Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

‌ခေတ်ပျက်ထဲက လူ့အန္ဓတွေ (Feature)

အခုရက်ပိုင်း မဲဆောက်လူထုကြားထဲ တီးတိုးပြောနေကြတဲ့ အကြောင်းအရာတချို့ရှိနေပါတယ်။ အဲဒါကတော့ အခုနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြသူတွေအပေါ် သတိထားနေကြဖို့ပဲ ဖြစ်ပါတယ်။

 

မကြာသေးခင် မတ်လဆန်းကမှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းဘုန်းတော်ကြီးကို အုတ်ခဲနဲ့ ထုသတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခု လောလောလတ်လတ် ဖြစ်သွားတာကြောင့်လည်း ပါဝင်ပါတယ်။ ဖြစ်စဉ်ကတော့ မဲဆောက်မြို့နယ်၊ တာ့ခ် ခရိုင်၊ မယ်ကုကျေးရွာ၊ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ သက်တော် ၆၂ နှစ်ရှိ ထိုင်းနိုင်ငံသား ကျောင်းထိုင်ဆရာတော်ကို မြန်မာနိုင်ငံသားအမျိုးသားက သူ့ရဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေလို့ ပိုက်ဆံလိုအပ်တာကြောင့် ဘုန်းတော်ကြီးဆီ ဘတ် ၇၀၀ သွားတောင်းခဲ့ပါတယ်။ ဆရာတော်က ပိုက်ဆံမရှိလို့ အရင်လို မပေးနိုင်ကြောင်း ပြောရာ၊ အသင့်ယူလာတဲ့ အုတ်ခဲနဲ့ ဆရာတော်ရဲ့ ဦးခေါင်းကို ၅ ချက် ထုရိုက်ပြီး ဖုန်း၊ ပိုက်ဆံ ဘတ် ၃၅၀၀ နဲ့ အဆောင်တွေ ယူသွားတယ်လို့ ရဲမှူး စန်မလစ် အင်ကမွန်က ပြောတာကို မြဝတီ-မဲဆောက်မီဒီယာဖော်ပြချက်အရ သိရပါတယ်။

 

 ဆရာတော်ဟာ သတင်းသုံးနေထိုင်ရာ အခန်းတွင်းမှာပဲ ပျံလွန်တော်မူသွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို မတ်လ ၄ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဥပ‌ဒေအရထိရောက်စွာ အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ကာ လိုအပ်တာတွေ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

“ အဲဒီဖြစ်တဲ့နေရာက ကျနော်တို့နဲ့ သိပ်မဝေးဘူး။ အခုက မဲဆောက်မှာ ဘယ်နားပဲ နေနေ၊ ရွာတွေဘက်ထိတောင် ကိုယ့်မြန်မာနိုင်ငံကလူတွေ အများကြီး ဖြစ်ကုန်ပြီ၊ ခုနောက်ပိုင်းဆိုပိုဆိုး။ ပြည်တွင်း နယ်ပေါင်းစုံ၊ နေရာပေါင်းစုံကနေ စရိုက်ပေါင်းစုံနဲ့ လာကြတာ။ ပိုက်ဆံလေး ၇၀၀ လောက်နဲ့များ ဒီလိုလုပ်တယ်။ ဒီလိုအမှုကြောင့် ကျနော်တို့လို မဲဆောက်ဘက်မှာ စစ်ဘေးလာရှောင်သူတွေအဖို့ အနေအထိုင် ကျဉ်းကျပ်စေတယ်” 

 

အဲဒီအမှုနဲ့ပတ်သတ်ပြီး မဲဆောက်ရှိ မယ်ကုနဲ့နီးတဲ့ မယ်တောင်မိုင်ရွာမှာ နေထိုင်သူ စစ်ဘေးရှောင်တစ်ဦးက “ အဲဒီဖြစ်တဲ့နေရာက ကျနော်တို့နဲ့ သိပ်မဝေးဘူး။ အခုက မဲဆောက်မှာ ဘယ်နားပဲ နေနေ၊ ရွာတွေဘက်ထိတောင် ကိုယ့်မြန်မာနိုင်ငံကလူတွေ အများကြီး ဖြစ်ကုန်ပြီ၊ ခုနောက်ပိုင်းဆိုပိုဆိုး။ ပြည်တွင်း နယ်ပေါင်းစုံ၊ နေရာပေါင်းစုံကနေ စရိုက်ပေါင်းစုံနဲ့ လာကြတာ။ ပိုက်ဆံလေး ၇၀၀ လောက်နဲ့များ ဒီလိုလုပ်တယ်။ ဒီလိုအမှုကြောင့် ကျနော်တို့လို မဲဆောက်ဘက်မှာ စစ်ဘေးလာရှောင်သူတွေအဖို့ အနေအထိုင် ကျဉ်းကျပ်စေတယ်” လို့ ပြောပါတယ်။

 

စစ်ရှောင်ချင်လို့ပဲဖြစ်ဖြစ်၊ စစ်မှုထမ်းဥပဒေကို ရှောင်ချင်တာဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်လာလုပ်တာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို ယခုလပိုင်းအတွင်းတွေမှာ မြန်မာပြည်ဘက်ခြမ်းကလူတွေအလုံးအရင်း ဝင်ရောက်လာကြတာပါ။ ဝင်လာသူတွေထဲမှာ နယ်မြေဒေသအသီးသီးက လာရောက်နိုင်ပြီး အကျင့်စရိုက်အမျိုးမျိုးလည်း ပါလာကြမှာပါ။ လမ်းချင်းတူမှ လူချင်းတွေ့နိုင်သလို လမ်းချင်းလွဲရင်လည်း လူချင်းကွဲပြားနိုင်ပါတယ်။ 

 

“ အခုဆိုရင် ကျမရဲ့ အိမ်ကို မငှားတာ ၃ လကျော်ပြီ။ လာမေးတဲ့သူတိုင်းကို မငှားဘူးလို့ပဲ ပြောလွှတ်နေရတယ်။ လာမယ့်သူတွေက ဘယ်လိုလူတွေလာမလဲ မသိနိုင်ဘူးလေ။ တကယ်လို့ ငှားဖြစ်ရင်တောင် ကိုယ်နဲ့ သိတဲ့သူတွေပဲ ငှားမယ်လို့ စဉ်းစားထားတယ်”

 

မဲဆောက်မှာ အများစုက ရုန်းကန်နေရတဲ့ အနေအထားမှာ တချို့က ရုန်းကန်ရတဲ့ အခြေအနေအပေါ် အခွင့်အရေးတရပ်လို အသုံးချသူတွေ၊ အဆင်မပြေကြသူတွေ အချင်းချင်းကြားမှာ မိမိဇာတ်ကသာ ပိုနာကြောင်း ဒရမ်မာ ခင်းသူတွေက အပုံအပင်။ ဒီကြားထဲကမှ သူများအခွင့်အရေး ကိုယ့်အခွင့်အရေး၊ သူများပိုက်ဆံ ကိုယ့်ပိုက်ဆံဆိုသူတွေကတော့ ဆိုဖွယ်ရာပင် မရှိ။

 

“ အခုဆိုရင် ကျမရဲ့ အိမ်ကို မငှားတာ ၃ လကျော်ပြီ။ လာမေးတဲ့သူတိုင်းကို မငှားဘူးလို့ပဲ ပြောလွှတ်နေရတယ်။ လာမယ့်သူတွေက ဘယ်လိုလူတွေလာမလဲ မသိနိုင်ဘူးလေ။ တကယ်လို့ ငှားဖြစ်ရင်တောင် ကိုယ်နဲ့ သိတဲ့သူတွေပဲ ငှားမယ်လို့ စဉ်းစားထားတယ်” လို့ မဲဆောက်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

မဲဆောက်မှာ နဂိုက အိမ်ငှားရင် အထောက်အထား ရှိသူရော၊ မရှိသူပါ ငှားရမ်းဖို့ လွယ်ကူပေမယ့် နောက်ပိုင်းမှာတော့ အများစုက ပတ်စ်ပို့၊ ပန်းရောင်ကဒ် စတဲ့ အ‌ထောက်အထား တစ်ခုခု ပြနိုင်သူ ဒါမှမဟုတ် အထောက်အထားရှိသူတစ်ဦးဦးက ထောက်ခံပေးမှသာ ငှားရမ်းဖို့ ဦးစားပေး လာကြပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း အထောက်အထားရှိသူကိုသာ ပိုပြီးခေါ်ယူတာတွေ များလာပါတယ်။

 

 ညဘက် ဆိုင်ပစ္စည်းဖောက်တာ၊ ခြံဝန်းထဲက စက်ဘီးတွေ မကြာခဏ ပျောက်ပျောက်လာတာ၊ အဝတ်ကြိုးတန်းမှာ အတွင်းခံပါမကျန် လျော့လျော့လာတာတွေကို လက်သည်ရှာလိုက်ရင် မြန်မာတွေချည်း။

 

ဒါ့အပြင် မြန်မာပြည်ဘက်က လူပေါင်းစုံဝင်လာတော့ မဲဆောက်နယ်ခံတွေအနေနဲ့ သတိနဲ့ နေထိုင်လာကြတာတွေ ရှိလာပါတယ်။ စုပေါင်းနေထိုင်ကြတဲ့ မြန်မာအိမ်တွေမှာ မကြာခဏ ဆူညံပွက်လောရိုက်လို့ ထိုင်းရဲတွေ လာထိန်းရတာတွေ များလာတယ်။ ညဘက် ဆိုင်ပစ္စည်းဖောက်တာ၊ ခြံဝန်းထဲက စက်ဘီးတွေ မကြာခဏ ပျောက်ပျောက်လာတာ၊ အဝတ်ကြိုးတန်းမှာ အတွင်းခံပါမကျန် လျော့လျော့လာတာတွေကို လက်သည်ရှာလိုက်ရင် မြန်မာတွေချည်း။

 

“ ကျမတို့ ဒီမှာ နေလာတာ နှစ် ၂၀ ကျော်ပြီ၊ ဘာပစ္စည်းပဲဖြစ်ဖြစ် ညည ခြံဝန်းအပြင်မှာ ထားတာတောင် ဘယ်သူမှ ယူမယ့်သူ မရှိဘူး၊ ခုနောက်ပိုင်းတော့ ပစ္စည်းတွေ ခနခန ပျောက်လွန်းလို့ ဘာမှတောင် အပြင်မှာ မထားရဲတော့ဘူး” လို့ ဆိုသူတွေများလာတယ်။ 

 

“ကျနော်တို့ သစ်သီးဆိုင် အဖောက်ခံရတာ အသီးခွဲတဲ့ ဓါးပါမကျန် အကုန်ယူသွားတယ်” 

 

“စက်ဘီး ၁၀၀၀ တန်လေးကို အလုပ်သွားဖို့ မနည်းစုဆောင်းပြီး ဝယ်ထားရတာ။ ခြံထဲ ဘယ်အချိန် ဝင်ယူသွားမှန်း မသိလိုက်ဘူး” 

 

“ကျနော်တို့ သစ်သီးဆိုင် အဖောက်ခံရတာ အသီးခွဲတဲ့ ဓါးပါမကျန် အကုန်ယူသွားတယ်” 

 

စတဲ့ အဖြစ်အပျက်တွေ၊ စကားသံတွေက မဲဆောက်လေထုထဲ ထူထူထဲထဲ ပျံ့နှံ့နေကြတယ်။ အရုပ်ဆိုး အကျည်းတန်လိုက်သည့် ဖြစ်ခြင်း။

 

မဲဆောက်ရဲတွေ ဂိတ်ချစစ်ဆေးတာတွေ၊ အဖွဲ့လိုက် လမ်းမတွေပေါ်နဲ့ စျေးတွေ၊ ဆိုင်ခန်းတွေမှာ စစ်ဆေးတာတွေ များလာတယ်။ အထောက်အထားမရှိသူတွေကို မြန်မာပြည်ပြန်ပို့မယ့်အသံတွေ ထွက်လာတယ်။ အထောက်အထားရှိသူတွေအတွက် ပြဿနာ မရှိနိုင်ပေမယ့် ယာယီနေထိုင်ဖို့ တစ်လတခါပေးရတဲ့ ဘတ် ၃၀၀ တန် ရဲကဒ်သမားတွေအဖို့ မျက်ခုံးခပ်လှုပ်လှုပ် နေ့ရက်တွေထဲ စမ်းတဝါးဝါး ဖြတ်သန်းရတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း ထောင်က လွတ်လာတဲ့မြန်မာအမျိုးသားတစ်ဦး လွတ်လာပြီး မကြာခင်မှာပင် ဓားထိုးမှုဖြစ်လို့ မဲဆောက် တီကေလေးမှာ ရုပ်ရုပ်သဲသဲ ဖြစ်ခဲ့ဖူးတယ်။ ရဲတွေဝင်စစ်မယ်ဆိုလို့ အနီးတဝိုက်မှာ ရဲကဒ်နဲ့ နေထိုင်ကြတဲ့ စီဒီအမ်တွေနဲ့ စစ်ဘေးရှောင်တွေခဗျာ ဂိုဒေါင်အဟောင်းထဲ မှောင်မှောင်မည်းမည်း ပြေးပုန်းသူ ပုန်းရ၊ မိတ်ဆွေတွေအိမ် ညတွင်းချင်း အိပ်ရာလိပ်ယူပြီး သွားအိပ်သူ အိပ်ရနဲ့ အားလုံး အလုပ်တွေ ရှုပ်ကုန်ကြတယ်။ မမေ့နိုင်စရာ မဲဆောက်ညတွေကို ကျော်ဖြတ်ကြရတယ်။

 

ခေတ်ပျက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် လက်ကြောတင်းအောင် မနေဘဲ အချောင်နေ အချောင်စား အခွင့်အရေးသမားတွေနဲ့ ကမ္ဘာမီးလောင် သားကောင်ချနင်းသူ လူ့အန္ဓတွေကြောင့် တော်လှန်ရေးကို အမှန်တကယ် အလုပ်အကြွေးပြုနေသူတွေအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ 

 

တော်လှန်ရေး မပြီးသေးပါ။ မြန်မာပြည်မှာ အာဏာသိမ်းဖြစ်စဉ်ကြောင့်၊ တနည်းအားဖြင့် မင်းအောင်လှိုင်ကြောင့် ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနေရာဒေသကို တိမ်းရှောင်ရွေ့ပြောင်းရပြီဆိုကတည်းက အားလုံးမှာ အကျပ်အတည်း အခက်အခဲ ကိုယ်စီနဲ့။ ဒီအချိန်မှာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်သွားနိုင်တယ်။ ကိုယ်နဲ့ မတူတဲ့သူတွေကြားမှာ ကိုယ့်ရဲ့ အခက်အခဲတွေကို ချွေးသိပ်ပြီး တခဏတာ ခိုလှုံခွင့်ရဖို့၊ ကိုယ်ရောက်နေတဲ့နေရာမှာ လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးတယ်။ ခေတ်ပျက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် လက်ကြောတင်းအောင် မနေဘဲ အချောင်နေ အချောင်စား အခွင့်အရေးသမားတွေနဲ့ ကမ္ဘာမီးလောင် သားကောင်ချနင်းသူ လူ့အန္ဓတွေကြောင့် တော်လှန်ရေးကို အမှန်တကယ် အလုပ်အကြွေးပြုနေသူတွေအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ 

 

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အမြဲသတိကြီးနေဖို့နဲ့ သူများနိုင်ငံမှာ ပါးနပ်စွာ နေတတ်ထိုင်တတ်ဖို့ အရေးကြီးပါတယ်။ လူ့အန္ဓတွေအနေနဲ့ကတော့ တော်လှန်ပြည်သူတွေထဲမှာ လုံးဝမပါဝင်နိုင်တာတော့ အသေချာပါပဲ။

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။