ဒီရက်ပိုင်း သတင်းတွေက အင်မတန် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ကချင်ဘက်မှာ နယ်စပ်တကြော လွယ်ဂျယ်ပါ မကျန် အားလုံးလောက်ကို မအလတို့ လက်လွှတ်လိုက်ရပါတယ်။ ကရင်ဘက်မှာတော့ အရေးအပါဆုံး နယ်စပ်မြို့ကြီးဖြစ်တဲ့ မြဝတီမြို့ကို လက်လွှတ်လိုက်ရပြန်ပါတယ်။ စိတ်ဝင် စားစရာ အကောင်းဆုံး အထူးသတင်းကတော့ နေပြည်တော် စစ်ရုံး၊ အေလာလေတပ်နဲ့ မအလအိမ်ပါ အပါအဝင် ဒရုန်း ၂၈ စင်းနဲ့ အတိုက်ခံ လိုက်ရတာပါပဲ။
ပြီးခဲ့တဲ့အပတ်ထဲက ဒဲရစ်ချိုလက်က ထိုင်းနိုင်ငံမှာ K3C အဖွဲ့တွေနဲ့ လူသားချင်း စာနာမှု အကူအညီကိစ္စ ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးကြတာကတော့ အကူအညီတွေကို တကယ်လိုအပ်နေသူတွေထံရောက်စေမယ့် လမ်းကြောင်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာပါ။ စကစဆီက သွားရင် မရောက်မှာသေချာနေလို့ပါ။
အမေရိကန်ရဲ့ မြန်မာဆိုင်ရာ ပေါ်လစီက အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားသလို အလွန်ရှင်းနေပြီးသားပါ။ Non Lethal ဆိုတဲ့ အသက်သေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေ မပါတဲ့ အခြားသော အကူအညီတွေကို ပေးသွားမယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က အထူးကိုယ်စားလှယ်ကလည်း အားကျမခံ နေပြည်တော်ကို သွားပါတယ်။ ဟော …နေပြည်တော် ဒရုန်းနဲ့လည်း အတိုက်ခံရရော၊ တရုတ်သံအမတ်က နေပြည်တော် ၆ လုံးတန်းက သက်ကြားအိုတွေကို သွားတွေ့ပြန်ပါရော။ ပြောတာကတော့ သင်္ကြန်နှစ်သစ်ကူးအကြို တွေ့ဆုံမေးမြန်းခြင်းပေါ့။ ဒါပေမယ့် ကြည့်ရတာ နည်းနည်းတော့ ပြာယာခတ် နေသလိုပါပဲ။
အမေရိကန်ဘက်ကတော့ Burma Act ပါ ကိစ္စတွေကို ကြေညာထားတဲ့ အတိုင်းပဲ လုပ်မှာပါ။ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ ပေါ်လစီက အကြိမ်ကြိမ် ထုတ်ဖော် ပြောဆိုထားသလို အလွန်ရှင်းနေပြီးသားပါ။ Non Lethal ဆိုတဲ့ အသက်သေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေ မပါတဲ့ အခြားသော အကူအညီတွေကို ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါတွေကလည်း သူတို့ယုံကြည်တဲ့ အေဂျင်စီတွေကနေ တဆင့်လာမှာဆိုတော့ ၁၀၀ ပေးလို့ ၃၀ လောက် ရရင်ကံကောင်းပါပဲ။ အဲတော့ အစိုးရိမ်လွန်တတ်တဲ့ ပေါက်ဖော်ကြီး အထင်တွေ မှားပြီး မတော်တရော် ခြေလှမ်းတွေ လှမ်းမှာ ပြည်သူတွေက ကြားကနေ ပြန်ပြီး စိုးရိမ်နေရပါတယ်။
မြန်မာနိုင်ငံကို လက်နက် အတိုအစလေးတွေ၊ လေယာဉ်စုတ်လေးတွေလောက် ရောင်းပေးဖို့ သဘောထားတဲ့ ရုရှားက မအလ မျက်နှာချိုသွေးလွန်းတော့ မြန်မာကို အချောင်ရမယ့် အမဲသားတုံးလေးလို့ မြင်လာပုံ ရပါတယ်။
တဘက်မှာလည်း မြန်မာနိုင်ငံကို လက်နက် အတိုအစလေးတွေ၊ လေယာဉ်စုတ်လေးတွေလောက် ရောင်းပေးဖို့ သဘောထားတဲ့ ရုရှားက မအလ မျက်နှာချိုသွေးလွန်းတော့ မြန်မာကို အချောင်ရမယ့် အမဲသားတုံးလေးလို့ မြင်လာပုံ ရပါတယ်။
မအလကလည်း သူ့အိပ်ထဲက စိုက်ရတာမဟုတ်လို့ ဖောခြင်းသောခြင်း ပေးနေတဲ့ ထုံးစံအတိုင်း ရုရှားအရာရှိကြီး ၁၅ ယောက်လောက်ကိုပါ တော်လှန်ရေးနေ့မှာ ဆုတံဆိပ်တွေ အမျိုးမျိုး ပေးလိုက်ပါသေးတယ်။ တဘက်က “မျက်စပစ်ပြလိုက်၊ ထမိန် ခဏခဏ ဖြည်ပြဝတ်ပြလိုက် လုပ်နေတော့လည်း ဘသားချောက ငါ ဘာလုပ်လိုက်ရရင် ကောင်းမလဲ”လို့ စဥ်းစားလာတော့မှာပေါ့။ ဒါကလည်း တဖြည်းဖြည်းနဲ့ ဒေသတစ်ခုလုံး အတွက်ပါ စိတ်ပူစရာတစ်ခု ဖြစ်လာနေပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွားရေးပါ ဆုံးရှုံး ချွတ်ခြုံကျလာနေတဲ့ စကစဟာ အစိုးရတစ်ခုအနေနဲ့ အလွန် အားနည်းလာနေပြီ ဖြစ်ပါတယ်။ ဟန်ကိုယ့်ဖို့ လုပ်နေရပေမယ့် သူတို့အတွင်းမှာ အတော်ပူလောင်နေပါပြီ။ ဒီကြားထဲ နေပြည်တော်ပါ မလုံမခြုံ ဖြစ်လာတော့ ပိုဆိုးပြီပေါ့။
ဇော်မဲလုံးက ထုံးစံအတိုင်း မျက်နှာပြောင်ပြောင်ထားပြီး ဖာထေးနေပေမယ့် သူ့စကားမှာကို အခြေအနေ မဟန်တာ ပေါ်လွင်နေတယ်။ ဒရုန်းတွေ နပတကို ဝင်နိုင်တာ မဆန်းဘူးဆိုပဲ။
ဇော်မဲလုံးက ထုံးစံအတိုင်း မျက်နှာပြောင်ပြောင်ထားပြီး ဖာထေးနေပေမယ့် သူ့စကားမှာကို အခြေအနေ မဟန်တာ ပေါ်လွင်နေတယ်။ ဒရုန်းတွေ နပတကို ဝင်နိုင်တာ မဆန်းဘူးဆိုပဲ။ ရုရှားမှာတောင် ဒီလို တိုက်ခံနေရတာပဲဆိုပြီး သူ့ဆရာကိုတောင် သေဖော်ညှိ လိုက်ပါသေးတယ်။
ဝင်လာတာ မတားနိုင်တာကို မပြောတော့ဘူး။ ပစ်ချနိုင်တာက သူတို့ရဲ့ စွမ်းရည်ပဲတဲ့။ တကယ်တော့ အသေခံ ဒရုန်းဖြစ်တဲ့အတွက် ပစ်မချလည်း ပစ်မှတ်ပေါ်ကျပြီး ပေါက်ကွဲမှာပါပဲ။ အဲဒါကို ဇော်မဲလုံးက ကလေး ဦးနှောက်နဲ့ ဝင်ပြီး ကာကွယ်နေတာပါ။
နောက်ပြီး ဒီဒရုန်းတွေက အပျော်တန်းအဆင့်ပဲ ရှိတယ်တဲ့။ သူတို့လို ကမ္ဘာ့အဆင့် ၃၈ ကြီးက အဲလိုအပျော်တန်း အဆင့်တောင် မလုပ်နိုင်တာတော့ ထည့်မပြောတော့ဘူး။
နောက်ပြီး ဒီဒရုန်းတွေက အပျော်တန်းအဆင့်ပဲ ရှိတယ်တဲ့။ သူတို့လို ကမ္ဘာ့အဆင့် ၃၈ ကြီးက အဲလိုအပျော်တန်း အဆင့်တောင် မလုပ်နိုင်တာတော့ ထည့်မပြောတော့ဘူး။
သူတို့နဲ့ ပြောင်းပြန် တစ်ကမ္ဘာလုံးက သတင်းတွေမှာတော့ PDF တွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်မှု၊ စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေက ဂုဏ်ပြုလောက်စရာပါပဲ။
ဒီလိုဖာထေးပုံတွေက ဇော်မဲလုံး တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ အရင် စစ်အုပ်စု သက်တမ်း အဆက်ဆက်မှာ ကတည်းက ဒီလိုကိစ္စတွေ ရှိခဲ့ပါတယ်။
သူတို့ လုပ်လေ့ရှိတာက သတင်းအမှားတွေ ဒလစပ် ထုတ်တာပါ။ မင်းအောင်လှိုင်ကတောင် ဟိုတလောက တိုင်းပြည်စီးပွားရေး တိုးတက်နေတယ်လို့ ပြောသွားသေးတာပဲ။ နောက်တော့ ဒီကိစ္စတွေ လူသိသွားရင်လည်း ဘူးခံငြင်းတာပါပဲ။ ဖင်ပိတ်ပြီး အမျိုးမျိုးတွေ ပြောနေပေမယ့် အမှန်တရား ပေါ်လာပြီ ဆိုရင်တော့ သူတို့နဲ့ မဆိုင်သလို ရူးချင်ယောင်ဆောင်ကြတာ ထုံးစံ ဖြစ်နေပါပြီ။
ဇော်မဲလုံးက အဲလို “ဇ” အပြည့်ရှိသူပါ။ သူ့ကိုလည်း ပေါ့ပေါ့ မထင်ပါနဲ့။ သူများ သားပျိုသမီးပျိုတွေ စစ်ထဲထည့်ဖို့ အမျိုးမျိုး ဆော်သြနေပေမယ့် သူ့သမီးကျတော့ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ ကိုယ်ရံတော် နှစ်ယောက်ထည့်ပြီး လွှတ်ထားတာဆိုပဲ။
ဇော်မဲလုံးက အဲလို “ဇ” အပြည့်ရှိသူပါ။ သူ့ကိုလည်း ပေါ့ပေါ့ မထင်ပါနဲ့။ သူများ သားပျိုသမီးပျိုတွေ စစ်ထဲထည့်ဖို့ အမျိုးမျိုး ဆော်သြနေပေမယ့် သူ့သမီးကျတော့ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ ကိုယ်ရံတော် နှစ်ယောက်ထည့်ပြီး လွှတ်ထားတာဆိုပဲ။ သူတို့က အဲသလို ထင်ရာပြော ထင်ရာလုပ်ကြသူတွေပါ။
စစ်တပ်ရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ် တစ်စုဟာ စစ်သားတွေရဲ့ အသက်တွေကို ချနင်း၊ ပြည်သူကို ရက်ရက်စက်စက် သတ်ပြီး သူတို့ အာဏာတည်မြဲရေး၊ သူတို့ ကြီးပွားချမ်းသာရေးပဲ လုပ်နေတယ်ဆိုတာကတော့ ကြာလေ ပိုရှင်းလာလေပါပဲ။
နိုင်ငံက အားနည်းလာတော့ ဟိုဘက် ဒီဘက် အင်အားကြီးတွေ ခြေရှုပ်လာတာကလည်း ကြိုဆိုစရာ မကောင်းတဲ့ကိစ္စတွေပါပဲ။ စစ်ခေါင်းဆောင်တွေကတော့ ပြဿနာကို လက်ယပ်ခေါ်နေမှာပါပဲ။ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ လူယုတ်မာ စိတ်ဓါတ်က အပြည့် ရှိပြီးသားပါ။
မီးရှို့ခံရတဲ့ရွာတွေ၊ နေစရာအိမ် မရှိကြတော့တဲ့ ပြည်သူတွေကို စာနာတတ်လာအောင် နေပြည်တော်က အိမ်တချို့ကို ဒရုန်းဗုံးသီးတွေ ကြဲချပေးဖို့ လိုနေပါသေးတယ်။
ကိုယ့်ဘက်က လုပ်ရမှာကတော့ ဖက်ဆစ်စစ်တပ် အမြစ်ပြတ် ချေမှုန်းရေးပါပဲ။ အခု နေပြည်တော်ကို စပြီး ခြိမ်းခြောက် လာနိုင်ပါပြီ။ ဒါက ပဏာမ မြေပုံညွှန်း ယူတဲ့အဆင့်ပဲ ရှိပါသေးတယ်။ မီးရှို့ခံရတဲ့ရွာတွေ၊ နေစရာအိမ် မရှိကြတော့တဲ့ ပြည်သူတွေကို စာနာတတ်လာအောင် နေပြည်တော်က အိမ်တချို့ကို ဒရုန်းဗုံးသီးတွေ ကြဲချပေးဖို့ လိုနေပါသေးတယ်။
တော်လှန်ရေးလှိုင်းလုံးတွေက ပြည်နယ်တွေ အောင်ပွဲခံတာနဲ့ တပြိုင်တည်း နေပြည်တော်ကိုပါ ဖြိုချပစ်ရတော့မှာပါ။ ဒီလိုဖြစ်ဖို့ အခြေအနေ အရပ်ရပ်က ရင့်မှည့်နေပါပြီ။ တိုင်းရင်းသား ERO တွေ၊ PDF တွေနဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး၊ ပြည်တော်ဝင်ရေး နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲကြဖို့ အချိန်အခါ သင့်နေပြီ ဖြစ်ကြောင်းပါ။ ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။