Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြဝတီ သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅နှင့် ၃၅၆ တပ်ရင်းကို ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်သံ) ၊ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း ၁၀၀ ကျော် သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် အခြေစိုက် ခမရ ၃၅၅ တပ်ရင်းနဲ့ ၃၅၆ တပ်ရင်းတွေကို ကရင့်တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ သိမ်းပိုက် ရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

 

“လက်နက်ခဲယမ်းတွေကတော့ အများကြီးရတယ်။ အနည်းဆုံး ရာကျော်မယ်။ ခုထိတော့ ရေတွက်လို့ မပြီးသေးဘူး” လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ 

 

ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီ ခမရ ၃၅၅ နဲ့ ၃၅၆ တပ်ရင်းမှ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ 

 

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်ကောင်စီ ခမရ ၃၅၇ နဲ့ သင်္ဃန်းညီနောင် ရဲစခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ မြေပြင် အတွဲလိုက် ပစ်ဒုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လေကြောင်းပစ်ကူတွေ ပေးပြီး ခုခံနေပေမယ့် မြေသတင်းရင်းမြစ်ရဲ့ အဆိုအရ မကြာခင် သိမ်းပိုက်နိုင်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။