Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

နောင်ချို၊ သရက်ကုန်းရွာ စခန်းသိမ်းတိုက်ပွဲမှာ လက်နက် ၄၀ကျော် ရရှိပြီး အကြမ်းဖက် စစ်သား ရုပ်အလောင်း ၂၁ လောင်း တွေ့ရလို့ မန္တလေး PDF ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်းကို မနေ့က ဧပြီ ၁၅ ရက်နေ့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော် ရရှိကာ အကြမ်းဖက် စစ်သား အလောင်း ၂၁ လောင်း တွေ့ရတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။


သရက်ကုန်းရွာ အခြေစိုက် စစ်ကောင်စီ စခန်းကို ဧပြီ ၁၅ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းမှာပဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


သရက်ကုန်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းကိုလည်း ထပ်မံ ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် အထိအခိုက် အကျအဆုံး များစွာနဲ့ ဆုတ်ခွါသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


တိုက်ပွဲအတွင်း လက်နက်ငယ် မျိုးစုံ ၄၀ ကျော် ၊ ၆၀ မမ စိန်ပြောင်း ၂ လက် ၊ Drone Jammar ၁ ခုနဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်သား ရုပ်အလောင်း ၂၁ လောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - သရက်ကုန်းရွာအခြေစိုက် စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ရရှိသည့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - MDY-PDF)

~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။