ပထမဆုံး ဆောင်းပါး ခေါင်းစဥ်ကို အနည်းငယ် ရှင်းပြချင်ပါတယ်။ အစိုးရ ဆိုတာက သူဘာသာသူ သတ်မှတ်တာကို ပြောတာပါ။ သူပုန်ဆိုတာက လူထုမဲဆန္ဒတွေကို ဆန့်ကျင်ပြီး အာဏာသိမ်း လိုက်ကတည်းက ပြည်သူက သတ်မှတ်တာကို ပြောတာပါ။
နိုင်ငံတကာကတော့ နယ်မြေအများစုနဲ့ အုပ်ချုပ်ရေး ယန္တရားကို ကိုင်ထားရင် အစိုးရလို့ မသတ်မှတ် ချင်သော်လည်း သတ်မှတ်ရတာပဲပေါ့။ ဒါတောင် ကုလသမဂ္ဂလို နေရာမျိုးမှာ အာဏာ အသိမ်းခံရတဲ့ အရပ်သား အစိုးရ ကိုယ်စားလှယ်ကိုပဲ ဆက်ခန့်ထားလေ့ ရှိတာပါ။ အာဏာသိမ်းအစိုးရတွေဟာ အများအားဖြင့် ဒီမိုကရေစီနိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် တရားမဝင်သလောက် နီးပါး ဖြစ်နေတာ များပါတယ်။
ကမ္ဘာပေါ်မှာလည်း သူတို့ကို လက်ခံတဲ့နိုင်ငံက မရှိသလောက်ဖြစ်ပြီး ဘယ်နိုင်ငံတကာ အစည်းအဝေးတွေ၊ ဘယ်ဒေသတွင်း ခေါင်းဆောင်အဆင့် တွေ့ဆုံမှုတွေကမှ သူတို့ကို မဖိတ်ကြတော့ မဖိတ်လည်း ဘာအရေးလဲဆိုတဲ့ အပေါက်နဲ့ ခပ်တည်တည် ဟန်လုပ်နေရတာပေါ့။
ကမ္ဘာပေါ်မှာလည်း သူတို့ကို လက်ခံတဲ့နိုင်ငံက မရှိသလောက်ဖြစ်ပြီး ဘယ်နိုင်ငံတကာ အစည်းအဝေးတွေ၊ ဘယ်ဒေသတွင်း ခေါင်းဆောင်အဆင့် တွေ့ဆုံမှုတွေကမှ သူတို့ကို မဖိတ်ကြတော့ မဖိတ်လည်း ဘာအရေးလဲဆိုတဲ့ အပေါက်နဲ့ ခပ်တည်တည် ဟန်လုပ်နေရတာပေါ့။ အရေးကြီးတာက သူနေတဲ့ နွားခြေရာခွက်ထဲမှာ ရေလေးနည်းနည်း ရှိရင်ရပြီပေါ့။ နွားခြေရာခွက်ထက် ပိုပြီး မြင်နိုင်စွမ်းကလည်း သူတို့မှာ မရှိတော့ သူတို့ ကမ္ဘာကြီးက အတော်ကြီးတယ်လို့တောင် ထင်ချင်ထင်နေကြဦးမှာပါ။
သူ့နားမှာ အလွန် ရိုကျိုးစွာရပ်ပြီး ခိုင်းလိုက်ရင် ပြာနေအောင် လုပ်မယ့်သူမျိုးတွေ ရှိရင်ရပြီ။ ဒီလူတွေကလည်း လူလည်တွေပါပဲ။ ကွယ်ရာရောက်ရင်တော့ သက်သာသလို နေကြ၊ ကာရာအိုကေသွားကြ။ အရက် သောက်ကြနဲ့ နေကြတာပါပဲ။
အောက်ခြေရဲဘော်တွေဆိုရင် ဖိကြပ်ကြ။ အရပ်ဖက် ဝန်ထမ်းဆိုရင် အပိုးကို ကျိုးနေရောပဲ။ တပ်ပုံစံနဲ့ ဖိထားကြတာ။ ပြီးရင်တော့ တစ်နိုင်ငံလုံး သူတို့ပိုင် ပစ္စည်းလို သဘောထားပြီး ခိုးကြနှိုက်ကြတော့တာပါပဲ။
အောက်ခြေရဲဘော်တွေဆိုရင် ဖိကြပ်ကြ။ အရပ်ဖက် ဝန်ထမ်းဆိုရင် အပိုးကို ကျိုးနေရောပဲ။ တပ်ပုံစံနဲ့ ဖိထားကြတာ။ ပြီးရင်တော့ တစ်နိုင်ငံလုံး သူတို့ပိုင် ပစ္စည်းလို သဘောထားပြီး ခိုးကြနှိုက်ကြတော့တာပါပဲ။ ဒါတွေက အစဥ်အလာ ဖြစ်လာတော့ ဘယ်သူကမှ ပါးစပ်အသနခံပြီး ပြောချင်စိတ်တောင် မရှိကြတော့ဘူး မဟုတ်လား။
ဟိုအရင်တုန်းက စစ်တပ်ဝါဒဖြန့် စာစောင်တွေမှာ သူပုန်ဆိုရင် အဝတ်အစားက စုတ်ပြတ်လို့။ ချိုင်းထောက်နဲ့၊ လက်မှာ ပတ်တီးနဲ့ နဖူးမှာ ပလာစတာက ကပ်ထားလိုက်သေးတယ်။ အဲဒါကို ရောင်စုံ သူပုန်လို့ ခေါ်တာပေါ့။ “နစ်ဖြူ နစ်နီ ရှမ်းဆိုး”တဲ့။ ရှမ်းသူပုန်ကို ပြောတာ၊ နာမ်နှိမ်တာပါပဲ။ စစ်တပ်ရဲ့ ဘီလူးရုပ်က ဘွင်းဘွင်းကြီး မပေါ်သေးတော့ အဟုတ်မှတ်သူကလည်း မှတ်ကြမှာပေါ့။
ဟော…အခု သူတို့ စတင်းဒတ် အာမီကြီးကို ကြည့်လိုက်ပါဦး။ စစ်သားပုံ မပြောနဲ့ လူရုပ်တောင် မပေါက်ဘူး။ ဒါ စစ်သားလား ဒါ စစ်တပ်လား အံ့သြရော။
ဟော…အခု သူတို့ စတင်းဒတ် အာမီကြီးကို ကြည့်လိုက်ပါဦး။ စစ်သားပုံ မပြောနဲ့ လူရုပ်တောင် မပေါက်ဘူး။ ဒါ စစ်သားလား ဒါ စစ်တပ်လား အံ့သြရော။
အခု ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်က ဒုတပ်မမှူး အပါအဝင် စစ်သားရာကျော် လက်နက်ချ လာတာကို ကြည့်ပါဦး။ စစ်ဝတ်စုံ တစ်ယောက်မှ မပါဘူး။ တချို့ ဖိနပ်မပါ။ တချို့ စွပ်ကျယ်နဲ့ ဘောင်းဘီတိုနဲ့။ လူတွေက ထော့နဲ့ ကျိုးကန်း ထမ်းလာရတာတွေက ပါသေး၊ လူရုပ်မပေါ် နွမ်းဖတ်စုတ်ပြတ် နေတာပါပဲ။
ဒီပုံတွေ ကမ္ဘာကို ပြန့်သွားပြီဆိုတော့ ကျန် ယဥ်ကျေးတဲ့ကမ္ဘာက လူတွေက “အော်… ဗမာ စတင်းဒတ် အာမီ”ဆိုတာ ဒါကိုးလို့ အံ့သြခြင်းကြီးစွာ ရေရွတ်မိကြပေလိမ့်မယ်။
မအလတို့၊ ဇော်မဲလုံးတို့ တစ်သိုက်ကတော့ မရှက်ပါဘူး၊ ဘယ်လို ဆက်လိမ်ရမလဲ။ ဘယ် နလပိန်း တုံးတွေကို ဆက်ပြီး ရှေ့တန်းပို့ သူတို့ ကိုယ်စား အသေခံ ခိုင်းရမလဲဆိုတာပဲ စဥ်းစားနေကြမှာပါ။
“စတင်းဒတ် အာမီကြီး”ကို ကြည့်လိုက်ရင်ဖြင့် ဘယ်လို စိတ်မျိုးနဲ့ ရှင်သန်နေကြသလဲဆိုတာ အတော့ကို စဉ်းစားရခက်ပါတယ်။ “မျိုးချစ်စိတ်”ကြောင့်လားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေ ကိုယ် ပြန်သတ်နေတာ ဘယ်မှာလာ မျိုးချစ်စိတ် ဖြစ်ပါ့မလဲ။
သေချာ ပြန်စဥ်းစားကြည့်ရင် “သောင်းကျန်းသူ” “သောင်းကျန်းသူ” ဆိုပြီး သူတို့ပြော ပြောနေတဲ့ ဘယ်လက်နက်ကိုင်တပ်မှ အဲလောက် မစုတ်ပြတ်ဘူးဆိုတာ တွေရလိမ့်မယ်။ ဒီနေ့ခေတ် Gz တွေ ဆိုရင်တော့ လူပုံပန်းရော၊ ပညာအရည်အချင်းရော၊ ကိုယ်ရည်ကိုယ်သွေးပါ ပျံနေအောင် ဖြစ်နေတာ။ အဲဒီတော့ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ သန့်စင်မှု၊ ယုံကြည်မှုတွေက မြင့်မားပြီး စွမ်းဆောင်ရည်ကလည်း ထက်မြက်နေတော့တာပေါ့။
“စတင်းဒတ် အာမီကြီး”ကို ကြည့်လိုက်ရင်ဖြင့် ဘယ်လို စိတ်မျိုးနဲ့ ရှင်သန်နေကြသလဲဆိုတာ အတော့ကို စဉ်းစားရခက်ပါတယ်။ “မျိုးချစ်စိတ်”ကြောင့်လားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားတွေ ကိုယ် ပြန်သတ်နေတာ ဘယ်မှာလာ မျိုးချစ်စိတ် ဖြစ်ပါ့မလဲ။ “အမှန်တရား”အတွက်လား ဆိုပြန်တော့…။ ဒါလည်း မဟုတ်ပါဘူး။ မတရား အာဏာရယူထားတာ သူတို့လည်း သိနေတာပဲ။
လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတုန်းက သူတို့လည်း NLD ကို မဲပေးခဲ့ကြတာပါပဲ။ ဒီတော့ သူတို့ ကောင်းကောင်း သိပါတယ်။ ဒါဖြင့်ရင် ဘာလဲ။ ဘာလဲဆိုတော့ အောက်ခြေ တပ်သားတွေက အလုပ် မရှိလို့ ဝင်တာ၊ အတင်းအဓမ္မ ဆွဲထည့်လို့ ဝင်ကြရာကနေ ရုန်းထွက်လို့ မရတဲ့ လှောင်ချိုင့်ထဲမှာ ပိတ်မိသွားကြတာပါ။ ရုန်းထွက်လို့ မရတဲ့အတူ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ တစ်ရက်စာ တစ်မနက်စာလောက်ပဲ စဥ်းစားကြတော့တဲ့ သူတွေ ဖြစ်လာကြတာပဲ။
နဝတ လက်ထက်မှာ နယ်ဘက်မှာ အရေးပါတဲ့နေရာ အားလုံးကို တပ်ထွက်တွေနဲ့ အစားထိုးဖို့အတွက် အလုပ်သင်တို့၊ အိုတီအက်စ်တို့ပါ ပေါင်းပြီး တစ်နှစ်ကို ဗိုလ် ၂၀၀၀၊ ၃၀၀၀ လောက်အထိ မွေးထုတ်ခဲ့တာ။
အရာရှိပိုင်းကို ပြောရင် နဝတ လက်ထက် တပ်ထဲဝင်ကြသူ အများစုဟာ စားသာမလားလို့ ဝင်ကြတာပါ။ ဆယ်တန်း အမှတ်တွေကလည်း မကောင်း၊ အခြားနေရာ ဝင်တိုးဖို့ကလည်း ခက် ဆိုတဲ့သူတွေက ဒေါ်စိန်အေးကို ပြေးကပ်ကြတာပါပဲ။ နဝတ လက်ထက်မှာ နယ်ဘက်မှာ အရေးပါတဲ့နေရာ အားလုံးကို တပ်ထွက်တွေနဲ့ အစားထိုးဖို့အတွက် အလုပ်သင်တို့၊ အိုတီအက်စ်တို့ပါ ပေါင်းပြီး တစ်နှစ်ကို ဗိုလ် ၂၀၀၀၊ ၃၀၀၀ လောက်အထိ မွေးထုတ်ခဲ့တာ။
ဗိုလ်သင်တန်းတွေက မဆလခေတ်ကိုတောင် မမီတော့ဘဲ ဖြစ်ကတတ်ဆန်း လုပ်လာကြတာ။ ဗိုလ်သင်တန်းမှာ ဟင်းမကောင်းလို့ ဟင်းတို့၊ ကြက်ဥကျော်တို့ကအစ ခြံစည်းရိုးမှာ အခြားအဆင့်တွေရဲ့ မိန်းမတွေ လာရောင်းတာ ဝယ်စားလို့ ရခဲ့တာဆိုတော့ အတော် ထူးခြားတဲ့ စစ်ကျောင်းကြီးပါပဲ။ စကတည်းကလည်း ရည်ရွယ်ချက်တွေက မှန်ခဲ့ကြတာမှ မဟုတ်တာ။ ဒါတွေ အားလုံး ပေါင်းလိုက်တော့ ဒီလို စွမ်းရည် မပြည့်ဝသူတွေကိုပဲ မွေးထုတ်နိုင်တော့တာပေါ့။
သူတို့ လုပ်နိုင်တာကတော့ အစိုးရ နာမည်ခံပြီး လမ်းတွေ ဖျက်၊ တံတားတွေ ချိုးတဲ့ သူပုန်အလုပ်မှာ ကျွမ်းကျင် နေကြတာပါ။ သူတို့ သူပုန်လို့ သမုတ်နေတဲ့ အဖွဲ့တွေက နောင်တိုင်းပြည် ပြန်လည် တည်ဆောက်ရေးကို ရည်မျှော်ပြီး ဒီလို လမ်းတံတား ဖျက်တဲ့ဟာတွေ မလုပ်ကြပါဘူး။ စစ်တပ်ကပဲ လုပ်နေတာ ဖြစ်တယ်။
သူတို့ သူပုန်လို့ ခေါ်ခဲ့သူ တချို့က အရင်တုန်းက ရွာတွေမှာ ခွဲတမ်းနဲ့ စစ်သားစုရတာမျိုး ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ အခု လုပ်နေသလို တစ်နိုင်ငံလုံးက လူငယ်တွေ ထွက်ပြေးလောက်အောင် အတင်းဖမ်း အတင်း စစ်ထဲထည့်တာမျိုးအထိ ဘယ်အဖွဲ့ကမှ မလုပ်ခဲ့ကြပါဘူး။
စစ်သား စုဆောင်းရေး အပိုင်းကိုလည်း ကြည့်ပါလား။ သူတို့ သူပုန်လို့ ခေါ်ခဲ့သူ တချို့က အရင်တုန်းက ရွာတွေမှာ ခွဲတမ်းနဲ့ စစ်သားစုရတာမျိုး ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ အခု လုပ်နေသလို တစ်နိုင်ငံလုံးက လူငယ်တွေ ထွက်ပြေးလောက်အောင် အတင်းဖမ်း အတင်း စစ်ထဲထည့်တာမျိုးအထိ ဘယ်အဖွဲ့ကမှ မလုပ်ခဲ့ကြပါဘူး။
သူတို့ သူပုန်လို့ ခေါ်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေမှာ အလိုအလျှောက် စစ်မှုထမ်းသူတွေ များလာလို့ စကစလို သူပုန်အလုပ်လုပ်ဖို့ မလိုပါဘူး။ ဒါက ရှင်းပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အဖွဲ့တွေကို ပြည်သူက အားပေးကြတဲ့ သဘောပါပဲ။
အခု နောက်ဆုံး မြိုင်မြိုင်ဆိုင်ဆိုင် အညံ့ခံလာကြတဲ့ သဘောက သူတို့ မအလအတွက် အလကား အသေခံ နေကြရတာကို သိလာကြလို့ပဲ ဖြစ်မှာပါ။ သူတို့က မသေတော့ပေမယ့် မအလ မပြုတ်သ၍တော့ ကျန်တဲ့သူတွေကတော့ သေပေးနေရဦးမှာပါပဲ။
အခု နောက်ဆုံး မြိုင်မြိုင်ဆိုင်ဆိုင် အညံ့ခံလာကြတဲ့ သဘောက သူတို့ မအလအတွက် အလကား အသေခံ နေကြရတာကို သိလာကြလို့ပဲ ဖြစ်မှာပါ။ သူတို့က မသေတော့ပေမယ့် မအလ မပြုတ်သ၍တော့ ကျန်တဲ့သူတွေကတော့ သေပေးနေရဦးမှာပါပဲ။ ဖြစ်သင့်တာကတော့ စစ်တပ်ထဲက အဆင့်တိုင်းမှာ အခြေအနေ အမှန်ကို သိမြင်အောင် ကြိုးစားပြီး ရဲရဲဝင့်ဝင့်နဲ့ သူတို့ ဂုတ်ကို ခွစီးနေသူတွေကို ခါချပစ်ဖို့ လိုနေတာပါ။
ဘယ်လောက်ပဲ မျိုးစေ့မမှန် ပင်မသန်ကြပေမယ့် အမှန်ဘက်က ရပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ကလေး တစ်ချက် ဝင်သွားအောင် ကြိုးစားနိုင်ရင် အဲဒီသူဟာလည်း ပြည်သူ့ဘက်တော်သား ဖြစ်လာမှာပါပဲ။ သူတို့ဟာ တချိန်မှာ ပြည်သူတွေရဲ့ ဂုဏ်ပြုမှုကို ခံရမှာပါ။ ပြည်သူတွေ ဂုဏ်ပြုခံရတာလောက် မြင့်မြတ်တဲ့အရာ မရှိပါဘူး။ ဒီအသိလေး တစ်ချက်က အဲဒီ “စတန်းဒတ် အာမီ”ဆိုတာကြီးရဲ့ အစိတ်အပိုင်း တချို့ကို ကယ်တင်နိုင်မှာ ဖြစ်ပြီး တော်လှန်ရေးကိုလည်း ပိုမြန်စေမှာ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။