Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ပေါက်မြို့နယ်ရှိ ချောင်းကူးပင်မ ဓာတ်အားခွဲရုံနဲ့ ကင်းပုန်းတပ်ကို   ဗုံးသီး ၅၀ ကျော်ကြဲချ တိုက်ခိုက်၊ တိုက်ခိုက်မှုကြောင့် ကပစ ၂၄ စက်ရုံ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ပိုင်းရှိ ချောင်းကူးပင်မ ဓာတ်အားခွဲ လျှပ်စစ်ရုံးနဲ့ အကြမ်းဖက် စစ်ကောင်စီ ကင်းပုန်းတပ်တို့ကို မြိုင်ပကဖနဲ့ ပေါက်ပကဖတို့ ပူးပေါင်းပြီး ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။

 

ချောင်းကူးပင်မ ဓာတ်အားခွဲရုံဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၂၄) အဓိက လုပ်ငန်းလည်ပတ်စေဖို့ အရေးပါတဲ့ လျှပ်စစ်ရုံး ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေ အခြေချ တပ်စွဲထားတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ လျှပ်စစ်ရုံးနဲ့ အကြမ်းဖက် စစ်ကောင်စီ ကင်းပုန်းတပ်တို့ကို မြိုင်ပကဖနဲ့ ပေါက်ပကဖအဖွဲ့တို့က ဒရုန်း ၄ စီး အသုံးပြုပြီး 3 Kg ဗုံးသီး ၆ ခု၊ 1.8 Kg ဗုံးသီး ၂ ခု၊ 800 gm ဗုံးသီး ၆ ခု၊ 500 gm ဗုံးသီး ၂၄ ခု၊ ရော့ကတ် ၁၅ ခု စုစုပေါင်း ဗုံးသီး ၅၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြိုင်ကပဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ယင်း တိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ်ရှိ ကပစ ၂၄ စက်ရုံမှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်း သွားတယ်လို့လည်း ဖော်ပြပါတယ်။

 

တိုက်ခိုက်မှုအပြီးမှာ ဆူးပုတ်ခုံရွာနဲ့ သရက်တောပျူရွာတို့ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ချောင်းကူးကျေးရွာရှိ နေအိမ်တွေပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဓာတ်ပုံ- ကပစ ၂၄ စက်ရုံကို ဓာတ်အားပို့လွှတ်နေတဲ့ လျှပ်စစ်ရုံး

~~~~

သက်ပိုင်ဦး

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။