ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်၊ နှစ်ဆန်းတစ်ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တဆက်ထဲမှာပဲ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာပြီး လုံးဝ လွှတ်ပေးဖို့ကိုပါ တောင်းဆိုသွားပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ နယူးဇီလန် ဝန်ကြီးချုပ်တို့ ဒီရက်ပိုင်းထဲ တွေ့ဆုံရာမှာလည်း မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် အကောင်ထည်ဖော်ဖို့ သဘောတူ ခဲ့ကြပါတယ်။
နေပြည်တော်မှာ စစ်ရေးပစ်မှတ် သုံးနေရာကို ကာမီကာဇေ ဒရုန်းနဲ့ အတိုက်ခံရတာ၊ သင်္ကြန်တွင်း မေမြို့မှာ မအလကို ဦးတည်ပြီး ရှော့တိုက်ဒုံး အလုံး သုံးဆယ်လောက် အပစ်ခံရတာတွေ ကြုံရပြီးတဲ့နောက်မှာ မြန်မာ့ နိုင်ငံရေးအပေါ် နိုင်ငံတကာက အရင်ကထက် ပိုစိတ်ဝင်စားလာပြီး အချိုးအကွေ့ တစ်ခုကို ရောက်ဖို့ တာစူနေပုံပါပဲ။
မအလ အသုံးမကျလို့၊ ပျော့ညံ့လို့၊ တပ်ပျက်ရင် သူတို့ပါရောပြီး ခံရတော့မှာမို့ မနေနိုင် မထိုင်နိုင် ဖြစ်လာကြတဲ့သူတွေပါ။ ဘာပဲဖြစ်ဖြစ် လူဟောင်းတွေထဲမှာ၊ မအလရဲ့ အနီးကပ် လူယုံတွေထဲမှာ သူ့အပေါ် မယုံမကြည် ဖြစ်လာကြတာကတော့ တော်လှန်ရေးအတွက် ကောင်းတဲ့အချက်လို့ ဆိုရပါမယ်။
တစ်ချိန်ထဲမှာပဲ ဦးသိန်းစိန်ခေတ်မှာ နေရာရခဲ့ကြတဲ့ စစ်အုပ်စုထဲက ဗိုလ်ချုပ်ဟောင်း တချို့ မအလကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးခံရတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီလူတွေ အဖမ်းခံရတာက ပြည်သူ ဘက်က စာနာပြီး မအလ မှားတယ်လို့ ယူဆတာမျိုးတော့ မဟုတ်ပါဘူး။
မအလ အသုံးမကျလို့၊ ပျော့ညံ့လို့၊ တပ်ပျက်ရင် သူတို့ပါရောပြီး ခံရတော့မှာမို့ မနေနိုင် မထိုင်နိုင် ဖြစ်လာကြတဲ့သူတွေပါ။ ဘာပဲဖြစ်ဖြစ် လူဟောင်းတွေထဲမှာ၊ မအလရဲ့ အနီးကပ် လူယုံတွေထဲမှာ သူ့အပေါ် မယုံမကြည် ဖြစ်လာကြတာကတော့ တော်လှန်ရေးအတွက် ကောင်းတဲ့အချက်လို့ ဆိုရပါမယ်။
ကရင်တပ်ပေါင်းစုက သိမ်းပိုက်ထားတဲ့ မြဝတီမြို့ ပြန်ရရေးအတွက် မအလနဲ့ လဘက်ခြောက်တို့ရဲ့ အိပ်မက်ကလည်း တဖြည်းဖြည်းနဲ့ ပျက်ပြယ်စ ပြုလာနေပါတယ်။
တစ်ဆက်ထဲမှာပဲ ကရင်တပ်ပေါင်းစုက သိမ်းပိုက်ထားတဲ့ မြဝတီမြို့ ပြန်ရရေးအတွက် မအလနဲ့ လဘက်ခြောက်တို့ရဲ့ အိပ်မက်ကလည်း တဖြည်းဖြည်းနဲ့ ပျက်ပြယ်စ ပြုလာနေပါတယ်။ တည့်တည့် ပြောရရင်တော့ မြဝတီကို စစ်ကူလိုက်ဖြည့်တဲ့ စစ်ကြောင်းချီတက်မှုက ခုထိ မအောင်မြင်ပါဘူး၊ လမ်းခုလတ်တလျှောက် အကျအဆုံး များစွာနဲ့ ရှေ့ဆက်တိုးမရဘဲ ရပ်တန့်နေပါတယ်။
ကချင်ဘက်မှာတော့ ကေအိုင်အေတပ်တွေဟာ ဖားကန့်ဘက်ကနေ တနိုင်းဘက်အထိ ထိုးစစ်ဆင်အောင်ပွဲခံနေတာ တွေ့ရပါတယ်။
ရခိုင်ဘက်ကို မျှော်ကြည့်လိုက်ပြန်တော့ နောက်ထပ် ခြင်းကြား ၄၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးပြန်ပါတယ်။ တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကိုလည်း AA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပါတယ်။ မြေပုံထဲကြည့်လိုက်ရင် စစ်တွေက စစ်ကောင်စီ တပ်တွေအဖို့တော့ ပင်လယ်ထဲ ဆင်းပြေးရမယ့်ကိန်း ဆိုက်နေပါပြီ။
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်း ပြောရာမှာ လူလုံးတောင် ကောင်းကောင်း ထွက်မပြရဲတော့တဲ့ မအလက တိုင်းပြည်ကြီး တည်ငြိမ်နေသယောင်၊ ဘာမှ ဖြစ်မနေသယောင် ခပ်တည်တည်နဲ့ ထုံးစံအတိုင်း ပြောနေပါသေးတယ်။
တစ်နိုင်ငံလုံးက အခြေအနေတွေ အားလုံးကို ခြုံကြည့်လိုက်ရင် မအလအတွက် ကောင်းကွက် တစ်ကွက်မှ မမြင်ရပါဘူး။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်း ပြောရာမှာ လူလုံးတောင် ကောင်းကောင်း ထွက်မပြရဲတော့တဲ့ မအလက တိုင်းပြည်ကြီး တည်ငြိမ်နေသယောင်၊ ဘာမှ ဖြစ်မနေသယောင် ခပ်တည်တည်နဲ့ ထုံးစံအတိုင်း ပြောနေပါသေးတယ်။
အရင်ကတော့ ဒီလိုပြောတာတွေက သူ့လူတွေ သူ့ကိုယုံဖို့ ၊ အောက်ခြေတပ်တွေကို ပြန်စည်းရုံးဖို့ပြောတာဖြစ်ပေမယ့် ခုတော့ သူ့စကားကို ယုံကြည်မယ့်သူထဲမှာ သူ့မိန်းမ ကြူကြူလှတောင် မပါလောက်တော့ပါဘူး။ မယုံဆို ဒီတလောတင် နှစ်ခါလောက် ပြေးခဲ့ရပြီ မဟုတ်လား။ နောက်တစ်ခါ ဆိုရင် မအလသွားတဲ့နောက် မလိုက်တော့ဘဲ ဒေါ်စုကို နေရာရွှေ့ထားတဲ့ အိမ်နားမှာ ကပ်နေတာကမှ ပိုလုံခြုံဦးမယ်လို့ တွက်နေလောက်ပါပြီ။
ဒီရက်ပိုင်း ထူးခြားသတင်းတွေထဲမှာ “ဝပြည်”တည်ထောင်တဲ့ ၃၅ နှစ်မြောက် အထိမ်းအမှတ်နေ့လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အဖွဲ့အစည်း အသီးသီးက သဝဏ်လွှာတွေ ပို့ကြရာမှာ NUG ယာယီ သမ္မတကြီးရဲ့ သဝဏ်လွှာလည်း ပါဝင်ပါတယ်။ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာ နွေဦးတော်လှန်ရေးအတွက် ဝတပ်ဖွဲ့ရဲ့ အကူအညီပေးမှုတွေအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဟိုပန်နဲ့ ပန်လုံကို ဝတွေ လက်ထဲ အပ်လိုက်တာရော၊ အခု သမ္မတကြီးရဲ့ သဝဏ်လွှာမှာ ပါတာကိုရော သုံးသပ်ကြည့်လိုက်ရင် ဒီအခြေအနေက မအလတို့ အောင့်သက်သက်နဲ့ ငြိမ်ခံနေရတဲ့ open secret တစ်ခုလို့ ဆိုရမှာပါ။
ဝအဖွဲ့ဟာ ဘယ်ဘက်မှ မလိုက်ဘဲ ကြားနေတဲ့အကြောင်း ထုတ်ဖော် ကြေညာထားခဲ့ပါတယ်။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဟိုပန်နဲ့ ပန်လုံကို ဝတွေ လက်ထဲ အပ်လိုက်တာရော၊ အခု သမ္မတကြီးရဲ့ သဝဏ်လွှာမှာ ပါတာကိုရော သုံးသပ်ကြည့်လိုက်ရင် ဒီအခြေအနေက မအလတို့ အောင့်သက်သက်နဲ့ ငြိမ်ခံနေရတဲ့ open secret တစ်ခုလို့ ဆိုရမှာပါ။
"အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာလွန်းခဲ့ပြီ" ဆိုတဲ့ သီချင်း စာသားလေး လိုတော့ ဖြစ်နေပါပြီ၊ မအလ ကိုယ်တိုင်လည်း ဒီအခြေအနေကို သိနေပေမယ့် ခိုင်းတာလုပ်မယ့် စရဖ တစ်သိုက်အားကိုးနဲ့ ဆက်မိုက်နေအုံးမှာပါပဲ။
နောက်တစ်ခုကတော့ ကိုယ့်ဘက်နဲ့ ဆိုင်ပါတယ်၊ ကရင်နီထဲက ကလလတအဖွဲ့က NUG ကိုပေးပို့တဲ့ သဝဏ်လွှာမှာ နုဂျီအနေနဲ့ စစ်ကိုင်း၊ မကွေး ဗမာဒေသတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ဂရုစိုက် ကူညီပေးဖို့ ပန်ကြားထားတာပါ။
နောက်တစ်ခုကတော့ ကိုယ့်ဘက်နဲ့ ဆိုင်ပါတယ်၊ ကရင်နီထဲက ကလလတအဖွဲ့က NUG ကိုပေးပို့တဲ့ သဝဏ်လွှာမှာ နုဂျီအနေနဲ့ စစ်ကိုင်း၊ မကွေး ဗမာဒေသတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ဂရုစိုက် ကူညီပေးဖို့ ပန်ကြားထားတာပါ။ ဒါက အလွန်ရိုးသားတဲ့ တော်လှန်ရေးစိတ်ဓါတ်နဲ့ ဝေဖန် အကြံ ပြုတာလို့ ဆိုရမှာပါ။
အညာဒေသက တိုက်ပွဲတွေမှာ ခုချိန်ထိ နာမည်ပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး တိုက်ပွဲဆင်နွှဲနေကြတာပဲ တွေ့နေရတာပါ၊ ဒါက လယ်သမား ကလေးအတွေးအခေါ် လွှမ်းမိုးနေတဲ့ လက္ခဏာပါ။ တပ်ဖွဲ့နာမည် တစ်ခုထဲနဲ့ ထုနဲ့ထည်နဲ့ တိုက်နိုင်မှ စခန်းသိမ်း၊ နယ်မြေသိမ်း အောင်ပွဲရမှာ ဖြစ်ပါတယ်။ ခုချိန်က ပြောက်ကျားတိုက်၊ မိုင်းဆွဲ အဆင့်ကနေ ခြေမှုန်းစစ်၊ နေရာယူစစ် ဆင်နွှဲရတော့မယ့် အချိန်ပါ။ ဒါကို ကလလတအဖွဲ့က ထောက်ပြချင်တဲ့ သဘောလို့ နားလည်မိပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒါတွေကို သေသေချာချာ လုပ်ဆောင်နေမှာ ဖြစ်ပေမယ့် ခုထိတော့ အားရစရာ မတွေ့ရ မမြင်ရသေးပါဘူး။
မအလရဲ့ ဌာနချုပ်က ဗမာဒေသမှာပါ။ နေပြည်တော်ကို ချေမှုန်းနိုင်ရင် တစ်နိုင်ငံလုံး မြို့ပေါင်းစုံ လိုက်သိမ်းနေစရာ မလိုတော့ပါဘူး။ ဒီတာဝန်ဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးက PDF တွေရဲ့ တာဝန် ဖြစ်လာမှာပါ။ ဒီအတွက် အဲဒီဒေသက တပ်တွေကို တပ်ပုံစံ ကျအောင် ပျိုးထောင်စုဖွဲ့ရေးက အင်မတန် အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒါတွေကို သေသေချာချာ လုပ်ဆောင်နေမှာ ဖြစ်ပေမယ့် ခုထိတော့ အားရစရာ မတွေ့ရ မမြင်ရသေးပါဘူး။ ဒါကြောင့် ကလလတအဖွဲ့ရဲ့ ဒီဝေဖန်အကြံပြုချက်က တကယ့်ကို အဖိုးတန်တဲ့ ဝေဖန်ထောက်ပြမှုလို့ ဆိုရမှာပါ။ NUG/MOD အနေနဲ့လည်း အချိန်မီ ပြုပြင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့တော့ မရဲတရဲနဲ့ မျှော်လင့်မိပါတယ်။
ခြုံပြောရင်တော့ ပြည်တွင်းရော ပြည်ပက အခြေအနေတွေ အရပါ တော်လှန်ရေးအတွက် အကောင်းဘက်မှာ ရှိနေပါတယ်၊ မဆုပ်မနစ်တဲ့ စိတ်ဓါတ်တွေနဲ့ ဆက်ပြီး တွန်းကြ၊ ရုန်းကြဖို့ပဲ လိုပါတယ်။
မအလနဲ့ အပေါင်းအပါတွေအနေနဲ့ကတော့ “အသေထွက်မလား အရှင်ထွက်မလား”ဆိုတာ သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အချိန် ရောက်လာတော့မှာပါ။ သူတို့ထဲက ပြည်သူကို မျက်နှာမူတဲ့သူပေါ်ထွက်လာဖို့ ဆိုတာကတော့ စိတ်ကူးယဥ်လို့ ကောင်းပေမယ့် ဖြစ်လာစရာ မရှိပါဘူး။
နိုင်ငံတကာက သူတို့ ဖြစ်ချင်တာတွေကို ဘယ်လိုပဲ ဘေးတီးပေးနေပါစေ၊ မြန်မာ့ ဒီမိုကရေစီ အရေးမှာတော့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကသာလျှင် အဆုံးအဖြတ် ဖြစ်သွားမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။