Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖားဆောင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီ တော်လှန်ရေး တပ်တွေ ပစ်ချ (ရုပ်သံ) ဖားဆောင်းမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီ တော်လှန်ရေး တပ်တွေ ပစ်ချ၊ ဗိုလ်မှူးအဆင့် ၂ ဦး အပါအဝင် ၇ ဦးသေ၊ ၂ ဦး ဒဏ်ရာ ရရှိဟု သိရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီ အကြမ်းဖက် စစ်ကောင်စီရဲ့ ရိက္ခာသယ်ပို့ စစ်ရဟတ်ယာဉ် ၁စင်းကို မနေ့က မေလ ၆ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကရင်နီ တော်လှန်‌ရေး ပူးပေါင်းတပ်တွေက ပစ်ချခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီ MI 2 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပွိုင့် 8 အမျိုးအစား သေနတ် ၂ လက်နဲ့ ဝိုင်းဝန်း ပစ်ချခဲ့တာ ဖြစ်ပြီး ရဟတ်ယာဉ်မှာ ပွန်ချောင်း အရှေ့ဘက် ဘော်လခဲမြို့နယ် အစပ်မှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။


ဒီရဟတ်ယာဉ် ပျက်ကျမှုမှာ ဗိုလ်မှူး ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) က ပြောပါတယ်။


စစ်ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း ပျံသန်းပစ်ကူ ပေးပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ကာ ရဟတ်ယာဥ် အပျက်အစီးတွေ၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လာရောက် ရှင်းလင်းသယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ MI 2 တိုက်ခိုက်ရေး ရဟတ်ယာဥ်မှာ ပိုလန်နိုင်ငံ ထုတ်ဖြစ်ပြီး ရဟတ်ယာဥ်ပေါ် လူ ၈ ဦးမှ ၁၀ ဦးအထိ တင်ဆောင် လိုက်ပါနိုင်တယ်လို့ သိရပါတယ်။

ရုပ်သံ - ကရင်နီ တော်လှန်ရေး ရဲဘော်များ စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနေစဉ် (source: KNPLF ဗျူဟာ (၁))

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။