Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အဆုံး တစ်နေ့...မှာ (Human Rights)

ကျုပ်က အသက် ၇၀ ကျော်မှ ကျုပမရဲ့ နေဝင်ချိန်ဘဝခရီးကို အေးချမ်းငြိမ်သက်စွာ ဖြတ်သန်းချင်လို့ ရွာကိုပြန်ပြီး အခြေချနေထိုင်နေတာလေ။ ကျေးလက်မှာက လတ်ဆတ်တဲ့လေလည်း ရှူရှိုက်ရပါရဲ့။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေလည်း စားသောက်ရပါရဲ့။ စက္ခုအာရုံ၊ သောတအာရုံတွေလည်း ငြိမ်သက်အေးချမ်းလှပါရဲ့။ ကိုယ့်ဆုံးဖြတ်ချက် မှန်ကန်ခဲ့လို့ ပီတိလည်းဖြစ်ရပါရဲ့။

 

 တို့ရွာ ဘယ်တော့များ မီးတင်ရှို့ခံရမလဲ၊ ဘယ်သူ အသတ်ခံရမလဲ။ ဖမ်းဆီးခံကြရမလဲနဲ့ နေ့တဓူဝ သောကတွေ တောက်လောင်နေရတယ်။

 

ဒါပေမဲ့ တစ်ဘို့တည်းသမား မအလဆိုတဲ့ လူ့ငနွားက အာဏာသိမ်းလိုက်တော့ အေးချမ်းငြိမ်သက်တဲ့ ကျုပ်တို့ရွာလေး ဗလောင်ဆူသွားတော့တာပဲ။ ကျုပ်တို့ရွာမှမဟုတ်ပါဘူး။ တခြားရွာတွေအားလုံးလည်း လူမှုဘဝတွေ ဗြောင်းဆန်ကုန်ကြတော့တယ်။ အလုပ်အကိုင်လည်း ဖြောင့်ဖြောင့်တန်းတန်း မလုပ်ကိုင်နိုင်ကြ၊ အိပ်ရတာလည်း စိုးတထိတ်ထိတ်နဲ့။ တို့ရွာ ဘယ်တော့များ မီးတင်ရှို့ခံရမလဲ၊ ဘယ်သူ အသတ်ခံရမလဲ။ ဖမ်းဆီးခံကြရမလဲနဲ့ နေ့တဓူဝ သောကတွေ တောက်လောင်နေရတယ်။

 

မအလဆိုတာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတဲ့အကောင်ကိုပြောတာပါ။ နာမည် အပြည့်အစုံ မခေါ်တာ။ နဝတလက်ထက် ဒေါ်အောင်ဆန်းစုကြည်ကို စုကြည်လို့ခေါ်သလိုမျိုး နာမည်အတိုကောက်ခေါ်တာ။ အခု ကျုပ်တို့က မင်းအောင်လှိုင်ကို မအလလို့ ခေါ်သလိုမျိုးပ။ အဲဒီလိုခေါ်ဝေါ်တာ ဂုဏ်သရေရှိပြီး ယဥ်ကျေးမှုရှိသူတွေရဲ့ အပြုအမူတော့ မဟုတ်ပေဘူး။


ဒါပေမဲ့ အဲဒီကောင်ကို အသည်းပေါက်အောင် နာကျည်းလွန်းလို့ ကျုပ်ကိုယ်နှိုက်က နာမည်ခေါ်ရတာ ရွံရှာမုန်းတီးလွန်းလို့ အတိုကောက်ပဲခေါ်မယ်။ မ   အ    လ။ ကျုပ်ကို ဂုဏ်သိက္ခာမရှိတဲ့သူ၊ ရိုင်းစိုင်းတဲ့လူလို့ သတ်မှတ်ချင် သတ်မှတ်ကြပေရော့။


ဘယ်နှယ်ဗျာ။ မနေ့က မနက်ပိုင်း ဖိုးဇော်တို့မောင်နှမကို ကြက်ကလေးငှက်ကလေးပစ်သလို ပစ်သတ်သွားတာဗျ။ အဲဒီမောင်နှမက ရိုးရိုးသားသားနဲ့ တောင်သူလုပ်ငန်းလုပ်ကိုင်နေကြသူတွေ။ ဖိုးဇော်အသက်က ရှိလှမှ ၂၄ နှစ်ပေါ့။ သူ့နှမမချောက သုံးနှစ်ကြီးသုံးနှစ်ငယ်ထား ၂၁ နှစ်ပေါ့ဗျာ။ ဒီကလေးတွေရဲ့အနာဂတ်က အများကြီးရှိသေးတာ။ တကယ် အရွယ်ကောင်းလေးတွေ။

 

ခုတော့ နိမဲ့သက်သက်ကို အနိုင်ကျင့်ပစ်သတ်လိုက်တာ။ ဘယ်တပ်မတော်သားမဆို အပြစ်မဲ့ပြည်သူတစ်ယောက်ကို ပစ်သတ်လိုက်တာနဲ့ အဲဒီစစ်သားဟာ တပ်မတော်သားမဟုတ်တော့ဘူး၊ အကြမ်းဖက်သမားဖြစ်သွားပြီတဲ့။


ပြီးတော့ ဒီကလေးတွေက ခိုးဆိုးလုယက်နေလို့လား။ ခိုးဆိုးလုယက်နေတယ်ထား၊ ပစ်သတ်စရာလား။ ဥပဒေရှိတယ်လေကွာ။ ဥပဒေအတိုင်းစီရင်ရမှာပေါ့။ ခုတော့ နိမဲ့သက်သက်ကို အနိုင်ကျင့်ပစ်သတ်လိုက်တာ။ ဘယ်တပ်မတော်သားမဆို အပြစ်မဲ့ပြည်သူတစ်ယောက်ကို ပစ်သတ်လိုက်တာနဲ့ အဲဒီစစ်သားဟာ တပ်မတော်သားမဟုတ်တော့ဘူး၊ အကြမ်းဖက်သမားဖြစ်သွားပြီတဲ့။ ဟုတ်တယ်။ ကျုပ်တို့နိုင်ငံမှာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ လက်နက်အားကိုးနဲ့ အာဏာလုယူ သိမ်းလိုက်ကတည်းကိုက တပ်မတော်ဆိုတာ မရှိတော့ဘူး။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သွားပြီ။ မအလဟာ အကြမ်းဖက်အဖွဲ့အစည်း ခေါင်းဆောင်။ မ.အ.လ စေခိုင်းတာကို လက်နက်ကိုင်ပြီး ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့၊ ခိုးယူ၊ လုယက်၊ သတ်ဖြတ်နေကြတဲ့ သူတွေအားလုံး အကြမ်းဖက်သမားတွေ။ နောက်လိုက် စစ်ခွေးတွေ။


မနေ့မနက်ပိုင်းက ရွာထဲကို စခ ၁၀ ယောက်လောက် ဝင်လာတယ်။ ခွေးတွေမတရားဟောင်နေလို့လည်း ဝင်လာမှန်းသိကြတာ။ မနက်ခင်းပိုင်း ယာတောသွားနေကြတဲ့အချိန်ဆိုတော့ ရွာထဲမှာ လူလည်း သိပ်မရှိဘူး။ တံခါးပိတ်ထားတဲ့အိမ်တွေထဲ အတင်းချိုးဖျက်ဝင်ကြ။ ပစ္စည်းတွေ ချိုးဖျက်မွှေနှောက်၊ လိုချင်တာတွေ့ရင် ယူငင်။ ယူနီဖောင်းဝတ်ထားကြတဲ့ ဓားမြတွေ။

 

ကြောက်ရုံလန့်ရုံ သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ပါလား။ ဒါကိုဗျာ။ တည့်တည့်ကြီး ပစ်ချလိုက်တယ်။ မောင်နှမနှစ်ယောက်လုံး မှောက်ရက်လေးတွေနဲ့ သွေအိုင်ထဲ သေနေရှာတာတဲ့။

 

အဲဒီမှာ ဖိုးဇော်တို့မောင်နှမက ပဲတီစိမ်းဆွတ်ပြီး ပြန်လာကြတာတဲ့။ စခတွေမြင်တော့ ကြောက်လန့်တကြား နောက်ကို ပြန်ပြေးကြမှာပေါ့လေ။ တကယ်လို့ လူစိတ်ရှိတယ်ဆိုရင် "ဟေ့၊ မပြေးနဲ့ ရပ်၊ ပြေးရင်ပစ်မှာ" လို့ သတိပေးသင့်တာပေါ့။ ဒါမှမဟုတ် ကလေးတွေဆီမှာ တုတ်တစ်ချောင်းတောင် ပါကြတာမှမဟုတ်ပဲ။ ပဲတီစိမ်းထည့်ထားတဲ့ ပုဆိုးတွေသာ ကွင်းသိုင်းလွယ်ထားကြတာ။ ကြောက်ရုံလန့်ရုံ သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ပါလား။ ဒါကိုဗျာ။ တည့်တည့်ကြီး ပစ်ချလိုက်တယ်။ မောင်နှမနှစ်ယောက်လုံး မှောက်ရက်လေးတွေနဲ့ သွေအိုင်ထဲ သေနေရှာတာတဲ့။


အမေဖြစ်တဲ့မြအိမ်ကတော့ ပြောမနေနဲ့။ အဖေဖြစ်တဲ့ ဝင်းအောင်တောင် အသံကုန်ဟစ် ဆဲလိုက်ဆိုလိုက်၊ ကြိမ်းမောင်းလိုက်နဲ့ ရှိုက်ကြီးတငင်ကို ငိုနေရှာတော့တာ။ ဘယ်မှာ ဖြေဆည်နိုင်ပါ့မလဲ။ ဖိုးဇော်ရဲ့သူငယ်ချင်းတွေလည်း အံတကြိတ်ကြိတ်နဲ့ မျက်ရည်တွေဝဲလို့။ သူတို့ထဲက ဘယ်နှစ်ယောက်လောက်များ PDF တွေဖြစ်လာကြမလဲ မဆိုနိုင်ဘူး။ တစ်ပွင့်ကြွေ၊ လေူငါးခြောက်ပွင့်ဝေ။ မိုးသီရဲ့သူငယ်ချင်းတွေလည်း မျက်ရည်နဲ့မျက်ခွက် အရွှဲသားပေါ့။ ရွာမှာတော့ မေ့ဖျောက်လို့မရတဲ့အမှတ်အသားတွေထဲက အမှတ်အသားတစ်ခု။

 

အားလုံးက စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုအောက်မှာ ခံစားချက်တူ ခံစားကြရပြီကိုး။ တစ်မြေတည်းသားချင်းဆိုတဲ့ အသိတရားက စည်းလုံးမှုကို ဖြစ်ထွန်းစေတယ်။ တူညီတဲ့ခံစားချက်က တူညီတဲ့တော်လှန်ရေးကို မွေးဖွားပေးလိုက်တယ်။


ဒီနေ့ အသုဘမှာတော့ ရွာနီးချုပ်စပ်က လူတွေ အတော်များများပဲ ရောက်လာကြတယ်။ သူတို့လည်း ထပ်တူထပ်မျှခံစားကြရပါတယ်ဆိုတဲ့ ပြယုဂ်ပေါ့။ ခုတော့ဖြင့် တိုင်းရင်းသားအချင်းချင်းတွေရော၊ တိုင်းရင်းသားတွေနဲ့ ပြည်မဘက်က ပြည်သူတွေရော လမ်းကြောင်းတစ်ခုတည်းအပေါ် ရောက်နေကြပြီ။ အားလုံးက စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုအောက်မှာ ခံစားချက်တူ ခံစားကြရပြီကိုး။ တစ်မြေတည်းသားချင်းဆိုတဲ့ အသိတရားက စည်းလုံးမှုကို ဖြစ်ထွန်းစေတယ်။ တူညီတဲ့ခံစားချက်က တူညီတဲ့တော်လှန်ရေးကို မွေးဖွားပေးလိုက်တယ်။


ဒင်းတို့အနေနဲ့ လက်နက်အားကိုး အစွမ်းကုန်ဖိနှိပ်နေပေမဲ့ တည်ငြိမ်အေးချမ်းဖို့နေနေသာသာ ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ချင်းနဲ့ ရခိုင်ဘက်တွေမှာ စစ်ရေးအားဖြင့် ရာဇဝင်မှာ စာတင်လောက်အောင်အထိ ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရပြီမဟုတ်ပါလား။ လက်နက်နဲ့ ဒေါက်တိုင်ပြုတည်ဆောက်၊ ဗိုလ်ကျလွှမ်းမိုးထားတဲ့ စစ်အာဏာရှင်တွေအနေနဲ့ စစ်ရေးအခြေမလှရင်ဖြင့် ရှုံးနိမ့်ဖို့သာ ရှိတော့တာမဟုတ်ပါလား။ ဒါကို ရှုံးမဲမဲပြီး အပြစ်မဲ့ပြည်သူတွေကို နိုင်ထက်စီးနင်းပြုလုပ်နေကြတယ်။

 

တကယ်တော့ ကျေးလက်မှာ အိုးအိမ်တစ်လုံးဖြစ်တည်လာဖို့ဆိုတာ မင်းတို့လို အာဏာဆုပ်ကိုင်ထားပြီး အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်၊ လွယ်လင့်တကူ တည်ဆောက်ရတာမျိုးမှ မဟုတ်ပဲ။ နှစ်ရှည်လများ ချွေးနဲ့ရင်းပြီး အိမ်တိုင်လေးဖဲ့ဝယ်၊ ဝါးလေးဖဲ့ဝယ်နဲ့ တည်ဆောက်ခဲ့ကြတာ။

 

ကြည့်လေ။ မနေ့ညကပဲ သက္ကယ်ကျင်းနဲ့ လယ်ဇင်ကြီးရွာနှစ်ရွာကို အကြောင်းမဲ့သက်သက် မီးတင်ရှို့လိုက်ကြသတဲ့။ အဲဒီ  ၂ ရွာပေါင်းရင် အိမ်ခြေ တစ်ထောင်ကျော် နှစ်ထောင်နီးပါး ရှိလိမ့်မယ်ထင်တယ်။ အဲဒီရွာတွေအနီးမှာ မိုင်းကွဲတာတွေ၊ တိုက်ပွဲဖြစ်တာတွေလည်း မကြားမိပါဘူး။ စစ်ရေးပစ်မှတ်မဟုတ်တာလည်း သေချာလွန်းပါရဲ့။ ဒါကို ဘာကြောင့်များ နိုင့်ထက်စီးနင်းမီးရှို့ဖျက်ဆီးရပါသလဲ။ ယုတ်မာအနိုင်ကျင့်မှုသက်သက်ပါပဲ။

 

တကယ်တော့ ကျေးလက်မှာ အိုးအိမ်တစ်လုံးဖြစ်တည်လာဖို့ဆိုတာ မင်းတို့လို အာဏာဆုပ်ကိုင်ထားပြီး အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်၊ လွယ်လင့်တကူ တည်ဆောက်ရတာမျိုးမှ မဟုတ်ပဲ။ နှစ်ရှည်လများ ချွေးနဲ့ရင်းပြီး အိမ်တိုင်လေးဖဲ့ဝယ်၊ ဝါးလေးဖဲ့ဝယ်နဲ့ တည်ဆောက်ခဲ့ကြတာ။ ပေါ့ဆမှုကြောင့် မတော်တဆမီးလောင်သွားရင်တောင်မှပဲ ပစ္စည်းသင်္ခါရဆိုပြီး ဖြေသိမ့်နိုင်ပါသေးရဲ့။ ခုတော့ကွာ။ မင်းတို့အကြမ်းဖက်သမားတွေလာတယ်ဆိုတာနဲ့ အသက်ဘေးစိုးရိမ်လို့ ရွာလုံးကျွတ်ထွက်ပြေးကြရတာကို။ အဲဒီအချက်နဲ့တင် မင်းတို့အနေနဲ့ ကျေနပ်သင့်ကြတာပေါ့ကွာ။ ဒါကို ဖျက်လိုဖျက်ဆီး ပြည်သူတွေအတိဒုက္ခရောက်ဖို့သက်သက် အိမ်တွေမီးတင်ရှို့ရတယ်လို့များကွာ။ တကယ်ကို လူစိတ်မရှိကြတဲ့စစ်ခွေးတွေ။

 

မင်းလို မတော်လောဘဇောကြောင့် လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်က လက်နက်အင်အားရှိရုံနဲ့ ဦးနှောက်မရှိတဲ့ကောင်တွေကို ခိုင်းစေနိုင်လို့ အာဏာကို အချိန်ကာလတစ်ခုအထိ ဆုပ်ကိုင်ထားနိုင်ပေမဲ့ ဘယ်တော့မှ ပြည်သူ့ခေါင်းဆောင်မဖြစ်နိုင်ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်ကွာ။


မင်းတို့စစ်အာဏာရှင်တွေရဲ့လုပ်ရပ်ကို တို့ပြည်သူတွေက ခွင့်မလွှတ်ဘူး။ ဒီတစ်သက်မကျေနပ်ဘူး မှတ်ပါ။ ထင်းခွေမကြုံ ရေခပ်တော့ ကြုံဦးမှာပါ။ ဒီမယ် အကြမ်းဖက်ခေါင်းဆောင် မအလ ရေ။ မင်းက ခေါင်းဆောင်ဖြစ်ချင်တာနဲ့ပဲ ပြည်သူတွေကို ဖမ်းဆီးထောင်ချ၊ ပြီးတော့ပစ်သတ်။ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး လုပ်နေတာလား။ အေး မင်းလို မတော်လောဘဇောကြောင့် လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်က လက်နက်အင်အားရှိရုံနဲ့ ဦးနှောက်မရှိတဲ့ကောင်တွေကို ခိုင်းစေနိုင်လို့ အာဏာကို အချိန်ကာလတစ်ခုအထိ ဆုပ်ကိုင်ထားနိုင်ပေမဲ့ ဘယ်တော့မှ ပြည်သူ့ခေါင်းဆောင်မဖြစ်နိုင်ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်ကွာ။

 

တို့ရွာအနေနဲ့တော့ နှစ်ခါပြန်မီးရှို့ခံရတာရော၊ အခု ဖိုးဇော်တို့မောင်နှမကို ပစ်သတ်ခဲ့တာရောကြောင့် မင်းတို့ကို ဘယ်တော့မှအခဲမကြေဘူး။ လဲပြိုပေမဲ့ ဘယ်တော့မှ ဒူးမထောက်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်လည်း မင်းအာဏာသိမ်းခဲ့တာကြောင့် လူငယ်တရပ်လုံးရဲ့အနာဂတ်လည်း ပျောက်ဆုံးခဲ့ရတာမဟုတ်လား။ ခုဆို ၃ နှစ်ရှိသွားပြီ။ နိုင်ငံနဲ့လူငယ်တွေအတွက် ဆုံးရှုံးမှုက အတိုင်းအတာ​ြီးမားလိုက်တာပါ။ အဲဒီအရာတွေအတွက် အဓိကတာဝန်အရှိဆုံးလူဟာ မင်းပဲ။ မင်းပဲကွ မင်းအောင်လှိုင်ရ။ ဒီတော့ မင်းအနေနဲ့ ပြန်လည်ပေးဆပ်ရလိမ့်မယ်။


သမိုင်းဟာ ဒီလိုနဲ့ဆိုပြီး ကျော်လွှားရင်း ပြီးဆုံးသွားလိမ့်မယ်မဟုတ်ဘူး။ အကြောင်းတရားကြောင့် အကျိုးတရား တစ်စုံတစ်ခုတော့ ဖြစ်ပေါ်လာရစမြဲပဲကွ။ အခုကြည့်လေ။ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းဟာ အပြစ်မဲ့တဲ့ တို့ပြည်သူတွေအပေါ်မှာသာ ငလုံးဂျင်နိုင်သလို နိုင်စားနေကြတာပါ။ လက်နက်ချင်းယှဥ်နိုင်တဲ့ EAO တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ပိုးစိုးပက်စက်အရှုံးတွေနဲ့ တွေ့ကြုံနေရပြီမဟုတ်လား။ မင်းတို့ကျဆုံးတော့မှာကလည်း အသေအချာ မုချထင်ရှားလာခဲ့ပြီလေ။

ဒီမှာ မင်းတို့ထွက်ပြေးကြမယ်လား။ ကြိုးစင်တက်ကြမယ်လား။ ကြိုက်ရာလမ်းသာ ရွေးချယ်ထားကြပေရော့။

~~~~

နွေသစ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။