ဒီကနေ့ အင်္ဂါနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chatuchak ဈေးရုံကြီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အလှမွေးငါးနဲ့ အိမ်မွေးတိရစ္ဆာန် ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
.မနက် ၄ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်တွေ ရောင်းတဲ့ စျေးရုံတန်းဘက်ရှိ ဆိုင်ခန်းပေါင်း ၁၁၈ ဆိုင် မီးလောင်ခဲ့တာပါ။
မီးလောက်တဲ့အထဲမှာ ကတ္တဝါအမျိုးအစား ငှက်တွေလည်းပါဝင်ပြီး အဲဒီငှက်တွေဟာ တစ်ကောင်ကို ဘတ် ၃၀၀၀၀ခန့် တန်ဖိုးရှိတယ်လို့ စျေးရုံစောင့်တစ်ဦးက ဆိုပါတယ်။
“သတင်းရရချင်းပဲ ကျနော်တို့အဖွဲ့ရောက်တယ်၊ မီးသတ်ယာဥ် ၁၀ စီး ပါတယ်၊ မီးငြိမ်းဖို့ တစ်နာရီလောက် အချိန်ယူလိုက်ရတယ်” လို့ မီးငြိမ်းရာမှာ အဓိကပါဝင်ခဲ့တဲ့ Poh Teck Tung ဖောင်ဒေးရှင်းမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
Chatuchak ဈေးဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဈေးကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး စျေးရုံခွဲပေါင်း ၂၇ ရုံမှာ ဆိုင်ပေါင်း ၁၅၀၀၀ ကျော်နဲ့ ရောင်းချသူ ၁၁၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
Source; The Nation Thailand
ပုံ - The Nation Thailand
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။