စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ဂါဝီစစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ၄၀ မမဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ရေဦးမြို့မှ ဒီပဲယင်းမြို့ဘက် အထွက်မှာ တည်ရှိတာ ဖြစ်ပြီး တပ်ကြပ် စိုးမိုးအောင် အပါအဝင် မတရား ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်သား ၁၅ ဦးဝန်းကျင် အခြေပြုနေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။
ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေး ဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ရေဦး PDF ရဲဘော်တွေ ၄၀ မမဗုံးသီးနဲ့ ပစ်ပြီး ပြန်ဆုတ်သွားတယ်။ စစ်တပ်က ထွက်လိုက်သွားတာတော့ တွေ့တယ်။ ဒါပေမဲ့ တိုက်ပွဲ ထပ်ဖြစ်တယ်လို့တော့ မကြားဘူး။ ဒဏ်ရာရသူတွေကို တိုင်းရင်းဆေးရုံမှာ ကုပေးနေတယ်။ ၃ ကောင် သေသွားတယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက အတည်ပြုပါတယ်။
ရုပ်သံ- ရေဦး PDF
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။