Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တရားမဝင် မွန်ဝန်ကြီးချုပ်နဲ့ လူမိုက်တစ်စုသို့ ရာဇသံ (Opinion)

ဘီလူးကျွန်းလို့ဆိုလိုက်ရင် အစဉ်အလာယဉ်ကျေးမှု အလှအပတွေနဲ့ ဖွဲ့နွဲ့ထားတဲ့ ကျွန်းကြီးတစ်ကြီးလို့ ကျနော်ခံစားမိတယ်။ ဘီလူးကျွန်းကို နောက်တစ်မျိုးဆိုရရင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်။ အရှေ့မှာ သံလွင်မြစ်နဲ့ အနောက်မှာ ကပ္ပလီပင်လယ်။ ရေပတ်လည်ဝိုင်းရံထားတဲ့ ကျွန်းကြီး။ သံလွင်မြစ်ကို တံတားထိုးလိုက်နိုင်တာမို့ ဧည့်မျှော်နေကျ ဘီလူးကျွန်းမှာ ဧည့်သည်တွေ ပိုတိုးလို့။

 

ကျနော်က တံတားမထိုးခင် နှစ်အတော်ကြာ မော်လမြိုင်ကနေ ဇက်သင်္ဘောစီးကာ သွားရတဲ့အချိန်ကတည်းက သင်္ကြန်ဆို ဘီလူးကျွန်းကို ရောက်နေကျ။ ပထမတစ်ခေါက် ဘီလူးကျွန်းသား သူငယ်ချင်းက လိုက်ခဲ့ဖို့ အတင်းခေါ်နေတာနဲ့ ရောက်ခဲ့တယ်။

 

သိပ်လှတဲ့ သင်္ကြန်၊ ဘုရားပွဲသင်္ကြန်၊ တခြား ဘယ်မြို့မှာမှ မရှိတဲ့ ဘီလူးကျွန်းအလှ၊ ဘီလူးကျွန်းစေတနာ၊ ဘီလူးကျွန်းယဉ်ကျေးမှု သင်္ကြန်။ သင်္ကြန်အကြိုနေ့ကစလို့ ဘယ်နေ့မှာ ဘယ်ရွာဘုရားပွဲ၊ ဧပြီတစ်လလုံး ဘုရားပွဲ တွေ ဆက်တိုက်။ 

 

သိပ်လှတဲ့ သင်္ကြန်၊ ဘုရားပွဲသင်္ကြန်၊ တခြား ဘယ်မြို့မှာမှ မရှိတဲ့ ဘီလူးကျွန်းအလှ၊ ဘီလူးကျွန်းစေတနာ၊ ဘီလူးကျွန်းယဉ်ကျေးမှု သင်္ကြန်။ သင်္ကြန်အကြိုနေ့ကစလို့ ဘယ်နေ့မှာ ဘယ်ရွာဘုရားပွဲ၊ ဧပြီတစ်လလုံး ဘုရားပွဲ တွေ ဆက်တိုက်။ သင်္ကြန်တွင်း ဘုရားပွဲကျင်းပတဲ့ရွာဆီ နွားလှည်းတွေ၊ ထော်လာဂျီတွေစီးကာ ရေပက်ခံထွက်ကြ၊ ဘုရားပွဲရွာက အိမ်တိုင်းမှာ ထမင်းဟင်းနဲ့ကောက်ညှင်းမုန့်တွေ ကျွေးလိုက်တာမှ ဝက်ဝက်ကွဲ။ ကြိုက်တဲ့အိမ်တက် စား၊ အိမ်ပေါ်တက်လာပြီး ထမင်းမစားဘူးဆိုရင် မကြိုက်ဘူးဆိုတဲ့ စေတနာဒရဟောတွေနဲ့ တစ်နယ်သား ဧည့်သည်တွေ ပါလာတယ်ဆိုရင် ဂရုတစိုက် ကြင်ကြင်နာနာ နောက်နှစ်ကျရင်လည်း လာခဲ့ပါဦးလို့ ကြိုတင်ဖိတ်ခေါ် ချက်တွေနဲ့ မွန်ပျိုဖြူတို့ရဲ့ စေတနာအပြုံးဟာလည်း သိပ်ကိုလှလို့။

 

 ပွဲခင်းထဲ လျှောက်ကြည့်ရင်း ပွဲခင်းရဲ့ အနောက်ဘက် ချောင်ကျကျနေရာမှာ အနည်းငယ်ဖွင့်ထားတဲ့ ဂလုတ်ဂလုတ်လို့ခေါ် တဲ့ အံစာတုံးလောင်းကစားကိုမြင်ရ၊ အပျော်ဆော့ကြတဲ့အဆင့်ထက်မပိုတာ တွေ့ရ။

 

ဘုရားပွဲကျင်းပတဲ့ရွာတိုင်း ညဘက်တွေမှာလည်း လူတိုင်းကြည့်နိုင်တဲ့ အခမဲ့ ဗလာဇာတ်ပွဲရှိသေး။ အဲဒီတုန်းက ဒုတိယအာဏာရှင်သန်းရွှေ လက်ထက် အဂတိလိုက်စားပါတယ်ဆိုတဲ့ စစ်အစိုးရခေတ်။ ပွဲခင်းထဲ လျှောက်ကြည့်ရင်း ပွဲခင်းရဲ့ အနောက်ဘက် ချောင်ကျကျနေရာမှာ အနည်းငယ်ဖွင့်ထားတဲ့ ဂလုတ်ဂလုတ်လို့ခေါ် တဲ့ အံစာတုံးလောင်းကစားကိုမြင်ရ၊ အပျော်ဆော့ကြတဲ့အဆင့်ထက်မပိုတာ တွေ့ရ။

 

နောက်နှစ်ကျတော့ ဘီလူးကျွန်းသင်္ကြန်ကို ကြွေသွားတဲ့ကျနော် ဘီလူးကျွန်းသား သူငယ်ချင်းကို  လိုက်ခဲ့ပါရစေလို့ ပြောရတဲ့ဘဝ။ အဲဒီလိုနဲ့ ဘီလူးကျွန်းသင်္ကြန်ကို ရောက်ခဲ့တာ ၅ ခေါက်။ နောက်ဆုံးအခေါက် ရောက်ခဲ့တာက ဘီလူးကျွန်းတံတားကြီး ထိုးပြီးသွားပြီဖြစ်တဲ့ NLD အစိုးရ လက်ထက်။ အရင်ကမော်လမြိုင်က နေ ၄၅ မိနစ်လောက် ဇက်သင်္ဘောစီးမှ ရောက်တဲ့ ဘီလူးကျွန်း၊ အခုကျတော့ မော်လမြိုင်၊ မုပွန်ရပ်ကွက်ကနေ တံတားပေါ်တက်လိုက်ရင် ၁ မိနစ်ကျော်အကြာမှာ ဘီလူးကျွန်းမြေပေါ် ရောက်ရှိ။ တံတားထိပ်ကနေ မိနစ် ၂၀ လောက် ကားနဲ့သွားရင် ချောင်းဆုံမြို့ပေါ်သို့ရောက်ပြီ။

 

NLD အစိုးရလက်ထက် ဘီလူးကျွန်းသင်္ကြန်ရဲ့ ထူးခြားချက်က ဘုရားပွဲသင်္ကြန်ဆီ ဧည့်သည်တွေ လာကြလွန်းလို့ သင်္ကြန်နောက်ဆုံးရက် ကျိုက်သုတ်ဘုရားပွဲမှာ လှုပ်လို့မရအောင် လမ်းလုံးဝပိတ်သွားခြင်းနဲ့ ညဘက်ပွဲ ဈေးတန်းတွေမှာ လောင်းကစားဝိုင်းလုံးဝမရှိတော့ခြင်းပါပဲ။

 

လောင်းကစားဝိုင်းကန်ထရိုက်ဟာ အောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲမဟုတ်၊ မော်လမြိုင်က အချောင်သမား သူဌေးတစ်ဦးလို့ ဆိုတယ်။ သေချာတာက လောင်းကစားကန်ထရိုက်က ဘယ်သူဖြစ်ဖြစ်၊ မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ် ခွင့်ပြုလို့ ဖွင့်ခွင့်ရနေတာပါပဲ။

 

ဒါပေမဲ့၊ အခုကတော့ သတင်းဌာနတချို့မှာ ဘီလူးကျွန်းသတင်းတွေကို ဆက်တိုက်ဆိုသလို တွေ့လာ၊ ဘီလူးကျွန်းမှာ ကြေးကြီးတဲ့ လောင်းကစားဝိုင်းကို တရားဝင်ဖွင့်လှစ်နေတယ်လို့ဆိုကြတယ်။ အကြမ်းဖက်စစ်အုပ်စု ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဆိုသူက ဘီလူးကျွန်း၊ ကွမ်ရိုက်ရွာသား အောင်ကြည်သိန်း။ ဒင်းရဲ့ ခွင့်ပြုချက်နဲ့ ဒင်းရဲ့ ညီမဝမ်းကွဲက ဘီလူးကျွန်းမြေရဲ့ လောင်းကစားကန်ထရိုက်။ လောင်းကစားဝိုင်းတွေဖြစ်မြောက်ရေးအတွက် တာဝန်ယူ စီစဉ်ပေးနေသူတွေက ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၊ ချောင်ဆုံစရဖတာဝန်ခံ တပ်ကြပ်ဖြိုးမင်းထွန်း၊ ချောင်းဆုံမြို့နယ်ကြံ့ဖွတ်ဥက္ကဌ(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်)မျိုးဝင်းနဲ့ ရွာအုပ်ချုပ်ရေးမှူး ၂ ယောက်။ သူတို့အားလုံးဟာ အောင်ကြည်သိန်းအားကိုးရတဲ့ တပည့်ရင်းတွေလို့လည်း သတင်းတွေက ဆိုရဲ့။ သတင်းတစ်ပုဒ်ကတော့ လောင်းကစားဝိုင်းကန်ထရိုက်ဟာ အောင်ကြည်သိန်းရဲ့ ညီမဝမ်းကွဲမဟုတ်၊ မော်လမြိုင်က အချောင်သမား သူဌေးတစ်ဦးလို့ ဆိုတယ်။ သေချာတာက လောင်းကစားကန်ထရိုက်က ဘယ်သူဖြစ်ဖြစ် ၊မင်းအောင်လှိုင်ခန့် ဝန်ကြီးချုပ် ခွင့်ပြုလို့ ဖွင့်ခွင့်ရနေတာပါပဲ။

 

လောင်းကစားဝိုင်းဖွင့်တဲ့နေရာတွေက ၃ နေရာနဲ့ မိုဘိုင်းများစွာ။ ပထမ၊ ၂၀၂၂ ခုနှစ်တုန်းက ကုလားဘီရွာနဲ့ တကူပတီရွာကြားက ရော်ဘာခြံထဲ။ အဲဒီအချိန် လောင်းကစားဝိုင်းကန်ထရိုက်က စစ်အုပ်စုလက်အောက်ခံ မွန် ငြိမ်းချမ်းရေးတပ်က လူလည်တစ်ကောင်။ အဲဒီနေရာကနေ သက္ကောရွာရော်ဘာခြံထဲ ပြောင်းဖွင့်တဲ့အချိန်ကျတော့ မွန်ဝန်ကြီးချုပ်ဆိုသူရဲ့ ညီမဝမ်းကွဲက ကန်ထရိုက်လို့ ဆိုကြ။ အခု ဖေဖေါ်ဝါရီလထဲမှာပဲ သက္ကောရွာကနေ ကုလား ဘီရွာသို့ ပြန်ပြောင်းဖွင့်လှစ်တယ်လို့လည်း သတင်းတွေကဆိုတယ်။

 

ကျနော်တို့ ဘီလူးကျွန်းကရွာတွေမှာ ဘာသာရေးအကြောင်းပြ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ညဘက် ဇာတ် ပွဲသွင်းတယ်။ ပွဲခင်းထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်တယ်။ အဲဒီပွဲခင်း လောင်းကစားဝိုင်း ကန်ထရိုက်ကလည်း ဝန်ကြီးချုပ်ညီမဝမ်းကွဲပဲ။

 

 “ကျနော်တို့ ဘီလူးကျွန်းကရွာတွေမှာ ဘာသာရေးအကြောင်းပြ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ညဘက် ဇာတ် ပွဲသွင်းတယ်။ ပွဲခင်းထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်တယ်။ အဲဒီပွဲခင်း လောင်းကစားဝိုင်း ကန်ထရိုက်ကလည်း ဝန်ကြီးချုပ်ညီမဝမ်းကွဲပဲ။ အခု သူတို့ဖွင့်ထားတဲ့ ကုလားဘီ လောင်းကစားဝိုင်းတွေက ပွဲခင်းရှိတဲ့ညဆို ပွဲခင်းတွေမှာ သွားဖွင့်တယ်။ ပွဲခင်းမရှိရင် ကုလားဘီမှာပဲ နေ့ရော ညပါ ဖွင့်ကြတယ်”လို့ ချောင်းဆုံမြို့အနီးနေ ရွာသားတစ်ဦးက ပြောပြတယ်။

 

လောင်းကစားဝိုင်းပြုလုပ်တဲ့နေရာဆီ ဆိုင်ကယ်တွေ ကားတွေ တဝီဝီနဲ့ လာကြ ။ဘီလူးကျွန်းအနီးရှိ မော်လမြိုင်၊ပေါင်၊ကျိုက်မရော၊မုဒုံ စတဲ့ မြို့တွေက လောင်းကစားသမားကြီးတွေ ကားအကောင်းစားကြီးတွေနဲ့ ရောက်လာ။ အနီထောင်၊ ဖဲ၊ ဂလုတ်ဂလုတ် နဲ့ ကြက်ဝိုင်း တို့ အကြီးအကျယ်။ တရားမဝင်ဝန်ကြီးချုပ် ခွင့်ပြုချက်နဲ့ ဖွင့်တဲ့ တရားဝင် လောင်းကစားဝိုင်းမို့ ပွဲဈေးတန်းပမာ သောက်စားဗိုက်ဖြည့်စရာ ဆိုင်တွေအစုံအလင်၊ ပိုက်ဆံကုန်သွားရင် ဆိုင်ကယ်ပေါင်မလား၊ ရွှေပေါင်မလား၊ အဲဒီလောင်းကစားဝိုင်းနေရာမှာပဲ အပေါင်ဆိုင်ကအ ဆင်သင့်။

 

“အောင်ကြည်သိန်းက ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ကနေပြိုင်တာ ရှုံးတယ်လေ။ အဲဒါနဲ့ ကျနော်တို့ ဒေသခံတွေကို ရှုံးမဲမဲပြီး အငြိုးနဲ့ ဖျက်ဆီးနေတာ။ကို ယ့်ဇာတိမြေကို လောင်းကစားဝိုင်းတွေနဲ့ ဒုက္ခရောက်အောင်လုပ်တာ။ ဘနဖူး သိုက်တူးတဲ့ကောင်”

 

“အောင်ကြည်သိန်းက ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ကနေပြိုင်တာ ရှုံးတယ်လေ။ အဲဒါနဲ့ ကျနော်တို့ ဒေသခံတွေကို ရှုံးမဲမဲပြီး အငြိုးနဲ့ ဖျက်ဆီးနေတာ။ကို ယ့်ဇာတိမြေကို လောင်းကစားဝိုင်းတွေနဲ့ ဒုက္ခရောက်အောင်လုပ်တာ။ ဘနဖူး သိုက်တူးတဲ့ကောင်”လို့ အဝေးရောက်ချောင်းဆုံသား ကျနော့်မိတ်ဆွေက နာကျင်စွာနဲ့ ဆိုလေရဲ့။

 

ချောင်းဆုံဆိုတာက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကြီး၊ အနီးဝန်းကျင် တော်လှန်ရေးတပ်တို့ အခြေချဖို့ တောတောင်ရေမြေမရှိ၊ ထွက်ပေါက်ဆိုလို့ ပင်လယ်ပြင်၊ မော်လမြိုင်နဲ့ ပေါင်မြို့နယ်သာရှိတာမို့ PDF တို့ အလစ်အငိုက်ဝင်ရန်ပင် မလွယ်။ ဒါ့ကြောင့် ပထဝီအခြေအနေမပေးလို့ အေးချမ်းနေတဲ့ ဘီလူးကျွန်းမြေမှာ  အောင်ကြည်သိန်း နဲ့ ငမိုက်သားတစ်စုက လောင်းကစားဝိုင်းတွေ အကြီးအကျယ်ဖွင့်ကာ တရားမဝင်ငွေရရှိရေးအတွက် ဘယ်သူ့ မျက်နှာမှ မထောက်။

 

 “အောင်ကြည်သိန်းက တခြားမပြောနဲ့။ သူ့ရွာ ကွမ်ရိုက်ရွာ ပွဲသွင်းတုန်းကတောင် လောင်းကစားဝိုင်းအကြီးအကျယ် ခွင့်ပြုခဲ့တာ။မကြာသေးဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက။ အဲဒီတုန်းကလည်း ဘာသာရေး ခေါင်းစဉ်တပ်ပြီး ပွဲသွင်းပြီး လောင်းကစားဝိုင်းထောင်တာ။ ကျနော်တို့ဆီမှာ ပွဲသွင်းတယ်ဆိုတာ ဟန်ပြလုပ်တာ။ အဓိကက လောင်းကစားဝိုင်းလုပ်ချင်လို့ ပွဲသွင်းတာ”လို့ အဝေးရောက်ချောင်းဆုံသားက ဆိုတယ်။

 

“လူတွေက အလုပ်အကိုင်မကောင်းတော့ အလွယ်ရမလားဆိုပြီး လောင်းကစားဝိုင်းထဲ ရောက်ကုန်တာ။ အကုန်ဒုက္ခရောက်တာချည်းပဲ”

 

စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံလုံးကျွတ် အလုပ်အကိုင်အခွင့်အလမ်း ခမ်းခြောက်ခြင်းနဲ့ အတူ ဘီလူးကျွန်းသည်လည်း ထောင့်စုံ နေရာစုံ အလုပ်အကိုင်တွေပျက်ကြ။ ၂၀၂၂ ခုနှစ်ကတည်းက စတင်လိုက်တဲ့ လောင်းကစားဝိုင်းကြောင့် ဘီလူးကျွန်းမြေမှာ ညက်ညက်ကိုကြေမွ။ အရင်တုန်းက ကျနော်ကြားခဲ့ဖူးတဲ့ ရာဇဝတ်မှုသိပ်ကင်းတဲ့ ဘီလူးကျွန်းမှာ အခုတော့ ရိုက်မှု၊ လုယက်မှု၊ ခိုးမှုမျိုးစုံတင်မက လောင်းကစားကြောင့် လင်ကွဲ မယားကွဲ အိမ်ထောင်ရေးအဆင်မပြေ၊ ထိုင်းမှာ ချွေးဒီးဒီးကျ ရှာထားခဲ့သမျှ တက်တက်စင်ပြောင်လို့ ထိုင်းသို့ပြန် အလုပ်လုပ်ရသူတွေလည်း မနည်းလှ။

 

“လူတွေက အလုပ်အကိုင်မကောင်းတော့ အလွယ်ရမလားဆိုပြီး လောင်းကစားဝိုင်းထဲ ရောက်ကုန်တာ။ အကုန်ဒုက္ခရောက်တာချည်းပဲ”လို့ အဝေးရောက်ချောင်းဆုံသားက ဆိုရဲ့။

 

ကျနော် ဘီလူးကျွန်းရောက်ခိုက် ခင်မင်ခဲ့ဖူးတဲ့ မိတ်ဆွေတစ်ဦးမှာ NLD အစိုးရလက်ထက်အထိ သူပိုင်ဆိုင်တဲ့ ရော်ဘာခြံကြီးတွေနဲ့ ကျော့ကော့ခဲ့ရာကနေ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက ရော်ဘာ ဈေးကွက်ပျက်၊ အလုပ်အကိုင်ပျက် အလုပ်အဆင်မပြေတော့ ညစ်ညစ်နဲ့ လောင်းကစားဝိုင်းဆီ ခြေဉီးလှည့်မိ၊ ကားတွေလည်းကုန်၊ ခြံလည်းကုန် နှစ်လရှည်ကြာ တဖြည်းဖြည်းတည်ဆောက်ယူခဲ့ရတဲ့ မိသားစုစီးပွားရေးမှာ တစ်နှစ်မကြာ အိမ်တစ်လုံး ကျန်တာကလွဲ ဘုန်းဘုန်းလဲကျ။

 

အဲဒီလောင်းကစားကြောင့် ဘီလူးကျွန်းတစ်ကျွန်းလုံး ဗြောင်းဆန်နေပေမဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ အောင်ကြည်သိန်းနဲ့ လူမိုက်တစ်စုကတော့ လိုင်းကြေးငွေအထပ်လိုက်နဲ့ သာသာယာယာ။

 

အဲဒီလောင်းကစားကြောင့် ဘီလူးကျွန်းတစ်ကျွန်းလုံး ဗြောင်းဆန်နေပေမဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ အောင်ကြည်သိန်းနဲ့ လူမိုက်တစ်စုကတော့ လိုင်းကြေးငွေအထပ်လိုက်နဲ့ သာသာယာယာ။ လောင်း ကစားဝိုင်းဖွင့်နေတဲ့ရွာက အုပ်ချုပ်ရေးမှူးပင် တစ်ရက်ကို လိုင်းကြေး အနည်းဆုံးမရဘူးဆို ၁ သိန်းကျော်ရနေလေသတဲ့။

 

အခု နောက်ဆုံးဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်က ကိုယ့်မြေကိုယ့်ရေ ဘီလူးကျွန်းမြေကို ဖျက်ဆီးနေတဲ့ အောင်ကြည်သိန်းနဲ့ လူမိုက်တစ်စုကို ဘီလူးကျွန်းသားတချို့က နွေဦးတော်လှန်ရေးပြီးတဲ့အခါ တရားစွဲသွားကြမယ်တဲ့။ တရားစွဲမယ်၊ထောင်ထဲပို့မယ်၊ တရားမဝင်ရှာထားဖွေထားတဲ့ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့အညီ သိမ်း ဆည်း သွားကြမယ်တဲ့။

 

တရားမဝင် ဝန်ကြီးချုပ်နဲ့ လူမိုက်တစ်စုအတွက် ဘီလူးကျွန်းသားတို့ရဲ့ တရားဝင်ပေးလိုက်တဲ့ ရာဇသံ။ တစ်ချိန်မှာ ကိုယ့်လုပ်ထားတဲ့ မကောင်းမှုတွေအတွက် ပြစ်ဒဏ် ပြန်ခံရမှာ မလွဲ။ ပြေးနိုင်ရင်တော့ ပြေးကြပေါ့။ ဘီလူးကျွန်းမြေက လောက်ကောင်တွေ ဘယ်ပြေးကြမှာလဲ၊ ဘယ်ထိ ဝေးဝေး ပြေးနိုင်မှာလဲ။ အောင်ကြည်သိန်း ရော ဘယ်လိုစဉ်းစားထားပါသလဲ။မင်းအောင်လှိုင်ရုရှားပြေးရင် ခေါ်သွားမယ်လို့ စိတ်ကူးယဉ်နေသလား။ ထောင် သံမံတလင်းပေါ် ခေါင်းအုံးအိပ်ဖို့သာ စိတ်မှတ်မှာ စွဲမြဲထားလိုက်ကြ။

~~~~      

             

ထွန်းလင်း

<iframe width="853" height="480" src="https://www.youtube.com/embed/z_bedXof8Ss" title="တရားမဝင် မွန်ဝန်ကြီးချုပ်နဲ့ လူမိုက်တစ်စုသို့ ရာဇသံ (ရုပ်သံ)" frameborder="0" allow="accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share" allowfullscreen></iframe>


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။