Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဆို​ရေးရှိလို့ ဆိုလိုက်ပါရ​စေ (Opinion)

မြန်မာ့​နွေဦး​တော်လှန်​ရေးဟာ အ​မှောင်ထုကို ရင်ဆိုင်တွန်းလှန်ရာက​နေ ညီအကိုမသိတသိအချိန်၊ အဲဒီက​နေ လူလုံးကွဲစပြုလာချိန်ကို ရောက်ရှိလာပါပြီ။ ဘယ်သူက ဘာလဲ၊ ဘယ်လို ရပ်တည်မလဲဆိုတာ​တွေ စတင်​ တွေ့ရှိလာကြရပါပြီ။ တိုင်းရင်းသားများ အပါအဝင် pdf အဖွဲ့​တွေအဆုံး လက်နက်ကိုင်အဖွဲ့ အသီးသီးဟာ အဖွဲ့ရပ်တည်​ရေး လက်နက်ခဲယမ်း ရရှိ​ရေးနဲ့ နိုင်ငံ​ရေးရပ်တည်ချက်​တွေအရပါ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်​နေကြရတာ ဖြစ်ပါတယ်။ ဒီအခက်အခဲ​တွေကို ရင်ဆိုင်ရင်းနဲ့ အချိုးအ​ကွေ့ အ​တော်များများကို ဖြတ်​ကျော်လာခဲ့ကြ ပြီးပါပြီ။ ဒါ​ကြောင့်ပဲ မြန်မာ့​နွေဦးကို (တရုတ်မှအပ) နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု ဆက်ဆံမှု​တွေ တိုးပွားလာတာ​ တွေ့ကြရမှာပါ။

 

ဒါ​ပေမယ့် ဒီတ​လောမှာမှ ထွက်​ပေါ်လာတဲ့ တရုတ်နိုင်ငံ ဖုအာမြို့မှာ တရုတ်ဘက်က တိန့်ရှီကျွင်းနဲ့ ဝအဖွဲ့တွေ သြဂုတ်လ ၂၇ ရက်​နေ့မှာ တွေ့ဆုံ​ဆွေး​နွေးခဲ့တဲ့ လျှို့ဝှက်မှတ်တမ်းကြောင့် စဥ်းစားစရာ တချို့ရှိလာသလို အ​ဖြေတချို့လည်း ရရှိလာနိုင်ကာ ​ရှေ့ဆက် လုပ်​ဆောင့်သင့်တာတွေလဲ ရှိလာမှာ ဖြစ်ပါတယ်။ 

 

မေခမြစ် အ​ရှေ့ခြမ်းအားလုံးကို တရုတ်ပိုင်အဖြစ်​ တောင်းဆိုတာ​တွေလည်း ရှိ​ခဲ့ပါတယ်။ အင်္ဂလိပ်က ဒါ​တွေကို သိလို့ မေခ ရေ​ဝေ​ကြောအထိ ဗမာပိုင်နက်ကို သတ်မှတ်ခဲ့တာဖြစ်ပြီး ဗန်း​မော်ကိုလည်း မန္တ​လေးကို သိမ်းပြီး တပတ်အကြာမှာ စစ်တပ်လွှတ်ပီး အ​စောင့် ချထားလိုက်တာ ဖြစ်ပါတယ်။ 

 

လက်​တွေ့ကျလှတဲ့ နယ်စပ်နိုင်ငံ​ရေးကို လျှော့မတွက်ကြဖို့​ အရင်ကလည်း ရေးသားခဲ့ဖူးပါတယ်။ တရုတ်ဘက်က​တော့ မြန်မာနယ်စပ်ကို အလွန်ကို အရေးထားတာပါ။ သမိုင်းမှာ ပြန်ကြည့်ရင်လည်း အထင်အရှား​ တွေ့နိုင်ပါတယ်။ ၁၇၆၉ ခု ဆင်ဖြူရှင် မင်းကြီးလက်ထက် တရုတ်-မြန်မာစစ်ပွဲ အပြီးမှာ တရုတ်ရဲ့သက်တမ်းရှည် ချင်းလုံ ဘုရင်က နယ်စပ်ကုန်သွယ်​ရေးကို ဆယ်နှစ်​ကျော် ပိတ်ပစ်ခဲ့ပါတယ်။ အဲဒါကို ဘိုး​တော် ဘုရား လက်ထက်ကျမှာ သံ​တွေ​ စေလွှတ်ပြီး ပြန်ပွင့်​အောင် လုပ်ခဲ့ရ​ကြောင်း တွေ့ကြရမှာပါ။ 

 

နောက်မြန်မာကို အင်္ဂလိပ်တွေ မသိမ်းခင်က​လေးမှာ အင်္ဂလန်မှာ ရှိတဲ့ တရုတ်သံအမတ်က သူတို့ ဘုရင်ဆီကို လှမ်းပြီး အင်္ဂလိပ် မသိမ်းခင် ဗန်း​မော်ကို ဦး​အောင်သိမ်းထားဖို့ တိုက်တွန်းခဲ့​ပါသေးတယ်။ ဒါက​တော့ တရုတ်​တွေဟာ ဧရာဝတီမြစ်ရဲ့ အသုံးဝင်ပုံကို သိထားလို့ မြစ်ရဲ့ တစိတ်တပိုင်းကို ရ​အောင် ယူဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုနိုင်ပါတယ်။ 

 

တဘက်မှာလည်း မေခမြစ် အ​ရှေ့ခြမ်းအားလုံးကို တရုတ်ပိုင်အဖြစ်​ တောင်းဆိုတာ​တွေလည်း ရှိ​ခဲ့ပါတယ်။ အင်္ဂလိပ်က ဒါ​တွေကို သိလို့ မေခ ရေ​ဝေ​ကြောအထိ ဗမာပိုင်နက်ကို သတ်မှတ်ခဲ့တာဖြစ်ပြီး ဗန်း​မော်ကိုလည်း မန္တ​လေးကို သိမ်းပြီး တပတ်အကြာမှာ စစ်တပ်လွှတ်ပီး အ​စောင့် ချထားလိုက်တာ ဖြစ်ပါတယ်။ 

 

အခု​တော့ ဒီနယ်​တွေဟာ တရုတ်ရဲ့ပါဝင်ပါတ်သက်လာမှု​တွေ​ကြောင့် မြန်မာ့ပြည်တွင်း နိုင်ငံ​ရေးအတွက် အဆုံးအဖြတ်​ ပေးနိုင်​လောက်တဲ့ နေရာ​တွေအထိ အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေဟာ လက်​တွေ့ အလွန်ကျတဲ့ ကိစ္စ​တွေဖြစ်ပြီး လျှော့တွက်လို့မရတဲ့ ကိစ္စ​တွေပါ။

 

ဝနယ် အပါအဝင် သံလွင်အ​ရှေ့ခြမ်းကို​တော့ တရုတ်ဘက်က​ တောင်းလာရင်​ ပေးလိုက်ဖို့ အင်္ဂလိပ်က တရုတ်နဲ့​ ဆွေး​နွေးတဲ့ စစ်ဗိုလ်ကို မှာထားပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက အဲ့ဒီနယ်​မြေတွေက အရိုင်းအစိုင်း နယ်​တွေပဲ ဖြစ်​နေ​သေးလို့ တရုတ်ဘက်ကလည်း မလိုချင်ခဲ့ပါဘူး။ 

 

နောက်တော့ ဒီနယ်​တွေဟာ ဗကပ လက်ထက်ကစလို့ တရုတ်နဲ့ ဆက်စပ်ပတ်သက်မှု အလွန်များတဲ့​နေရာ​တွေ ဖြစ်လာပါတယ်။ အခု​တော့ ဒီနယ်​တွေဟာ တရုတ်ရဲ့ပါဝင်ပါတ်သက်လာမှု​တွေ​ကြောင့် မြန်မာ့ပြည်တွင်း နိုင်ငံ​ရေးအတွက် အဆုံးအဖြတ်​ ပေးနိုင်​လောက်တဲ့ နေရာ​တွေအထိ အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေဟာ လက်​တွေ့ အလွန်ကျတဲ့ ကိစ္စ​တွေဖြစ်ပြီး လျှော့တွက်လို့မရတဲ့ ကိစ္စ​တွေပါ။

 

အခု​ နွေဦး​တော်လှန်​ရေးမှာတော့ လူငယ်​တွေပါ ဒီလို တိုက်တတ်လာကြပြီ။ တ​စ်နေ့ကပဲ ဘုတလင် ဘက်မှာ လူ ၁၀၀ နီးပါးပါတဲ့ စစ်ခွေး စစ်​ကြောင်းတစ်ခုလုံး ချေမှုန်းလိုက်နိုင်တာ တွေ့ကြမှာပါ။ ၁၀၂၇ စစ်ဆင်​ရေး​ရဲ့ အရှိန်အဟုန်က အလွန်ကြီးပါတယ်။ ပ

 

မြန်မာ့နိုင်ငံ​ရေးကို ဦးဆောင်သူ​တွေဟာ သမိုင်း​ကြောင်း​တွေကို အ​သေအချာ သိထားဖို့ လိုပါတယ်။ တရုတ်တနိုင်ငံထဲတင် မဟုတ်ပါဘူး။ အိန္ဒိယ၊ ထိုင်း ၊ ဘင်္ဂလား​ဒေ့ရှ် စသဖြင့် သမိုင်းမှာ ပတ်သက် ဆက်နွယ်ခဲ့တာ​တွေအ​ပေါ်  အ​သေအချာ နိဂုံးချုပ်ချက်​တွေ ရှိထားဖို့ လိုပါတယ်။ မြန်မာမှာ တရုတ်ဆန့်ကျင်​ရေးဟာ လှုံ့​ဆော်လို့ အ​ကောင်းဆုံးအရာပါ။ ဒါ​ပေမယ့် ဆန့်ကျင်လိုက်တိုင်း အကျိုးနည်းစရာ​တွေ​ တွေ့ရတာချည်းပါပဲ။ 

 

၁၉၆၈ ခုနှစ်က ဗကပကို ထိုးသွင်းခဲ့တာရဲ့ အကျိုးဆက်ဟာ ခုထိပါ​နေတာပဲ ဖြစ်ပါတယ်။ နယ်​မြေ​တွေအရတင် မဟုတ်ဘဲ စစ်တိုက်ပုံ တိုက်နည်းကအစ တရုတ်ကနေတဆင့် ဗကပ၊ အဲဒီကမှ အခြားအဖွဲ့​တွေဆီကို တဆင့်ပြန် ပြန့်သွားခဲ့တာပါ။ 

 

အခု​ နွေဦး​တော်လှန်​ရေးမှာတော့ လူငယ်​တွေပါ ဒီလို တိုက်တတ်လာကြပြီ။ တ​စ်နေ့ကပဲ ဘုတလင် ဘက်မှာ လူ ၁၀၀ နီးပါးပါတဲ့ စစ်ခွေး စစ်​ကြောင်းတစ်ခုလုံး ချေမှုန်းလိုက်နိုင်တာ တွေ့ကြမှာပါ။ ၁၀၂၇ စစ်ဆင်​ရေး​ရဲ့ အရှိန်အဟုန်က အလွန်ကြီးပါတယ်။ ပထမအ​ကြော့မှာကတည်းက တရုတ်ဘက်က မတားခဲ့ရင် လားရှိုးကျသွားမှာ ဖြစ်သလို့ ခုချိန်လောက်ဆိုရင် မန္တ​လေး​မြို့တောင် ရ​လောက်​နေပါပြီ။

 

အဲ့ဒီနောက်ပိုင်း ဩဂုတ် ၂၇ ရက်​နေ့မှာတော့ တရုတ်-မြန်မာ နယ်စပ်မှာ တရုတ်က ကျည်အစစ်​တွေနဲ့ စစ်ရေး​လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။ အခု​ပေါက်ကြားလာတဲ့ လျှို့ဝှက်မှတ်တမ်းက အဲဒီ ၂၇ ရက်​​နေ့မှာ လုပ်တဲ့ အစည်းအ​ဝေးရဲ့ မှတ်တမ်းပါပဲ။ 

 

အဲ​တော့ သြဂုတ် ၈ ရက်မှာ တိန့်ရှီကျွင်း မြန်မာကို လာတယ်၊ သြဂုတ်လ ၁၄ ရက်မှာ ဝမ်ယိ မြန်မာကို လာတယ်။ သြဂုတ် ၁၆ ရက်မှာ ထိုင်းမှာ ဝမ်ယိက ၄ နိုင်ငံ နိုင်ငံခြား​ရေးဝန်ကြီး​တွေနဲ့​တွေ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စည်းသုံးစည်းဆိုတာကို​ စပြောခဲ့ပါတယ်။ ​နောက် ဩဂုတ် ၂၀ ရက်​နေ့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်​ရှော့ကို ပီကင်းမှာ ဖိတ်​ခေါ်​တွေ့ဆုံပြီး မြန်မာ့အ​ရေး ပူး​ပေါင်း​ဖြေရှင်းဖို့ သူ​တော်​ကောင်းဆန်ဆန် စကားဆိုခဲ့ပါသေးတယ်။ 

 

အဲ့ဒီနောက်ပိုင်း ဩဂုတ် ၂၇ ရက်​နေ့မှာတော့ တရုတ်-မြန်မာ နယ်စပ်မှာ တရုတ်က ကျည်အစစ်​တွေနဲ့ စစ်ရေး​လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်။ အခု​ပေါက်ကြားလာတဲ့ လျှို့ဝှက်မှတ်တမ်းက အဲဒီ ၂၇ ရက်​​နေ့မှာ လုပ်တဲ့ အစည်းအ​ဝေးရဲ့ မှတ်တမ်းပါပဲ။ တရုတ်ဟာ မြန်မာ့အ​ရေးအတွက် ဆုံးဖြတ်ချက်ရှိရှိ အစီအစဥ်ရှိရှိ တစ်ခုပြီးတစ်ခု အလုပ်​တွေ ဆက်တိုက်လုပ်သွားတာ​ တွေ့ကြရမှာပါ။ သူတို့ ရရှိတဲ့ သတင်းအချက်အလက်​တွေက ဘယ်​လောက် မှား​နေတယ် သို့မဟုတ် ဘယ်​လောက် မှန်​နေတယ် ဆိုတာ မသိနိုင်​ပေမယ့် လက်​တွေ့ လုပ်ရပ်က​တော့ မြန်မာ့​နွေဦးကို အရှိန်​လျော့ကျသွား​အောင် လုပ်​နေတာ အမှန်ပါပဲ။

 

တကယ်​တော့ ၁၀၂၇ ကာလ မတိုင်ခင်အထိ တရုတ်ဟာ မြန်မာ့အရေးမှာ ဘယ်ဘက်မှ မလိုက်ဘဲ၊ အထူးသဖြင့် စစ်တပ်ဘက်က မပါဘဲ စောင့်ကြည့်​နေခဲ့တာပါ။ စောင့်ကြည့်တယ်ဆိုတာ အဓိက က​တော့ NUG ကို​ စောင့်ကြည့်တာပါ။ စစ်တပ်က ဘာလဲ ဆိုတာ​တော့ သူက အကုန်သိပြီးသားပါ။ ဒါ​ကြောင့် NUG ဟာ အ​နောက်ကို ဘယ်​လောက် ယိမ်းသွားမလဲ၊ တရုတ်နဲ့ဆက်ဆံ​ရေးအပေါ် ဘယ်​လောက် အ​လေးထားလဲဆိုတာ​ကို စောင့်ကြည့်နေခဲ့တာပါ။

 

NUG အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေအ​နေနဲ့ အ​ပြောအဆို​တွေမှာ လိုအပ်ချက်​တွေ ရှိခဲ့ပါတယ်။ ဥပမာ -NUG ဟာ အမေရိကန်နဲ့ တရုတ်အကြား ကြားညှပ်ခံမှာ မဟုတ်​ကြောင်း၊ ဘယ်သူ့ အကြိုက်ကိုမှ လိုက်​ပြောမှာ မဟုတ်​ကြောင်း စသဖြင့် ပြောဆိုမှု​တွေရှိခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ယူနန်အစိုးရအဆင့်က NUG နဲ့ ထိ​တွေ့ဖို့ ကြိုးစားခဲ့တယ်လို့ ကြားဖူးပါ တယ်။ ဒီ​နောက်ပိုင်း NUG ဘက်က တရုတ်နိုင်ငံနဲ့ ပတ်သက်​တဲ့ သ​ဘောထားအမြင်ကို နိုင်ငံခြား​ရေး ဝန်ကြီးဌာနအ​နေနဲ့ ထုတ်ပြန်ခဲ့တာ​ တွေ့ရပါတယ်။ အဲဒီထဲမှာ နိုင်ငံခြား​ရေးနဲ့ မဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စပါ ထည့်ထားပါတယ်။ ဒါဟာ အာဏာ လက်ဆုပ်လက်ကိုင် မရှိ​သေးတဲ့ အ​ဝေး​ရောက် အစိုးရတစ်ခုအ​နေနဲ့ လိမ်မာပါးနပ်ရာ မကျပါဘူး။ 

 

NUG အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေအ​နေနဲ့ အ​ပြောအဆို​တွေမှာ လိုအပ်ချက်​တွေ ရှိခဲ့ပါတယ်။ ဥပမာ -NUG ဟာ အမေရိကန်နဲ့ တရုတ်အကြား ကြားညှပ်ခံမှာ မဟုတ်​ကြောင်း၊ ဘယ်သူ့ အကြိုက်ကိုမှ လိုက်​ပြောမှာ မဟုတ်​ကြောင်း စသဖြင့် ပြောဆိုမှု​တွေရှိခဲ့ပါတယ်။

 

NUG အဖွဲ့ဝင် အ​တော်များများဟာ တက်ကြွလှုပ်ရှားသူ (activitist) တွေကနေ လာတဲ့သူ​တွေပါ။ အက်တိဗစ် (activitist) အကျင့်တွေ မ​ဖျောက်နိုင်ရင် လက်ရှိ ကမ္ဘာ့နိုင်ငံ​ရေးမှာ ဝင်ဆန့်နိုင်မှာ မဟုတ်ပါဘူး။ အမှားအမှန်နဲ့ လူ့အခွင့်အ​ရေးစတာ​တွေက ကမ္ဘာမှာ အကန့်အသတ်နဲ့ပဲ ရှိတာပါ။

 

ဒီပြောဆိုမှုတွေက ပြောရမယ်ဆိုရင် အာဏာရပြီး ကိုယ့်ထက် အင်အားရှိသူ​တွေ​တောင် ဒီလို​ပြောဖို့ အ​တော်စဉ်းစားရမယ့် စကားမျိုး​တွေ ဖြစ်ပါတယ်။ သံတမန်​ရေးအရ မပါးနပ်မှုကို ဖော်ပြတာပဲ ဖြစ်ပါ တယ်။ 

 

NUG အဖွဲ့ဝင် အ​တော်များများဟာ တက်ကြွလှုပ်ရှားသူ (activitist)တွေကနေ လာတဲ့သူ​တွေပါ။ အက်တိဗစ် (activitist) အကျင့်တွေ မ​ဖျောက်နိုင်ရင် လက်ရှိ ကမ္ဘာ့နိုင်ငံ​ရေးမှာ ဝင်ဆန့်နိုင်မှာ မဟုတ်ပါဘူး။ အမှားအမှန်နဲ့ လူ့အခွင့်အ​ရေးစတာ​တွေက ကမ္ဘာမှာ အကန့်အသတ်နဲ့ပဲ ရှိတာပါ။ ဒါတွေက အဆုံးအဖြတ် မဟုတ်ပါဘူး။ နိုင်ငံရေးမှာက “အင်အားချိန်ခွင်လျှာ”နဲ့ “ဘက်​ရွေးချယ်မှု”က ပိုအ​ရေးကြီး ပါတယ်။ 

 

ဒီအ​ခြေခံသဘောလောက်ကိုမှ နားမလည်ဘဲ “ငါတို့ မတရားခံ​နေရတယ်၊ အမှန်တရားက ငါတို့ဘက်မှာ ရှိတယ်”ဆိုတိုင်း ကမ္ဘာကြီးက ခေါင်း​ထောင်ကြည့်မှာ မဟုတ်ပါဘူး။ အင်အားကြီး​ရော၊ အင်အား​သေး​ရော နိုင်ငံအားလုံးဟာ ကိုယ့်အကြပ်အတည်းနဲ့ကိုယ်၊ ကိုယ့်စိုးရိမ်ချက်နဲ့ ကိုယ် ရှိ​နေကြတာ ဖြစ်တယ်။ ဒါကို တရုတ်က အ​မေရိကန် ဖိုဘီးယား (phobia) ဝင်​နေတာ၊ အ​မေရိကန်က တရုတ်​ကို ကြောက်​နေတာလို့ အလွယ်စဥ်းစားရင် မှားပါလိမ့်မယ်။ 

 

ဘာမှ မရှိတဲ့သူတွေအတွက် ဘာမှ အ​ရေးမကြီး​ပေမယ့် ကမ္ဘာ့ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်နေတဲ့ တရုတ် နိုင်ငံအဖို့တော့ အလွန်အ​ရေးတကြီး သ​ဘောထားရတဲ့ ကိစ္စ​တွေ ရှိပါတယ်။ ဥပမာ- KIA ကို အမေရိကန်နဲ့ မဆက်ဆံဖို့ ပြောတာမျိုး၊ ဒါက ဒဲရစ်မစ်ချယ် သံအမတ်ကြီး ဖြစ်တုန်းကလည်း တစ်ခါ ဖြစ်ခဲ့ပြီးပါပြီ။

 

တရုတ်အတွက်က ရေရှည် အ​မေရိကန်နဲ့ ယှဉ်ပြိုင်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ရေးက နံပတ်တစ် ဦးစား​ပေး ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်နဲ့ ထိုင်ဝမ်အ​ရေးကို ကြည့်ရင် အသိသာဆုံးပဲ။ ဘာမှ မရှိတဲ့သူတွေအတွက် ဘာမှ အ​ရေးမကြီး​ပေမယ့် ကမ္ဘာ့ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်နေတဲ့ တရုတ် နိုင်ငံအဖို့တော့ အလွန်အ​ရေးတကြီး သ​ဘောထားရတဲ့ ကိစ္စ​တွေ ရှိပါတယ်။ ဥပမာ- KIA ကို အမေရိကန်နဲ့ မဆက်ဆံဖို့ ပြောတာမျိုး၊ ဒါက ဒဲရစ်မစ်ချယ် သံအမတ်ကြီး ဖြစ်တုန်းကလည်း တစ်ခါ ဖြစ်ခဲ့ပြီးပါပြီ။ ဒါ​တွေက တရားတယ် မတရားဘူးတို့၊ မှန်တယ် မမှန်ဘူးတို့နဲ့ မဆိုင်ပါဘူး။ 

 

အခု MNDAA တို့၊ ဝတို့ ကြုံနေရတာတွေဟာ အင်အားကြီးနိုင်ငံနဲ့ ကပ်​နေရသူတွေရဲ့ ဒုက္ခပါပဲ။ ဝ ဆိုရင် ဒီဘက်က အ​ခြေအ​နေ အကုန် သိပါတယ်။ အရမ်းလည်း ဝင်ပါချင်ပါတယ်။ အ​စောကတည်းက တရုတ်က တားထားလို့ မပါရဘဲ ​နေနေရတာပါ။ ဒါ​ကြောင့် NUG နဲ့ လူသိရှင်ကြား မဆက်ဆံတာပါ။ ဒါကို သူ့ကို င​ကြောက်လို့ ​ပြောလို့ မရပါဘူး။ ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တာကို ရဖို့ လိမ်မာပါးနပ်မှု ရှိရှိ လုပ်​နေတာပါ။ အခုတော့ ဒါ​တွေ အားလုံးကို တရုတ်က တားမြစ်လာတဲ့အချိန် ​ရောက်လာခဲ့ပါပြီ။ 

 

မြန်မာ့​နွေဦးဟာ အချိုးအ​ကွေ့ကြီးကြီးတစ်ခုကို ရောက်လာ​တော့မှာပါ။ အက်တိဗစ် အဆင့်ရှိသူ​တွေကို ထားခဲ့မှ ရ​တော့မှာပါ။ အ​ကြောင်းက​တော့ ထုနဲ့ထည်နဲ့ ဖြစ်လာခဲ့တဲ့ တော်လှန်​ရေး အင်အား​တွေကို  ကျရှုံးတာမျိုး အဖြစ်မခံနိုင်တော့လို့ ပါပဲ။ MNDAA ရဲ့အကြပ်အတည်း ​ကျော်နိုင်ရေးကို အားလုံးက ကူညီကြရတော့မှာ ဖြစ်ပါတယ်။

 

ပြည်ပက​နေ လေလုံးထွား​ နေရုံနဲ့ မရပါဘူး။ နေ့စဥ် အရပ်သား​တွေ ရဲ​ဘော်​တွေရဲ့ အသက်တွေ စတေး​နေကြရတာ အဲဒီလူ​တွေ ထည့်တွက်ကြဖို့ လိုပါပြီ။ အများစုကလည်း ပြည်တွင်းမှာ ပြန်လာပြီး တာဝန်ယူကြဖို့ လို​နေပါပြီ။ 

 

လားရှိုးဟာ ပြန်အကျခံလို့ မရတဲ့​နေရာပါ။ လားရှိုးကျရင် သီ​ပေါ၊ ကျောက်မဲ၊ နောင်ချို အားလုံး နောက်​ကျော မလုံ​တော့ပါဘူး။ MNDAA အတွက် အခက်အခဲ သိပ်ကြီး​နေရင် အခြားအဖွဲ့​တွေက ​နေရာဝင်ယူကြရမှာပါ။ စစ်တပ်ရဲ့စစ်ဆင်​ရေးဟာ သိပ်မကြာခင် လပိုင်းလောက်မှာ စလာနိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ကဦး​အောင် မိုင်းရယ်ကို တိုက်မလားဆိုတာလည်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါ​တွေက လက်​တွေ့ အ​ခြေအ​နေ​တွေပါ။ 

 

ပြည်ပက​နေ လေလုံးထွား​ နေရုံနဲ့ မရပါဘူး။ နေ့စဥ် အရပ်သား​တွေ ရဲ​ဘော်​တွေရဲ့ အသက်တွေ စတေး​နေကြရတာ အဲဒီလူ​တွေ ထည့်တွက်ကြဖို့ လိုပါပြီ။ အများစုကလည်း ပြည်တွင်းမှာ ပြန်လာပြီး တာဝန်ယူကြဖို့ လို​နေပါပြီ။ မဟုတ်ရင် တော်လှန်​ရေးက တခြား လေကြီး​နေသူ​တွေက တခြား တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာမှာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင် အ​တွေ့အကြုံ မရှိဘဲ တော်လှန်​ရေးကို ဦးမ​ဆောင်နိုင်ပါဘူး။ လီနင်ပဲ ဖြစ်ဖြစ်၊ ဆွန်ယက်ဆင်၊ ချူအင်လိုင်း၊ တိန့်​ရှောင်ဖင်တို့ပဲ ဖြစ်ဖြစ်၊ ကပ်စထရို၊ ချေ​ဂွေဗားရားတို့ပဲ ဖြစ်ဖြစ် ပြည်ပကို ထွက်ပြီး အင်အားစုရတာ​တွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ​တော့ ပြည်တွင်းမှာ ပြန်လာ ဦး​​ဆောင်ကြရတာပါပဲ။

 

အမယ်အိုက ခင်ဗျားတို့ကို နိုင်ငံ​ရေးအ​မွေတွေ အများကြီး ချန်ထား​ပေးခဲ့ပါတယ်။ ယူတတ်ကြဖို့တော့ လိုပါတယ်။ နိုင်ငံခြား​ရေး ​ပေါ်လစီမှာ ဒေါ်​အောင်ဆန်းစုကြည်​ ပေါ်လစီအတိုင်း ကျင့်သုံးပါတယ် ဆိုတာမျိုး​တောင် ထုတ်​ဖော် မ​ပြောရဲကြတာ အံ့ဩစရာပါပဲ။  

 

နိုင်ငံ​ရေးကို နိုင်ငံ​ရေးဆန်ဆန် စဥ်းစားကြပါ။ အက်တိဗစ်အဆင့်မှာ ရပ်မ​နေကြပါနဲ့၊ “မိုက်လို့ စိုက်​တွေက လာတာကွ”ဆိုပြီး အစအနောက် ခံခဲ့ရတဲ့သူ​တွေ ဘယ်​လောက်ထိ ပါးနပ်လာနေကြပြီလဲဆိုတာ အစ်ကိုထွန်း အင်တာဗျူး​လေးပဲ နား​ထောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ 

 

TNLA ခေါင်း​​ဆောင်တစ်ဦးက ၆၂ အ​ရေးအခင်းက စလို့ နောက်ပိုင်း လှုပ်ရှားမှု​တွေ အားလုံးကို ထည့်ပြောသွားပြီး ဒါ​တွေကို အမှတ်ရကြဖို့၊ ဒီလို အဖြစ်အပျက်​တွေ​ နောင် မဖြစ်ကြဖို့ ဘာ​တွေ လုပ်ကြရမယ် ဆိုတဲ့အထိ ထည့်ပြောသွားတယ်။ ကိုယ့်ဆီက ဆရာကြီး​တွေက အဲဒါတွေကိုရော ခေါင်းထဲမှာ ရှိကြရဲ့လား မသိပါဘူး။ နောက်ဆုံးမှာတော့ အဲလို တွေးနိုင်ခေါ်နိုင် သုံးသပ်လုပ်ကိုင်နိုင်တဲ့ သူ​တွေပဲ ရှင်သန်ကျန်ရစ် ပါလိမ့်မယ်။ 

 

အခု NUG မှာ ပါ​နေသူ အများစုဟာ အန်တီစု အရှိန်အဝါ​ကြောင့် ထောင်ထောင်ထောင်ထောင် လုပ်နိုင်နေကြတာ ဖြစ်ပါတယ်။ စစ်ကိုင်း၊ မ​ကွေးက ပြည်သူ​တွေ အားလုံး ပါလာတာဟာ အဲဒီအရှိန်​ကြောင့်ပဲ ဆိုတာ​လေးလည်း မ​မေ့ကြဖို့ လိုပါတယ်။ အမှား သိပ်များလာရင်​တော့ အဲဒီအရှိန်အဝါ ကလည်း ကယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ 

 

အ​မေရိကန် နိုင်ငံရေးမှာ Founding Fathers ဆိုသူ​တွေကို အမြဲ အ​လေးထားပါတယ်။ ဒီမှာတော့ ဗိုလ်ချုပ်​အောင်ဆန်းကို “ဒီငတိ ကိုယ်တို့လောက် မလုပ်ခဲ့ရပါဘူးကွာ”ဆိုပြီး ဗိုလ်သန်း​ရွှေက ခြေရာ တိုင်းသလို အခုလည်း ရှစ်​လေးလုံး နောက်ပိုင်း နှစ် ၃၀ ကျော် ကြံ့ကြံ့ခံလာခဲ့သူ​တွေကို စကားထဲ​တောင် ထည့်မ​ပြောတာ အ​တော့်ကို မှားယွင်း​နေတယ်လို့ပဲ ဆိုပါရ​စေ။ 

 

အမယ်အိုက ခင်ဗျားတို့ကို နိုင်ငံ​ရေးအ​မွေတွေ အများကြီး ချန်ထား​ပေးခဲ့ပါတယ်။ ယူတတ်ကြဖို့တော့ လိုပါတယ်။ နိုင်ငံခြား​ရေး ​ပေါ်လစီမှာ ဒေါ်​အောင်ဆန်းစုကြည်​ ပေါ်လစီအတိုင်း ကျင့်သုံးပါတယ် ဆိုတာမျိုး​တောင် ထုတ်​ဖော် မ​ပြောရဲကြတာ အံ့ဩစရာပါပဲ။  

 

အ​မေရိကန် နိုင်ငံရေးမှာ Founding Fathers ဆိုသူ​တွေကို အမြဲ အ​လေးထားပါတယ်။ ဒီမှာတော့ ဗိုလ်ချုပ်​အောင်ဆန်းကို “ဒီငတိ ကိုယ်တို့လောက် မလုပ်ခဲ့ရပါဘူးကွာ”ဆိုပြီး ဗိုလ်သန်း​ရွှေက ခြေရာ တိုင်းသလို အခုလည်း ရှစ်​လေးလုံး နောက်ပိုင်း နှစ် ၃၀ ကျော် ကြံ့ကြံ့ခံလာခဲ့သူ​တွေကို စကားထဲ​တောင် ထည့်မ​ပြောတာ အ​တော့်ကို မှားယွင်း​နေတယ်လို့ပဲ ဆိုပါရ​စေ။ 

 

သမိုင်းဟာ တဆက်တစပ်ထဲ ဖြစ်တယ်။ ဒီ​နေ့ ဒီ​နေရာ ​ရောက်နေသူ​တွေဟာ အစဥ်အဆက်ပြည်သူ​တွေ နိုင်ငံ​ရေး​ ခေါင်း​ဆောင်​တွေ အညတရ ရဲ​ဘော်​တွေ အသက်​သွေး​ချွေးနဲ့ ခင်း​ပေးတဲ့ လမ်းရှိလို့​ ရောက်လာကြတာပါ။ မိုး​ပေါ်က ကျလာတာ မဟုတ်ပါဘူး။ ပြည်သူ​တွေက​တော့ဆက်ပြီး လမ်းခင်း​ပေး​နေကြမှာပါပဲ။ ဒါ​ပေမယ့် ဒီလမ်းက ညံ့ဖျင်းသူ​တွေ၊ ကိုယ်ကျိုး မစွန့်နိုင်သူ​တွေ အမှားများသူ​တွေအတွက်​တော့ ဟုတ်မယ် မထင်ပါကြောင်းပါခင်ဗျာ။    ။

~~~~

ကိုရင်င​တေ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။