Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ဩဇီ နိုင်ငံခြားရေး ဝန်ကြီးဟောင်းကို ခန့်အပ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ပ် (Julie Bishop)ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် မနေ့က ဧပြီ ၅ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။ 

 

အရင် ခန့်အပ်ထားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် စင်္ကာပူ နိုင်ငံသူ နိုလင်းဟေဇာရဲ့ နေရာမှာ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘိရှောပ့်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ 

 

ဂျူလီဘိရှော့ဟာ လက်ရှိမှာ ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး နိုင်ငံရေး၊ ဥပဒေ၊ စီမံခန့်ခွဲနဲ့ ခေါင်းဆောင်မှု နယ်ပယ်တွေမှာ အတွေ့အကြုံ များသူ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ဂျူလီဘိရှော့ပ်ဟာ ဩစတြေးလျရဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၂၀၁၃ ကနေ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဩစတြေးလျပါလီမန် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၁၉၉၈ ခုနှစ်ကနေ  ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်း  ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ 


ဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩဇီ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်တို့ ၂၀၁၃ ခုနှစ်က တွေ့ဆုံစဉ် (Department of Foreign Affairs and Trade, Australia) 

~~~~

နှင်းမြ

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။