Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖားဆောင်းမြို့ အနီးရှိ ခလရ ၁၃၅ ကာကင်းစခန်းကို သိမ်းပိုက်ရရှိ၊ ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ရင်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်နေ

ကရင်နီပြည်၊ ဖားဆောင်းမြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၃၅ တပ်ရင်းရဲ့ ကာကင်း စခန်းကုန်းတစ်ခုကို ဒီကနေ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက် ရရှိခဲ့တယ်လို့ ကလလတ ဗျူဟာ ၁ က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ကာကင်းစခန်းရှိ အကြမ်းဖက် စစ်သားတွေ စခန်းစွန့်ခွါထွက်ပြေးသွားပြီး ၎င်းတို့ အသုံးပြုတဲ့ MA ကျည်၊ အီနာဂါကျည်၊ ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်း၊ လက်ပစ်ဗုံး၊ G3 ကျည်နဲ့ MA ကျည်ဘောက်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို ကလလတ ဗျူဟာ ၁၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူး ဦးဆောင်ကာ ကြယ်ဖြူ KNS Army နဲ့ စစ်နည်းဗျူဟာ ၁ လက်အောက်ရှိ ၄၈၇၈ တပ်ရင်း၊ KA D-1 Drone တပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့ ၊ ကွန်မန်ဒို အထူးတပ်ဖွဲ့ စတဲ့ တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိအချိန်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ကာကင်း စခန်းကုန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ အခိုင်အမာ နေရာယူ တပ်စွဲထားလိုက်ပြီး အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၃၄နဲ့ ၁၃၅ တပ်ရင်းတွေကို အနီးကပ် စောင့်ကြည့်ကာ ဆက်လက် သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ - သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းများ (source: ကလလတ ဗျူဟာ ၁)
 ~~~~

သက်ပိုင်ဦး

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။