လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်။
အထက်ပါစကားစုကို ကျနော် စကြားဖူးသည်မှာ အထက်တန်းကျောင်းသားဘဝက ဖြစ်လိမ့်မည်။ ဆယ်တန်းသင်ရိုးတွင် "သေနင်္ဂဗျူဟာ စစ်ပညာ" ဟု အမည်ပေးထားသည့် စကားပြေဆောင်းပါးတစ်ပုဒ်ပါသည်။ ထိုဆောင်းပါးကို ရေးသားသူမှာ ကျနော်တို့တိုင်းပြည်၌ အလေးစားအခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ထိုသေနင်္ဂဗျူဟာ စစ်ပညာ ဆောင်းပါးထဲ၌ "လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်" ဟူသော အသုံး ပါသည်။
ရသည့်လစာနှင့် မိသားစု ၇ ယောက် မလောက်ငသောကြောင့် အစိုးရအလုပ်က နားသည့်ရက်တွင် ပြင်ပ ပုဂ္ဂလိကယာဥ်လိုင်းမှာ တက်မောင်းရသည်။ ကျနော်တို့ မောင်နှမတွေသည်လည်း စျေးဗန်းခေါင်းပေါ် တင်နိုင်သည့်အရွယ်တွင် စျေးရောင်းပြီး ကျောင်းတက်ကြရသည်။
မူလတန်းကျောင်းသားတုန်းက အိမ်နားက အမကတွင်နေခဲ့ရပြီး ၅ တန်းကစ၍ အထက်တန်းကျောင်းကြီးသို့ ဘတ်စ်ကားစီးပြီး သွားရသည်။ သိပ်ဝေးလှသည်တော့ မဟုတ်ပါ။ ကားဂိတ် သုံးဂိတ်သာ ဝေးပါသည်။ ၅ တန်းကနေ ၈ တန်းလောက်ထိ ကျောင်းမုန့်ဖိုး ပြား ၅၀ ရပါသည်။ မူလတန်းတုန်းက ပိုက်ဆံတောင် သိပ်ကိုင်သုံးရဖူးသည်ပင် မရှိလှပါ။ မုန့်စားကျောင်းဆင်းချိန်မှာ အိမ်ပြန်ကာ တခုခုစား၍ရသောကြောင့်ဖြစ်သည်။ ဘတ်စ်ကားခက အသွား ၁၀ ပြား၊ အပြန် ၁၀ ပြား ဖြစ်၍ စုစုပေါင်းကားခ ပြား ၂၀ ကုန်သည်။ ပြား ၃၀ ဖိုးပဲ မုန့်စားရသည်။ မုန့်လိပ်ပြာတစ်ခု ၁၀ ပြားနှင့် ရသေးသော ကုန်စျေးနှုန်း ဖြစ်သည်။ ၉ တန်းရောက်မှ ၁ ကျပ်ရပါသည်။ ကျနော့်ဖခင်က လစာ ၂၀၀ ဝန်းကျင်မျှသာရသည့် အစိုးရယာဥ်လိုင်းမှာ လုပ်သော ဒရိုင်ဘာ ဖြစ်၍ အနိမ့်ဆုံးလစာသာရသည့် ဝန်ထမ်းဖြစ်သည်။ ရသည့်လစာနှင့် မိသားစု ၇ ယောက် မလောက်ငသောကြောင့် အစိုးရအလုပ်က နားသည့်ရက်တွင် ပြင်ပ ပုဂ္ဂလိကယာဥ်လိုင်းမှာ တက်မောင်းရသည်။ ကျနော်တို့ မောင်နှမတွေသည်လည်း စျေးဗန်းခေါင်းပေါ် တင်နိုင်သည့်အရွယ်တွင် စျေးရောင်းပြီး ကျောင်းတက်ကြရသည်။
အုပ်ချုပ်မင်းလုပ်ကြသူများသည် အောက်ခြေက ပြည်သူလူထု၏ ဒုက္ခများကို သိရှိခဲ့ကြပေမဲ့ မမြင်ဟန် ပြုနိုင်စွမ်းခဲ့ကြသည်။ အထွေထွေမကျေနပ်မှု လူထုအုံကြွမှုကြီး ဖြစ်တော့မှသာ ဂရုပြုမိဟန်တူပါသည်။ ဆင်းရဲခြင်းသည် နိုင်ငံရေးဖြစ်ကြောင်းကို ကျနော် လူမှန်းသိစအရွယ်ကတည်းက နားလည်ခဲ့ရသည်။
မဆလခေတ်၌ ကော်လံပြာအလုပ်သမားအများစုဖြစ်သည့် အခြေခံလူတန်းစားသည် အစဥ်အမြဲ တိုးလျက်ရှိသော ကုန်စျေးနှုန်းနှင့် အထွေထွေအကြပ်အတည်းဒဏ်ကို ခုခံရင်ဆိုင်ရင်း ဖြတ်သန်းကြရသည်။ ထိုစဥ်က အုပ်ချုပ်မင်းလုပ်ကြသူများသည် အောက်ခြေက ပြည်သူလူထု၏ ဒုက္ခများကို သိရှိခဲ့ကြပေမဲ့ မမြင်ဟန် ပြုနိုင်စွမ်းခဲ့ကြသည်။ အထွေထွေမကျေနပ်မှု လူထုအုံကြွမှုကြီး ဖြစ်တော့မှသာ ဂရုပြုမိဟန်တူပါသည်။ ဆင်းရဲခြင်းသည် နိုင်ငံရေးဖြစ်ကြောင်းကို ကျနော် လူမှန်းသိစအရွယ်ကတည်းက နားလည်ခဲ့ရသည်။
ကျနော် ဆယ်တန်းအောင်သည်နှင့် အလုပ်တစ်ခုရရန် အသည်းအသန်ရှာရသည်။ ပုံမှန်ဝင်ငွေရသော အလုပ်တစ်ခုရရှိမှ တက္ကသိုလ်ပညာကို ဆက်သင်နိုင်မည်ဖြစ်သည်။ မဆလအာဏာရှင်ခေတ်က အစိုးရဝန်ထမ်းအလုပ်တစ်ခု ရရန်လည်း အလွန်ခက်ခဲပါသည်။ နေ့စားခ တစ်နေ့ ၆ ကျပ်ခွဲသာရမည့် စက်ရုံတစ်ရုံ၏ အလုပ်ကိုတောင် အသိအကျွမ်း မိတ်ဆွေအဆက်အစပ်နှင့်မှ ရှာ၍ရခဲ့သည်။ လူတွေ အခက်အခဲ ဖြစ်နေစေရန် ပြုမူဆောင်ရွက်ထားခြင်းသည် အာဏာရှင်၏ လုပ်နည်းလုပ်ဟန် ဖြစ်သည်ကို ထိုစဥ်ကတည်းက သိခဲ့ရသည်။ လူတွေ ခက်ခဲနေလျှင် ပုံသဏ္ဌာန်မျိုးစုံဖြင့် အစုအစုလေးတွေ ကွဲနေစေရန် ပိုမိုလွယ်ကူစေပါသည်။ အခွင့်အရေး ရသည့် သူ၊ မရသည့် သူ။ အခွင့်အရေးရရန် လာဘ်လာဘဖြင့် ချဥ်းကပ်နိုင်သည့် သူ၊ မချဥ်းကပ်နိုင်သည့် သူ။ စသည်ဖြင့် ဟိုနား ပွစိ ပွစိ၊ သည်နား ကျွက်ညံ ကျွက်ညံ ဖြစ်စေရန် ဖန်တီးထားလိုက်လျှင် တစ်စစီကောက်ကိုင်၍ ဖိနှိပ်ရန် လွယ်ကူသည်ကို အာဏာပိုင်တို့ ကျွမ်းကျင်စွာ သိ၏။ သည်ကြားထဲကို ကောလဟလသဖွယ် သတင်းပတင်းလေးတွေ အဆာသွတ်ထည့်လိုက်လျှင်ဖြင့် ပွဲသည် ခေါင်းကိုင်အာဏာပိုင်တို့၏ လက်ထဲ၌ ကစေချင်သည့်အတိုင်း 'လွှတ်' ကကြလေတော့သည်။
ကြပ်တည်းခြင်းသည် နိုင်ငံရေး ဖြစ်၏။ နေ့နေ့ညည ထိုကြပ်တည်းမှု အစုစုသော ဒုက္ခတွေကြားထဲသို့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို ပစ်ထည့်ထားလိုက်လျှင် ငြိမ်ကျသွားမည်ဟု အာဏာရှင်တို့သည် တထစ်ချ ယူဆယုံကြည်ထားကြသည်။
ထိုသို့သော အနက်ရင်း အနက်ပွားများကို အတွေ့အကြုံ အတွေးအခေါ်အားဖြင့် ဆက်စပ်ကာ သိရှိနိုင်ခြင်းကိုပင် နိုင်ငံရေးဟု အမည်တပ်ရပါသည်။
ကြပ်တည်းခြင်းသည် နိုင်ငံရေး ဖြစ်၏။ နေ့နေ့ညည ထိုကြပ်တည်းမှု အစုစုသော ဒုက္ခတွေကြားထဲသို့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို ပစ်ထည့်ထားလိုက်လျှင် ငြိမ်ကျသွားမည်ဟု အာဏာရှင်တို့သည် တထစ်ချ ယူဆယုံကြည်ထားကြသည်။ နိစ္စဓူဝ စားဝတ်နေရေးနှင့်ပဲ ကိစ္စပြီးကြရသည့်အဖြစ်မျိုး ကြုံကြရလျှင် သာမန်လူတွေအဖို့ ရုတ်တရက် တွေဝေကြရသည်။ လူအများစုသည်လည်း သာမန်လူတွေကသာ များကြသည်မဟုတ်လော။
မီးပျက်တော့ မီးလာရန်ကို မျှော်ရသည်။ ဆန်စျေးတက်တော့ လုပ်ခလစာ ပိုရရန် မျှော်ရသည်။ အလုပ်အကိုင် ရှားပါးလာတော့ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် နိုင်ငံတကာထွက်ပေါက်တွေကို မျှော်ရသည်။ နွေအပူကြီးတော့ အပူသက်သာရန်နည်းလမ်းကို မျှော်ရသည်။ ခေတ်အဆက်ဆက်သော အာဏာရှင်တို့သည် ပြည်သူလူထု ဒုက္ခတွေကြားထဲ၌ နစ်နေလျှင် သူတို့ကို အာခံရန် အချိန်မပေးနိုင်ဟု ထင်မှတ်ထားကြသည်။ သွားသုတ်သုတ်၊ စားသုတ်သုတ်၊ သေသုတ်သုတ် ဘဝကြီး၌ နိုင်ငံရေးအသိ တွေးမိနိုင်ရန် အခွင့်သည် ရှိနိုင်ပါ၏လော။
လူ့အခွင့်အရေးတို့၊ လွတ်လပ်မှုတို့ ဆိုသည်ကို လူတိုင်း၌ မွေးရာပါအဖြစ် သိသင့်သည်။ သို့သော်ငြားလည်း ဒုက္ခတွေကြားထဲ ယက်ကန် ယက်ကန် လှုပ်နေကြရသော လူအများစုသည် တိရစ္ဆာန်သာသာမျှသာ တွေးနိုင်ကြပေမည်။
အထက်မှာ ရေးပြခဲ့သည့် အတွေ့အကြုံများသည် ကျနော့်သားသမီးများလက်ထက်တွင် ကြမ္မာရဟတ်ကဲ့သို့ တစ်ပတ်ပြန်လည်လာပြန်ချေ၏။
လူ့အခွင့်အရေးတို့၊ လွတ်လပ်မှုတို့ ဆိုသည်ကို လူတိုင်း၌ မွေးရာပါအဖြစ် သိသင့်သည်။ သို့သော်ငြားလည်း ဒုက္ခတွေကြားထဲ ယက်ကန် ယက်ကန် လှုပ်နေကြရသော လူအများစုသည် တိရစ္ဆာန်သာသာမျှသာ တွေးနိုင်ကြပေမည်။
၂၀၂၁ အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်စဥ်တလျှောက်၌ အိုးအိမ်တွေဆုံးရှုံး၊ ဘဝတွေအသက်တွေ သေဆုံးကြရသူတွေ အပါအဝင် တနိုင်ငံလုံးက ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် အောင်မြင်စွာ ဆင်နွှဲနိုင်မှသာ ဖြစ်မည်ကို ခိုင်ခိုင်ကျည်ကျည် ယုံကြည်ထားကြပြီး ဖြစ်သည်။
တော်လှန်ရေးအောင်ပွဲရရန် ခေါင်ကနေ တံစက်မြိတ်ဖျားထိ အသီးသီး တာဝန်ရှိကြသည်။ သို့သော်ငြားလည်း ဦးဆောင်မှုအခန်းကဏ္ဍ၌ စစ်နိုင်အောင်တိုက်ရန် အားထုတ်မှု လျော့ရဲနေပြီး ကြားကာလအုပ်ချုပ်ရေးမီတင်များမှာ ငထွားတွေ ခါးနေကြခြင်းဖြင့် အချိန်ကုန်နေကြဟန်တူသည်။
တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ ပြည်သူလူထုဘဝသည် ပိုမိုနစ်မွန်းလာရသည်။ အခက်အခဲ အကျပ်အတည်းဒုက္ခအထွေထွေ၏ ဖိစီးခြင်းကို ခံကြရသည်။ တော်လှန်ရေးကာလ တိုပါမှ ပြည်သူလူထုဘဝ သက်သာရာရကြပေလိမ့်မည်။
တော်လှန်ရေးအောင်ပွဲရရန် ခေါင်ကနေ တံစက်မြိတ်ဖျားထိ အသီးသီး တာဝန်ရှိကြသည်။ သို့သော်ငြားလည်း ဦးဆောင်မှုအခန်းကဏ္ဍ၌ စစ်နိုင်အောင်တိုက်ရန် အားထုတ်မှု လျော့ရဲနေပြီး ကြားကာလအုပ်ချုပ်ရေးမီတင်များမှာ ငထွားတွေ ခါးနေကြခြင်းဖြင့် အချိန်ကုန်နေကြဟန်တူသည်။
အခွင့်သာခိုက်မှာ ဗျူဟာကျကျ လက်ဦးမှုယူနိုင်ကြသည့် အီးအာအိုအချို့၏ နမူနာကောင်းများကို သင်ခန်းစာယူသင့်လှပါသည်။ ထိုဖြစ်စဥ်များကို ဆက်စပ်တွေးခေါ်မှုဖြင့် ပြည်မတကြောကို ဖန်တီးအနိုင်ယူနိုင်အောင် ကြိုးစားသင့်သည်။ အသက်ပေးတိုက်မည့် လူငယ်တွေသာရှိပြီး လက်နက်နှင့်ကျည်ဆန်မရှိသည့် အဖြစ်ပေပဲလားဟုလည်း စောကြောမိသည်။ အောင်ပွဲသည် လက်တကမ်း၌ ဆိုပေမဲ့ အာဏာရှင်ပေးသော ဒီမိုကရေစီအရသာမျှ ရဖူးသည့် ဥခွံဟောင်းထဲက အတွေးအခေါ်ဟောင်းများကို မပြင်နိုင်ကြလျှင်ဖြင့် အောင်ပွဲသည် လက်တကမ်း၌ပင် ငိုက်မျဥ်းနေပါဦးမည် ထင်သည်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။