Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သေနတ်ယဉ်ကျေးမှုကို ခေါင်းထောင်ခွင့်မပြုနဲ့ (Opinion)

ဝက်လက် PDF တပ်ရင်း-၂ က တပ်စိတ်မှူးတစ်ဦး သူ့ကိုပြန်မကြိုက်တဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ စိတ်ချရတဲ့ သတင်းဌာန မြေလတ်အသံက ဖော်ပြတယ်။

 

 ဝက်လက်ရင်း-၂ တပ်စိတ်မှူး ကိုပြည့်ဆိုသူက သူကြိုက်နေတဲ့ ဝက်လက်မြို့နယ်၊ သခွတ္တောရွာသူရဲ့ အိမ်ထဲအထိ ရောက်လာပြီး သူ့ကိုသာ ကြိုက်ဖို့ သေနတ်ကို ကြိုတင် မောင်းတင်ထားပြီး ပြောတယ်။ အမျိုးသမီးက လက်မခံကြောင်းပြောကာ အိမ်ပေါ်ကနေ ဆင်းသွားဖို့ ပြောတော့  သေနတ်နဲ့ ပစ်သတ်လိုက်တယ်တဲ့။

 

ဖေဖေါ်ဝါရီ ၂၆ ရက်၊ ညနေပိုင်းမှာ ဝက်လက်ရင်း-၂ တပ်စိတ်မှူး ကိုပြည့်ဆိုသူက သူကြိုက်နေတဲ့ ဝက်လက်မြို့နယ်၊ သခွတ္တောရွာသူရဲ့ အိမ်ထဲအထိ ရောက်လာပြီး သူ့ကိုသာ ကြိုက်ဖို့ သေနတ်ကို ကြိုတင် မောင်းတင်ထားပြီး ပြောတယ်။ အမျိုးသမီးက လက်မခံကြောင်းပြောကာ အိမ်ပေါ်ကနေ ဆင်းသွားဖို့ ပြောတော့  သေနတ်နဲ့ ပစ်သတ်လိုက်တယ်တဲ့။ သေနတ်နဲ့ ပစ်တာဟာ မိန်းကလေးရဲ့ မိဘတွေရှေ့မှာလို့ ဆိုတယ်။ ပြီးတော့ အဲဒီမိန်းကလေးအိမ်ကို မန္တလေးကနေ ရောက်နေတဲ့ လိင်တူချစ်သူ အမျိုးသမီးကိုလည်း သေနတ်နဲ့ ထပ်ပစ်ရာမှာ ကျည်ဆန် မထွက်တာကြောင့် အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်။ သေဆုံးသွားတဲ့ အမျိုးသမီးက အခုမှ ပျိုမြစ်စ အသက် ၂၂ နှစ်အရွယ်။

 

မြေလတ်အသံရဲ့ သတင်းကို ဆက်ဖတ်ကြည့်လိုက်တော့ ဝက်လက် PDF တပ်ရင်း-၂ ရဲ့  ဒုတပ်ရင်းမှူးက ယင်းဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြီး ပြစ်မှုကျူးလွန်သူကို တပ်ရင်းမှာတင်မက သက်ဆိုင်ရာ အဆင့်ဆင့်ကနေစံနမူနာ ဖြစ်လောက်တဲ့အထိ အရေးယူမှုမျိုး ဖြစ်အောင်လုပ်သွားမယ်လို့လည်း ဆိုတယ်။ တကယ့် လက်တွေ့မှာ ဘယ်လိုထိရောက်တဲ့အရေးယူမှုတွေ ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

 

သေနတ်နဲ့ အပစ်ခံရပြီး ကျည်မထွက်လို့ အသက်မသေတဲ့ လိင်တူချစ်သူအမျိုးသမီး(အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး)ကို ဝက်လက် PDF တပ်ရင်း-၂ က အမှုနဲ့ ပတ်သက်တဲ့သူမို့ ယာယီထိန်းသိမ်းလိုက်တယ်လို့ ဒုတပ်ရင်းမှူးက ဆိုပါတယ်။

 

သေနတ်နဲ့ အပစ်ခံရပြီး ကျည်မထွက်လို့ အသက်မသေတဲ့ လိင်တူချစ်သူအမျိုးသမီး(အမျိုးသားစိတ်ခံယူထားတဲ့ အမျိုးသမီး)ကို ဝက်လက် PDF တပ်ရင်း-၂ က အမှုနဲ့ ပတ်သက်တဲ့သူမို့ ယာယီထိန်းသိမ်းလိုက်တယ်လို့ ဒုတပ်ရင်းမှူးက ဆိုပါတယ်။

 

လိင်တူချစ်သူအမျိုးသမီးဟာ ဒီအမှုအခင်းနဲ့ အနီးဆုံးပတ်သက်နေတဲ့ လူတစ်ယောက်ဖြစ်သလိုကံကောင်းလို့ အသက်မသေဘဲကျန်ခဲ့တဲ့ မျက်မြင်တစ်ဦးလည်း ဖြစ်၊ တရားလိုလည်းဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းတဲ့အပေါ် အငြင်းပွားစရာမရှိသလို သူ့ရဲ့လုံခြုံရေးအတွက် ခဏတဖြုတ် ခေါ်ယူထိန်းသိမ်းတယ်ဆိုရင်လည်း သဘာဝကျပါတယ်။ 

 

ဒီအမျိုးသမီးက သေခြင်းနဲ့ အနီးဆုံးနေရာကို ရောက်ရှိပြီးမှ ကျည်မထွက်လို့ အသက်မသေခဲ့တာဖြစ်လို့ အပြင်းထန်ဆုံး စိတ်ခြောက်ခြားခဲ့မှာ အသေအချာပါပဲ။ ဒါ့အပြင် သူ့ရဲ့ချစ်သူ အမျိုးသမီးငယ်က သူ့ရှေ့မှာတင် အသတ်ခံလိုက်ရတာဖြစ်လို့ ဝမ်းနည်းပူဆွေးမှုတွေလည်း ဒီတက်နေမှာပါပဲ။

 

ဒီအမျိုးသမီးက သေခြင်းနဲ့ အနီးဆုံးနေရာကို ရောက်ရှိပြီးမှ ကျည်မထွက်လို့ အသက်မသေခဲ့တာဖြစ်လို့ အပြင်းထန်ဆုံး စိတ်ခြောက်ခြားခဲ့မှာ အသေအချာပါပဲ။ ဒါ့အပြင် သူ့ရဲ့ချစ်သူ အမျိုးသမီးငယ်က သူ့ရှေ့မှာတင် အသတ်ခံလိုက်ရတာဖြစ်လို့ ဝမ်းနည်းပူဆွေးမှုတွေလည်း ဒီတက်နေမှာပါပဲ။ ဆိုလိုတာက အခုလိုအချိန်မျိုးမှာ အဲဒီအမျိုးသမီးဟာ နှစ်သိမ့်အားပေးမှုတွေ ခံယူရမယ့်အချိန်ဖြစ်ပါတယ်။ နောက်ဆက်တွဲ ကြားရတဲ့သတင်းအရ အဲဒီအမျိုးသမီးဟာ ဝက်လက် PDF တပ်ရင်း-၂ ရဲ့ ထိန်းသိမ်းမှုအောက်မှာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ဝက်လက် PDF တပ်ရင်း-၂ က ဒီအမျိုးသမီးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းကာ နှစ်သိမ့်မှုပေးခဲ့သလား၊ ဒီအမှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့သလားဆိုတာ အဲဒီအမျိုးသမီးရဲ့ အသံကို နားထောင်ခွင့်ရရင် ကောင်းပါမယ်။

 

အဲဒီသတင်းကို ထပ်မံအားဖြည့်ပေးတာက အခုအမျိုးသမီးငယ်ကို သတ်ခဲ့တယ်ဆိုတဲ့ တပ်စိတ်မှူးကိုပြည့် ဟာ အရင်ကလည်း ကျည်ဆန်တွေကျပျောက်ခဲ့ဖူးပြီး တပ်ရင်းတာဝန်ရှိသူတွေကို အခိုးခံရတယ်လို့ ပြောဆိုခဲ့ကြောင်းနဲ့ ကျည်ဆန်ကောက်ရလို့ လာပေးတဲ့ ဒေသခံတစ်ဦးကို ကျည်ဆန်ခိုးထားတယ်လို့ စွပ်စွဲပြီး ဝိုင်းရိုက်ခဲ့သေးကြောင်း ဝက်လက် PDF တပ်ရင်းတစ်ခုထံက သိရတယ်လို့ မြေလတ်အသံရဲ့ ဖော်ပြချက်ပဲဖြစ်ပါတယ်။

 

ကိုပြည့်ဆိုသူဟာ အခုလူသတ်မှုမကျူးလွန်ခင်ကတည်းက သေနတ်အားကိုးပြီး ပြည်သူအပေါ် ဗိုလ်ကျနေသူ တစ်ဦးဖြစ်ကြောင်း ကျည်ဆန်ပြဿနာနဲ့ ကိုင်တွယ်ပုံက ဖော်ပြနေပါတယ်။

 

ဆိုတော့ မြေလတ်အသံရဲ့ သတင်းဖော်ပြချက်အပေါ်အခြေခံကာ အကြမ်းဖျဉ်း မှတ်ချက်ပြုရမယ်ဆိုရင် ကိုပြည့်ဆိုသူဟာ အခုလူသတ်မှုမကျူးလွန်ခင်ကတည်းက သေနတ်အားကိုးပြီး ပြည်သူအပေါ် ဗိုလ်ကျနေသူ တစ်ဦးဖြစ်ကြောင်း ကျည်ဆန်ပြဿနာနဲ့ ကိုင်တွယ်ပုံက ဖော်ပြနေပါတယ်။

 

အဲဒီလို သေနတ်အားကိုးနဲ့ ဗိုလ်ကျတတ်သူတစ်ဦးမှာ သေနတ်ရှိနေခြင်းက ပြည်သူ့နေအိမ်ပေါ်အထိ တက်ကာ လူသတ်ရဲဖို့ အခွင့်အလမ်းတစ်ခု ဖြစ်စေခဲ့သလားဆိုတာ မိခင်အဖွဲ့အစည်းအနေနဲ့ ပြန်သုံးသပ်ဖို့ လိုပါမယ်။

 

တော်လှန်ရေးသစ္စာဖောက်လည်းမဟုတ်၊ ဒလန်လည်းမဟုတ်တဲ့ သာမန်ပြည်သူတစ်ဦးကို PDF ရဲဘော်က သတ်တယ်ဆိုတာကတော့ သိပ်ထူးဆန်းလှပြီး အပြစ်လည်း ကြီးပါတယ်။ 

 

အကြမ်းဖက်စစ်တပ်က ပြည်သူကို သတ်တယ်ဆိုတာ သိပ်ထူးဆန်းတာတော့ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ သူတို့ စစ်ဗိုလ်ချုပ်တွေ အာဏာရရှိရေးအတွက် ပြည်သူကို သတ်ပစ်ဖို့ အချိန်ပြည့် တောင်းဆိုနေမှုဟာ မအောင်မြင်တဲ့အာဏာသိမ်းပွဲ စတင်ကတည်းကပဲဖြစ်ပြီး ဒီနေ့ထိတိုင် သတ်မြဲဖြစ်သလို နောင်လည်း ဆက်သတ်နေဦးမှာပါပဲ။

 

တော်လှန်ရေးသစ္စာဖောက်လည်းမဟုတ်၊ ဒလန်လည်းမဟုတ်တဲ့ သာမန်ပြည်သူတစ်ဦးကို PDF ရဲဘော်က သတ်တယ်ဆိုတာကတော့ သိပ်ထူးဆန်းလှပြီး အပြစ်လည်း ကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ ခွန်အား၊ ပြည်သူတွေရဲ့ ထမ်းပိုးမှုနဲ့ ပြည်သူတွေရဲ့ ရတနာအဖြစ် ပေါက်ဖွားလာခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

 

ပြီးတော့ သေနတ်အားကိုးနဲ့ ပြည်သူကို နှစ်ပေါင်းရှည်ကြာ ဒုက္ခပေးနေတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် မွေးဖွားလာတဲ့ PDF ရဲဘော်က စစ်အာဏာရှင်ရဲ့ စရိုက်အတိုင်း ပြုမူခြင်းဟာ ကြောက်မက်ဖွယ်ဖောက်လွဲ ဖောက်ပြန်မှုပဲဖြစ်ပါတယ်။

 

သေနတ်ရှိရင် အရာရာဖြစ်တယ်ဆိုတဲ့ အာဏာရှင်တို့ရဲ့ သေနတ်ယဉ်ကျေးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြား ဘယ်လောက်ထိ စိမ့်ဝင်နေပြီလဲဆိုတာ ကိုယ့်ပေါင်ကိုယ် နာနာလှန်ထောင်းရဲကြဖို့ လိုပါမယ်။

 

ဆိုတော့ အဲဒီလို ကြောက်မယ်ဖွယ် ဖောက်ပြန်မှုတွေက PDF တွေရဲ့ကြား ဘယ်လောက်ထိရှိနေပြီလဲဆိုတာ ကျနော်တို့ ဆန်းစစ်ကြဖို့လည်း လိုပါမယ်။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး ပြဿနာတွေအပေါ်အခြေခံကာ ပြည်သူဘက် ပြောင်းပြန်လှည့်နေတဲ့ သေနတ်တွေ ဘယ်လောက်ထိ ရှိနေပြီလဲ၊ သေနတ်ရှိရင် အရာရာဖြစ်တယ်ဆိုတဲ့ အာဏာရှင်တို့ရဲ့ သေနတ်ယဉ်ကျေးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြား ဘယ်လောက်ထိ စိမ့်ဝင်နေပြီလဲဆိုတာ ကိုယ့်ပေါင်ကိုယ် နာနာလှန်ထောင်းရဲကြဖို့ လိုပါမယ်။

 

ပြီးတော့ PDF တပ်ဖွဲ့ချင်း သေနတ်နဲ့ ဖြေရှင်းကြမှု။ ၂၀၂၃ ခုနှစ်တုန်းက ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသမှာ ဖုန်တထောင်းထောင်းထခဲ့ဖူးပါတယ်။ MG6 ဆိုတဲ့ မြင်းခြံခရိုင် PDF တပ်ရင်းတစ်ခုနဲ့ ရေလယ်ကျွန်းဒေသခံ ပကဖ တို့ရဲ့ ထိပ်တိုက်တိုးမှု။ သတင်းတွေအရ MG6 ရဲ့ လက်နက်အားကိုးနဲ့ မောက်မာဗိုလ်ကျမှုအပေါ်အခြေခံတယ် ဆိုပေမဲ့ သေနတ်ကို သေနတ်ချင်း ပြန်လည်ဖြေရှင်းခြင်းကြောင့် ကိုယ့်ရဲဘော်ချင်း အသက်နှုတ်ယူခြင်းတွေနဲ့ အကျည်းတန်ခဲ့ရပါတယ်။

 

အဲဒီလိုပြဿနာဆိုးတွေကို ဒီဘက်နောက်ပိုင်း ထပ်မကြားရသေးပေမဲ့ PDF တပ်ဖွဲ့ချင်း ထိပ်တိုက်တွေ့မှုတွေနဲ့ ထစ်ခနဲဆို သေနတ်ပြေးဆွဲချင်တဲ့လက်တွေကို တွေ့လာရတာကြောင့် မိတ်ဆွေချင်းကြားဆက်ဆံရေးမှာ  အခိုင်အမာတည်ဆောက်ထားနိုင်ဖို့ လိုတာက တွေ့ဆုံဆွေးနွေးအဖြေရှာရေးပါပဲ။

 

 ပြည်သူတွေရဲ့ကြား အပြောအဆိုကျယ်လာတဲ့ နောက်ပြဿနာတစ်ရပ်က PDF တပ်ဖွဲ့တချို့က ခရီးသွားပြည်သူတွေဆီကနေ ငွေကောက်ခံမှုပဲဖြစ်ပါတယ်။

 

ဒီဘက်နောက်ပိုင်းမှာ ပြည်သူတွေရဲ့ကြား အပြောအဆိုကျယ်လာတဲ့ နောက်ပြဿနာတစ်ရပ်က PDF တပ်ဖွဲ့တချို့က ခရီးသွားပြည်သူတွေဆီကနေ ငွေကောက်ခံမှုပဲဖြစ်ပါတယ်။ စစ်တပ်ကလည်း အဓမ္မဆက်ကြေးကောက်၊ PDF တွေကလည်း မပေးမနေရငွေ ကောက်နဲ့  ၂ ဆ ပေးနေရကြောင်း ကုန်ကားသမားတွေ ညီးညူ ကြတဲ့အထိပါပဲ။

 

တချို့ PDF က ငွေဘယ်လောက်ပေးရမယ်ဆိုပြီး ကိန်းဂဏန်းအတိအကျသတ်မှတ် ကောက်ခံနေတာမျိုးရှိပြီး ပြည်သူတွေကလည်း မပေးချင်ဘဲ ပေးနေရပါတယ်။ တချို့ကျတော့ အလှူခံတာမျိုးဆိုပေမဲ့ တစ်နယ်တည်းမှာပဲ အလှူခံတာက ၃-၄ဖွဲ့  ဖြစ်နေတော့ အလှူငွေထည့်ရတဲ့ ပြည်သူတွေလည်း မစားသာလှပါဘူး။ ပြီးတော့ သေနတ်ကတစ်ဖက် အလှူခံပုံးကတစ်ဖက် ဆိုရင်တော့ ခြိမ်းခြောက်မှုသဘောပါတဲ့ အလှူခံခြင်းလားဆိုတဲ့ မေးခွန်း ထွက်ကျလာပါမယ်။

 

 သေနတ်ကို ယုံကြည်လို့၊ သေနတ်ပြောင်းထဲက ထွက်လာတဲ့ အာဏာကို ယုံကြည်လို့ သေနတ်ကို ဆွဲကိုင်နေခြင်း မဟုတ်ပါဘူး။ သေနတ်ပြောင်းထဲက ထွက်လာတဲ့ အာဏာကို တော်လှန်ချင်လို့ လက်နက်စွဲကိုင်တော်လှန်ကြခြင်း ဖြစ်ပါတယ်။

 

အခုဆောင်းပါးကို ချုပ်ရမယ်ဆိုရင် ကျနော်တို့ဟာ ဒီသေနတ်နဲ့မှ မတော်လှန်ရင် စစ်အာဏာရှင်စနစ်ကို မြေလှန်ပစ်နိုင်စရာအကြောင်းမရှိလို့ သေနတ်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို နောက်တစ်မျိုးထပ်ဆိုရရင် သေနတ်ကို ယုံကြည်လို့၊ သေနတ်ပြောင်းထဲက ထွက်လာတဲ့ အာဏာကို ယုံကြည်လို့ သေနတ်ကို ဆွဲကိုင်နေခြင်း မဟုတ်ပါဘူး။ သေနတ်ပြောင်းထဲက ထွက်လာတဲ့ အာဏာကို တော်လှန်ချင်လို့ လက်နက်စွဲကိုင်တော်လှန်ကြခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ကြား သေနတ်ယဉ်ကျေးမှုကို ခေါင်းထောင်ခွင့်ပြုလို့မရပါဘူး။ သေနတ်ယဉ်ကျေးမှုကို ခြွင်းချက်မရှိ တော်လှန်ကြဖို့လိုပါမယ်။ ကိုယ့်ပေါင်ကိုယ် နာနာထောင်းရဲကြဖို့ လိုပါမယ်။ ပြည်သူတွေ ငြိုငြင်မယ့်အပြုအမူမျိုးတွေကို လုံးဝရှောင်ကြဉ်ကြဖို့လိုပါမယ်။         

 

တော်လှန်ရေးရဲဘော်တိုင်းဟာ သေနတ်ကို နိုင်ငံရေးအသိနဲ့ ကြပ်ကြပ်မတ်မတ်ကိုင်တတ်ဖို့ဆိုတာ လေနဲ့ ရေပမာ အရေးကြီးလှပါတယ်။အာဏာရှင်တွေကို တော်လှန်ရင်း ကိုယ်ကိုယ်တိုင်က အာဏာရှင်မဖြစ်စေဖို့ ကိုယ်တိုင်ရော ကိုယ့်အဖွဲ့အစည်းကိုပါ သံဘရပ်ချ်နဲ့ နာနာတိုက်ကာ ဝေဖန်စစ်ကြောနေဖို့လိုပါမယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။