မြန်မာနိုင်ငံတဝှမ်းမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်တက်လာနေတဲ့ တချိန်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ပုံစံ အုပ်ချုပ်ရေးစနစ် အောက်ခြေကနေစပြီး ပေါ်ထွန်းလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ မစ္စပရက်စီလာ ကလပ် ကပြောလိုက်ပါတယ်။ အသစ်ပေါ်ထွန်းလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဗမာလူများစုရဲ့ သြဇာလွှမ်းမိုးမှု လျော့ကျပြီး တိုင်းရင်းသားလူနည်းစုတွေရဲ့ လွှမ်းမိုးမှုကပိုရှိလာမယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။ ဒါကတော့ RFA ရဲ့ အမေရိကန်သံအရာရှိဟောင်းနဲ့ ဆက်သွယ်မေးမြန်းခန်း အစီအစဥ်တခုမှာ တွေ့လိုက်ရတာပါ။ ဒီဆွေးနွေးခန်းမှာပဲ သူဆက်ပြောတဲ့ထဲမှာ တိုင်းရင်းသားတွေ အရင်ကထက် စုစည်းညီညွတ်ပြီး အားကောင်းလာပါမယ်။ ဗမာတွေကတော့ လူဦးရေအများဆုံးအဖြစ်ဆက်ရှိနေမှာပါ။ ဒါပေမယ့် ဗမာလူများစုကလွှမ်းမိုးထားတဲ့ပုံစံမျိုးမဟုတ်တော့ပဲ လူမျိုးပေါင်းစုံရဲ့သြဇာလွှမ်းမိုးမှုတွေရောနှောနေတဲ့ပုံစံ ဖြစ်လာမယ်။ လူနည်းစုတွေပိုပြီး အခွင့်အရေးရလာမယ်လို့ ထင်ကြောင်းပြောပါတယ်။ ဒါကတော့ မြန်မာ့အရေးအတွက် စာစောင်စာတမ်းတွေထုတ်နေကြတဲ့ ICG က ရစ်ချတ်ဟိုဆေးနဲ့ အချို့သောပြင်ပ ဆောင်းပါးရှင်များထက် သူပြောတာက အများကြီးပိုပြီး အခြေနေမှန်နဲ့ နီးစပ်တာဖြစ်တယ်။
ဖြစ်နေတာက တောင်တန်းပြည်မမကျန် နေရာဒေသအသီးသီးက ဘယ်သူရဲ့ တိုက်တွန်းဦးဆောင်မှုမှမပါပဲ လက်နက်ကိုင်တော်လှန်လာကြတာပါ။ အားလုံးရဲ့ ဘုံရည်မှန်းချက်က စစ်အုပ်စုကို နိုင်ငံရေးက အမြစ်ပြတ်ဖယ်ထုတ်ရေးဆိုတာမှာတူညီကြတာဖြစ်တယ်။
မြန်မာ့အနာဂါတ်အလားအလာ ဖြစ်နိုင်ခြေတွေနဲ့ပါတ်သက်လို့ ဥာဏ်ကြီးရှင်အဖွဲ့တွေ၊ ပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်တွေ ၊ သုတေသနသမားတွေ ၊ဂျာနယ်လစ်တွေ ဆောင်းပါးရှင်တွေက အများအပြားက ခန့်မှန်းချက်တွေထုတ်နေကြတဲ့အထဲမှာ ဒီသံမှုးဟောင်းရဲ့အမြင်က လက်တွေ့မြေပြင်ကအဖြစ်အပျက်တွေကို အခြေခံပီးပြောထားတာဖြစ်တဲ့အတွက် အတော်ကလေး ဖြစ်နိုင်ခြေရှိတာပါ။ ဖြစ်နေတာက တောင်တန်းပြည်မမကျန် နေရာဒေသအသီးသီးက ဘယ်သူရဲ့ တိုက်တွန်းဦးဆောင်မှုမှမပါပဲ လက်နက်ကိုင်တော်လှန်လာကြတာပါ။ အားလုံးရဲ့ ဘုံရည်မှန်းချက်က စစ်အုပ်စုကို နိုင်ငံရေးက အမြစ်ပြတ်ဖယ်ထုတ်ရေးဆိုတာမှာတူညီကြတာဖြစ်တယ်။ လက်ရှိမှာတော့ NUG က တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ မြေပြန့်ဒေသအတော်များများက တပ်ရင်းတပ်ဖွဲ့တွေကို စုစည်း ဦးဆောင်မှုပေးနေတာပါ။ ဒါပေမယ့် NUG လက်အောက်မဟုတ်တဲ့ အဖွဲ့အချို့ရှိပါတယ်။ နောက် NUG အပေါင်း K3C မှာမပါသေးတဲ့ မြောက်ပိုင်းသုံးဖွဲ့လို၊ ဝ မိုင်းလား ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ စတာတွေကလည်း ရှိနေတာဖြစ်တယ်။ ဒီအခြေအနေတွေဟာ ရှုပ်ထွေးသယောင်ထင်ရပေမယ့် ဘုံရန်သူကို နှိမ်နင်းလိုက်နိုင်ပီဆိုရင်တော့ ဆွေးနွေးညှိနှုင်းမှုဖြစ်စဥ်တွေနဲ့ အနာဂါတ်ဖက်ဒရယ်ပုံစံသစ်တခုကို သွားနိုင်ကြမှာဖြစ်ပါတယ်။
အဲဒီအချိန်မှာပြည်နယ်တိုင်းက ငွေစက္ကူတွေထုတ်ကြတယ်။ ကုန်သွယ်ရေးတွေ လုပ်ကြတယ်။ မတူညီတဲ့ ကိုယ်ပိုင် အကောက်ခွန်စနစ်တွေ ဖန်တီးကြတယ်။ မီးရထားလမ်းကအစ အကျယ်မတူကြတော့ ဒီပြည်နယ်ကရထားက အခြားပြည်နယ်ကို သွားလို့မရပါဘူး။
အခုမြင်ရတဲ့အခြေအနေက လွတ်လပ်ကာစ အမေရိကန်ပြည်ထောင်စုလို coming together ပုံစံမျိုးဖြစ်နေတာပါ။ သီးခြားဖြစ်တည်နေတဲ့ပြည်နယ်တွေက အဂ်လိပ်အုပ်စိုးမှုကို တွန်းလှန်ပြီးနောက်ပိုင်း စုစည်းတိုင်ပင်ပြီး ပြည်ထောင်စု တည်ထောက်လိုက်ကြတဲ့ပုံစံမျိုးပါ။ အေမေရိကန်ပြည်ထောင်စု စဖွဲ့ကာစမှာ ပြည်နယ်တခုစီရဲ့ သီးခြားဖြစ်တည်လာကြတဲ့ အရှိန်ကြောင့် ကွန်ဖက်ဒရေးရှင်းပုံစံနဲ့ ၅ နှစ် ၆ နှစ်လောက်သွားခဲ့ကြပါသေးတယ်။ အဲဒီအချိန်မှာပြည်နယ်တိုင်းက ငွေစက္ကူတွေထုတ်ကြတယ်။ ကုန်သွယ်ရေးတွေလုပ်ကြတယ်။ မတူညီတဲ့ ကိုယ်ပိုင် အကောက်ခွန်စနစ်တွေဖန်တီးကြတယ်။ မီးရထားလမ်းကအစ အကျယ်မတူကြတော့ ဒီပြည်နယ်ကရထားက အခြားပြည်နယ်ကို သွားလို့မရပါဘူး။ ကာကွယ်ရေးမှာအင်အားမတောင့်တဲ့ကိုယ်ပိုင်တပ်တွေပဲဖြစ်နေတော့ အဂ်လိပ်က အကွက်ရပြီး ပြန်လာအုပ်ချုပ်ဖို့ လုပ်လာတာပါ။ ဒါကြောင့်ပဲ ၁၇၈၇ ခုလောက်မှာ ဖက်ဒရယ်နိုင်ငံအဖြစ်ပြန်လည်စုစည်းလိုက်ရတာဖြစ်တယ်။ ဒါကို ဂျော့ရှ်ဝါရှင်တန်က ပြည်နယ်တွေကို သဲနဲ့လုပ်ထားတဲ့ ကြိုးနဲ့ ချည်နှောင်ထားတဲ့ အခြေအနေလို့ တင်စားပြီးပြောခဲ့တာဖြစ်တယ်။ ဒီအခြေအနေရောက်ဖို့ သဘောတရားရေးရာအရ အတော်ကြီး ငြင်းခုံတည်ဆောက်ခဲ့ရတာဖြစ်တယ်။ အဲဒီအချိန်က ဖက်ဒရယ်လစ်စာတမ်း အစောင် ၈၀ ထွက်ခဲ့တယ်။ ဒီသဘောတရားတွေက ဖက်ဒရယ်ရဲ့ အခြေခံတွေလိုမျိုးဖြစ်လာပါတယ်။ ဒီစာတမ်းတွေကို မက်ဒီဆင်၊ ဟယ်မင်တန်နဲ့ ဂျွန်ဂျေးဆိုတဲ့ ၃ ဦးကရေးတာပါ။ နောက်ပိုင်း မက်ဒီဆင်က အမေရိကန် သမ္မတဖြစ်လာပြီး ဟယ်မင်တန် က ဘဏ္ဍာရေးဝန်ကြီးဖြစ်လာတယ်။ ဂျွန်ဂျေးက တရားသူကြီးချုပ်ဖြစ်လာတယ်။ သူတို့ဟာ အမေရိကန်ရဲ့ founding father ဆိုတဲ့ထဲမှာပါတဲ့သူတွေပါပဲ။ အမေရိကန်အစိုးရအဆက်ဆက်ကိုင်စွဲလာကြတဲ့ နိုင်ငံခြားရေးပေါ်လစီလေးခုမှာ ဟယ်မင်တန်မူဝါဒက တခုအပါအဝင်ဖြစ်တယ်။
အင်္ဂလိပ်အုပ်ချုပ်ပုံက သူ့ကို အထိရောက်ဆုံးတော်လှန်နိုင်မယ့် လူမျိုးကြီးကို နေရာမပေးပဲဖိနှိပ်ထားပြီး လူမျိုးငယ်တွေကို နေရာပေး မြှောက်စားတဲ့ပုံစံပါ။ လူမျိုးငယ်တွေထဲမှာတောင် ဘာသာရေးအရသိမ်းသွင်းလို့ရတဲ့ လူမျိုးငယ်တွေကို ပိုဦးစားပေးတာဖြစ်တယ်။
အမေရိကန်ပုံစံနဲ့ ဆင်သလိုဖြစ်လာတယ်ဆိုတဲ့ အခြေအနေက ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့အခြေအနေတွေပါ။ ဒီမတိုင်ခင်ကတော့ မြန်မာဟာ အိန္ဒိယလို လူမျိုးတွေ ပြည်နယ်တွေ နှစ်ထောင်ချီပြီး အတူတကွ နေထိုင်ရှင်သန်လာကြတယ်ဆိုတဲ့ Holding together ပုံစံမျိုးလို့ ယူဆကြတာတွေလဲရှိပါတယ်။ မှတ်တမ်းအခိုင်အမာရှိတဲ့ နှစ်ထောင်ချီတဲ့သမိုင်းမှာ ပဒေသရာဇ်ဘုရင်တွေအချင်းချင်း စစ်ခင်းပြီးအားပြိုင်ခဲ့တာ အကြိမ်ပေါင်းများစွာရှိခဲ့ရာမှာ မြေပြန့်နေ ဗမာလူမျိုးက လူများစုဖြစ်လာပြီး လွှမ်းမိုးအုပ်ချုပ်လာတဲ့သဘောပါ။ ပဒေသရာဇ်အုပ်ချုပ်ပုံက အလွန်လျော့လျဲတဲ့ သစ္စာပေး သစ္စာခံအုပ်ချုပ်နည်းပါ။ သက်ဆိုင်ရာလူမျိုးအကြီးအကဲတွေက ကိုယ်နယ်ကိုယ်အုပ် ချုပ်ခွင့် အခွန်ကောက်ခွင့်ရှိပါတယ်။ တစ်နှစ်တခါလက်ဆောင်ပဏ္ဏာဆက်ရတာနဲ့ လိုအပ်ရင်စစ်သား စုပေးရတာမျိုးတွေလောက်ပဲ ဘုရင်အတွက်လုပ်ပေးရတာမျိုးပါ။ ဘုရင် စော်ဘွား ဒူဝါ စတဲ့ အုပ်ချုပ်သူတွေအချင်းချင်း အပေးအယူ အဝေတဲ့ နေသ၍ တည်ငြိမ်အေးချမ်းနေတာမျိုးပါ။ ဒီပုံစံကနေ အင်္ဂလိပ်လက်အောက်ရောက်ချိန်မှာ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် သီးခြားစီ ပြန်ဖြစ်သွားပါတယ်။ အင်္ဂလိပ်အုပ်ချုပ်ပုံက သူ့ကို အထိရောက်ဆုံးတော်လှန်နိုင်မယ့် လူမျိုးကြီးကို နေရာမပေးပဲဖိနှိပ်ထားပြီး လူမျိုးငယ်တွေကို နေရာပေး မြှောက်စားတဲ့ပုံစံပါ။ လူမျိုးငယ်တွေထဲမှာတောင် ဘာသာရေးအရသိမ်းသွင်းလို့ရတဲ့ လူမျိုးငယ်တွေကို ပိုဦးစားပေးတာဖြစ်တယ်။ ဒါက မြန်မာတနိုင်ငံထဲမဟုတ်ပါဘူး။ အိန္ဒိယမှာ ဆူဒန်မှာ အီရတ်မှာ အင်္ဂလိပ်အုပ်စိုးတဲ့နိုင်ငံတွေအားလုံးမှာ ကျင့်သုံးတဲ့ ပေါ်လစီပါ။ အဲတော့ ဒီအခြေနေကနေ လွတ်လပ်ရေးရယူကာနီး ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်နဲ့ ပြန်လည်စုစည်းခဲ့ရတာဖြစ်တယ်။ အဲဒီတုန်းကအခြေနေကိုပြန်သုံးသပ်ရင် ပင်လုံစာချုပ်ပါ ပြည်ထောင်စုတည်ဆောက်ပုံရဲ့ အတွင်းသဘောဟာ coming together ရော holding together ပါ ရောထွေးနေတဲ့ပုံစံဖြစ်လာတာပါ။ ဦးသိန်းစိန်နဲ့ ဒေါ်စုလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးပုံစံတွေဟာ အမေရိကန်သံမှူးဟောင်း ပရက်စီလာပြောသလို bottom up သွားဖို့ကြိုးစားကြတာဖြစ်တယ်။ ဒါပေမယ့် စစ်တပ်က အတွေးအခေါ်အယူအဆဟောင်းတွေနဲ့ ဝင်ပါနေလို့ တိုးတက်မှုမရခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒီဇာတ်လမ်းတွေက ပြီးသွားပါပြီ၊ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ခုခံစစ်ပွဲမှာ PDF နဲ့ EAO တွေ ပေါင်းစည်းလာကတည်းက သမိုင်းရဲ့ အချိုးအကွေ့ တခုကိုရောက်လာတာဖြစ်တယ်။
PDF နဲ့ EAO ပူးပေါင်းအင်အားတွေက စကစကို ဖြုတ်ချနိုင်မယ်ဆိုရင် အနာဂါတ်မြန်မာရဲ့ တည်ဆောက်ပုံဟာ coming together ပုံစံပဲဖြစ်လာမှာပါ။ တကယ်လို့ အခြားနည်းသဏ္ဍာန်တခုခုနဲ့အောင်ပွဲခံတယ်ဆိုရင်တော့ ပုံသဏ္ဍာန်နှစ်မျိုးလုံးနဲ့ အကျုံးမဝင်တဲ့ သီးခြားပုံစံဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပုံစံနဲ့အောင်ပွဲခံလို့ ဘယ်လိုပုံစံနဲ့ပဲ ဖက်ဒရယ်ကိုတည်ဆောက်သည်ဖြစ်စေ အမေရိကန်သံမှူးဟောင်း ပရက်စီလာ ပြောသလို လူနည်းစုတွေပိုပြီး အခွင့်အရေးရလာမှာကတော့ အသေအချာပါပဲ။
~~~~
<iframe width="901" height="507" src="https://www.youtube.com/embed/GmLGeWQYgrY" title="လူနည်းစုတွေ အခွင့်အရေး ပိုရလာမယ့် ဖက်ဒရယ် (Ethnic Affairs/ရုပ်သံ)" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" referrerpolicy="strict-origin-when-cross-origin" allowfullscreen></iframe>
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။