မြန်မာ့အရေး အနာဂါတ်အလားအလာတွေ၊ ဖြစ်နိုင်ခြေသုံးသပ်ချက်တွေ ဒီတလောမှာ အများအပြားတွေရတာဖြစ်တယ်၊ ဖြစ်နိုင်ခြေ ၄,၅ ခုလောက်တန်းစီပြောလိုက်ရင် တခုတလေကတော့ သူတို့ပြောတာနဲ့ ကိုက်ချင်ကိုက်သွားနိုင်တာပေါ့ ဒါပေမယ့်အဲဒီအချိန်က နောက် တနှစ် နှစ်နှစ်မဟုတ်ပဲ ၄, ၅ နှစ်မှဖြစ်လာတယ်ဆိုရင် သူတို့ပြောခဲ့တာလဲ ပရိတ်သတ်က မေ့လောက်ပါပြီ။ တကယ်လို့ ဘာမှဖြစ်မလာရင်ကော ဘာမှမဖြစ်ပါဘူး၊ ဖတ်တဲ့သူတွေ အုံးစားစေတာပဲဖြစ်မှာပါ။
ဒါကြောင့်တခါတရံမှာတော့ ဖြစ်နိုင်ခြေတွေကနေမစပဲ မဖြစ်နိုင်ခြေတွေကနေစသင့်ပါတယ်။ ဆိုလိုတာက လုံးဝမဖြစ်နိုင်တော့တဲ့အရာတွေကို တွေ့ထားရင် အဲဒါကို အခြေခံပြီး စဥ်းစားတဲ့ ဖြစ်နိုင်ခြေက ပိုလက်တွေ့ကျလာနိုင်လို့ပါ။ ဥပမာအားဖြင့်လက်ရှိဖြစ်ပေါ်လာတဲ့ ခုခံကာကွယ်ရေးတပ်တွေ တနည်းအားဖြင့် တော်လှန်ရေးတပ်တွေကို စစ်တပ်က ဘယ်လိုမှချေမှုန်းပစ်လို့မရနိုင်တော့ဘူးဆိုတာမျိုးပါ။ နောက်တခုက စစ်တပ်ဟာ တိုင်းပြည်ကို ဘယ်လိုမှ တည်ငြိမ်အေးချမ်းအောင်မလုပ်နိုင်တော့ဘူးဆိုတာပါ။ နောက်တခုက စစ်တပ်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး ဓနအင်အားတွေ ဘယ်တော့မှ ကောင်းမလာနိုင်တော့ဘူး ဆိုတာပါ။ နောက်တခုပြောရင် စစ်တပ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် ဘယ်တော့မှ အထောက်အကူဖြစ်လာမှာမဟုတ်တော့ဘူးဆိုတာပါ။ ဒီအချက်တချက်ချင်းစီဟာ ခိုင်မာကြောင်း အကျိုးအကြောင်းရှိကြောင်း အချက်အလက်ပေါင်းများစွာနဲ့ သက်သေပြလို့ရနေတာဖြစ်တယ်။
မြန်မာပြည်သမိုင်းအတွေ့အကြုံတွေအရ လက်နက်ကိုင်တပ်တခုပေါ်လာပြီဆိုရင် ဘယ်တော့မှ အစိုးရတပ်ကတိုက်လို့ ပြုတ်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီအဆိုဟာ တိုင်းရင်းသားလက်နက်ကိုင်များအတွက်ဆိုရင် ရာနှုန်းပြည့်မှန်ပါတယ်။
အပေါ်ဆုံးမှာပြောထားတဲ့ တော်လှန်ရေးတပ်တွေကို စစ်တပ်အနေနဲ့ ဘယ်လိုမှာ မချေမှုန်းနိုင်တော့ပါဘူး၊ ဒါက ဆယ်စုနှစ်များစွာကတည်းကရှိလာတဲ့ တိုင်းရင်းသားတပ်တွေကို ထည့်ပြောမထားပါဘူး။ အဲဒီ EAO များသာဆိုရင်တော့ သူတို့ကို ချေမှုန်းဖို့ နေနေသာသာ ဟိုကတိုက်လို့ ပြိုလဲလုနီးနီး ဖြစ်နေတာ တရုတ်ကဝင်တားလို့ သက်သာရာရသွားခဲ့တာ အားလုံးအသိပဲမဟုတ်လား.။
အခုပြောတာက ၂၀၂၁ မတ်လလောက်က စပေါ်တဲ့ PDF တပ်တွေကို ပြောတာပါ။ မြန်မာပြည်သမိုင်းအတွေ့အကြုံတွေအရ လက်နက်ကိုင်တပ်တခုပေါ်လာပြီဆိုရင် ဘယ်တော့မှ အစိုးရတပ်ကတိုက်လို့ ပြုတ်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီအဆိုဟာ တိုင်းရင်းသားလက်နက်ကိုင်များအတွက်ဆိုရင် ရာနှုန်းပြည့်မှန်ပါတယ်။ အယူဝါဒရေးရာ လက်နက်ကိုင်များအတွက်ဆိုရင်တော့ သူ့အတွင်းပိုင်းပြိုကွဲမှုနဲ့ အယူအဆရေးရာပြောင်းလဲမှုတွေကြောင့်သာ ပျောက်ကွယ်သွားတာမျိုး ဖြစ်ချင်ဖြစ်မယ်။ အစိုးရတပ် တိုက်လို့ တစမကျန် ပြုတ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ အခု ဗမာလူမျိုးကြီးအများစုနေတဲ့ မြေပြန့်ဒေသတွေမှာ ဖြစ် လာတဲ့ လက်နက်ကိုင်တော်လှန်ရေးက တိုင်းရင်းသားဒေသတွေက လူမျိုးရေးအခြေခံတဲ့ ပုံစံမဟုတ်သလို အရင်ကတလျောက်လုံးရှိခဲ့တဲ့ လက်ဝဲလက်ယာ ပုန်ကန်မှုတွေနဲ့လဲ ထပ်တူမကျပါဘူး။
အဲဒီအချိန်က ကချင်စစ်ဗိုလ် ဗိုလ်နော်ဆိုင်းက တပ်ရင်းတရင်းကို ဦးဆောင်ပြီး ကချင်သမ္မတနိုင်ငံထူထောင်ဖို့လုပ်ခဲ့ပေမယ့် ကချင်ပြည်နယ်မှာရှိတဲ့ ကချင်မျိုးချစ်တွေက လက်မခံပါဘူး။ ဒါကြောင့် ဗိုလ်နော်ဆိုင်းတပ်ဟာ ကချင် ပြည်နယ်ထဲအထိတောင်မရောက်ပဲ ဘန်ဆိုင်းကြူကုတ်မရောက်ခင် နယ်စပ်တစ်နေရာကနေ တရုတ်ပြည်ထဲ ပြေးဝင်ခိုလှုံသွားခဲ့ရတာဖြစ်တယ်။
အခုဟာက ဒီမိုကရေစီပြန်လည်ထူထောင်ရေးဖြစ်သည့်တိုင်အောင် တနိုင်ငံလုံး ကိုယ့်အသိစိတ်နဲ့ကိုယ်ပါဝင်လာကြတဲ့ ဖက်ဆစ်တော်လှန်ရေးပုံစံဖြစ်လာတာပါ။ တနိုင်ငံလုံးဆိုရာမှာ ပူတာအိုကနေ တနင်္သာရီ ကော့သောင်းအထိ၊ စစ်ကိုင်းမကွေး ကနေ ရှမ်းပြည်နယ်ထဲအထိနဲ့ မြန်မာနိုင်ငံရဲ့ အနားသားတွေမှာရှိတဲ့ လူမျိုးစုအားလုံးပါဝင်နေတာဖြစ်တယ်။ ဒီအခြေအနေမျိုးက ရန်ကုန်အစိုးရလို့ခေါ်ရလောက်အောင် ဆိုးခဲ့တယ်ဆိုတဲ့ လွတ်လပ်ရေးရကာစ ၄၈,၄၉ တုန်းကလဲ မရှိခဲ့ဖူးပါဘူး။ အသေအခြာပြန်ကြည့်ရင် ၄၈,၄၉ တုန်းက ပြည်မမှာ နစ်ဖြူ နစ်နီ နဲ့ ပြည်သူ့ရဲဘော်တို့ရှိပြီး၊ လူနည်းစုအမျိုးသားတွေထဲက ပုန်ကန်တာ ကရင်တစ်ဖွဲ့ပဲရှိပါတယ်။ အဲဒီအချိန်က ကချင်စစ်ဗိုလ် ဗိုလ်နော်ဆိုင်းက တပ်ရင်းတရင်းကို ဦးဆောင်ပြီး ကချင်သမ္မတနိုင်ငံထူထောင်ဖို့လုပ်ခဲ့ပေမယ့် ကချင်ပြည်နယ်မှာရှိတဲ့ ကချင်မျိုးချစ်တွေက လက်မခံပါဘူး။ ဒါကြောင့် ဗိုလ်နော်ဆိုင်းတပ်ဟာ ကချင် ပြည်နယ်ထဲအထိတောင်မရောက်ပဲ ဘန်ဆိုင်းကြူကုတ်မရောက်ခင် နယ်စပ်တစ်နေရာကနေ တရုတ်ပြည်ထဲ ပြေးဝင်ခိုလှုံသွားခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ စစ်တပ်က အရင်တုန်းကလိုပဲ ရေရှည်မှာ လက်နက်ကိုင်အားလုံးကို ထိမ်းချုပ်နိုင်ပြီး ပြန်ခိုင်းသွားမယ်လို့ စဥ်းစားမှုက လက်တွေ့နဲ့ အလွန်ကင်းကွာနေတာဖြစ်တယ်။
လက်တွေ့မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားထဲက အမာခံ ၅၀၀၀၀ လောက်သေကြေဒဏ်ရာရစာရင်း ဝင်သွားပြီလို့ယူဆရတယ်၊ တပ်ပြေးတွေ CDM တွေ နဲ့ တိုက်ခိုက်ရေးမှာသုံးလို့မရတော့တဲ့ သက်ကြီးစစ်သည်တွေက နောက်ထပ် ၅၀၀၀၀ လောက်ရှိနိုင်ပါတယ်၊
တကယ်လက်တွေ့မှာတော့ အဲလိုပြန်ထိန်းချုပ်နိုင်ဖို့ထက် တစတစနယ်မြေတွေဆုံးရှုံးပြီး သူတို့ပြုတ်မသွားအောင်တောင် မနဲလုပ်နေရတာပါ။ လက်တွေ့မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားထဲက အမာခံ ၅၀၀၀၀ လောက်သေကြေဒဏ်ရာရစာရင်း ဝင်သွားပြီလို့ယူဆရတယ်။ တပ်ပြေးတွေ CDM တွေ နဲ့ တိုက်ခိုက်ရေးမှာသုံးလို့မရတော့တဲ့ သက်ကြီးစစ်သည်တွေက နောက်ထပ် ၅၀၀၀၀ လောက်ရှိနိုင်ပါတယ်။ ဒါကြောင့် မအလရဲ့တပ်ဟာ မြေပြင်တိုက်ခိုက်ရေးအင်အား ၇ သောင်းပတ်ဝန်းကျင်လောက်သာ ရှိနိုင်ပါတယ်။ အဲဒီလူအများစုကလဲ တိုက်စိတ်ခိုက်စိတ် ကုန်နေသူတွေပါပဲ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ မြေပြင်ကွပ်ကဲမှုတွေကလဲ အတော်ချို့ ယွင်းလာနေတာဖြစ်တယ်။ ဒါကြောင့် မအလတပ်ဟာ ၃ နှစ်တာ တိုက်ပွဲများအတွင်း တနိုင်ငံလုံး စစ်စခန်းအကြီးအသေး စုစုပေါင်း ၅၀၀၀ ကျော်မှာ ၃၀၀၀ နီးပါး လက်လွှတ်ခဲ့ရပြီးဖြစ်တယ်။ ဒါကြောင့်ပဲ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SACM) ရဲ့ အစီရင်ခံစာမှာ စကစဟာ မြန်မာနိုင်ငံလူဦးရေ ၆၇% နေထိုင်တဲ့ နိုင်ငံနယ်မြေ ၈၆% ရှိ မြို့နယ် နယ်နမိတ်များကိုဆုံးရှုံးနေပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ပြောထားတာပါ။ သူတို့ဟာ ကျန်တဲ့နယ်မြေတွေမှာလဲ ခံစစ်ပြင်ဆင်မှုတွေကိုပဲ အတင်းအကြပ် ခိုင်းစေနေရတယ်လို့ ဆက်ပြောထားတာဖြစ်တယ်။ ပြည်တွင်းမှာနေထိုင်သူတွေအဖို့ ကြားသိနေရတဲ့ အခြေအနေတွေကိုကြည့်ရင် ဒီအစီရင်ခံစာပါ တင်ပြချက်ဟာ အဖြစ်မှန်နဲ့ နီးစပ်မှုရှိတယ်ဆိုတာတွေ့ရပါတယ်။ အခု ရန်ကုန်မန္တလေးနဲ့ ပြည်စတဲ့မြို့ကြီးတွေမှာ စစ်ရှောင်ပြည်သူတွေနဲ့ ပြည့်နေတယ်လို့ ကြားသိနေရတာဖြစ်တယ်။ အရင်က လွတ်နေတဲ့ တိုက်ခန်းတွေအိမ်တွေ အခုအကုန်ပြည့်နေပြီး နောက်ရောက်သူတွေဆို အခန်းတခန်းငှားရဖို့တောင်အတော်ရှာယူရတယ်လိုဆိုတယ် ဆိုတော့ ပျက်လုနီးနီးတိုင်းပြည်မှာ မအလနဲ့ ဗိုလ်ချုပ်တသိုက်ဟာ အာဏာကို ကုတ်ကပ်ပြီး ဖက်တွယ်နေကြတယ်ဆိုတာပေါ် လွင်လှပါတယ်။ ဒါကြောင့် ဒီလူတွေ တိုင်းပြည်ကိုဆက်ပြီး ထိမ်းသွားနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါပဲ။
အလုပ်လက်မဲ့များနေရတဲ့ကြားမှာ အတင်းအကြပ်စစ်ထဲသွင်းနေတာတွေကြောင့် လူငယ်တွေအဖို့ ထွက်ပေါက်ပိတ်ကာ ဘေးကြပ်နံကြပ်ဖြစ်လာစေတယ်။ လုပ်ခလစာက မတိုးပဲ ကုန်စျေးနှုံးက သုံးဆတက်နေတဲ့ ဒဏ်ကို ပြည်သူတွေခံစားနေရတာဖြစ်တယ်။
ဒီကနေဆက်လာတာက တိုင်းပြည်ဟာ စီးပွားရေးအရ အကြီးအကျယ် ကပ်ဆိုက်လာတော့မယ့်အခြေအနေပါ။ ဒေါ်လာနဲ့ ရွှေကိုကြည့်ရင် ဗမာကျပ်ငွေဟာ အာဏာမသိမ်းခင်ကနဲ့စာရင် တန်ဖိုး သုံးပုံတပုံပဲ ရှိပါတော့တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာကုန်တဲ့အပြင် လျှပ်စစ်မီးမရတာ၊ ဒီဇယ်စျေးကြီးမြင့်တာတွေကြောင့် စက်ရုံအလုပ်ရုံ တဝက်ကျော်လောက်ပိတ်ထားရတာဖြစ်တယ်။ အလုပ်လက်မဲ့များနေရတဲ့ကြားမှာ အတင်းအကြပ်စစ်ထဲသွင်းနေတာတွေကြောင့် လူငယ်တွေအဖို့ ထွက်ပေါက်ပိတ်ကာ ဘေးကြပ်နံကြပ်ဖြစ်လာစေတယ်။ လုပ်ခလစာက မတိုးပဲ ကုန်စျေးနှုံးက သုံးဆတက်နေတဲ့ ဒဏ်ကို ပြည်သူတွေခံစားနေရတာဖြစ်တယ်။ ဒီအခြေအနေက မကြာခင်ပေါက်ကွဲထွက်တော့မယ် ပူပေါင်းတလုံးလို့ ဖြစ်လာနေတာပါ။
ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံး နေရာဖြစ်လာတာနဲ့ မြဝတီနားက ရွှေကုက္ကို ၊ kk park စတာတွေဟာ ဥရောပ အာရှ အားလုံးကို ဖြန့်ကျက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အားကောင်းစွာတည်ရှိတဲ့နေရာ ဖြစ်နေတာပါ။
နောက်ဆုံးတချက်က ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံး နေရာဖြစ်လာတာနဲ့ မြဝတီနားက ရွှေကုက္ကို ၊ kk park စတာတွေဟာ ဥရောပ အာရှ အားလုံးကို ဖြန့်ကျက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အားကောင်းစွာတည်ရှိတဲ့နေရာ ဖြစ်နေတာပါ။ သူတို့ဟာ စစ်တပ်နဲ့လဲ အကျိုးတူပူးပေါင်းနေသူတွေ ဖြစ်နေပါတယ်။ ဒါက ဒေသတွင်းသာမက တကမ္ဘာလုံးရဲ့ လုံခြုံရေးကိုပါခြိမ်းခြောက်တဲ့ အဆင့်ကို ရောက်လာနေတာဖြစ်တယ်။ သတင်းတွေအရဆိုရင် စီအိုင်အေနဲ့ နီးစပ်တဲ့ တွေးခေါ်မြော်မြင်ရေးအဖွဲ့တခုက စစ်အုပ်စုပြုတ်ကျသွားအောင် အမြန်ဆုံးဆောင်ရွက်ဖို့အထိ တိုက်တွန်းလာတာတွေ့ရပါတယ်။ ဝီလ်ဆင်စင်တာရဲ့ စီမံချက်စာတမ်းမှာတော့ စစ်အာဏာသိမ်းအဖွဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ ကြိမ်းသေပေါက်အနိုင်ရအောင် ပြုလုပ်ပေးခြင်းဖြင့်သာ အမေရိကန်အကျိုးရှိရာရှိကြောင်း ဖြစ်လာမယ်လို့ ခပ်ရှင်းရှင်းပဲ ဖော်ပြထားတာဖြစ်တယ်။
ဒါကမဖြစ်နိုင်တဲ့အခြေအနေတွေက ပြဌာန်းပေးတဲ့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတချို့ပါ။ အဓိကအကျဆုံးဖြစ်နိုင်ခြေက စစ်တပ်ကို တိုင်ရင်းသားနဲ့ NUG လက်အောက်ခံတပ်တွေက စုပေါင်းဖြုတ်ချလိုက်တာမျိုးပါပဲ။ သို့မဟုတ် ပြုတ်လုဆဲဆဲမှာ စားပွဲဝိုင်းထိုင်ပြီး စစ်တပ်ဟာနိုင်ငံရေးကထွက်ခွာမယ်ဆိုတဲ့အာမခံချက်နဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်သွားတာ၊ သို့မဟုတ် ဖြစ်နိုင်ချေနည်းပေမယ့် မအလကို အောက်ကလူတွေက ဖြုတ်ချပြီး NUG÷ တိုင်းရင်းသားများနဲ့ ညှိနှိုင်းလာတာ စတာတွေပါပဲ၊ သေခြာတာကတော့ အာဏာရှင် စနစ်နိဂုံးဟာ တနည်းနည်းနဲ့ ရောက်ကိုရောက်လာရမယ်ဆိုတာပါပဲ၊ အဲဒီနေရာမှာ ပြည်သူတွေရဲ့ အားက အဓိကနေရာက ပါဝင်နေတယ်ဆိုတာပါပဲ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။