နောက်တစ်ရက်ညနေခင်း မောင်ပွပြန်ရောက်လာမှပဲ အကြောင်းစုံကို ဂဃနဏသိလိုက်ရတော့တယ်။ ပူပန်မှုတွေတော့ ပြေပျောက်သွားပါရဲ့။ နို့မဟုတ်ရင် ဖုန်းအဆက်အသွယ်လည်းမရ၊ ပျောက်ဆုံးနေလေတော့ ပျူတွေကပဲ ဖမ်းဆီးခေါ်ဆောင်သွားသမလား၊ စခတွေကပဲ ဖမ်းဆီးထားလိုက်တာလား။ ရိုက်နှက်ညှင်းပန်းနေမလား၊ သတ်ပစ်လိုက်ကြပြီလား။ ကျန်ရစ်တဲ့သူတွေက တွေးပြီး ပူပန်ရတာပေါ့လေ။
သူတို့ကိုယ်တိုင်တောင် အသက်နဲ့ခန္ဓာတည်မြဲဖို့ သတိဝိရိယနဲ့ နေထိုင်နေရတာမဟုတ်လား။ တကယ့်ကို ခေတ်ကြီးက တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ခေတ်၊ လုံခြုံမှုမရှိတော့တဲ့ခေတ်ကြီး ဖြစ်နေပြီမဟုတ်လား။
ရဲစခန်းကို လူပျောက်သွားတိုင်လည်း အရေးယူဆောင်ရွက်ပေးနိုင်မယ်မထင်။ သူတို့ကိုယ်တိုင်တောင် အသက်နဲ့ခန္ဓာတည်မြဲဖို့ သတိဝိရိယနဲ့ နေထိုင်နေရတာမဟုတ်လား။ တကယ့်ကို ခေတ်ကြီးက တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ခေတ်၊ လုံခြုံမှုမရှိတော့တဲ့ခေတ်ကြီး ဖြစ်နေပြီမဟုတ်လား။
မောင်ပွပြောပြလို့ အကြောင်းစုံသိရတော့ ပူပန်မှုကနေပြီး သောကဖြစ်ကြရပြန်တယ်။ မောင်ပွတို့က ပုဂ္ဂလိက ကုန်စည်ပို့ဆောင်ရေးကားဂိတ်တစ်ခုမှာ ကုန်တင်ကုန်ချလုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့သူတွေ။ မနက်စောစော ရွာကနေ ထမင်းချိုင့်ထည့်ပြီး ဆိုင်ကယ်နဲ့ မြို့သွားကြ။ အလုပ်ပြီးချိန် ရွာပြန်လာကြပေါ့။ သူရယ်၊ သူ့သားအကြီးကောင်ရယ်၊ အောင်ကိုအောင်ချိုတို့ ညီအစ်ကိုရယ်၊ မြင့်အောင်ရယ် ပေါင်းငါးယောက်က အတူသွား၊ အတူပြန်။
အရောင်းအဝယ်ကောင်းကြစဥ် ဖွံ့ဖြိုးတိုးတက်စဥ်ကတော့ အလုပ်အကိုင်တွေပေါလို့ သူတို့လုပ်ခလည်း စို့စို့ပို့ပို့ရကြဟန်တူပါရဲ့။ ကြွေးမြီကင်းကင်းနဲ့ စားနိုင်သောက်နိုင်ကြဟန်တူပါရဲ့။ အာဏာသိမ်းလိုက်တော့ အရောင်းအဝယ်တွေ ရပ်တန့်ခမန်းဖြစ်သွားတယ်။ ကုန်တင်ကုန်ချမလုပ်ရတော့ သူတို့လုပ်အားခလည်း မစို့မပို့ဖြစ်သွားတာပေါ့လေ။
ဒီလိုပဲ ခိုးကြောင်ခိုးဝှက်စီးကြတာပေါ့ကွာလို့ စိတ်ကူးမိပါသေးရဲ့။ ဒါပေမဲ့ ဘယ်နေရာဖြင့် နှစ်ယောက်စီးတာတွေ့လို့ ပစ်သတ်လိုက်တာ သေရောဆိုတဲ့ သတင်းတွေကြားရတော့ မဝံ့မရဲ ဖြစ်ကြရပြန်တာပေါ့လေ။
ခါတိုင်း သူတို့သားအဖက ဆိုင်ကယ်တစ်စီး၊ အောင်ကိုတို့ညီအစ်ကိုက ဆိုင်ကယ်တစ်စီး။ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ယောက် မစီးရဆိုတဲ့ ကန့်သတ်ချက်တွေထုတ်ပြန်လာတော့ အခက်တွေ့ရော။ ဒီလိုပဲ ခိုးကြောင်ခိုးဝှက်စီးကြတာပေါ့ကွာလို့ စိတ်ကူးမိပါသေးရဲ့။ ဒါပေမဲ့ ဘယ်နေရာဖြင့် နှစ်ယောက်စီးတာတွေ့လို့ ပစ်သတ်လိုက်တာ သေရောဆိုတဲ့ သတင်းတွေကြားရတော့ မဝံ့မရဲ ဖြစ်ကြရပြန်တာပေါ့လေ။
ဒါနဲ့ Without တစ်ပတ်ရစ်ဆိုင်ကယ်လေးတ၀်စီးကို မဖြစ်မနေ ဝယ်ကြရတယ်။ တစ်သိန်းငါးသောင်းကျပ်။ အလုပ်မကောင်းပါဘူးဆိုမှ ငွေက တနင့်တပိုးထွက်သွားသေးတယ်။ ဒါမျိုးပြောတာပေါ့။ နူရာဝဲစွဲတယ်ဆိုတာ။ ဘယ်ကလာ၊ ကိုယ့်မှာ ကိုးသောင်း တစ်သိန်းတောင် အပိုအလျှံရှိနေနိုင်ပါ့မလဲ။ စားစားသောက်သောက် ဝါးဝါးမြိုမြိုပါဆိုနေ။ ဂိတ်ပိုင်က ငွေစိုက်ဝယ်ပေးထား၊ လုပ်အားခနဲ့ တဖြည်းဖြည်းနှိမ်ပြီး ဆပ်ရတာပ။ ဟိုဘက်လကမှ အကြွေးကျေသွားတယ်။ တစ်နှစ်ကျော်ကျော် ဆပ်လိုက်ရတယ်။
မအူဂိတ်ရောက်တော့ သေနတ်တွေနဲ့ချိန်ပြီးတားလို့ အဖမ်းခံလိုက်ရတာတဲ့။ လူတွေရော၊ ဆိုင်ကယ်တွေရော သူတို့ကားပေါ် ဇွတ်အတင်း၊ တင်ခိုင်း၊ တက်ခိုင်းတာတဲ့။
ထုံးစံအတိုင်း မနေ့က ငါးယောက်သား စောစောစီးစီး မြို့ကိုသွားကြတာတဲ့။ မအူဂိတ်ရောက်တော့ သေနတ်တွေနဲ့ချိန်ပြီးတားလို့ အဖမ်းခံလိုက်ရတာတဲ့။ လူတွေရော၊ ဆိုင်ကယ်တွေရော သူတို့ကားပေါ် ဇွတ်အတင်း၊ တင်ခိုင်း၊ တက်ခိုင်းတာတဲ့။ ဖုန်းတွေလည်း သိမ်းယူလိုက်တာတဲ့။ နောက် စစ်တပ်ထဲခေါ်သွားပြီး အဆောက်အအုံတစ်လုံးထဲ အနေခိုင်းသတဲ့။
ပြီးတော့ တစ်ယောက်ချင်း ခွဲခွဲခေါ်သွားသတဲ့။ သူ့တော့ မခေါ်ဘူးတဲ့။ သူတို့ရဲ့နောက်မှာလည်း လူငယ်လေး ၁၀ ယောက်လောက် ထပ်ရောက်လာသတဲ့။ အဲဒီလူငယ်တွေကိုလည်း တစ်ယောက်ချင်း ခွဲခွဲခေါ်သွားပြန်သတဲ့။ နေ့လယ်ခင်းကျ သူ့ဆီက ထမင်းချိုင့်တွေ လာတောင်းသတဲ့။ သူတို့သားအဖက နှစ်ယောက်စာပေါင်းပြီး ချိုင့်တစ်လုံးသာ ယူလာတာလေ။ ကြောက်စိတ်သာလွှမ်းနေပြီး စားချင်စိတ်လည်းမရှိတာနဲ့ နှစ်ယောက်စာချိုင့်ကို ဒီအတိုင်းပေးလိုက်တာတဲ့။
နောက်ဆုံး သူနဲ့ လူငယ်လေးနှစ်ယောက်သာ ကျန်ရစ်ခဲ့တာတဲ့။ စားစရာမပြောနဲ့၊ သောက်စရာရေတောင် တောင်းပြီး သောက်ရတာတဲ့။ အတော် ကိုယ်ချင်းစာတရားခေါင်းပါးကြတဲ့သူတွေပါတဲ့။
နောက်ဆုံး သူနဲ့ လူငယ်လေးနှစ်ယောက်သာ ကျန်ရစ်ခဲ့တာတဲ့။ စားစရာမပြောနဲ့၊ သောက်စရာရေတောင် တောင်းပြီး သောက်ရတာတဲ့။ အတော် ကိုယ်ချင်းစာတရားခေါင်းပါးကြတဲ့သူတွေပါတဲ့။ ဒီနေ့တော့ လူငယ် ၂ ယောက်သာ ခေါ်ယူသွားပြီး သူ့ကိုတော့ ပြန်နိုင်ပြီလို့ ပြောလိုက်သတဲ့။ ဆိုင်ကယ်နဲ့ဖုန်းရှိသေးတယ်လို့ပြောတော့ အဲဒါတွေပြန်လိုချင်ရင် ငွေနှစ်သိန်းယူခဲ့တဲ့လေ။
သူ့ဆိုင်ကယ်နဲ့ဖုန်းက ၃ သိန်းကျော်တန်ဖိုးရှိတာ။ ဒီလိုပဲ အဆုံးခံမလား၊ ၂ သိန်းနဲ့ပြန်ရွေးမလားဆိုတာ မစဥ်းစားတတ်တော့ဘူးတဲ့။ မောင်ပွရဲ့မယား မိအုန်းကတော့ သူ့သားအတွက် တရှုံ့ရှုံ့ငိုရင်း တပ်ချုပ်ကြီးနဲ့ စခတွေကို ကြိမ်းမောင်းနေလေရဲ့။ ယုတ်မာလိုက်ကြတဲ့ကောင်တွေ။ ပြည်သူတွေအပေါ် တရားလက်လွတ် လုပ်ချင်တိုင်းကို လုပ်နေကြတော့တာ။
စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာက နှစ်ရက်လောက်ပဲရှိသေးတာ။ ဒီလောက် မြန်မြန်ဆန်ဆန် သက်ရောက်မှုရှိနေပြီလား။ ဂွင်များ ဖန်နေကြလေရော့သလား။ ဂွင်ဖန်တယ်ဆိုကြပါတော့။ ဘယ်ကိုသွားရောက်တိုင်တန်းကြမလဲ။ ဘာပဲဖြစ်ဖြစ် မကောင်းဆိုးရွားကောင် မင်းအောင်လှိုင်သာ အရာရာအားလုံးအတွက် တာဝန်အရှိဆုံးလူပေါ့။ ဒီကောင် ယုတ်မာပြီး သူ့ကိုယ်ကျိုးအတွက် အာဏာသိမ်းလိုက်လို့ အားလုံး ကမောက်ကမ ဖြစ်ကုန်ကြတာ။ ခုနစ်ရက်သားသမီးအားလုံး စိတ်ရောကိုယ်ရော အတိဒုက္ခရောက်ကြရတာ။
သူတို့ကသာ လုယက်ခိုးယူနေကြလို့ ငွေ ၂ သိန်းကို လွယ်လွယ်ကလေးထင်နေကြတာ။ လက်လုပ်လက်စားတွေအဖို့ ငွေ ၂ သိန်းဆိုတာ အင်မတန် အခက်အခဲကြီးတစ်ခု။
မောင်ပွကိုတော့ ပြန်ပြီးရွေးခိုင်းရမယ်ထင်ပါရဲ့။ မဟုတ်ရင် ၃ သိန်းကျော် ဆုံးရှုံးရှာမှာ။ ရွေးရအောင်လည်း ဘယ်မှာတုန်း ငွေ ၂ သိန်း။ သူတို့ကသာ လုယက်ခိုးယူနေကြလို့ ငွေ ၂ သိန်းကို လွယ်လွယ်ကလေးထင်နေကြတာ။ လက်လုပ်လက်စားတွေအဖို့ ငွေ ၂ သိန်းဆိုတာ အင်မတန် အခက်အခဲကြီးတစ်ခု။
" ငါက ၁ သိန်း စိုက်ထားလိုက်မယ်။ ငါးသောင်းတော့ ဖြည်းဖြည်းချင်းပြန်ဆပ်၊ ငါးသောင်းကတော့ ကူညီတယ်လို့ သဘောထား။
မောင်ပွကိုပြန်လွှတ်ပြီး ကျန်တဲ့လူတွေ ခေါ်ထားလိုက်တာ။ ပေါ်တာဆွဲထားလိုက်တာ ဖြစ်မယ်။ အရွယ်ရောက်တဲ့ သားသမီး ရှိသူတိုင်း စိတ်သောက ပူပန်ဖိစီးကြရဦးမှာပါပဲ။
မောင်ပွက အသက် ၅၀ ကျော်နေပြီ။ ကျန်တဲ့ကောင်တွေက အသက် ၃၀ တန်းအရွယ်တွေ။ ဒါကြောင့် မောင်ပွကိုပြန်လွှတ်ပြီး ကျန်တဲ့လူတွေ ခေါ်ထားလိုက်တာ။ ပေါ်တာဆွဲထားလိုက်တာ ဖြစ်မယ်။ အရွယ်ရောက်တဲ့ သားသမီး ရှိသူတိုင်း စိတ်သောက ပူပန်ဖိစီးကြရဦးမှာပါပဲ။
ကျုပ်တို့ရွာက အုပ်ကြီးလည်းမရှိတော့ စစ်မှုထမ်းရမယ့်အရွယ်စာရင်း မရနိုင်ပေဘူး။ သွားလာကြတဲ့အခါ သတိထားနေကြဖို့ရှိတယ်။ ဒါပေမဲ့ ရွာကနေ မြို့တက် အလုပ်လုပ်နေကြတဲ့ အရွယ်ရောက်လူငယ်တွေက နည်းမှမနည်းတာပဲ။ အလုပ်မလုပ်ဘဲ အိမ်ထဲ ပုန်းအောင်းနေကြမလား။ အဲဒီလိုဆိုရင်တော့ အန္တရာယ်ကင်း ဘေးရှင်းပေါ့။ အလုပ်မလုပ်ရင် ဘယ်ကဝင်ငွေရမှာလဲ။ ဝင်ငွေမရှိရင် မန်မန် တူတူပုန်းသွားလိမ့်မယ်။ ခက်တော့တာပါပဲ။
ကျုပ်တို့ရွာမှာ အလုပ်မလုပ်ဘဲ ထိုင်စားနိုင်တဲ့သူဆိုတာ ရှိမှမရှိပဲ။ လက်လှုပ်မှ ပါးစပ်လှုပ်ကြရတာရယ်။ အားလုံးအားလုံး စစ်အာဏာရှင်စနစ်ကြီး ချုပ်ငြိမ်းသွားအောင်ထိ ကိုယ်စွမ်းတဲ့ဘက်က ပါဝင်ဆောင်ရွက်ကြဖို့ ရှိတော့တာပ။ နည်းလမ်းဖွေရှာပြီး ကိုယ်ထိလက်ရောက် ပါဝင်ကြရမယ်။
" အနောက်က မီးခိုးလုံးကြီးတက်လာတယ်။ ဘယ်သူ့အိမ် မီးရှို့ခံလိုက်ရလဲမသိဘူး "တဲ့။ ပြဿနာက တစ်ခုကမပြီးသေးဘူး၊ နောက်တစ်မျိုးက တက်လာပြန်ပါပြီ။
" အနောက်က မီးခိုးလုံးကြီးတက်လာတယ်။ ဘယ်သူ့အိမ် မီးရှို့ခံလိုက်ရလဲမသိဘူး "တဲ့။ ပြဿနာက တစ်ခုကမပြီးသေးဘူး၊ နောက်တစ်မျိုးက တက်လာပြန်ပါပြီ။ ဟိုတုန်းကတော့ ရွာမှာ မီးဟေ့ဆိုရင် အားလုံးအပြေးသွား ငြှိမ်းသတ်တတ်ကြတာ။ တစ်အိမ်ကတစ်အိမ် မီးကူးစက်တယ်ဆိုတာ ရှိခဲဘိခြင်း။ ခုတော့ မီးလောင်နေတာမြင်ရင်တောင် အပြေးအလွှားမသွားဝံ့ကြတော့ဘူး။
လူစိတ်မရှိတဲ့စစ်ခွေးတွေက မီးငြှိမ်းဖို့လာတဲ့သူကိုမြင်ရင် ပစ်ခတ်တတ်ကြသေးတာ။ ခုရက်ပိုင်း ရွာနီးချုပ်စပ်မှာ တိုက်ခိုက်ကြတာ မကြားမိပါဘူး။ စခ စစ်ကြောင်းလာတာလည်း မရှိပါဘူး။ ဘာကြောင့် မီးလောင်တာပါလိမ့်။ ပေါ့ဆမီးများ ဖြစ်နေလေမလား။ အေးဗျာ၊ ကိုယ့်အိမ်ကိုယ့်ယာမီးလောင်နေတာကို ဘာမှမလုပ်နိုင်ဘဲ ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ဘဝ၊ ဘယ်လောက်အဖြစ်ဆိုးလိုက်ပါသလဲ။ မအလ မင်းအောင်လှိုင်ရေ၊ မင်းကိုတော့ ကမ္ဘာကြေတောင် ဥဒါန်းမကြေတော့ဘူးကွ။ အားလုံးရဲ့ရင်ထဲမှာ မင်းကို အမှုန့်ကြိတ်ချင်နေကြတာ။
ကိုယ်တိုင် ရုန်းကန်လှုပ်ရှားပြီး တည်ဆောက်ထားတဲ့အိုးအိမ်ကို ကမ္မသကာထားရစ်ပြီး ပြေးကြရတာလေ။ ရင်နာစရာကောင်းလိုက်တာ။
စိုးအောင်ရဲ့ ဖက်ခုံ မီးလောင်တာတဲ့။ စိုးအောင်ရဲ့ဖက်ခုံက ကားလမ်းအနောက်ဘက်မှာ ရှိနေတာ။ ဟိုး ရွာ့အနောက် ပျူရွာက လက်နက်ကြီးနဲ့ထုလိုက်တာကျလာလို့ မီးလောင်တာတဲ့။ ကျုပ်တို့မြို့နယ်မှာ အဲဒီရွာက စုန်းပြူးရွာ။ သာမန်ရွာသူရွာသားတွေကတော့ ရွာကိုစွန့်ခွာ ပြေးကြပါပြီ။ ဒီအတိုင်း အိမ်တွေကို သော့ပိတ်ထားရစ်ခဲ့ကြတာပ။ ကိုယ်တိုင် ရုန်းကန်လှုပ်ရှားပြီး တည်ဆောက်ထားတဲ့အိုးအိမ်ကို ကမ္မသကာထားရစ်ပြီး ပြေးကြရတာလေ။ ရင်နာစရာကောင်းလိုက်တာ။
တချို့က ဒုံးဗုံးသာချလိုက်ကြကွာလို့ ဆိုကြရဲ့။ အဲဒီမှာ ပျူတွေသေကုန်တယ်ဆိုရင် အကြောင်းမဟုတ်ဘူး။ မသက်ဆိုင်တဲ့အိမ်တွေ မီးလောင်ပျက်စီးကုန်မှာကို ချိန်ဆနေကြတာ။ အခွင့်အရေးရရင်တော့ ရသလို ပျူတွေကို တိုက်ခိုက်နေကြပါရဲ့။ အဲဒီရွာမှာ စခတွေလည်း အထိုင်ချထားတယ်လေ။ တကယ့်ကို အင်မတန်ယုတ်မာညံ့တဲ့ စိတ်ဓာတ်တွေနဲ့ ပတ်ချာလည်မှာရှိတဲ့ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေကြတာ။ တိရစ္ဆာန်စိတ်နဲ့လူတွေ။
ကျုပ်တို့တတွေလည်း ဘယ်တော့မှ လွတ်မြောက်ကြမှာပါလိမ့်။ ဘဝတွေ၊ ဘဝတွေ။ အလဲလဲအပြိုပြိုပါပဲ။ ဒါပေမဲ့ ကျုပ်တို့တတွေ ဒူးတော့မထောက်ကြဘူး။
စိုးအောင်ခမျာ တလျှောက်လုံး ရုန်းကန်လှုပ်ရှားခဲ့ရတာတွေ ပျက်စီးသွားရှာပေါ့။ ကျုပ်တို့တတွေလည်း ဘယ်တော့မှ လွတ်မြောက်ကြမှာပါလိမ့်။ ဘဝတွေ၊ ဘဝတွေ။ အလဲလဲအပြိုပြိုပါပဲ။ ဒါပေမဲ့ ကျုပ်တို့တတွေ ဒူးတော့မထောက်ကြဘူး။ နာကျည်းစိတ်၊ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်တွေသာ ရင့်သန်လာခဲ့ကြတယ်။ အရှုံးမပေးသရွေ့ တစ်နေ့ တို့တတွေ အောင်နိုင်ရမှာမလွဲ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။