အခု ကေအိုင်အေ စစ်မျက်နှာမှာ တိုက်ပွဲတွေ ပြန်ဖော်တာ သုံးရက်လောက် ရှိပါပြီ။ စခန်းပေါင်း များစွာကို တပြိုင်နက် တိုက်ခိုက်ခဲ့တာ ခုဆိုရင် အကြမ်းဖက် စစ်ကောင်စီ စစ်စခန်း ၂၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီလို့လည်း သိရပါတယ်။
ဒီထဲမှာ ထုံးစံအတိုင်း တပ်ရင်းလိုက် လက်နက်ချတာတွေရော၊ သေဆုံးတာ ထွက်ပြေးတာတွေရောနဲ့ တကယ့်ကို ဝရုန်းသုန်းကား ဖရိုဖရဲပါပဲ။ စကစ တပ်တွေရဲ့ အခြေအနေက တိုက်ရင်ရမယ်၊ တိုက်ရဲရင်အောင်ပွဲ ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ ဖော်ပြနေတာပါ။
အခုဆို မြဝတီ သင်္ဃန်းညီနောင်ဘက်က တပ်ရင်းနှစ်ရင်းလောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင် အခြေအနေတွေအရတော့ မြဝတီ၊ ကော့ကရိတ် အပါအဝင် အရေးပါတဲ့ နေရာတွေ အားလုံးကို ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေပါ။
တစ်ချိန်ထဲမှာပဲ မြန်မာတောင်ပိုင်း KNU နယ်မြေတွေမှာလည်း တိုက်ပွဲတွေ စလာနေတာ တွေ့ရပါတယ်။ ကနဦး သတင်းတွေအရ အခုဆို မြဝတီ သင်္ဃန်းညီနောင်ဘက်က တပ်ရင်းနှစ်ရင်းလောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင် အခြေအနေတွေအရတော့ မြဝတီ၊ ကော့ကရိတ် အပါအဝင် အရေးပါတဲ့ နေရာတွေ အားလုံးကို ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေပါ။
စစ်ကိုင်းတိုင်းမှာတော့ မုံရွာနဲ့ မိုင် ၄၀ လောက်ပဲဝေးတဲ့ ကနီမြို့ဟာ PDF ပူးပေါင်းတပ်တွေ လက်အောက်ကို ကျရောက်သွားပါပြီ။ ပုခုက္ကူ၊ မြိုင်နဲ့ ကောလင်း၊ ဝန်းသိုဘက်မှာလည်း တိုက်ပွဲတွေ တော်တော် စိတ်လာနေပါတယ်။
အင်တာဗျူးတစ်ခုမှာ KIA ဘက်က ဒီစစ်ဆင်ရေးဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ချိတ်ဆက်ဆောင်ရွက် ထားတာ မဟုတ်ဘဲ၊ သူတို့ရဲ့ သီးခြား ပြင်ဆင်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့ ပြောသွားတာတွေ့ရပါတယ်။
စစ်တပ်ဟာ ရှက်တတ်ရင် လဲသေလောက်အောင် ဖြစ်ရပ်တွေက ဆိုးဝါးနေတာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်တွေ အများကြီး သေကုန်တာမျိုးက ပြည်တွင်းစစ်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူးခဲ့တာပါ။
အလားတူ ရခိုင်ဘက်က စစ်ဆင်ရေးဟာလည်း ရှမ်းမြောက်နဲ့ သီးခြားစီ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘုံရန်သူ စကစကို ဦးတည် တိုက်နေကြတာ ဖြစ်လို့ စစ်ပွဲ လှိုင်းလုံးတွေက အလိုလို ဟန်ချက်ညီနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ရှက်တတ်ရင် လဲသေလောက်အောင် ဖြစ်ရပ်တွေက ဆိုးဝါးနေတာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်တွေ အများကြီး သေကုန်တာမျိုးက ပြည်တွင်းစစ်သမိုင်းမှာ ဘယ်တုန်းကမှ မကြားဖူးခဲ့တာပါ။ ဗိုလ်မှူးချုပ် အဆင့်ချင်း ထိုးကြိတ်ကြတာ၊ အလင်းဝင်လာသူများပြောပြကြတဲ့ တပ်တွင်း တပ်ပျက်နေတဲ့ အခြေနေတွေက မကြားချင်မှ အဆုံးပါပဲ။ မအလနဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တစ်စုကတော့ ကိုယ်ကျိုးစီးပွား မွှန်နေလို့ အောက်ခြေတွေကို ဆက်ပြီး ချကြွေးနေအုံးမှာပါပဲ။
တော်လှန်ရေး အဖွဲ့တွေဘက်ကို ကြည့်လိုက်ရင်တော့ KIA ဟာ နယ်စပ်မှာ ရှိနေပေမယ့် တဘက်နိုင်ငံရဲ့ ဖိအားပေး အကြပ်ကိုင်တာတွေကို ကြံ့ကြံ့ခံ နိုင်ခဲ့တာ အရင်ကတည်းကပါပဲ။ အခု အခြေအနေအရ ကိုးကန့်နဲ့ တအောင်းပလောင်မှအပ ကျန်လက်နက်ကိုင် အားလုံးဟာ မိမိတို့ရဲ့ မူလ ဦးတည်ချက်တွေ အတိုင်း လှုပ်ရှားနိုင်နေကြတာ တွေ့ရပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို မဖွံ့ဖြိုး မတိုးတက်အောင် လုပ်ခဲ့တဲ့ စစ်တပ်ဟာ အခုတစ်ကြိမ်မှာလည်း အညှောင့်ထွက်ကာစ ဒီမိုကရေစီ အညွှန့်အဖူးလေးတွေကို ချိုးဖဲ့ပြီး တိုင်းပြည်ကို အဝီစိအထိ ဆွဲချလိုက်ပါတယ်။
တအောင်းတွေလည်း အချိန်တန်ရင်တော့ ထပ်ပါလာကြမှာပါပဲ။ အခုအချိန်မှာ စကစကို တစ်နိုင်ငံလုံး ဝိုင်းပြီး ဆန့်ကျင်တော်လှန်နေပုံကို ကြည့်ရင် အင်္ဂလိပ် စဝင်ကာစမှာ မြန်မာ တိုင်းရင်းသားတွေ အားလုံး နယ်ချဲ့သမားကို ဆန့်ကျင် ပုန်ကန်ကြတာနဲ့ ခပ်ဆင်ဆင် ဖြစ်နေပါတယ်။ ဒါပေမယ့် ဟိုတုန်းကနဲ့ မတူတာက အခု ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး စိတ်ဓါတ်က အရင်က နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓါတ်ထက် ပိုပြင်းထန်နေတာပါ။
ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို မဖွံ့ဖြိုး မတိုးတက်အောင် လုပ်ခဲ့တဲ့ စစ်တပ်ဟာ အခုတစ်ကြိမ်မှာလည်း အညှောင့်ထွက်ကာစ ဒီမိုကရေစီ အညွှန့်အဖူးလေးတွေကို ချိုးဖဲ့ပြီး တိုင်းပြည်ကို အဝီစိအထိ ဆွဲချလိုက်ပါတယ်။ ဒါကို မြန်မာပြည်သူ တစ်ရပ်လုံးက ဘယ်လိုမှ မခံစားနိုင်၊ သည်းမခံနိုင်တော့ပါဘူး။
ဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထား မမှန်မှုနဲ့ ကိုယ်ကျိုးစီးပွား အခြေခံ ချဉ်းကပ်မှုတွေက မြန်မာ ပြည်သူတွေကို စိတ်ပျက်လက်ပျက် ဖြစ်စေပါတယ်။
နိုင်ငံတကာ အကဲခတ်ဆိုသူတွေက ဒီကိစ္စကို ဒီလောက်ထိ ခံစားသိမြင် နိုင်ကြပါမလား ဆိုတာတော့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူတွေကတော့ စစ်တပ်လက်အောက်မှာ ပြန်နေဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်းကို နားလည်သိမြင်နေပြီးသားပါ။
ဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထား မမှန်မှုနဲ့ ကိုယ်ကျိုးစီးပွား အခြေခံ ချဉ်းကပ်မှုတွေက မြန်မာ ပြည်သူတွေကို စိတ်ပျက်လက်ပျက် ဖြစ်စေပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေကို တိုင်ပင်ခေါ်ပေးမယ့် ဦးဆောင်မှု အားနည်းသည့်တိုင်၊ တိုင်ပင်ခေါ်တိုင်း လိုက်ပါနိုင်ကြတာ မဟုတ်သည့်တိုင် ဒီတော်လှန်ရေး လှုပ်ရှားမှုတွေက ချိန်သားကိုက် ဖြစ်နေပါတယ်။ ဒီလို ချိန်သားကိုက် ဖြစ်နေတာကို ကြည့်ရင် နေရာဒေသ အသီးသီးက ပြည်သူတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းကြမယ်ဆိုတဲ့ စိတ်ဓါတ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အိမ်နီးချင်းတွေအနေနဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေကို လူသားချင်း စာနာမှု အကူအညီဆိုင်ရာ ကိစ္စတွေလောက် သာမကပဲ နိုင်ငံရေးအရပါ ၊ တရားဝင်မှု ရှုထောင့်အရပါ တန်းတူရည်တူ ဆက်ဆံဖို့ လိုနေပါပြီ။
မြန်မာ့အရေးကို အိမ်နီးချင်းများရဲ့ တဘက်သတ် ဖိအားပေးမှုတွေနဲ့ ဖြေရှင်းလို့ ရမှာ မဟုတ်ဖူး ဆိုတာကလည်း ဒီအဖြစ်အပျက်တွေကို ကြည့်ရင် ပေါ်လွင်နေပါတယ်။ အိမ်နီးချင်းတွေအနေနဲ့ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေကို လူသားချင်း စာနာမှု အကူအညီဆိုင်ရာ ကိစ္စတွေလောက် သာမကပဲ နိုင်ငံရေးအရပါ ၊ တရားဝင်မှု ရှုထောင့်အရပါ တန်းတူရည်တူ ဆက်ဆံဖို့ လိုနေပါပြီ။
ဒါဟာ မြန်မာ့အရေး ဖြေရှင်းမှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ပြည်သူတွေ သွားလိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းအတွက်လည်း မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မယ်။ မည်သို့ဆိုစေ ပြည်သူတွေ ဦးဆောင်တဲ့ တော်လှန်ရေးဟာ တလှိုင်းပြီး တလှိုင်း ဒီခြေလှမ်းတွေကို အကောင်အထည် ဖော်နေတာပဲ ဖြစ်ပါတယ်။
မည်သူက ခြေထိုးသည်ဖြစ်စေ မည်သူက တားဆီးသည်ဖြစ်စေ ဖက်ဆစ်စစ်တပ်ဟာ မုချ ကျဆုံးရမှာ ဖြစ်ပါတယ်။ လူမျိူးစုံ ပြည်သူတွေရဲ့ ပူးပေါင်းအားနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ လိုက်လျောညီထွေ၊ သဟဇာတ ဖြစ်တဲ့ နိုင်ငံတော်တစ်ခုကို ပြည်သူတွေက မုချ တည်ထောင်နိုင်မယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။