Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဖလူးစခန်းမှ သိမ်းယူရရှိတဲ့ လက်နက်ခဲယမ်းများကို KNU သတင်းထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ ဖလူးစခန်းကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်မှာ ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ပြီး ၅ မိနစ်အကြာမှာ စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ ဖလူးစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သား အားလုံး နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ဖလူးတပ်စခန်းမှ အောက်ပါ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

(၁) ပွိုင့်ဖိုက် ကျည် - ၄၆ ပုံး (တစ်ပုံးလျှင် ကျည် ၁၀၀ တွဲပါ)
(၂) 5.56 ကျည် - ၁,၀၀၀ တောင့်
(၃) 7.62 နှာတိုကျည် - ၁၄,၆၆၈ တောင့်
(၄) MA-7 60mm တာ၀ေးစိန်ပြောင်း - ၁ လက်
(၅) MA-7 60mm တာဝေးစိန်ပြောင်း အထိုင်ခုံ - ၁ ခု
(၆) MA-7 60mm တာဝေးစိန်ပြောင်း Tripod - ၁ ခု
(၇) MG-3 Machine Gun - ၁ လက်
(၈) MG-3 Machine Gun ပြောင်းတို - ၁ ခု
(၉) M16 A1 - ၁လက်
(၁၀) M16 A1 ကျည်ဘောက် - ၁ ခု
(၁၁) MA-3 - ၁လက်
(၁၂) MA-3 - ကျည်ဘောက် - ၁ ခု
(၁၃) M-13 Carbine - ၁ လက်
(၁၄) ဆိုင်ကယ် ဘထ္ထရီ - ၆ လုံး
(၁၅) အင်ဗာတာ - ၁ လုံး
(၁၆) MM-1 Anti-personnel pull mine - ၅ လုံး
(၁၇) MM- 2 Anti-personnel pressure mine - ၅ လုံ
(၁၈) MM-5 Control mine - ၈ လုံး
(၁၉) MM-9 Control mine (အကြီး) - ၄ လုံး
(၂၀) Control mine detonators - ၁ ဗူး
(၂၁) Plastic Anti-personnel နင်းမိုင်း - ၁၁၀ လုံံး
(၂၂) Plastic Anti-personnel detonators - ၁၁၀ လုံး
(၂၃) 60 mm စိန်ပြောင်း ဗုံးသီး - ၂၀ လုံး
(၂၄) RPG ဗုံံးသီး - ၁၁ လုံး
(၂၅) RPG ပို့ယမ်း - ၇ ခု
(၂၆) 81 mm စိန်ပြေင်း ဗုံးသီး - ၁ လုံး
(၂၇) ကျည်ကာဦးထုပ် - ၆ လုံး
(၂၈) TS-2008 Radio Controller - ၁ လုံး
(၂၉) TS-2008 Radio လက်လှည့်အားသွင်းစက် + အထိုင်ခုံ - ၁ စုံ
(၃၀) HYT အမျိုးစား လက်ကိုင်စကားပြောစက် - ၁ လုံး
(၃၁) 40 mm ကျည် - ၆၃ လုံး
(၃၂) AK - ၁ လက် 
(၃၃) ဆန်အိတ် - ၂၁၄ အိတ်

KNU/KNLA တပ်မဟာ ၆ နယ်မြေအတွင်း မတ်လ ၇ ရက်နေ့မှာ သင်္ဃန်းညီနောင် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခမရ ၃၅၅ တပ်ရင်းနဲ့ မတ်လ ၁၄ ရက်နေ့မှာ ကျိုက်ဒုံ ဗျူဟာကုန်းစခန်းတွေကိုလည်း KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက် ရရှိထားပါတယ်။

ဓာတ်ပုံ - ဖလူးစခန်းမှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ ( ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး)
~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။