်းတွင် အပြင်းအထန်ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင်လည်း ကချင်နှင့် ချင်းစစ်သည်များပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲများအောင်မြင်ခဲ့မှုကြောင့် ကချင်တပ်များအတွက် မနောပွဲများ ကျင်းပပေးခဲ့သည်။
၁၉၄၅ မတ်လ ၂၂ ရက်တွင် ကွတ်ခိုင်လွယ်ဆန်ဆစ် တွင်၎င်း မတ်လ ၂၄ မှ ၂၆ အထိ ဗန်းမော်စိန်လုံတွင် ၎င်း ကျင်းပခဲ့ကြသည်။ တိုက်ပွဲအားလုံးတွင် ကချင်စစ်သည် ၁၂၀၀၀ လောက် ပါဝင်ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရသည်။
ထိုတိုက်ပွဲများအားလုံးတွင် ကချင်စစ်သည်များက ရှေ့တန်းမှပါဝင်တိုက်ခိုက်ခဲ့ကြသည်ကိုတွေ့ရပါမည်။ ထိုတိုက်ပွဲများအားလုံးတွင် ဗမာ့တပ်မတော် လုံးဝပါဝင်ခြင်းမရှိပါ။
ဤသည်တို့ကို ဖော်ပြရခြင်းမှာ မြန်မာပြည်အလယ်ပိုင်းအထိနှင့် ရှမ်းပြည်နယ် တခုလုံးနီးပါးကို အဂ်လိပ် အမေရိကန် ဦးဆောင်သောမဟာမိတ်တပ်များက တိုက်ပွဲကြီးများဆင်နွှဲ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုတိုက်ပွဲများအားလုံးတွင် ကချင်စစ်သည်များက ရှေ့တန်းမှပါဝင်တိုက်ခိုက်ခဲ့ကြသည်ကိုတွေ့ရပါမည်။ ထိုတိုက်ပွဲများအားလုံးတွင် ဗမာ့တပ်မတော် လုံးဝပါဝင်ခြင်းမရှိပါ။
ဗမာ့တပ်မတော်ကို ၁၉၄၁ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခု ဇန်နဝါရီလတွင် ဂျပန်တပ်မတော်နှင့်အတူ ဗမာပြည်သို့ဝင်ရောက်ခဲ့ကာ အဂ်လိပ်တပ်များ ဆုတ်ခွာသွားပြီဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ ဂျပန်ခေတ်တွင် BIA,BDA ဘဝဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးစီးမှုအောက်တွင်ရှိခဲ့သည်။ ထို့နောက် မဟာမိတ်တပ်များ မြစ်ကြီးနားကိုသိမ်းပိုက်ပြီးချိန်ကျမှ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ)ကို အလျင်အမြန် ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။ ထိုစဥ်က အိန္ဒိယတွင်ရောက်ရှိနေသော ဦသိန်းဖေမြင့်က အဂ်လိပ်တပ်များ မြန်မာတနိုင်ငံလုံးကို အလျှင်အမြန်သိမ်းပိုက်သွားပါက လွတ်လပ်ရေးအတွက်အရေးဆိုရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့်ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစု တခု အလျှင်အမြန်ဖွဲ့ စည်းထားရန်လိုသည် ဟူသောသတိပေးချက်အရ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဖတပလ ကို မြစ်ကြီးနားမြို့ကို မဟာမိတ်တပ်များသိမ်းပြီးချိန် ၁၉၄၄ခုနှစ် သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ (ဖတပလကို နောင်တွင် ဖဆပလ ,ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးပါတီ ဟုခေါ်သည်။) ဖဆပလကို တပ်မတော်မှ ၃ ဦး (ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီးလကျ်ာ)၊ ပြည်သူ့အရေးတော်ပုံပါတီမှ ၃ ဦး (ကိုဗဆွေ၊ ကိုကျော်ငြိမ်း နှင့် သခင်ချစ်)၊ ကွန်မြူနစ်ပါတီမှ ၃ ဦး (သခင်စိုး၊ သခင်သန်းထွန်း နှင့် သခင်တင်မြ ) တို့က ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုအဖွဲ့ ၏ အာဏာပိုင်ခေါင်းဆောင်သုံးဦးအဖြစ် ဗိုလ်ချုပ်အောင်ဆန်း,(စစ်ရေးခေါင်းဆောင်)၊ သခင်စိုး(နိုင်ငံရေးခေါင်းဆောင်)နှင့် သခင်သန်းထွန်း(နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင်) ဟုသတ်မှတ်ခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးတပ်ကို အတိုကောက်အားဖြင့် 'ပြည်သူ့တပ်မတော်' ဟုခေါ်ခဲ့ကြသည်။
မေလ ၁ ရက်နေ့တွင် ရန်ကုန်ကိုသိမ်းပြီးကြောင်း အသံလွှင့်ရုံမှ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ထိုအချိန်တွင် မဟာမိတ်တပ်များလည်း ရန်ကုန်မြို့ထဲတွင် ရောက်ရှိနေကြပြီးဖြစ်သည်။ ထိုကြေညာချက်ကို မည်သူ၏ ခွင့်ပြုချက်မှ မရှိဘဲ၊ လက်ဦးမှုယူ၍ ကြေညာခဲ့ခြင်းဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းပင် စိတ်ဆိုးခဲ့သည်ဟု ဆိုသည်။
ဖတပလကို ဖွဲ့စည်းပြီးမှ စစ်တိုင်း ဆယ်တိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းစစ်တိုင်းများကို ကြည့်လျှင်မြေလတ်ဒေသနှင့် အောက်ဗမာပြည်သာ ပါသည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၄၅ နှစ်ဆန်းပိုင်းတွင် ဂျင်နရယ်ဆလင်း နှင့်မဟာမိတ်တပ်များက မိထ္ထီလာမြို့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ဗမာ့တပ်မတော်က ဖက်ဆစ်ဂျပန်ကို မတ်၂၇ ရက်နေ့တွင်မှ စတင်တော်လှန်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
မေလ ၁ ရက်နေ့တွင် ရန်ကုန်ကိုသိမ်းပြီးကြောင်း အသံလွှင့်ရုံမှ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ထိုအချိန်တွင် မဟာမိတ်တပ်များလည်း ရန်ကုန်မြို့ထဲတွင် ရောက်ရှိနေကြပြီးဖြစ်သည်။ ထိုကြေညာချက်ကို မည်သူ၏ ခွင့်ပြုချက်မှ မရှိဘဲ၊ လက်ဦးမှုယူ၍ ကြေညာခဲ့ခြင်းဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းပင် စိတ်ဆိုးခဲ့သည်ဟု ဆိုသည်။
၁၉၄၅ မေလ ၁၆ ရက်နေ့တွင် မိထ္ထီလာမြို့၌ ဂျင်နရယ်ဆလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ ကြသောအခါ ဂျင်နရယ်ဆလင်းကလည်း ထိုကိစ္စအပေါ် မကျေလည်ကြောင်းပြောရာ ဗိုလ်ချုပ်က သူအရေးယူပါမည်ဟု ပြောဆိုခဲ့ရသည်ဟုဆိုသည်။ ရက်စွဲများကို ပြန်ကြည့်မည်ဆိုလျှင် ဂျပန်ကို စတင်တော်လှန်သော မတ်လ ၂၇ ရက်မှစ၍ အသံလွှင့်ရုံမှ ရန်ကုန်ကို သိမ်းကြောင်း ကြေညာသည့် မတ်လ ၁ ရက်နေ့အထိ ၁ လ သာကြာခဲ့သည်။ အဂ်လိပ်နှင့် မဟာမိတ်တပ်များ ကချင်စစ်သည်များ ၁၉၄၃ ခုမှ၁၉၄၅ ခုအထိ အပြင်းအထန်တိုက်ခိုက်ခဲ့ရသော် လည်း ဗမာ့တပ်မတော်က ၁ လ သာ ပျောက်ကျားစစ်ကို မဖြစ်စလောက်တိုက်ခိုက်ပြီး ရန်ကုန်ကိုသိမ်းကြောင်း လူလည်လုပ်၍ ကြေညာခဲ့ခြင်းဖြစ်သည်ကို တွေ့ ရမည်ဖြစ်ပါသည်။
ဂျန်တော်လှန်ရေးဆိုသည်မှာ ပြည်သူတရပ်လုံး ကျရာနေရာမှ ပါဝင်ခဲ့ကြသည်။ နိုင်ငံရေးသမား အများစု ပါဝင်ခဲ့ကြသည်။ ဂဠုန်ဦးစောနှင့် ဒေါတ်တာသိမ်းမောင်တို့လို ဂျပန်လိုလားသူအချို့ကလွဲ၍ အားလုံးက ဂျပန်ကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစဥ်က ဂျန်တော်လှန်ရေးဆိုသည်မှာ ပြည်သူတရပ်လုံး ကျရာနေရာမှ ပါဝင်ခဲ့ကြသည်။ နိုင်ငံရေးသမား အများစု ပါဝင်ခဲ့ကြသည်။ ဂဠုန်ဦးစောနှင့် ဒေါတ်တာသိမ်းမောင်တို့လို ဂျပန်လိုလားသူအချို့ကလွဲ၍ အားလုံးက ဂျပန်ကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သခင်စိုးက အင်းစိန်ထောင်အတွင်း ရေးသော အင်းစိန်စစ်တမ်း နှင့် နောက်ပိုင်း မြင်းခြံထောင်တွင်ရေးသော မြင်းခြံစစ်တမ်းတို့တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ နာဇီဆန့်ကျင်ရေး ဂျပန်ဆန့်ကျင်ရေးလုပ်ရမည်ဆိုသော လမ်းကြောင်းမှန်ကို ချပြထုတ်ဖော်ခဲ့ပြီးဖြစ်သည်။
ထိုစာတမ်းများကို ၁၉၄၀အကုန် ဂျပန်မဝင်မီတွင် ရေးခဲ့ခြင်းဖြစ်ရာ ဗိုလ်ချုပ်တို့ ဂျပန်တွင် စစ်ပညာသင်နေချိန်လောက်ကတည်းက ရေးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း မြန်မာပြည် ပြန်ရောက်ပြီး မကြာမီမှာပင် ဂျပန်တပ်ကို ခေါ်လာသည်မှာ မှားကြောင်း သိရှိသွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်ဆလင်းနှင့်တွေ့ရာတွင် ဗိုလ်ချုပ်က ဂျပန်တော်လှန်ရေးခေါင်းဆောင်သည် သခင်စိုး ဖြစ်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ သခင်စိုးသည် ဂျပန်တော်လှန်ရေးအတွင်း မှန်ကန်သော နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ခဲ့သော်လည်း ကွန်မြူနစ်ပါတီခွဲ၍ ထူထောင်ခြင်းနှင့် လက်ဝဲအလွန်အကျွံလမ်းစဥ်ကို ကျင့်သုံးခဲ့သည့် အမှားများ ကျူးလွန်ခဲ့သည်။ နောက်ဆုံး ၁၉၄၆ ခုနှစ်တွင် လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးသွားခဲ့သည်။ ဆိုလိုသည်မှာ ဂျပန်ဆန့်ကျင်ရာတွင် နိုင်ငံရေးသမားများ၏ နိုင်ငံရေးအရ ဦးဆောင်မှုကသာ အဓိကအချက်ဖြစ်ပီး စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များက ပြောပလောက်အောင် အရေးပါသောနေရာတွင် မရှိခဲ့ဟု ဆိုခြင်းပင် ဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
၁၉၄၅ နှစ်ကုန်ပိုင်းတွင် ဗမာ့တပ်မတော်ကို စစ်သား ၅၀၀၀ အရာရှိ ၂၀၀ ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၎င်းကို သီရိလက်ာနိုင်ငံ၊ ကန္ဒီမြို့တွင် ဗိုလ်လက်ျာနှင့် ဗိုလ်ချုပ်ဖရီးမင်း ကြားချုပ်ဆိုခဲ့သဖြင့် လကျ်ာ-ဖရီးမင်းစာချုပ်ဟုခေါ်ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ကိုဦးဆောင်ကာ အဂ်လိပ်ထံမှ နှလုံးရည်တိုက်ပွဲဖြင့် လွတ်လပ်ရေးအရယူရန် ရည်ရွယ်ချက်ဖြင့် တပ်မှထွက်ကာ နိုင်ငံရေးခေါင်းဆောင်ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် အဂ်လိပ် ဘုရင်ခံဒေါ်မန်စမစ် သည် အိန္ဒိယနိုင်ငံ၊ ဆင်းမလားတွင် စစ်ရှောင်နေရာမှ ပြန်ရောက်လာသည်။ ၎င်းနှင့်အတူပါလာသော စက္ကူဖြူစာတမ်းသည် မြန်မာများ အလျင်အမြန် ရလိုသော လွတ်လပ်ရေးလမ်းစဥ်နှင့် မကိုက်ညီသဖြင့် ဖဆပလ ဦးဆောင်၍ ဆင်နွှဲတိုက်ပွဲဝင်သော တနိုင်ငံလုံးဆိုင်ရာ သပိတ်များ ဖြစ်ပွားခဲ့သည်။
ဦးအောင်ဆန်းနှင်အာဇာနည်ခေါင်းဆောင်များ လုပ်ကြံ မခံရမီအချိန်အတွင်း ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်ခေါ်ယူခြင်း၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်း အထိပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်း ဟူသော ကြီးလေးသည့် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်
နောက်ပိုင်းတွင် အဂ်လိပ် ဘုရင်မက ဆာဒေါ်မန်စမစ်၏နေရာကို ဆာဟူးဘတ်ရန့်စ် နှင့်အစားထိုးခဲ့သည်။ ထိုသို့ ၁၉၄၆ ခုနှင့် ၁၉၄၇ ခုနှစ် ၂ နှစ်တာကာလ အတွင်း အဂ်လိပ်နှင့် စေ့စပ်ညှိနှိုင်းကာ လွတ်လပ်ရေးရအောင်ဆောင်ရွက်ခြင်း၊ အဂ်လိပ်ခေတ်က သွေးခွဲအုပ်ချုပ်ခြင်းကို ခံခဲ့ရသော တိုင်းရင်းသားများနှင့်အကြား သွေးစည်းညီညွတ်မှု ပြန်လည်တည်ဆောက်ခြင်းဟူသော ကြီးလေးသည့် တာဝန်များကို ဦးအောင်ဆန်း ဦးဆောင်သော နိုင်ငံရေးသမားများက ကြိုးပန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ဦးအောင်ဆန်း၏ ဦးဆောင်မှုဖြင့် ၁၉၄၇ ဇန်နဝါရီလတွင် အောင်ဆန်းအက်တလီစာချုပ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်တို့ကို ချုပ်ဆိုကာ လွတ်လပ်ရေးကို အခြေတည်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေး ဗိသုကာများ လုပ်ကြံခံရသည်။ ဦးအောင်ဆန်းနှင်အာဇာနည်ခေါင်းဆောင်များ လုပ်ကြံ မခံရမီအချိန်အတွင်း ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်ခေါ်ယူခြင်း၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်း အထိပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်း ဟူသော ကြီးလေးသည့် နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဤကာလ၏နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ရေးဆွဲခြင်းနှင့် နု-အက်တလီစာချုပ်ဖြင့် လွတ်လပ်ရေးအရယူခြင်း တို့ကို သခင်နု ခေါ် ဦးနု ဦးဆောင်သော ဖဆပလ နိုင်ငံရေးသမားများက ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပေသည်။ (ဆက်လက်ဖော်ပြပါမည်)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။