၁၀၂၇ ဒုတိယပိုင်းစလာပြီး ရက်၂၀ မပြည့်ခင်မှာပဲ သိသာတဲ့စစ်ရေးအောင်မြင်မှုတွေ တွေ့လာရတာဖြစ်တယ်။ နောင်ချိုကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့တွင်းကို MNDAA တပ်တွေဝင်ရောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေတယ်။ အဲဒီတပ်တွေအတွက် မြို့လူထုနဲ့ ဆက်ဆံရာမှာ လိုက်နာရမယ့်စည်းကမ်းတွေ ထုတ်ပြန်တာလဲ တွေ့ရတယ်။ မတ္တရာ စဥ့်ကူးဘက်မှာ ၃ နှစ်သားလို့ဆိုတဲ့ မန်းပီဒီအက်ဖ်နဲ့ ပူးပေါင်းတပ်တွေ လက်စွမ်းပြနေတာဖြစ်တယ်။ လေကြောင်းရန် ကာကွယ်ရေးတပ် အပါအဝင် စခန်း ၄၀ နီးပါး သိမ်းထားနိုင်တာလဲ ဖြစ်ပါတယ်။ မန္တလေးအထိ ထိုးဝင်နေတဲ့ ဒီဒုတိယအကြော့စစ်ဆင်ရေး အောင်ပွဲဟာ မအလကျဆုံးဖို့ နောက်ဆုံးအဆင့်အထိ တွန်းပို့သွားနိုင်တာဖြစ်ပါတယ်။
အဲဒီကြားနာပွဲမှာ တွမ်အင်ဒရူးက မြန်မာစစ်တပ်ဟာ လက်ရှိအခြေအနေကို မထိမ်းနိုင်ရုံမက တိုင်းပြည်ကိုပါ ဖျက်ဆီးသွားဖို့ လုပ်နေတယ်လို့ ပြောသွားတာပါ။
ဒါကြောင့်ပဲ ပြည်တွင်းပြည်ပနိုင်ငံရေး စီးပွားရေးအခြေနေတွေ လှုပ်ခတ်လာတာ ဖြစ်ပါလိမ့်မယ်။ တနေ့ကပဲ ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးအားကြိုးမန်တက်ဆောင်ရွက်ပေးနေတဲ့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူး ရောက်လာပြီး ကြားနာခံခဲ့တယ်။ အဲဒီကြားနာပွဲမှာ တွမ်အင်ဒရူးက မြန်မာစစ်တပ်ဟာ လက်ရှိအခြေအနေကို မထိမ်းနိုင်ရုံမက တိုင်းပြည်ကိုပါ ဖျက်ဆီးသွားဖို့ လုပ်နေတယ်လို့ ပြောသွားတာပါ။ တွမ်အင်ဒရူးဟာ မြန်မာအရေးအတွက် တလျှောက်လုံး အမှန်ကန်ဆုံးသုံးသပ်ချက်တွေကို အချက်အလက်နဲ့တကွ တိတိကျကျတင်ပြလာခဲ့သူဖြစ်တယ်။ တာဝန်အလွန်ကြေပြွန်တဲ့ ကုလဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သူ့တင်ပြချက်တွေကို လုံခြုံရေးကောင်စီသာ အလေးထားခဲ့ရင် မြန်မာ့ပြသနာဟာ ဒီလောက်ကြီးကျယ် လာမှာတောင် မဟုတ်ပါဘူး။ ဒါပေမယ့် သိကြတဲ့အတိုင်း လုံခြုံရေးကောင်စီဆိုတာ ကမ္ဘာ့အင်အားကြီးများ ပါဝါဂိမ်းကစားရာ နေရာဖြစ်လို့ ဘယ်အချက်မှ ဖြေရှင်းနိုင်တာမရှိတာ တွေ့ကြရမှာပါ။ အခုထိုင်းနိုင်ငံဘဏ်တွေက စကစရဲ့ လေယာဥ်ဆီနဲ့ လက်နက်ဝယ်ယူရေးကိစ္စတွေမှာ ဒေါ်လာသန်း ၁၂၀ ဖိုး ကြားခံ ဆောင်ရွက်ပေးခဲ့တဲ့ကိစ္စကို ဖြေရှင်းရတော့မှာပါ။ ကမ္ဘာကြီးမှာ လူဆိုးအစိုးရတွေအတွက် ဒီလို ဂယ်ပေါက်တွေက ရှိနေတာပါပဲ။
အိမ်ယာ ချေးငွေတွေသတ်မှတ်ချက်ထက် ပိုထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘဏ် ၇ ခုကို စစ်ဆေးတာတွေ သတိပေးတာတွေလုပ်ရာက အခုဘဏ်လုပ်ငန်းအားလုံး ရပ်ဆိုင်းသလောက်ဖြစ်လာပါပြီ။
လက်ရှိမြန်မာ့ ပြသနာအရပ်ရပ်ဟာ မအလနဲ့ ဗိုလ်ချုပ်တသိုက် အာဏာရူးလို့ ဖြစ်လာတာတွေပါ။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ဘက်ပေါင်းစုံ စွမ်းဆောင်ရည်နိမ့်ကျလှတဲ့ ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ စစ်ဗိုလ် တသိုက်ဟာ ကျန်တဲ့သူတွေကို ပြသနာလှည့်ရှာတော့တာပါပဲ။ အခုပြည်တွင်းမှာလဲ ရွှေလုပ်ငန်းရှင်တွေ၊ ငွေကြေးစျေးကွက်ကလူတွေ၊ နောက်ဆန်ကုန်သည်ကြီးတွေကို တသုတ်ပြီးတသုတ် ဒုက္ခပေးလာရာက အခုနောက်ဆုံး ဘဏ်လုပ်ငန်းရှင်များ အလှည့်ရောက်လာပါတယ်။ အိမ်ယာ ချေးငွေတွေသတ်မှတ်ချက်ထက် ပိုထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘဏ် ၇ ခုကို စစ်ဆေးတာတွေ သတိပေးတာတွေလုပ်ရာက အခုဘဏ်လုပ်ငန်းအားလုံး ရပ်ဆိုင်းသလောက်ဖြစ်လာပါပြီ။ တကယ်က ဘဏ်မန်နေဂျာတွေကပြောတာက စကစ ဗဟိုဘဏ်ကိုက ငွေချမပေးတာကြောင့် သူတို့မှာ ထုတ်ပေးစရာမရှိတာပါလို့ပြောတာဖြစ်တယ်။ အဲတော့ဗဟိုဘဏ်ကငွေတွေဘယ်ရောက်သွားတာလဲ။ အဖြစ်နိုင်ဆုံး တချက်ရှိတာက ရှစ်လေးလုံးတုန်းကလို စစ်တပ်ကပဲ လက်ဦးအောင်ထုတ်ယူလိုက်တာပဲဖြစ်မှာပါ။ ရှစ်လေးလုံးတုန်းက စစ်တပ်ဟာ ဒီလောက်လူမများသေးဘူး၊ ငွေတန်ဘိုးလဲရှိသေးတော့ သိန်း ၆၀၀၀ လောက်ထုတ်သွားခဲ့တာ၊ အခု တပ်အင်အား အနည်းဆုံး နှစ်သိန်းအတွက် ၆ လစာ ထုတ်ယူသွားမယ်ဆိုရင် သိန်းပေါင်း ၄ သိန်း နီးပါးရှိမှာပါ။ အဲဒါကြောင့် ပြည်တွင်း လည်ပတ်နေတဲ့ငွေ လျော့သွားပြီး ဘဏ်တွေ ငွေမထုတ်ပေးနိုင်တာပဲ ဖြစ်ဖို့များပါတယ်။ ဗဟိုဘဏ်က စစ်တပ်လက်ထဲမှာဆိုတော့ ဘယ်သူမှမသိပဲ ကြိုက်သလိုလုပ်လို့ရနေတာပါ။ နောက်ဆုံး ဘဏ်တွေကို လွှဲချလိုက်ပြီး ငွေထပ်ညှစ်မှာဆိုတော့ တချက်ခုတ်နှစ်ချက်ပြတ်ဖြစ်ပြီပေါ့။ ဒါကိုကြည့်ရင် စစ်တပ်ဟာ ဘယ်သူ့စကားမှ နားဝင်မှာမဟုတ်ပဲ နောက်ဆုံးအချိန်အထိ တိုင်းပြည်ကို ဖျက်သွားမယ်ဆိုတဲ့ တွမ်အင်ဒရူးရဲ့စကားက အမှန်ဖြစ်တယ်ဆိုတာ တွေ့ကြရမှာပါ။
ကမ္ဘာ့နိုင်ငံရေး ကမောက်ကမဖြစ်နေချိန်မှာ အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီကြွေးကြော်ပြီး ရွေးကောက်ပွဲတွေကို အသုံးချလာတာက အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ထူးတာက တရုတ်က ဒီလမ်းကြောင်းကိုချပြလာတာဖြစ်ပြီး အနောက်က အာဆီယံမူ ၅ ချက်က မတက်တော့တဲ့ကိစ္စပါ။
ဒီရက်ပိုင်းထူးခြားတဲ့သတင်းက တရုတ်ကြီးက ဦးသိန်းစိန်ကို ပီကင်းမှာ အကြောင်းပြချက်ကောင်းကောင်းနဲ့ခေါ်တွေ့ပြီး မအလကို အာဏာစွန့်ပြီး ကြားဖြတ်အစိုးရဖွဲ့၊ ရွေးကောက်ပွဲလုပ်ဖို့နားချပေးရန်ပြောကြားလာတယ်ဆိုတဲ့သတင်းပါ။ မူရင်း source က Channel News Asia ကလာတာဖြစ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ ဝမ်ယိက ပါးစပ်ကလေးပဲ စိုက်လိုက်တာပါ။ ဒါပေမယ့်မြန်မာ့နိုင်ငံရေးအတွက်တော့ အလွန်မှားယွင်းတဲ့ ထွက်ပေါက်ကြီးပါ။ ဒါတင်မက မြန်မာပြည်သူတွေ မထောက်ခံဆုံး ပါတီလေးခုကို တရုတ်မှာ လေ့လာဖို့ ဖိတ်လိုက်ပါသေးတယ်။ ဒါပေမယ့် ဗမာပြည်သူတွေသိထားတာကတော့ မအလလူသိုက်က ဆေးမမှီတော့ပါဘူး။ သူတို့က ကျရှုံးမယ့်အတူတူ မြန်မာနိုင်ငံကို ရစရာမရှိအောင်ဖျက်ပြီးမှ ကြိုးစင်တက်မယ့်သူတွေပါ။ ဒီရက်ပိုင်းဝတပ်ရဲ့ လှုပ်ရှားမှုတွေလဲ ရှိလာပါတယ် ပြောရရင် တရုတ်က စိတ်မချလို့ ဝ ကိုထုတ်သုံးလဲ ဝ ကလုပ်မှာမဟုတ်ပါဘူး။ ဟန်ပြလောက်တော့ လုပ်ချင်လုပ်မှာပေါ့။ သူကိုယ်တိုင် FPNCC ရဲ့ အဓိက တာဝန်ရှိသူပဲလေ။ အဲတော့ တရုတ်စစ်တပ်လွှတ်ပြီး ပီဒီအက်ဖ်ကိုတိုက်ခိုင်းလို့လဲမဖြစ်တော့ စစ်တပ်ကို လက်နက်တွေကူညီတာတော့လုပ်နိုင်ပါတယ်။ ဒီသတင်းတွေခိုင်မာရင် ပြည်သူတွေဘက်ကလည်း ကူညီမယ့်သူရှာရတော့မှာပါပဲ။ တဘက်ကလဲ တရုတ်နဲ့သိပ်ဝေးမသွားအောင်နေဖို့ အရေးကြီးပါတယ်။ မြန်မာ နိုင်ငံမှာတက်လာမယ့် ဘယ်အစိုးရမဆို နယ်စပ်လေးပဲခြားတဲ့ တရုတ်နဲ့ပြေလည်ဖို့က အရေးကြီးကိစ္စအနေနဲ့ထားရမှာပါ။ နိုင်ငံတကာရေးရာမှာ ကြိုက်တာမကြိုက်တာ၊ ဝါဒတူတာမတူတာထက် အင်အားချိန်ခွင်လျှာက ပိုအရေးကြီးပါတယ်။ အနောက်အုပ်စုတခုလုံး ယူကရိန်းနဲ့ဂါဇာအရေးမှာ နစ်နေတာ၊ မူလကတည်းက အားပျော့လှတဲ့ ဒီမိုကရက်လက်ထက်မှာ အများကြီးမျှော်လင့်ချက်တွေပုံထားလို့မရတာ ခုတော့သဘောပေါက်သင့်ပါပြီ။ ကမ္ဘာ့နိုင်ငံရေး ကမောက်ကမဖြစ်နေချိန်မှာ အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီကြွေးကြော်ပြီး ရွေးကောက်ပွဲတွေကို အသုံးချလာတာက အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ထူးတာက တရုတ်က ဒီလမ်းကြောင်းကိုချပြလာတာဖြစ်ပြီး အနောက်က အာဆီယံမူ ၅ ချက်က မတက်တော့တဲ့ကိစ္စပါ။ SAC (M ) က လမ်းကြောင်းအသစ်ရှာဖွေဖို့ ထောက်ပြပြောဆိုနေပေမယ့် တာဝန်ရှိအဖွဲ့အစည်းများက တုတ်တုတ်မှ မလှုပ်တဲ့ပြသနာပါ။
နောက်ဆုံးတော့ မူလလမ်းကြောင်းကိုပဲ ပြန်ရောက်တာပါ၊ ငါတို့မှာ ငါတို့ပဲရှိတာပါပဲ၊ ငါတို့အားနဲ့ပဲ ငါတို့ကြီးထွားသန်မာအောင်လုပ်နိုင်ခဲ့တာဖြစ်တယ်၊ ငါတို့ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ပြည်သူ့ခုခံကာကွယ်ရေးအဖွဲ့များနဲ့ ပြည်သူတရပ်လုံးပါတဲ့ အင်အားကသာ မြန်မာ့အရေးကို အဆုံးအဖြတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။