အာဏာသိမ်းအစိုးရ သက်တမ်း သုံးနှစ်ခွဲကျော်ရှိလာချိန်မှာ စစ်ကောင်စီဟာ စစ်ရေး နိုင်ငံရေးမှာ ရှုံးနိမ့်လာလျက်ရှိပြီး မြန်မာ့နွေဦးတော်လှန်ရေးက အောင်ပွဲခံသွားနိုင်တဲ့ အကြိုကာလတခုကို ရောက်လာနေပါတယ်၊ ဒီအချိန်မှာ နိုင်ငံတကာကရော အိမ်နီးချင်းများထဲမှာပါ အသံပလံ မျိုးစုံထွက်ပေါ်လာတာဖြစ်တယ်။ ဒီအထဲမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျားပန်းခတ်မျှ သံတမန်ရေးလှုပ်ရှားမှုတွေ လုပ်လာတာကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပဲ ဖြစ်ပါတယ်။ ဝမ်ယိဟာ လန်ချန်းမဲခေါင် အစည်းဝေးအလာမှာ မြန်မာကိုအရင်ဝင်ပြီး မအလရော ဦးသန်းရွှေနဲ့ပါတွေ့သွားပါတယ်။ ပြီးတော့ ထိုင်းမှာ လာအို၊ ထိုင်း၊ မြန်မာ ဝန် ကြီးအဆင့်တွေနဲ့ တွေ့ပြီး မြန်မာအရေး ဆွေးနွေးပါတယ်။ နောက် တရုတ်ပြည်ပြန်သွားပြီး ကုလရဲ့မြန်မာအရေးအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို ဖိတ်ခေါ်တွေ့ပြီး မြန်မာ့အရေး ပြောပြန်ပါတယ်။ အခု သြဂုတ် ၂၇, ၂၈ မှာတော့ တရုတ်မြန်မာနယ်စပ်မှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတာဖြစ်တယ်။ တရုတ်ဘက်က ခြေမကိုင်မ လက်မကိုင်မိဖြစ်နေတယ်လို့ ရေးတာမလွန်ပါဘူး။ အကြောင်းရင်းကတော့ တော်လှန်ရေးဘက်က ဘယ်တော့မှမနိုင်နိုင်ဘူးလို့ ယူဆထားကြရာက အခြေအနေတွေ ပြောင်းလာလို့ပါပဲ။
တရုတ်ဘက်က စိုးရိမ်ချက်ကတော့ စကစ ရှုံးနိမ့်သွားပြီးနောက် တိုင်းပြည်ဟာ အကွဲကွဲအပြားပြားဖြစ်သွားမလား၊ fail state ဖြစ်သွားမလား ၊ နယ်စပ်တလျောက်ပြသနာတွေ သူ့တိုင်းပြည်ဘက်ကို ကူးလာမလား၊ အဲဒီအကွဲကွဲအပြားပြားတွေက သူ့အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်ပါ့မလား။
တရုတ်ဘက်က စိုးရိမ်ချက်ကတော့ စကစ ရှုံးနိမ့်သွားပြီးနောက် တိုင်းပြည်ဟာ အကွဲကွဲအပြားပြားဖြစ်သွားမလား၊ fail state ဖြစ်သွားမလား ၊ နယ်စပ်တလျောက်ပြသနာတွေ သူ့တိုင်းပြည်ဘက်ကို ကူးလာမလား၊ အဲဒီအကွဲကွဲအပြားပြားတွေက သူ့အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်ပါ့မလား။ ဒါမှမဟုတ် နောက်တက်သူက အနောက်ဘက်ကို သိပ်ကပ်သွားမလား စတာ စတာတွေ ကိုပါပဲ။ ဝမ်ယိက ဒီအချက်တွေအားလုံးကိုခြုံပြီး မြန်မာ့အရေးက ပူပန်ရတဲ့အခြေအနေဖြစ်လာပါပြီလို့ ပြောသွားတာပါ။
တရုတ်ဘက်က အခုမှစိုးရိမ်ပူပန်လာတာကို ထုတ်ပြောလာတာဖြစ်ပေမယ့် အမေရိကန်ကတော့ စိုးရိမ်ကြောင်းပြောနေတာကြာပါပြီ။ ဒါ့ကြောင့် စိုးရိမ်ကြသူနှစ်ဦးဖြစ်တဲ့ ဂျိတ်ဆူလီဗန်နဲ့ ဝမ်ယိတို့အကြား ပီကင်းမှာတွေ့ဆုံခဲ့ကြတာ ဖြစ်တယ်။ ထုံးစံအတိုင်းသံတမန်စကားတွေပဲ ထုတ်ပြန်ခဲ့ပေမယ့် မြန်မာ့အရေးပါဆွေးနွေးမှုရှိခဲ့တာကတော့ အကျိုးရှိနိုင်တယ်လို့ပဲ တွက်ကြရမှာပါ။ ဒီကြားထဲမှာ US ဘက်ကလဲ မအလ ထိပ်ပိုင်းနဲ့တွေ့ဆုံခဲ့တာတွေ ရှိလာပါတယ်။ ဒါကလဲ မြန်မာ့အရေးလှုပ်ရှားသူတွေကြားမှာ ပဟေဠိတခုသဖွယ်ဖြစ်ခဲ့တယ်။
တရုတ်ပေါ်လစီက နယ်စပ်အဖွဲ့တွေ တစ်နိုင်ငံလုံးသိမ်းပိုက်ရေးဆိုတဲ့ တော်လှန်ရေးဘက် ပိုရောက်လာရင် (တနည်းပြောရရင် NUG နဲ့ ပိုနီးစပ်လာရင်) မအလဘက်ကနေပြန်ထိမ်းဖို့ ၊ မအလကို မထိမ်းနိုင်ရင် နယ်စပ်အဖွဲ့တွေနဲ့ ပြန်ချုပ်ဖို့ အပြန်အပြန် အလှန်လှန် လုပ်နေမယ့်သဘောပါပဲ။
ဒီတလောမှာပဲ US နိုင်ငံခြားရေးဝန်ကြီးဌာနက အရင် ဒဲရစ်ချိုလက်နေရာကို အစားဝင်တဲ့ တွမ်ဆူလီဗန် နဲ့ NUG ယာယီသမ္မတ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်အချို့ ၊ NUCC စတဲ့သူတွေတွေ့ဆုံရာမှာ ဒီကိစ္စကို အတော်မေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တရုတ်ပဲဖြစ်ဖြစ် US ပဲဖြစ်ဖြစ် သံတမန်စကားတွေနဲ့ အပေါ်ယံမှာပြောနေကြပေမယ့် တကယ့်အတွင်းသဘောတွေကတော့ ရှေ့ကြောင်း နောက်ကြောင်းတွေနဲ့ လက်တွေ့ လှုပ်ရှားဆောင်ရွက်ပုံတွေကိုကြည့်ပြီး အကဲဖြတ်ကြရမှာပါပဲ။ တရုတ်ဘက်ကပြောရင်တော့ လားရှိုး ပေးလိုက်ရပြီးတဲ့နောက် မအလတို့ဘက်က စိတ်ဆိုးပြ စိတ်ကောက်ပြ တရုတ်ဆန့်ကျင်ရေးတွေလုပ်ပြတာကြောင့် တုတ်နဲနဲပြတာ မုန်လာဥနဲနဲကြွေးတာ(carrot and stick) လာလုပ်ပြတာပါပဲ။ တဘက်မှာ နယ်စပ်အဖွဲ့တွေက အတွင်းပိုင်းနယ်မြေတွေသိမ်းပြီး လမ်းတွေပေါက်လာတော့ တရုတ်ရဲ့ သူတို့အပေါ် လွှမ်းမိုးနိုင်အား ကျဆင်းလာတဲ့သဘောရှိပါတယ်။ တရုတ်ပေါ်လစီက နယ်စပ်အဖွဲ့တွေ တစ်နိုင်ငံလုံးသိမ်းပိုက်ရေးဆိုတဲ့ တော်လှန်ရေးဘက် ပိုရောက်လာရင် (တနည်းပြောရရင် NUG နဲ့ ပိုနီးစပ်လာရင်) မအလဘက်ကနေပြန်ထိမ်းဖို့ ၊ မအလကို မထိမ်းနိုင်ရင် နယ်စပ်အဖွဲ့တွေနဲ့ ပြန်ချုပ်ဖို့ အပြန်အပြန် အလှန်လှန် လုပ်နေမယ့်သဘောပါပဲ။ အရှင်းဆုံးပြောရရင်တော့ မြန်မာ အနောက်အုပ်စုဘက်ကို ကပ်မသွားရေး တရုတ်ဆက်လက်လွှမ်းမိုးရေးပဲဖြစ်တယ်။ တကယ်တော့ ဒါဟာ တရုတ်ရဲ့ သူ့အိမ်နီးချင်းများအပေါ်သဘောထားဖြစ်ပြီး မြန်မာကတော့ သူ့အတွက် ပင်လယ်ထွက်ပေါက်ပါရနိုင်တဲ့အတွက် ပိုအလေးထားမှာပါပဲ။
တကယ်တော့ စစ်ပြန်ဟောင်းတွေကို မြို့စောင့်နေရာတွေမှာထားခဲ့ပြီး လူငယ်တွေကို အကုန်ရှေ့တန်းတွေ ပို့နေရလို့ဖြစ်တယ်။ တန့်ယန်း၊ မိုင်းရယ်တဝိုက်က လွတ်နေတဲ့ ကုန်းတချို့ ဝနဲ့ ရှမ်းတပ်တွေ ဝင်ယူထားကြတယ်။
မအလဘက်ကပြောရင်တော့ အဆုံးစွန်အထိ ပြင်ဆင်နေတာဖြစ်တယ်။ ဒီတလောမှာပဲ ပြည်သူ့လုံခြုံရေးဥပဒေဆိုတာကို ပြဌာန်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အရပ်သားအားလုံး စစ်ထဲဆွဲသွင်းဖို့ လုပ်လာတာဖြစ်တယ်။ နယ်စပ်မြို့တချို့က စစ်သားတွေဆိုရင် ရုတ်တရက်အိုမင်းသွားကြတယ် ဆံပင်တွေဖြူလာကြတယ်လို့ နောက်ပြောင်ပြောတာတွေရှိတယ်။ တကယ်တော့ စစ်ပြန်ဟောင်းတွေကို မြို့စောင့်နေရာတွေမှာထားခဲ့ပြီး လူငယ်တွေကို အကုန်ရှေ့တန်းတွေ ပို့နေရလို့ဖြစ်တယ်။ တန့်ယန်း၊ မိုင်းရယ်တဝိုက်က လွတ်နေတဲ့ ကုန်းတချို့ ဝနဲ့ ရှမ်းတပ်တွေ ဝင်ယူထားကြတယ်။ မိုင်းယောင်းမြို့တခြမ်းကို မိုင်းလား တပ်တွေက ဝင်ယူထားပြီး ကျန်တခြမ်းမှာတော့ စကစနဲ့ RCSS တပ်တွေ ပူးတွဲနေရာယူထားကြတယ်။ ရှမ်းတောင် နေရာအတော်များများမှာ စကစနဲ့ RCSS ပူးတွဲနေရာယူထားကြတယ်လို့ သိရတာဖြစ်တယ်။ အဓိပ္ပါယ်ကတော့ ရသမျှအင်အားတွေဆွဲထုတ်ပြီး ရှမ်းမန်းစစ်ဆင်ရေးကို ခုခံဖို့ လုပ်နေရတဲ့ သဘောပါ၊ ၂၈ ရက်နေ့သတင်းတွေမှာလဲ ဆုံးရှုံးသွားတဲ့နယ်မြေတွေ မြို့တွေပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြရမယ်ဆိုပြီး တဖွဖွပြောနေတယ်လို့ဆိုတယ်။ မအလဟာ လူက သိပ်စိတ် မမှန်တော့ပေမယ့် နောက်ဆုံးအချိန်အထိ တိုင်းပြည်ကို ဒုက္ခတွင်းထဲ ဆွဲနှစ်သွားကတော့ သေချာနေပါတယ်။
ဒါတွေကိုကျော်လွှားဖို့ကတော့ မိမိအင်အားကို ရေပက်မဝင်အောင်တည်ဆောက်ထားနိုင်ဖို့လိုတယ်။ ဒီနေရာမှာ စစ်ရေးကိုပြောလိုတာမဟုတ်ပဲ နိုင်ငံရေးအရတည်ဆောက်မှုကိုဆိုလိုတာပါ။
ကိုယ့်ဘက်ကလဲလုပ်သင့်တာတွေ လုပ်ကြရမှာပါပဲ။ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုတချို့ရလာတာမှန်ပေမယ့် အပေါ်မှာတင်ပြခဲ့သလို စိုးရိမ်ကြတာတွေကလဲ ရှိလာတာဖြစ်တယ်။ ဒါတွေကိုကျော်လွှားဖို့ကတော့ မိမိအင်အားကို ရေပက်မဝင်အောင်တည်ဆောက်ထားနိုင်ဖို့လိုတယ်။ ဒီနေရာမှာ စစ်ရေးကိုပြောလိုတာမဟုတ်ပဲ နိုင်ငံရေးအရတည်ဆောက်မှုကိုဆိုလိုတာပါ။ ပြီးခဲ့တဲ့ငြိမ်းချမ်းရေးညီလာခံတွေမှာ ဝအဖွဲ့ဟာ တလျောက်လုံး ဘေးထွက်နေခဲ့တာ မှတ်မိကြမှာပါ။ KIA ကတော့ NCA ဆွေးနွေးစဥ်မှာ တလျောက်လုံးပါခဲ့ပြီး လက်မှတ်ထိုးချိန်ကြမှ နောက်ဆုတ်သွားခဲ့တာပါ။ ညီနောင်သုံးဖွဲ့ဟာ ညီလာခံတက်လိုကြပေမယ့် သူတို့ရဲ့ ညီလာခံပါဝင်မှုကို စစ်တပ်က တမင်ကန့်သတ်ထားခဲ့တာဖြစ်တယ်။ အခု ညီနောင်သုံးဖွဲ့ ဟာ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ အင်အားကြီးထွားလာခဲ့ပြီဖြစ်တယ်။ မြန်မာ့ အနာဂါတ်နိုင်ငံရေးပုံဖော်မှုမှာ အရေးပါတဲ့ အခန်းကပါဝင်ဖို့အသင့်ဖြစ်နေပါပြီ။
နိုင်ငံတကာက မြန်မာရဲ့ နိုင်ငံရေးပါဝင်မှုတွေအပေါ် မေးခွန်းထုတ်မှုတွေကို ရပ်တန့်ပစ်ရမယ့် အချိန်ကို ရောက်နေချိန်နဲ့လဲ တိုက်ဆိုင်နေတာဖြစ်တဲ့အတွက် ပိုမိုကျယ်ပြန့်တဲ့ ခေါင်းဆောင်မှုတစ်ရပ်၊ မဟာမိတ်အင်အားစုတစ်ရပ်ဖွဲ့ဖို့ အရေးတကြီး လိုအပ်လာတာ ဖြစ်ပါတယ်။ မြန်မာ့အသွင်ကူးပြောင်းရေးအစိုးရတွေဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာတယ်လို့တော့ဆိုနိုင်ပါတယ်၊ နဝတ၊ နအဖကနေ ဦးသိန်းစိန်၊ ပြီးတော့ NLD အစိုးရ ၊အခု NUG အစိုးရအထိ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားပါဝင်မှုတွေ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် လုံလောက်မှုမရှိသေးပါဘူး။ K3C အပေါင်း 3BHG ဖြစ်ရတော့မှာပါ။ ကြားကာလအစိုးရဟာ တောင်ပိုင်း မြောက်ပိုင်း အားလုံးကို ကိုယ်စားပြုကြောင်း နိုင်ငံတကာကို ကြေညာနိုင်ရမယ့်အချိန်ဖြစ်လာပါပြီ။ ဝ ကိုတော့ ဆွဲသွင်းလို့ရမယ် မထင်ပါဘူး။ အရှင်းဆုံးပြောရရင် ဝဟာ မြန်မာရဲ့ ကက်ရှ်မီးယားလို အထူးအခွင့်အရေး ရာသက်ပန် ယူချင်တဲ့သဘောတွေရှိနေတာပါ။ တရုတ်ကလဲဒါကိုနောက်ခံပြုပေးမှာပါပဲ။
စုပေါင်းခေါင်းဆောင်မှုနဲ့သာ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ ဒါဟာ အရေးပေါ်လုပ်ဆောင်ရမယ့် နိုင်ငံရေးတာဝန်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
အရင်က ဘုရင်တွေလက်ထက်မှာ တရုတ်ဗမာ နှစ်ဘက်စလုံးကို နာခံတဲ့ နယ်တွေရှိခဲ့ဖူးပါတယ်။ ဗမာဘက်က ကျိုင်းရုံးကြီးလို့ခေါ်တဲ့ ယနေ့ကာလ ရှစ်ဆောင်ပါးနားမှာ စစ်ကဲတယောက်ထားပြီး လိုအပ်တဲ့အခါစစ်သားကောက်သလို တရုတ်ဘက်ကလဲ ငွေခွန်မှူးတစ်ယောက်ထားပြီး အခွန်ကောက်ပါတယ်။ မိမိဘက်က အင်အားအနည်းဆုံးဖြစ်နေချိန်မှာ တချို့ကိစ္စတွေ အပေါ် သဘောထား အလွန်ပျော့ပြောင်းဖို့လိုပါတယ်။ ဒါပေမယ့် ဝနယ်ဟာ အဲလောက်ဖြစ်နေတာမဟုတ်သေးတဲ့အပြင် ဒီလို အားလုံးပါဝင်တဲ့ ဖြစ်ပေါ်တိုးတက်မှုကိုတော့ ဝ က ကန့်လန့်တိုက်မှာ မဟုတ်ပါဘူး။ ဒီလိုစည်းလုံးမှုကသာ တရုတ်နဲ့ အမေရိကန် ဘုံဦးတည်နေတဲ့ စေ့စပ်ရေး သို့မဟုတ် မအလကို နိုင်ငံရေးနေရာဆက်ပေးရေး အကြံအစည်တွေကိုကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စုပေါင်းခေါင်းဆောင်မှုနဲ့သာ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါဟာ အရေးပေါ်လုပ်ဆောင်ရမယ့် နိုင်ငံရေးတာဝန်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ လက်ရှိမြန်မာ့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြသူတွေရဲ့ နိုင်ငံရေးအမြော်အမြင်ကို စမ်းသပ်နေတဲ့ ကိစ္စကြီးလဲဖြစ်ပါတယ် ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။