အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို အင်္ဂါနေ့မှာ မဏိပူရ် ကနေ မြန်မာနိုင်ငံကို နောက်တစ်သုတ် ထပ်မံပို့လိုက်ပြီလို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို မဏိပူရပြည်နယ် တန်နူပါခရိုင်ရှိ မိုရေးနယ်စပ်ကနေ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပြီး မတ်လ ၈ ရက်နဲ့မေလ ၂ ရက်တို့ကလည်း ၇၇ ဦး ပြန်ပို့ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နယ်အစိုးရက ဆက်လက်ဖော်ထုတ်နေပြီး တစ်ချိန်တည်းမှာ ဇီဝဗေဒ အသေးစိတ် အချက်အလက် တွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးကတည်းက မဏိပူရပြည်နယ်ရှိ ခရိုင် ၃ ခုမှာ မြန်မာဒုက္ခသည် အနည်းဆုံး ၈,၀၀၀ ခန့် ခိုလှုံနေကြပြီး မီဇိုရမ်ပြည်နယ်မှာ ၃၆၀၀၀ ကျော် ခိုလှုံနေကြတာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန (MHA)ရဲ့အကြံပြုချက်အရ မဏိပူရအစိုးရက ပြည်နယ်အတွင်း ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဇီဝဗေဒဆိုင်ရာ အသေးစိတ် အချက်အလက် တွေကို စုဆောင်းနေပေမယ့် မီဇိုရမ် အစိုးရကတော့ MHA ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
Source; IANS
ပုံ - RFA
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။