နိုင်ငံတကာစာနယ်ဇင်းတွေမှာ Lament of Democracy ဆိုပြီး ဒီမိုကရေစီဆုတ်ယုတ်ကျဆင်းလာတာတွေအပေါ် ရေးကြသားကြတာတွေ ရှိပါတယ်။ ဒီမိုကရေစီတမ်းချင်း ဆိုပါတော့။ ဒီတလော ဆိုရှယ်မီဒီယာမှာ ရှမ်းအထင်က ရ နိုင်ငံရေးသမားတစ်ဦး တင်လိုက်တဲ့ ပိုစ့်တစ်ခုနဲ့ ပါတ်သက်လို့လည်း ပြောစရာတချို့ ရှိလာတာ ဖြစ်ပါတယ်။
Lament of a Shan politian လို့ပဲ သုံးလိုက်ရင် ကောင်းမလားပါပဲ။ သူပြောတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို စစ်ဘောင်ကျယ်သရွေ့တော့ ဒီမိုကရေစီ ကျင့်သုံးနိုင်မယ် မထင်ဘူးလို့ ဖြေခဲ့ပြီး မြန်မာမှာ ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ ဒီမိုကရေစီတောင် မရသေးပဲ ဖက်ဒရယ်ဆိုတာကတော့ အဝေးကြီးပါလို့ ဖြေခဲ့တာ တွေ့ရပါတယ်။
စစ်ဘောင်ကျယ်ရင် နိုင်ငံရေးဘောင် ကျဥ်းတယ်၊ ဒီမိုကရေစီပြီးမှ ဖက်ဒရယ်လာလို့ ရမယ်ဆိုတာတွေက ယေဘူယျ အမှန်တရားတွေသာ ဖြစ်ပြီး အမြဲမှန်နေတဲ့၊ ပကတိသစ္စာတရားတွေ မဟုတ်ပါဘူး။
သူပြောတာကို မှားသလားလို့ဆိုရင် မှားတယ်လို့တော့ မဆိုနိုင်ပါဘူး။ မှန်သလားဆိုရင်တော့လည်း မမှန်ပါဘူး။ အကြောင်းကတော့ လက်တွေ့သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းတွေနဲ့ လွဲချော်နေလို့ပါပဲ။ စစ်ဘောင်ကျယ်ရင် နိုင်ငံရေးဘောင် ကျဥ်းတယ်၊ ဒီမိုကရေစီပြီးမှ ဖက်ဒရယ်လာလို့ ရမယ်ဆိုတာတွေက ယေဘူယျ အမှန်တရားတွေသာ ဖြစ်ပြီး အမြဲမှန်နေတဲ့၊ ပကတိသစ္စာတရားတွေ မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ရှမ်းနိုင်ငံရေးသမားတွေ အပါအဝင် ပြည်တွင်းမှာရှိတဲ့ အချို့သော နိုင်ငံရေးအင်အားစု အားလုံး လမ်းပျောက်နေတဲ့ သဘောလည်းပါနေတာ ဖြစ်တယ်။
သမိုင်းကြောင်းတွေအရ ပြောကြမယ်ဆိုရင် လွတ်လပ်ရေး ကြိုးပမ်းစဥ်ကာလကစလို့ ရှမ်းပြည်က နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဌဟာ အထင်အရှား ရှိခဲ့ပါတယ်။
သမိုင်းကြောင်းတွေအရ ပြောကြမယ်ဆိုရင် လွတ်လပ်ရေး ကြိုးပမ်းစဥ်ကာလကစလို့ ရှမ်းပြည်က နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဌဟာ အထင်အရှား ရှိခဲ့ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုရာမှာ ရှမ်းအရပ်ဖက်က (ဒီခေတ်အခေါ်) နိုင်ငံရေးတက်ကြွသူတွေရဲ့ ဆောင်ရွက်ကြိုးပမ်းမှုတွေက အများကြီး အထောက်အကူ ဖြစ်စေခဲ့တာပါ။
၁၉၆၁ ခုနှစ် ဇွန်လ မှာ တောင်ကြီး ပြည်နယ်ပေါင်းစုံညီလာခံ ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ဖွဲ့ဖို့၊ ပြည်ထောင်စု အမျိုးသားညီလာခံ ကျင်းပရေး စတာတွေဟာ ပြည်ထောင်စု ဝန်ကြီးလည်းဖြစ်၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။
နောက်ပိုင်းမှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က ပြည်ထောင်စုစစ်စစ် (FEDERAL) မူဆိုတာကို ရေးဆွဲခဲ့တယ်။ နောက် ၁၉၆၂ ခု ဖေဖော်ဝါရီလ ၂၄ ရက်ကစပြီး ရန်ကုန် ပြည်လမ်း အသံလွှင့်ရုံ အသစ်ကြီးမှာ ပြည်နယ်ပြည်မ နှီးနှောဖလှယ်ပွဲကြီးဆိုတာကို ကျင်းပခဲ့တယ်။ အဲဒီမှာ ဖက်ဒရယ်မူကို စပ်ခွန်ချိုက အသေးစိတ် ရှင်းလင်းတင်ပြခဲ့တာပါ။
မဆလခေတ်မှာ ဖက်ဒရယ်မူကို အကြီးအကျယ် နှိပ်ကွပ်တော့ သူတို့နဲ့ ချင်းနိုင်ငံရေးသမားတွေ ပိုပြီး နှိပ်ကွပ်ခံခဲ့ရပါတယ်။
ခြုံပြောရင် ၁၉၆၂ ခု မတ်လ ၂ ရက် ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းမီ အချိန်အထိ တိုင်းရင်းသား နိုင်ငံရေး လှုပ်ရှားမှု အားလုံးလောက်မှာ ရှမ်းနိုင်ငံရေးသမားတွေက ဦးဆောင်တဲ့နေရာမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ မဆလခေတ်မှာ ဖက်ဒရယ်မူကို အကြီးအကျယ် နှိပ်ကွပ်တော့ သူတို့နဲ့ ချင်းနိုင်ငံရေးသမားတွေ ပိုပြီး နှိပ်ကွပ်ခံခဲ့ရပါတယ်။
ဒီလိုနဲ့ နဝတခေတ် ရောက်တော့ ရှမ်းနိုင်ငံရေးပါတီဟာ NLD ပြီးရင် ဒုတိယ အင်အားအကြီးဆုံးပါတီ ဖြစ်လာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ဒုတိယ မဲအများဆုံး ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ နဝတခေတ် တလျောက်လုံး ဖိနှိပ်ခံရမှုတွေမှာ NLD လောက် နီးပါး ခံခဲ့ရတာပါပဲ။
သူတို့ကတော့ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ကိုင်ဖတို့ရဲ့ တိုက်တွန်းမှုနဲ့ ပေါ်လာတဲ့ SNDP ပါတီပါပဲ။ သူတို့ဟာ စစ်တပ်နဲ့ နီးစပ်မှု ရှိသလို တဘက်မှာလည်း လက်နက်ကိုင်ထဲက RCSS နဲ့ နီးစပ်မှု ရှိတယ်လို့ ဆိုကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာတော့ SNLD ရော၊ NLD ပါ ၀င်မပြိုင်ခဲ့ပေမယ် ရှမ်းပါတီအသစ်တစ်ခု ပေါ်လာပါတယ်။ သူတို့ကတော့ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ကိုင်ဖတို့ရဲ့ တိုက်တွန်းမှုနဲ့ ပေါ်လာတဲ့ SNDP ပါတီပါပဲ။ သူတို့ဟာ စစ်တပ်နဲ့ နီးစပ်မှု ရှိသလို တဘက်မှာလည်း လက်နက်ကိုင်ထဲက RCSS နဲ့ နီးစပ်မှု ရှိတယ်လို့ ဆိုကြပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ စာတမ်းတွေ ဖတ်ကြားခဲ့ကြရာမှာ SNDP ကိုယ်စားလှယ်က ဘယ်လို စိတ်ကူးတင်ပြချက်တွေ ရှိပါစေ ၂၀၀၈ အတိုင်းပဲ လက်ခံကြရမှာ ဖြစ်တယ်လို့ ပြောတာပါ။ နောက် SSPP လက်နက်ကိုင်အဖွဲ့ကတော့ ဗမာပြည်နယ် ဖွဲ့စည်းရေးကို ဦးစားပေး တင်ပြပါတယ်။ အခု အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း SSPP ကိုယ်စားလှယ်က ဗိုလ်ချုပ်ရာပြည့်တို့နဲ့ တွေ့ရာမှာ ဒီအဆိုကိုပဲ ထပ်တင်သွားတာ တွေ့ရပါတယ်။ နှစ်ကြိမ်လုံးမှာ တင်တဲ့ ပုဂ္ဂိုလ်ကလည်း တစ်ယောက်ထဲပါပဲ။ ပင်လုံညီလာခံ အစုလိုက် ဆွေးနွေးပွဲတွေမှာ စစ်တပ်နဲ့ RCSS ကြားမှာပဲ ခွဲထွက်ရေးကိစ္စ အငြင်းပွားနေကြတာလို့ သိရတာ ဖြစ်တယ်။ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ အာဘော်တွေ ပျောက်နေခဲ့တာပါ။
ဒီမှာ တွေ့ရတာက ၂၁ ရာစုပင်လုံမှာ လူမျိုးစုံက ကိုယ်စားပြု တင်ပြသူတွေ ပါဝင်ခဲ့ကြတာပါ။ စုစုပေါင်း စာတမ်း ၇၂ စောင် ဖတ်ခဲ့ကြတာမှာ SSPP နဲ့ SNDP တို့ရဲ့ တင်ပြချက်က အခြားသော တိုင်းရင်းသားများနဲ့ အတော် ကွာဟနေတာ ဖြစ်ပါတယ်။ ဒီမှာ တွေ့ရတာက အဲဒီကတည်းက ရှမ်းနိုင်ငံရေးဟာ ခေတ်အခြေအနေကို အပြည့်အဝ မထင်ဟတ်နိုင်တော့ဘူးဆိုတာ တွေ့နိုင်တာပါပဲ။
သူပြောတာက နွေဦးတော်လှန်ရေးနဲ့ ကြားကာလမှာ ပြည်သူတွေမှာ အရေးကြီးဆန္ဒ နှစ်ခုရှိတယ်လို့ နားလည်ကြောင်း၊ တစ်ခုက အာဏာရှင်စနစ်ကနေ လွတ်မြောက်လိုတဲ့ဆန္ဒ၊ နောက်တစ်ခုကတော့ အသိမှတ်ပြုခြင်း မခံရတဲ့ လူမျိုးများ အသိအမှတ်ပြု ခံယူလိုမှု၊ တန်ဖိုးထားမှု လိုချင်သောဆန္ဒဆိုပြီး ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့ အနာဂါတ် မြန်မာနဲ့ ပတ်သက်တဲ့အမြင်တွေ ကောက်ခံခဲ့တာ ကိုလိုနီခေတ်ကတည်းက ရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၄၇ မတ်လကနေ ဧပြီလလောက်အတွင်း ကောက်ယူခဲ့တဲ့ ရီးစ်ဝီလျံ အစီရင်ခံစာပါ။ ဒုတိယကတော့ အပေါ်မှာပြောခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံပါ။ ဒီနှစ်ခုကြားမှာ အမြင်တွေ ကွာဟကုန်တာ တွေ့ရပါတယ်။ မူလက နိုင်ငံရေး နိုးကြားမှု နိမ့်နေတဲ့ လူမျိုးတွေအားလုံးက အရင်နဲ့ မတူတော့တာပါ။ နိုင်ငံရေး နိုးကြားမှု မြင့်တာနဲ့အမျှ တောင်းဆိုမှုတွေ မြင့်လာတာပါ။
အဲဒီ ၂၀၁၆ ကနေ အခု ၂၀၂၄ ကြားမှာတောင် ထပ်ပြီး ပြောင်းလဲ တိုးတက်လာတာတွေ ရှိနေပါသေးတယ်။ တစ်နေ့ကပဲ KIA ဗိုလ်ချုပ်ဂွန်မော်ရဲ့ မှတ်ချက်ဆိုတာလေး တွေ့လိုက်သေးတယ်။ သူပြောတာက နွေဦးတော်လှန်ရေးနဲ့ ကြားကာလမှာ ပြည်သူတွေမှာ အရေးကြီးဆန္ဒ နှစ်ခုရှိတယ်လို့ နားလည်ကြောင်း၊ တစ်ခုက အာဏာရှင်စနစ်ကနေ လွတ်မြောက်လိုတဲ့ဆန္ဒ၊ နောက်တစ်ခုကတော့ အသိမှတ်ပြုခြင်း မခံရတဲ့ လူမျိုးများ အသိအမှတ်ပြု ခံယူလိုမှု၊ တန်ဖိုးထားမှု လိုချင်သောဆန္ဒဆိုပြီး ဖြစ်ပါတယ်။
ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့လုံးကို ရှမ်းလူထုက မကြိုက်နေတာလဲ အဲဒါတွေပါပဲ။ ရှမ်းနိုင်ငံရေးသမားတွေ လမ်းပျောက်နေတာလဲ အဲဒါကြောင့်ပါပဲ။
အဲတော့ ရှမ်းနိုင်ငံရေးသမားများကော အဲလိုအမြင်မျိုး ရှိကြပါရဲ့လား၊ ကြက်မကြီးက ကြက်သားပေါက်လေးတွေကို အတောင်နဲ့ အုပ်ထားသလို ရှမ်းပြည်နယ် တစ်ခုလုံး ငါ့ဟာလို့များ ထင်နေတုန်းလား၊ အခုထိ ၈ ပြည်နယ်မူက မတက်သေးတာ အဲဒီလိုအမြင်တွေကြောင့်ပါပဲ။ ရှမ်း လက်နက်ကိုင် နှစ်ဖွဲ့လုံးကို ရှမ်းလူထုက မကြိုက်နေတာလဲ အဲဒါတွေပါပဲ။ ရှမ်းနိုင်ငံရေးသမားတွေ လမ်းပျောက်နေတာလဲ အဲဒါကြောင့်ပါပဲ။
ဒီအချိန်မှာ အမြင်တွေ ပြောင်းပြီး နွေဦးတော်လှန်ရေးနဲ့ အမီလိုက်ခဲ့မယ်ဆိုရင် ဆောင်းပါးအစမှာ တင်ပြခဲ့သလို lament တွေ တမ်းချင်း၊ ငိုချင်းတွေ တွေ ဖြစ်နေစရာ မလိုတော့ဘူးပေါ့။ ဗမာလူထုကတော့ စစ်အာဏာရူးတွေလို ဗမာပြည်ဟာ ငါ့ဟာလို့ အစကတည်းက မယူဆခဲ့ကြပါဘူး။ အဲလို အတွေးမသိမသာရှိခဲ့တဲ့ ပါတီဆိုတာတွေ ရှိခဲ့ရင်လည်း အခုပြောင်းလဲသွားနေပါပြီ။ အရှိန်အဟုန် ပြင်းပြင်းနဲ့ ချီတက်နေတဲ့ နွေဦးမှာ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ ပါဝင်နေကြပါပြီ။ ဒါတွေသာ နားလည်လက်ခံရင် စစ်ဘောင်ကျယ်လို့ ပြဿနာ မရှိသလို ဒီမိုကရေစီ မရသေးလို့လည်း ဖက်ဒရယ်အတွက် စိုးရိမ်စရာရှိတော့မှာ မဟုတ်ကြောင်း ပြောပြလိုက်ရပါတယ်။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။