Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီ စစ်သားကို နပန်းလုံး သတ်ပုတ် အနိုင်ယူခဲ့တဲ့ KPF ရဲဘော်ကို ဆုငွေ ကျပ် ၁၀သိန်း ချီးမြှင့်

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်း စစ်စခန်းကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်စဉ်မှာ စစ်ကောင်စီ စစ်သား တစ်ဦးကို နပန်းလုံး သတ်ပုတ် အနိုင်ယူခဲ့တဲ့ တော်လှန်ရေး ရဲဘော်ကို စံပြတပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့တယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(KPF)က သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ KPFရဲဘော်ဟာ လက်နက်လတ် (RPG) ကိုင်‌ဆောင်သူ ဖြစ်ကာ ရန်သူနဲ့ အနီးကပ် တွေ့ဆုံချိန်မှာ ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်ပြီး ချက်ချင်း နပန်းလုံး သတ်ပုတ်ကာ အနိုင်ယူ နိုင်ခဲ့တာ ဖြစ်တယ်လို့ KPF က ပြောပါတယ်။


ရန်သူကို ရဲစွမ်းသတ္တိဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့တဲ့ KPF တပ်ဖွဲ့၀င် ဖြစ်သူကို စံပြတပ်ဖွဲ့၀င်အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲ၀င် KPF တပ်ဖွဲ့၀င် အားလုံးအတွက်လည်း ဂုဏ်ပြု‌ငွေကျပ် သိန်းနှစ်ဆယ်ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။


ရဲဝံ့ပြတ်သားစွာ တိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ KIA၊ KPDFနဲ့ မိမိတို့ ခါကာဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KPF ပူးပေါင်း တပ်ဖွဲ့တို့ကို ဂုဏ်ယူစွာဖြင့် အလေးပြုတယ်လို့ ဖော်ပြပါတယ်။


KPF တပ်ဖွဲ့ဟာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ KPDF တပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းကာ ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ - စစ်ကောင်စီ စစ်သားကို နပန်းလုံး သတ်ပုတ် အနိုင်ယူခဲ့တဲ့ KPF ရဲဘော်

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။