ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းကြီးကို မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်သားအင်အား ၂၅၀ နီးပါး ရှိတဲ့ အဆိုပါ ဆွမ်ပရာဘွမ် ဗျူဟာတပ် စခန်းကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ၂ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆွမ်ပရာဘွမ် ဗျူဟာစခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း အပြည့်အစုံကို အောက်ပါ တယ်လီဂရမ်နဲ့ ယူကျူ့လင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
ရုပ်သံ - KIA သိမ်းပိုက်ပြီးနောက် ဆွမ်ဘရာဘွမ် တပ်စခန်းတွင်း မြင်ကွင်းများ
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။