ဇွန်လ ၂၅ ရက်ကစတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးဟာ မူလဦးတည်ထားတဲ့ နေရာအတော်များများမှာ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပါတယ်။ အောင်ပွဲတွေရရှိနေတာလဲ တွေ့မြင်နေကြရတာဖြစ်တယ်။ အထူးသဖြင့်တော့ မန်း PDF စစ်ဆင်ဆင်ရေးနယ်မြေထဲမှာ စစ်စခန်းသိမ်းပိုက်တာတွေ ဆက်ရှိနေတာပါ။ စဥ့်ကူးမြို့ကိုအပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာတောင် ၃ ရက်လောက်ရှိပါပြီ။ တပ်တွေက မန္တလေးနဲ့ ဆယ်မိုင်အကွာလောက်အထိရောက်နေတာပါ။ မန္တလေးရဲ့ မြောက်ဘက် အရှေ့ဘက်တောင်ကြောတွေ၊ အနောက်ဖက် ဧရာဝတီ မင်းကွန်းစတဲ့ဘက်တွေနဲ့ အရှေ့ဘက် နောင်ချို စတဲ့နေရာအနှံ့ PDF တပ်တွေ TNLA တပ်တွေရှိနေပါပြီ။ ဒီရက်ပိုင်းမှာပဲ မိုးကုတ်ဗျူဟာ တပ်ရင်း ၁၂၂၂ က စကစဘက်က ဒုဗမက တစ်ဦး၊ ဗက ၅ ဦး လောက်နဲ့ ရဲမှုး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးစတဲ့ စကစလူ တသိုက်ကြီး သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။ သူတို့နဲ့ အင်တာဗျူးတွေတောင် လိုင်းပေါ်မှာ နားထောင်နေရပါပြီ။ ဒါတွေက ရှမ်းမန်းစစ်ဆင်ရေး အောင်မြင်မှုတွေထဲက အစိတ်အပိုင်းလေးတခုပဲဖြစ်ပါတယ်။ အခုတော့ သုံးနှစ်သား ပဲရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေကို ကမ္ဘာကပါ အသေအခြာ မြင်တွေ့လာကြရပါပြီ။
တော်လှန်ရေးဆိုတာ ဘော်လုံးကန်တာမဟုတ်၊ လက်ဝှေ့ထိုးတာမဟုတ် ဆိုပြီး ဖြည့်ရတော့မယ်။ အကြောင်းကတော့ ၁၀၂၇ တုံးကလိုပဲ အခုလဲတရုတ်ကရပ်ဖို့ဖိအားတွေပေးနေလို့ပါ။
တရုတ်တော်လှန်ရေးကာလတုန်းက ပြင်းထန်မှုတွေ ရက်စက်မှုတွေ အကွေ့အကောက်ဥာဏ်ကစားရမှုတွေကို အကြောင်းပြုလို့ မော်စီတုန်းက တော်လှန်ရေးဆိုတာ ဧည့်သည်ထမင်းဖိတ်ကြွေးတာမဟုတ်၊ ဇာထိုးပန်းထိုးတာမဟုတ် စသဖြင့် နာမည်ကျော်စကားတခွန်းပြောခဲ့ဖူးတာ မှတ်သားမိတယ်။ အခုမြန်မာ့နွေဦးမှာတော့ အဲဒါတွေအပြင် ထပ်ဖြည့်ရမှာတွေပါရှိလာတယ်။ တော်လှန်ရေးဆိုတာ ဘော်လုံးကန်တာမဟုတ်၊ လက်ဝှေ့ထိုးတာမဟုတ် ဆိုပြီး ဖြည့်ရတော့မယ်။ အကြောင်းကတော့ ၁၀၂၇ တုံးကလိုပဲ အခုလဲတရုတ်ကရပ်ဖို့ဖိအားတွေပေးနေလို့ပါ။ ဒါကြောင့် TNLA ခေါင်းဆောင်က "ဘရိတ်ခဏခဏယူရအောင် ဘော်လုံးကန်နေတာမဟုတ်ဖူး၊ ခဏခဏနားရအောင် လက်ဝှေ့ထိုးနေတာလဲမဟုတ်ဖူး" ဆိုပြီး ပြန်ပြောခဲ့တဲ့ စကားလေးပါပဲ၊ ရှေ့သို့---- ရှေ့သို့ --- ဆက်ချီတက်ကြစို့ ဆိုတဲ့ အဆိုတော် လင်းလင်းရဲ့ သီချင်းကိုဆက်ဆိုကြဖို့ ဗိုလ်ချုပ်တာ့ဖုန်းကျော်က ပြောသွားတာပါ။ ဒါကလဲပြောင်မြောက်တဲ့ ဥပမာလေးပါပဲ၊ မြန်မာပြည်သူတွေအတွက် သေရေးရှင်ရေးကိစ္စတွေဟာ နိုင်ငံကြီးတွေအတွက် ပွန်းရွှေ့ကွက်ကလေးလောက်ပဲ သဘောထားနေသလိုပါပဲ။
ဒီတလောမှာပဲ ဝတပ်တွေ စကစနဲ့ညှိပြီး တန့်ယန်းဘက်မှာ နေရာယူလိုက်တာတွေ့ကြရတယ်။ အလားတူ ရှမ်းတပ်ကလဲ မိုင်းရယ်နဲ့ အခြားနေရာအချို့ကို တက်ယူလိုက်တယ်။ သူတို့ပြောတာကတော့ လွတ်နေတဲ့ နေရာတွေကို ဝင်ယူတာလို့ဆိုတယ်။ နေရာဘယ်လောက်ပဲလွတ်လွတ်ပေါ့လေ ဝနဲ့ စကစကြားညှိထားတာမရှိရင် နေရာဝင်ယူလို့ရမှာ မဟုတ်ပါဘူး။ ညှိထားတာကတော့ သေချာပါတယ်။ မညှိပဲနဲ့ ဝတောင်က ၁၇၁ တပ်တွေ ကျိုင်းတုံကွင်းကိုဖြတ်ပြီး မိုင်းယန်းကနေတဆင့် ဝနယ်ကို ရောက်ဖို့အကြောင်းမရှိသလို ဝတပ်တွေအားလုံး မန်မန်းဆိုင်က စကစ စခန်းတွေကို ဖြတ်ပြီး သံလွင်မြစ်ကို ကူးလာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စခန်းအသေးလေးတခုတောင်မစွန့်နိုင်တဲ့ စကစ ဟာ ဒီလိုအရေးပါတဲ့နေရာတွေ ဝနဲ့ ရှမ်းတပ်ကို ပေးထိုင် ခိုင်းတယ်ဆိုတာကလဲ အံ့သြစရာပါပဲ။
အခုတော့ မြန်မာ့အရေးကနေ တရုတ်ဘာလို ချင်တာလဲ ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုလမ်းကြောင်းနေတာလဲ ဆိုတာက ပိုအရေးကြီး လာနေပါတယ်။
အခု MNDAA က ၁၄ ရက်ကနေ ၁၈ ရက်အထိ တဘက်သတ် အပစ်ရပ် ထားရာကနေ ၃၁ ရက်အထိထပ်ပြီး အပစ်ရပ်လိုက်တာကလဲ ထူးခြားနေတာ ဖြစ်ပါတယ်။ ခြုံပြောရင်တော့ ဒီကိစ္စတွေအားလုံး တရုတ်ကြားမခံပဲ ဖြစ်မလာနိုင်ပါဘူး။ အခုတော့ မြန်မာ့အရေးကနေ တရုတ်ဘာလို ချင်တာလဲ ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုလမ်းကြောင်းနေတာလဲ ဆိုတာက ပိုအရေးကြီး လာနေပါတယ်။ အခု ဘပြောင်နဲ့ စိုးဝင်းကိုဖိတ်တာ ၊ အော့ကြောလန်ပါတီ ၄ ခုကိုဖိတ်တာ၊ အခြား ဘာဘာညာညာအဖွဲ့တွေ တရုတ်ကို ဖိတ်နေတာတွေကိုကြည့်ရင် တရုတ်ဗျူဟာက ခြေနှစ်ဘက်နင်းထားပြီး လက်နှစ်ဘက်နဲ့ ကိုင်ထားရတဲ့တိုင် မလုံလောက်သေးပဲ နောက်ထပ် ကိုင်ထားစရာတွေအားလုံး လက်ဆယ်ချောင်းလောက်ဖန်တီးပြီး ကိုင်ထားချင်တဲ့သဘောလို့ နားလည်ရပါတယ်။ အဲဒီထဲမှာ NUG ကလဲ အစိတ်အပိုင်းလေးတခုပေါ့။
ပြည်သူ့ဆန္ဒတွေ ဖက်ဒရယ်တွေ၊ တော်လှန်တာတွေ မတော်လှန်တာတွေက သူ့အတွက် အရေးမပါပါဘူး။ သူ့ရဲ့ မဟာ ဗျူဟာထဲက ပွန်းလေးတခုလိုပဲ စဥ်းစားနေတာပါပဲ။
ပြည်သူ့ဆန္ဒတွေ ဖက်ဒရယ်တွေ၊ တော်လှန်တာတွေ မတော်လှန်တာတွေက သူ့အတွက် အရေးမပါပါဘူး။ သူ့ရဲ့ မဟာ ဗျူဟာထဲက ပွန်းလေးတခုလိုပဲ စဥ်းစားနေတာပါပဲ။ တဘက်မှာ အမေရိကန်က သမ္မတနေရာပြိုင်ပွဲမှာ အန်ကယ်ကြီး နှုတ်ထွက်သွားတော့ ဗမာပြည်ဘယ်နားမှာမှန်း အသေအချာမသိတဲ့သူက သမ္မတဖြစ်တော့မှာပါ။ လာမယ့် နိုဝင်ဘာနောက်ပိုင်း သူ့ကို ဒီကအခြေအနေသိအောင် မိတ်ဆက်ရတာက နှစ်ဝက်လောက်ကြာသွားမှာ ဖြစ်တယ်။ အဲတော့ အနောက်က ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မြန်မာ့အရေးကို တရုတ်လက် ဝကွက် အပ်ထားလိုက်တဲ့သဘောပါပဲ။ တကယ်လဲ ဝကို ကွက်ပြီး တရုတ်က အပ်နေတာပါပဲ။ ဒါတွေကို လေးနက်ရင် တော်လှန်ရေးသမားဆိုသူများ လမ်းကြောင်းမှန်ကို ရှာကြရတော့မှာပါ။ ဒီလကုန် စစ်ကောင်စီရဲ့ခြေလှမ်း ကို စောင့်ကြည့်ပြီးရင် အလျှင်အမြန်လှုပ်ရှားကြရတော့မှာပါ။ လှုပ်ရှားတယ်ဆိုရာမှာတော့ စစ်ရေးအရပြောရင် TNLA ဗိုလ်ချုပ်ပြောသလို အဆိုတော်လင်းလင်းရဲ့ သီချင်းအတိုင်း ဆက်သွားဖို့ ဖြစ်ပါတယ်။ ဒါကအမြဲ ဦးစားပေးသွားရမယ့် လမ်းပါ၊ နိုင်ငံရေးအရတော့ အကျယ်အပြန့် စဥ်းစားဖို့လိုတာပါ။
အလွန်ပါးနပ်စွာလှုပ်ရှားကြဖို့ပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးအရ နောက်တခု ဖြစ်သင့်တာကတော့ FPNCC နဲ့ နီးကပ်စွာဆက်ဆံပြီး နားလည်မှုရအောင် ကြိုးပမ်းသင့်တာပါပဲ။ အဲဒီကမှတဆင့် တရုတ်နိုင်ငံကို ဆက်ဆံရေးပိုကောင်းလာအောင် လုပ်သင့်တာပါ။ ကိုယ့်လက်ထဲမှာ ဆုပ်ဆုပ်ကိုင်ကိုင် အာဏာမရှိသေးဘူးဆိုတာလဲ သဘောပေါက်ကြဖို့လိုတာပါပဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။