ရခိုင်ပြည်နယ်ဘက်မှ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၃ မှ စစ်သား ၂ ဦးနဲ့ ခမရ ၃၄၆ တပ်ရင်းမှ စစ်သား ၄ ဦးတို့ကို မကွေး အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ People's Revolution Alliance (PRA)က အရှင် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၃ တပ်ရင်းမှ စစ်သား ၂ ဦးဟာ မတ်လ ၂ ရက်နေ့ကတည်းက တတက ၉ ကနေ ထွက်ပြေးလာတာ ဖြစ်ပြီး မကွေးတိုင်း၊ စေတုတ္တရာမြို့မှာ PRA တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ခမရ ၃၄၆ တပ်ရင်းမှ စစ်သား ၄ ဦးဟာ ဧပြီလ ၁ ရက်နေ့မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)၊ အမ်းမြို့ကနေ ထွက်ပြေးလာတာ ဖြစ်ပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ အရှင် ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၆ ဦးကို လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်သွားဖို့ မိတ်ဖက် တော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA ထံကို လွှဲပြောင်းပေးမယ်လို့ PRA (မကွေး) က ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော် AA က အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နေ့စဉ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေပြီး အထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေ တာဝန်ကျရာ တပ်တွေကနေ ထွက်ပြေးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - PRA (မကွေး)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။