Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရပ်ကျော် ရွာကျော် နိုင်ငံကျော်လာတဲ့ ဆားလင်းကြီး ပလဖ (Opinion)

မြန်မာနိုင်ငံတစ်ဝန်း နယ်မြေစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကို NUG အစိုးရနဲ့ တိုင်းရင်းသားတော် လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရတယ်။ ဧပြီ ၃၀ ရက်နေ့၊ NUG အစိုးရ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ NUG ပြောရေးဆိုခွင့်ရှိသူတွေက အဲဒီလို ပြောကြားလိုက်တာပါ။

 

ရာခိုင်နှုန်း ၆၀ ကျော်ဟာ ဘယ်လောက်ထိ အသေးစိတ်ကျကျ မှန်၊ မမှန် မပြောနိုင်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကစလို့ စစ်မျက်နှာတိုင်းလိုလိုမှာ မင်းအောင်လှိုင်ဂီလာနတပ်က ပေးဆပ်မှုကြီးသလောက် အရှုံးလည်းကြီးနေတာ အားလုံးမျက်မြင်ပါပဲ။ ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်စစ်မျက်နှာတို့မှာ သိသာထင်ရှားစွာ ရှုံးနိမ့်နေတယ်ဆိုတာကို ဘာနဲ့မှ ကာပြောလို့မရအောင်ပါပဲ။

 

အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာ ဂီလာနတပ်ရဲ့ လေကြောင်းရန် မရှိသေးတာ တွေ့ရပြီး ကျန်ထိန်းချုပ်နဲ့ လွတ်မြောက်နယ်မြေတွေကတော့ လေကြောင်းရန်ကို အရေးကြီး စိုးရိမ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေရဆဲပါပဲ။

 

အခု ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ NUG ပြောခွင့်ရတွေက ရာခိုင်နှုန်း ၆၀ ကျော်ကို စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေနဲ့ လွတ်မြောက်နယ်မြေဆိုပြီး သုံးပိုင်း စိပ်ပြခဲ့ပါတယ်။ အကြမ်းဖျင်းခွဲပြောရရင် နယ်မြေတချို့ မှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေမဲ့ ထိန်းချုပ်နယ်မြေနဲ့ လွတ်မြောက်နယ်မြေတွေမှာတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေပါ ဆောင်ရွက်နိုင်ပြီလို့ သိရပါတယ်။

 

မျက်မြင်အခြေအနေကို ပြောရရင် အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာ ဂီလာနတပ်ရဲ့ လေကြောင်းရန် မရှိသေးတာ တွေ့ရပြီး ကျန်ထိန်းချုပ်နဲ့ လွတ်မြောက်နယ်မြေတွေကတော့ လေကြောင်းရန်ကို အရေးကြီး စိုးရိမ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေရဆဲပါပဲ။

 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေက ကျေးလက်ဒေသများစွာဟာ PDF စိုးမိုးနယ်မြေတွေဖြစ်ရုံတင် မက ကြားကာလ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင် အသက်ဝင်နေတာ မနည်းလှပါဘူး။ ဒါပေမဲ့၊ စစ်ကြောင်းဝင် လာတဲ့အခါမှာတော့ ရသလောက် ခံတိုက်ပြီး ထွက်ပြေးတိမ်းရှောင်နေရဆဲပါပဲ။ ဒါပေမဲ့၊ ဂီလာနတပ်ရဲ့ စစ်အင်အားနည်းမှုအခြေအနေအရ ခဏတဖြုတ် စစ်ကြောင်းထိုးပြီး ပြန်ဆုတ်သွားလေ့ရှိတာကြောင့် စစ်ကြောင်းပြန်ထွက်သွားရင် ကိုယ့်နေရာ ကိုယ်ပြန်နေဆိုတဲ့ပုံစံမျိုးနဲ့ မတည်မငြိမ် နေထိုင်နေကြရပါတယ်။

 

အဲဒီလို ဒေသတွေမှာ NUG အစိုးရရဲ့ ကြားကာလ အုပ်ချုပ်ရေးက ဘယ်လောက်ထိ အလုပ်ဖြစ်နေပြီလဲ။ LPDF အဖွဲ့တွေ များလွန်းတဲ့ ဒေသတွေမှာ ထိန်းရသိမ်းရခက်တဲ့ ပြဿနာတွေ ကြုံနေရကြောင်း ကြားရလေ့ရှိပါတယ်။

 

အဲဒီလို ဒေသတွေမှာ NUG အစိုးရရဲ့ ကြားကာလ အုပ်ချုပ်ရေးက ဘယ်လောက်ထိ အလုပ်ဖြစ်နေပြီလဲ။ LPDF အဖွဲ့တွေ များလွန်းတဲ့ ဒေသတွေမှာ ထိန်းရသိမ်းရခက်တဲ့ ပြဿနာတွေ ကြုံနေရကြောင်း ကြားရလေ့ရှိပါတယ်။ LPDF အဖွဲ့ချင်း မသင့်မြတ်တာတွေ၊ LPDF နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တို့ကြား အဆင်မပြေမှုတွေ၊ NUG လက်အောက်ခံ PDF ချင်းကြား ပွတ်တိုက်မှုတွေ စတဲ့ မလိုလားအပ်တဲ့ အဖြစ်တွေကို ကြားရလေ့ရှိပေမဲ့ တော်လှန်ရေး အင်အားစုကြား သေနတ်ချင်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာမျိုးကိုတော့ ကြားရခဲပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ရေလယ်ကျွန်း ရပ်ကျေးပကဖ နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြင်းခြံခရိုင်တပ်ရင်း ၅ (MG 6 ပြောက်ကျားတပ်ဖွဲ့)တို့ ပစ်ခတ်မှုက မီဒီယာပလက်ဖောင်းပေါ် အသံထွက်ကျယ်ခဲ့ပြီး နောက်ထပ် အဲဒီလို ပစ်ခတ်မှုမျိုး မီဒီယာပလက်ဖောင်းပေါ် တက်လာတာ သိပ်မတွေ့ရတော့ပါဘူး။

 

 မိမိရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံကာ ဒလန်ရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး လုပ်ကြံတာ မျိုးတွေက သိပ်အများကြီးမဟုတ်တောင် မီဒီယာပလက်ဖောင်းပေါ် ရံဖန်ရံခါ တွေ့နေရဆဲပါပဲ။ 

 

ဒေသခံပြည်သူတွေအပေါ် သေနတ်အားကိုးနဲ့ ဒုက္ခပေးတဲ့ ပြဿနာမျိုးရော ဘယ်လောက်ထိ ရှိနေပါသလဲ။ မိမိရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံကာ ဒလန်ရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး လုပ်ကြံတာ မျိုးတွေက သိပ်အများကြီးမဟုတ်တောင် မီဒီယာပလက်ဖောင်းပေါ် ရံဖန်ရံခါ တွေ့နေရဆဲပါပဲ။ ဒါ့အပြင် မီဒီ ယာ ပလက်ဖောင်းပေါ် တက်မလာပေမဲ့ ဒေသခံတွေကို ခြိမ်းခြောက်တာ၊ ရင့်သီးစော်ကားတာ၊ အကြမ်းဖက် ဂီလာနတပ်နဲ့မခြား ရွာထဲကို သေနတ်ဖောက်ဝင်တာမျိုးတွေကိုလည်း ကြားရတတ်ပါတယ်။

 

မုံရွာ၊ ပခုက္ကူနဲ့ မြိုင်ဒေသတွေမှာ လှည့်လည်ခြေဆန့်နေတဲ့ မိတ်ဆွေတစ်ဦးက ပခုက္ကူ၊ မြိုင်နဲ့ပေါက်ဒေသတို့မှာ PDF ချင်းပဋိပက္ခနဲ့ ပြည်သူအပေါ် ဒုက္ခပေးတာမျိုး ကြားရခဲပေမဲ့ မုံရွာဒေသတွင်းအခြေအနေမှာ PDF အဖွဲ့တွေလည်းများပြီး ရှုပ်ထွေးကာ ပြည်သူအပေါ် ဒုက္ခပေးတာမျိုး ရံဖန်ရံခါ ကြားရတတ်ကြောင်း ဆိုပါတယ်။

 

“တစ်ခါက အမှတ်မထင်ဘဲ PDF တွေချည်း ရိုက်တဲ့ ဖဲဝိုင်းကို ရောက်သွားတာ လောင်းကြေးက သိန်းဆယ်နဲ့ချီတယ်”

 

“တစ်ခါက အမှတ်မထင်ဘဲ PDF တွေချည်း ရိုက်တဲ့ ဖဲဝိုင်းကို ရောက်သွားတာ လောင်းကြေးက သိန်းဆယ်နဲ့ချီတယ်”လို့ သူကပြောပြတော့ နောက်ဆက်တွဲ တွေးစရာ သိပ်များသွားရပါတယ်။

 

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ညီညွတ်မှုရှိပြီး သမာ သမတ်ကျရင် အဲဒီမြို့နယ်တွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထွက်ပေါ်လာကာ ဒေသခံတွေလည်း အကူအညီရော အကာအကွယ်ပါရရှိကြောင်း သူကပြောပါတယ်။

 

“ ဥပမာ- စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်ကိုကြည့်။ ပြဿနာအင်မတန်နည်းတယ်။ ပုလဲနဲ့ သိပ်မဝေးတဲ့ ဆားလင်းကြီးကို ကြည့်။ ဒေသခံတွေနဲ့ ဆားလင်းကြီး ပလဖ ဖြစ်တဲ့ ပြဿနာက အကြီးကြီး၊ အခုထိလည်း မပြီးသေးဘူး”

 

“ ဥပမာ- စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်ကိုကြည့်။ ပြဿနာအင်မတန်နည်းတယ်။ ပုလဲနဲ့ သိပ်မဝေးတဲ့ ဆားလင်းကြီးကို ကြည့်။ ဒေသခံတွေနဲ့ ဆားလင်းကြီး ပလဖ ဖြစ်တဲ့ ပြဿနာက အကြီးကြီး၊ အခုထိလည်း မပြီးသေးဘူး”လို့ သူက ဆက်ပြောပါတယ်။ 

 

ပလဖ ဆိုတာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်က ပြည်သူ့လုံခြုံရေးအဖွဲ့။ ပြည်သူ့လုံခြုံရေး အဖွဲ့ဖြစ်တာကြောင့် ဒေသခံပြည်သူတွေနဲ့ အနီးစပ်ဆုံးသော လက်နက်ကိုင်အဖွဲ့။ ဆားလင်းကြီးမြို့ နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ဆားလင်းကြီးမြို့အနီးရှိ စက်မှု ၁ ချည်မျှင်စက်ရုံထဲ ဆားထုံရွာသား ၃၆ ဦးက ပစ္စည်းဝင်ခိုးခြင်းက မပြီးသေးတဲ့ ဇာတ်ရဲ့အစ ဖြစ်ပါတယ်။

 

အဲဒီစက်ရုံစောင့် စစ်တပ်က ဆားလင်းကြီးမြို့ထဲ ပြန်ဝင်ပြေးသွားတာကြောင့်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကစပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲနေတဲ့ စက်ရုံ။ စက်ရုံထဲ မဝင်ရ၊ မခိုးရ၊ စက်ရုံထဲက ပစ္စည်းတွေကို မဖျက်ဆီးရလို့ ဆားလင်းကြီးပအဖ က ကြေညာချက်ထုတ်ပြန်ထားပေမဲ့ ဆားလင်းကြီး ပအဖ နဲ့ ကာကွယ်ရေးအဖွဲ့တချို့ပေါင်းပြီး စက်ရုံတွင်းပစ္စည်း ခိုးထုတ်တာတွေရှိတယ်လို့ ဆားထုံးရွာသားတွေက ဆိုတယ်။ ဆားလင်းကြီးပအဖအဖွဲ့ဝင်တစ်ဦးက ကာကွယ်ရေးတပ်ဖွဲ့တချို့လည်း ညဘက်တွေမှာ စက်ရုံထဲ ကပစ္စည်းတွေ ဝင်ခိုးတယ်လို့ ပြောကြောင်း သတင်းတချို့မှာ ဖော်ပြထားတယ်။

 

လက်နက်ကိုင်တွေ ဝင်ခိုးတော့ ဘာမှမဖြစ်ဘဲ ဒေသခံတွေ ဝင်ခိုးတော့ အဖမ်းခံရတယ်။ မတ်လ ၆ ရက်နေ့၊ ဆားထုံးရွာသား ၃၆ ဦးကို ပလဖ ကဖမ်းလိုက်တယ်။ 

 

လက်နက်ကိုင်တွေ ဝင်ခိုးတော့ ဘာမှမဖြစ်ဘဲ ဒေသခံတွေ ဝင်ခိုးတော့ အဖမ်းခံရတယ်။ မတ်လ ၆ ရက်နေ့၊ ဆားထုံးရွာသား ၃၆ ဦးကို ပလဖ ကဖမ်းလိုက်တယ်။ ဖမ်းဆီးစဉ် မျက်နှာကို အဝတ်စည်း၊ ပလဖအချုပ်ခန်းအရောက် ကားပေါ်ကအဆင်းမှာ လမ်းသွားတာမညီလို့ အရိုက်ခံရ။ ပြီးတော့ မြေကျင်းတူးခိုင်းတယ်လို့ အဖမ်းခံရွာသားတွေက ဆိုတယ်။

 

အဖမ်းခံရသူတွေကို မိသားစုဝင်တွေက သွားတွေ့ရမှာ တွေ့ခွင့်မရ၊ ပြန်လည်းလွှတ်မပေးနဲ့ မတ်လ ၈ ရက်မှာ ဆားထုံရွာအပါအဝင် ရွာ ၅ ရွာက ပြည်သူ ၃၀၀ ကျော်က ဖမ်းဆီးခံပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာမှာ ပလဖ အလိုမရှိ၊ PDF အလိုမရှိလို့လည်း ကြွေးကြော်ဆန္ဒပြကြတာကြောင့် ဇာတ်ရှိန်က တစ်ဆစ်ချိုး မြင့်တက်လာတယ်။

 

ပလဖအဖွဲ့ဝင် ၂၀ လောက်က ဆားထုံရွာထိပ်က အမျိုးသမီးတစ်ဦးရဲ့ အိမ်ကိုရောက်လာ၊ ဆန္ဒပြခေါင်းဆောင်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာဖမ်းရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကိုယ်ထိလက် ရောက်တွေဖြစ်၊ သေနတ်ပစ်ဖောက်တဲ့အဆင့်ထိ ဖြစ်၊ ရွာသားတွေရောက်လာတော့ ဆန္ဒပြခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့ နဖူးပေါ်သွေးတွေရဲလို့။

 

မတ်လ ၉ ရက်ရောက်တော့ ပလဖအဖွဲ့ဝင် ၂၀ လောက်က ဆားထုံရွာထိပ်က အမျိုးသမီးတစ်ဦးရဲ့ အိမ်ကိုရောက်လာ၊ ဆန္ဒပြခေါင်းဆောင်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာဖမ်းရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကိုယ်ထိလက် ရောက်တွေဖြစ်၊ သေနတ်ပစ်ဖောက်တဲ့အဆင့်ထိ ဖြစ်၊ ရွာသားတွေရောက်လာတော့ ဆန္ဒပြခေါင်းဆောင်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးရဲ့ နဖူးပေါ်သွေးတွေရဲလို့။

 

ရွာသားတွေက ပလဖတွေကို ရွာပြင်အထွက်မခံဘဲ ပတ်လည်ဝိုင်းထားလိုက်ပြီးနောက် ညနေပိုင်းမှာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦး ရောက်လာကာ ညှိနှိုင်းကာ အခု ရွာသားတွေ ဝိုင်းထားတဲ့ ပလဖတွေကိုလည်း ပြန်လွှတ်၊ အဖမ်းခံထားရတဲ့ ရွာသား ၃၆ ဦးကိုလည်း ပြန်လွှတ် ပေးမယ်ဆိုပြီး သဘောတူလိုက်ကြတယ်။

 

မတ်လ ၉ ရက်နေ့ ညမှာပဲ ရွာသားတွေ ပြန်လွတ်လာတယ်။ ဒါပေမဲ့၊ လူဖမ်းရာမှာ သိမ်းထားတဲ့ ပစ္စည်းတွေကိုတော့ ပြန်မပေး။ ဖုန်းအလုံး ၂၀ ကျော်၊ ဆိုင်ကယ် အစီး ၂၀ကျော်၊ သုံးဘီးဆိုင်ကယ်နဲ့ မီနီအိုးဝေ ၊ မှတ်ပုံတင်တချို့နဲ့ ပိုက်ဆံတချို့။ စာတင်မှ ပြန်ပေးမယ်ဆိုလို့ မတ်လ ၁၁ ရက်မှာ စာတင်ခဲ့ပေမဲ့ ပစ္စည်းတွေ ပြန်ရတော့ သင်္ကြန်အကြိုနေ့ကျမှ။

 

အလုပ်မရှိ အကိုင်မရှိနဲ့ အသက်မသေရေးကိုသာ ဦးစားပေးရုန်းကန်နေတဲ့ကာလမှာ ရွေးစရာပိုက်ဆံ မရှိတော့ မရှိမဲ့ရှိမဲ့တွေ ပေါင်နှံကြရ။ ဘာ့ကြောင့် ပြန်ရွေးကြရတာလဲဆိုတော့ စစ်ကြောင်းဝင်လာလို့ စစ်ဘေးရှောင်တဲ့အခါ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေရှိမှ ပြေးရလွှားရ အသက်မသေနိုင်တာကြောင့်ပါပဲ။

 

သုံးဘီးတွေကို သင်္ကြန်အကြိုနေ့မှာ ပြန်ရပေမဲ့ သုံးဘီးအကြီးကို ၁၅ သိန်းကျော် ဒဏ်ကြေးဆောင်ရပြီး နောက် ၂ စီးက ၁၀ သိန်းကျော်နဲ့ ၆ သိန်းကျော် ဒဏ်ကြေးဆောင်လိုက်ရပါတယ်။ ဆိုင်ကယ်တွေကိုတော့ နှစ်ဆန်း ၂ ရက်မှာ ပြန်ပေးပေမဲ့ ဆိုင်ကယ်တစ်စီးကို အများဆုံး ၂ သိန်းခွဲကနေ အနည်းဆုံး ၁ သိန်းခွဲအထိ ဒဏ်ကြေးဆောင် ပြန် ရွေးရတယ်လို့ သိရပါတယ်။ အဲဒါတောင် ပလဖ သိမ်းထားတဲ့ ဆိုင်ကယ် ၂ စီး ပျောက်နေလို့ ပြန်လျော်ပေးမယ်ပြောပြီး အခုထိ ဟိုလိုလိုဒီလိုလို လုပ်နေတယ်လို့ သိရပါတယ်။ သိမ်းထားတဲ့ ဖုန်းတွေကိုတော့ ပိုက်ဆံပေး ရွေးစရာမလိုဘူးလို့ ဆိုပါတယ်။

 

အလုပ်မရှိ အကိုင်မရှိနဲ့ အသက်မသေရေးကိုသာ ဦးစားပေးရုန်းကန်နေတဲ့ကာလမှာ ရွေးစရာပိုက်ဆံ မရှိတော့ မရှိမဲ့ရှိမဲ့တွေ ပေါင်နှံကြရ။ ဘာ့ကြောင့် ပြန်ရွေးကြရတာလဲဆိုတော့ စစ်ကြောင်းဝင်လာလို့ စစ်ဘေးရှောင်တဲ့အခါ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေရှိမှ ပြေးရလွှားရ အသက်မသေနိုင်တာကြောင့်ပါပဲ။

 

ပလဖ အနေနဲ့ သိမ်းထားတဲ့ပစ္စည်းတွေကို တစ်လကျော်ကြာမှ ဘာ့ကြောင့် ပြန်ပေးရတာပါလဲ။ တည့်တည့်ပြောရရင်စစ်တပ်နဲ့မခြား ပြည်သူကို ဒုက္ခပေးခြင်းပါပဲ။ 

 

ပလဖ အနေနဲ့ သိမ်းထားတဲ့ပစ္စည်းတွေကို တစ်လကျော်ကြာမှ ဘာ့ကြောင့် ပြန်ပေးရတာပါလဲ။ တည့်တည့်ပြောရရင်စစ်တပ်နဲ့မခြား ပြည်သူကို ဒုက္ခပေးခြင်းပါပဲ။ ပစ္စည်းတွေကို ဘယ်လိုအကြောင်းကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ငွေနဲ့ ပြန်ရွေးခိုင်းရတာလဲ။ အဲဒါကလည်း စစ်တပ်နဲ့မခြားတဲ့ ငွေညှစ်ခြင်းပါပဲ။

 

တားမြစ်ထားတဲ့ စက်ရုံထဲ ပလဖ နဲ့ ကာကွယ်ရေးတပ်တွေ ဝင်ခိုးလို့ ငါတို့လည်း ဝင်ခိုးမယ်ဆိုတာမျိုးက လက်ခံနိုင်စရာမရှိပါဘူး။ အဲဒီအတွက် အရေးယူမယ်ဆိုရင်လည်း လက်ခံရမှာပါပဲ။ဒါပေမဲ့၊ အခုလိုကာလမျိုးမှာ ထိုက်သင့်တဲ့အရေးယူမှုမျိုးပဲ ဖြစ်သင့်ပါတယ်။

 

နောက်တစ်ချက်က အဲဒီဖြစ်စဉ်မှာ ပလဖ ဘက်ကလည်း အမှားအယွင်းတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့၊ ဒီနေ့အချိန်ထိ အဲဒီပြဿနာအပေါ် စုံစမ်းစစ်ဆေးမှု ရေရေရာရာမရှိသလို ဘယ်ပလဖ မှလည်း အရေးယူခံရ တာမျိုး မကြားရပါဘူး။ ဆိုတော့ ပလဖ ဆိုရင် ဘာပဲလုပ်လုပ် အရေးယူစရာမလိုဘူးဆိုတဲ့ သဘော သက် ရောက်နေပါတယ်။

 

NUG အစိုးရဟာ ကိုယ့်လူတွေနဲ့ ပတ်သက်ရင် မသိချင်ယောင်ဆောင်နေတာလားဆိုတဲ့ မေးခွန်းမျိုး ထွက်ကျလာပါတယ်။ ကိုယ့်လူထက် ပြည်သူက ပိုအရေးကြီးပါတယ်။ ပြည်သူနဲ့ ပတ်သက်လာရင် ကိုယ့်လူဆိုတာတွေကို နာနာထောင်းတတ်ဖို့ လိုပါမယ်။

 

ဆိုတော့ NUG အစိုးရဟာ ကိုယ့်လူတွေနဲ့ ပတ်သက်ရင် မသိချင်ယောင်ဆောင်နေတာလားဆိုတဲ့ မေးခွန်းမျိုး ထွက်ကျလာပါတယ်။ ကိုယ့်လူထက် ပြည်သူက ပိုအရေးကြီးပါတယ်။ ပြည်သူနဲ့ ပတ်သက်လာရင် ကိုယ့်လူဆိုတာတွေကို နာနာထောင်းတတ်ဖို့ လိုပါမယ်။

 

NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့လူတွေဖြစ်တဲ့ NLD အမတ်တွေကို နည်း နည်းလေးမှ မျက်နှာသာမပေးခဲ့တာ အမှတ်ရစရာပါပဲ။

~~~~

အလင်းရောင်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။