Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒေါသမာန် (Opinion)

ဒီကနေ့တော့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ယုတ်မာပက်စက်လွန်းလှတဲ့ အကြမ်းဖက်မှုကို ရွာကလေးခမျာ နဖူးတွေ့ဒူးတွေ့ တွေ့ထိခံစားလိုက်ရတယ်။ အုပ်ချုပ်ရေးမှူးအိမ်နဲ့ NLD ဥက္ကဌအိမ်တွေ မီးရှို့ခံလိုက်ရတယ်။ အုပ်ချုပ်ရေးမှူးအိမ်ကတော့ ကျုပ်အိမ်လိုပဲ ရွာမြောက်ဘက်ပိုင်းနဲ့ လှည်းလမ်းသာခြားနေတဲ့ သူ့ယာခင်းထဲမှာ ဆောက်လုပ်ထားတာ။ မြေခပန်းသပ် ထရံကာ သွပ်မိုးအိမ်လေးပါ။ ဒါကြောင့် သူ့အိမ်မီးကနေ တခြားအိမ်တွေဆီ ကူးစက်မလောင်ကျွမ်းဘူး။

 

NLD ဥက္ကဌရဲ့အိမ်ကတော့ ရွာလယ်ကောင်မှာရှိတယ်။ အိမ်တော်ပုံ ပျဥ်ထောင်နှစ်ထပ် အိမ်ကြီး။ အဆောက်အဦကလည်းကြီးမား၊ ငြှိမ်းသတ်မယ့်သူတွေလည်းမရှိတော့ တခြားအိမ်တွေပါ ကူးစက်လောင်ကျွမ်းသွားတယ်။ စုစုပေါင်း ၂၃ အိမ်တောင်မှ မီးလောင်ပြာကျသွားတာ။

 

လက်နက်မဲ့ပြည်သူကို သေနတ်နဲ့ပစ်ခတ်ပြီး ဇွတ်အတင်း ရှေ့တိုးခဲ့ကြတာလေ။ မင်းတို့က အာဏာထိန်းသိမ်းတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ကြတာ။

 

ခွေးသားတွေ။ သူတို့အပြောကတော့ နိုင်ငံတော်ရဲ့အာဏာကို မရိုးမသားရယူဖို့ မဲမသမာမှုတွေပြုလုပ်ခဲ့တဲ့အတွက် အာဏာထိန်းသိမ်းရတာတဲ့လား။ ရိုင်းရိုင်းပဲ ပြောကြစို့ရဲ့။ ဒင်းတို့စကားက ဆင့်ရဲ့ဟိုဟာကို အနာပါလို့ပြောတဲ့သူလိုပါပဲ။ နိုင်ငံနဲ့အဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာပဲ။ အဲဒီကတည်းက လူလိုနားလည်ကြတယ်ဆိုရင် ကိုယ့်အနေအထားကိုယ် သဘောပေါက်သင့်ခဲ့တာပေါ့။ လက်နက်မဲ့ပြည်သူကို သေနတ်နဲ့ပစ်ခတ်ပြီး ဇွတ်အတင်း ရှေ့တိုးခဲ့ကြတာလေ။ မင်းတို့က အာဏာထိန်းသိမ်းတာမဟုတ်ဘူး။ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ကြတာ။

 

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ​ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ တပ်မတော်က သစ္စာအဓိဌာန်ပြုကြရတယ်။ အဲဒီမှာ အပြစ်မဲ့ပြည်သူတစ်ယောက်ကို ပစ်သတ်မိတာနဲ့ တပြိုင်နက် အဲဒီအဖွဲ့အစည်းဟာ တပ်မတော်အဖွဲ့အစည်းမဟုတ်တော့ဘူး။ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီ။ အခု မင်းတို့သတ်ဖြတ်လို့ သေဆုံးကြရတဲ့ အပြစ်မဲ့ပြည်သူ ထောင်ချီရှိနေပြီ။ ပြီးတော့ မင်းတို့မီးရှို့လို့ ပြည်သူတွေရဲ့အိုးအိမ်တွေလည်း သောင်းချီရှိနေပြီ။ ကိုင်း အဲဒီလိုအဖွဲ့အစည်းကို တို့က အကြမ်းဖက်အဖွဲ့အစည်းလို့မခေါ်ရင် ဘယ်လိုခေါ်ရမလဲ ပြော။

 

ထောက်ခံတဲ့သူမရှိလို့ အစားထိုးခန့်အပ်စရာမရှိဘူးဆိုရင် ဟကောင်ရေ ကိုယ့်ငယ်ပါကိုယ် ဖျစ်ညှစ်ပြီးသာ လဲသေလိုက်ပေရော့။

 

နေစမ်းပါဦး။ ဘာ့ကြောင့် အုပ်ချုပ်ရေးမှူးအိမ်ကို မီးရှို့ရတာလဲ။ မင်းတို့နဲ့ လက်တွဲမလုပ်ဘဲ နှုတ်ထွက်သွားလို့ ဟုတ်လား။ ဒါကတော့ သူ့လွတ်လပ်ခွင့်ပဲလေ။ သူလုပ်ချင်လုပ်မယ်။ မလုပ်ချင် နှုတ် ထွက်ခွင့်ရှိတယ်။ သူနှုတ်ထွက်သွားရင် သူ့ကို ထောက်ပံ့ကြေးမပေးရုံပေါ့။ ဘာလဲ၊ အုပ်ချုပ်ရေးမှူးက နှုတ်ထွက်ပြီး ထောက်ပံ့ကြေးယူနေလို့လား။ သူနှုတ်ထွက်သွားရင် မင်းတို့ကိုထောက်ခံနေတဲ့ တစ်ယောက် ယောက်ကို ခန့်အပ်ထားလိုက်ပါလား။ ထောက်ခံတဲ့သူမရှိလို့ အစားထိုးခန့်အပ်စရာမရှိဘူးဆိုရင် ဟကောင်ရေ ကိုယ့်ငယ်ပါကိုယ် ဖျစ်ညှစ်ပြီးသာ လဲသေလိုက်ပေရော့။

 

ဒီမှာ၊ အိမ်တစ်လုံးမပြောနဲ့ တဲတစ်လုံးဆောက်ဖို့တောင် လွယ်ကူတဲ့အလုပ်မဟုတ်ဘူးကွ။ နှစ်ရှည်လများ သစ်သားဝယ်ရ၊ သွပ်ဝယ်ရပြီး တည်ဆောက်ကြရတာ။ မိသားစုဝင်တွေရဲ့ ချွေးနဲ့ရင်းပြီး ရရှိလာတဲ့ငွေနဲ့ တည်ဆောက်ခဲ့ရတာ။ အေးလေ၊ မင်းတို့ကတော့ နိုင်ငံတော်ကပေးထားတဲ့ တန်းလျားမှာ နေထိုင်ကြတဲ့ကောင်တွေဆိုတော့ အိမ်တစ်လုံးရဲ့တန်ဖိုးကို နားလည်ကြမယ် မဟုတ်ပေဘူး။ မင်းတို့ရဲ့ဘ ဝတွေလို လုပ်ပိုင်ခွင့်အသုံးချပြီး လွယ်လွယ်ကူကူ ခိုးဝှက်လာတဲ့ငွေနဲ့ တည်ဆောက်ခဲ့ကြရတာ မဟုတ်ဘူး။

 

မင်းတို့လက်ထဲ လူသတ်လက်နက် ရှိနေလို့သာပ။ ဘာမှ မကိုင်ထားရင်တော့လား၊ မင်းလိုကောင်ကို အပိုင်းပိုင်းခုတ်သတ်ပြီး ငါးဆားနယ်ငပိကောင်သိပ်သလို သိပ်ပြစ်လိုက်မှာ အသေအချာပါ။ 

 

ကိုင်း အိမ်မီးရှို့လိုက်တာနဲ့ အုပ်ချုပ်ရေးမှူးက မင်းတို့ရှေ့ ဒူးထောက်လာရဲ့လား။ ဝေးပါသေးရဲ့။ မင်းတို့လက်ထဲ လူသတ်လက်နက် ရှိနေလို့သာပ။ ဘာမှ မကိုင်ထားရင်တော့လား၊ မင်းလိုကောင်ကို အပိုင်းပိုင်းခုတ်သတ်ပြီး ငါးဆားနယ်ငပိကောင်သိပ်သလို သိပ်ပြစ်လိုက်မှာ အသေအချာပါ။ သူအသက်မသေမချင်း မင်းတို့လိုကောင်တွေကို ဘယ်တော့မှ အခဲမကြေဘူး။ နာကျည်းလက်စားချေချင်နေလိမ့်မယ်ဆိုတာ မှတ်ထားလိုက်။ ဘာလို့လဲဆိုတော့ သူ့မိသားစုအတွက် သူ ရုန်းကန်လှုပ်ရှားပြီး တည်ဆောက်ခဲ့ရတဲ့အိမ်ကို မင်းတို့က အကြောင်းမဲ့သက်သက် နိုင့်ထက်စီးနင်း မီးရှို့ဖျက်ဆီးသွားလို့ပါပဲ။

 

ဒီလိုပဲ။ NLD ဥက္ကဌအိမ်ကိုရော ဘာကြောင့် မီးရှို့ဖျက်ဆီးရတာလဲ။ ဒီမိုကရေစီကို ထိန်းကျောင်းတည့်မတ်ပေးချင်ကြတဲ့သူတွေဆို။ ထွီ ခွေးပါးစပ်က နတ်စကားထွက် ဆိုတာလိုပဲ။ ဒီမိုကရေစီမှာ မိမိယုံကြည်တဲ့ နိုင်ငံရေးအဖွဲ့ကို လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိတယ်။ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ အခြားအဖွဲ့တွေနဲ့ ယှဥ်ပြိုင်ခွင့်ရှိတယ်။ ပေးလေ မင်းတို့အကြမ်းဖက်အဖွဲ့အစည်းကိုသာ မင်းတို့က အမိအဖလို့ သတ်မှတ်ထားကြတဲ့ကောင်တွေဆိုတော့ ဒီမိုကရေစီအကြောင်းပြောပြလည်း ကျွဲရှေ့ အော်ပရာကပြသလို ဖြစ်နေမှာပါ။ ပြောနေတဲ့ကျုပ်ကိုက အပြစ်သားပါ။

 

 ခုတော့ဗျာ။ မီးငြှိမ်းသတ်ခွင့်လည်း မပေးဘူး။ ဒါ သက်သက်မဲ့ အနိုင်ကျင့်စော်ကားနေမှုပါပဲ။ စဥ်းစားကြည့်ကြစမ်းပါ။ ကိုယ့်အိမ်မီးလောင်နေတာကို ဘာမှလုပ်ပိုင်ခွင့်မရှိဘဲ ထိုင်ကြည့်နေရတဲ့အဖြစ်ကို။

 

NLD ဥက္ကဌအိမ်ကြီးကို မီးရှို့လိုက်ရင် နီးကပ်နေတဲ့အိမ်တွေပါ ကူးစက်ကုန်တော့မှာပေါ့။ မင်းတို့မှာ အဲဒီလိုအတွေးတောင် မရှိကြလေရော့သလား။ အေးလေ၊ လူလိုမတွေးတတ်လို့ မီးရှို့လိုက်တော့ တခြားအိမ်တွေပါ ပြာကျကုန်တော့တာပေါ့။ ကျုပ်တို့ရွာတွေမှာ မတော်တဆ မီးလောင်မှုဖြစ်ပွားလည်း တစ်အိမ်ထက်ပိုပြီး မလောင်ကျွမ်းတတ်ဘူး။ ဘာလို့လဲဆိုတော့ ညီညီညာညာနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ကြလို့ပါပဲ။  ခုတော့ဗျာ။ မီးငြှိမ်းသတ်ခွင့်လည်း မပေးဘူး။ ဒါ သက်သက်မဲ့ အနိုင်ကျင့်စော်ကားနေမှုပါပဲ။ စဥ်းစားကြည့်ကြစမ်းပါ။ ကိုယ့်အိမ်မီးလောင်နေတာကို ဘာမှလုပ်ပိုင်ခွင့်မရှိဘဲ ထိုင်ကြည့်နေရတဲ့အဖြစ်ကို။

 

ဟိုစဥ်ကတော့ ရိုးသားအေးဆေးလှတဲ့ ကျုပ်တို့ရွာသူရွာသားတွေက စစ်သားဆိုတာ အသက်ကို ပဓာနမထားဘဲ နိုင်ငံရဲ့ရန်စွယ်ကို ကာကွယ်စောင့်ရှောက်နေကြသူတွေလို့ ရိုးရိုးသားသား ထင်မှတ်ထားကြတာ။ ကျုပ်တို့က စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံမွဲတေပြီး ခေတ်နောက်ကျ ကျန်ရစ်ခဲ့တာလို့ ပြောပြရင်တောင်မှ လက်မခံနိုင်ကြဘူး။ စစ်သားတွေရှိလို့ တို့တတွေ သူပုန်ရန်မကြောက်ရ၊ ဓားမြရန်မကြောက်ရ နေနိုင်ကြတာမဟုတ်လားတဲ့လေ။ ခုတော့ဖြင့် စစ်သားတွေဟာ ပြည်သူတရပ်လုံးတင်မြှောက်ထားတဲ့ အမေစုအစိုးရကို လက်နက်အားကိုးနဲ့ဖြုတ်ချပြီး သူတို့ ထာဝရ​ကြီးစိုးရေးအတွက် လက်နက်နဲ့အနိုင်ကျင့် ခြိမ်းခြောက်တည်ဆောက်နေကြတယ်ဆိုတာ လက်တွေ့ဖြစ်ရပ်တွေအရ နားလည်သဘောပေါက်ကြပြီ။

 

 မောင်မြိုင်ကလည်း သူအသက်ရှင်နေသရွေ့ ခွေးသားတွေကို တော်လှန်တိုက်ခိုက် သုတ်သင်သွားမယ်တဲ့လေ။ မောင်မြိုင်မှမဟုတ်ပါဘူး။ မီးလောင်တဲ့ထဲ ကိုယ့်အိမ်ပါသွားတဲ့လူငယ်တိုင်း PDF စိတ်ဓာတ်တွေ ပျော်ဝင်ခိုင်မာသွားကြပေါ့။

 

မီးလောင်တဲ့အထဲ အိမ်ပါသွားတဲ့ မုဆိုးမရင်မြဆို ရင်ဘတ်ကိုတီးပြီး ငိုလည်းငို၊ ဆဲလည်းဆဲ၊ ကြိမ်းမောင်တိုက်နေတာကလည်း မပြောပါနဲ့တော့။ သူ့ရဲ့တစ်ဦးတည်းသောသား လူပျိုပေါက်မောင်မြိုင်ကိုလည်း PDFထဲ မဖြစ်မနေဝင်ဖို့ တိုက်တွန်းနေလေရဲ့။ မောင်မြိုင်ကလည်း သူအသက်ရှင်နေသရွေ့ ခွေးသားတွေကို တော်လှန်တိုက်ခိုက် သုတ်သင်သွားမယ်တဲ့လေ။ မောင်မြိုင်မှမဟုတ်ပါဘူး။ မီးလောင်တဲ့ထဲ ကိုယ့်အိမ်ပါသွားတဲ့လူငယ်တိုင်း PDF စိတ်ဓာတ်တွေ ပျော်ဝင်ခိုင်မာသွားကြပေါ့။ ကျုပ်တို့လူကြီးတွေလည်း ရွာကို ဘယ်လိုကာကွယ် ခုခံကြမယ်ဆိုတာ စုဝေးစဥ်းစားရပြီပေါ့။

 

ဒီမှာ၊ အုပ်ချုပ်ရေးမှူးအိမ်၊ NLD ဥက္ကဌအိမ်ကို လိုက်လံပြသပေးတဲ့ လွန်းမောင်ရဲ့သား အာလူးကို အခဲမကြေချင်ကြဘူး။ ဒလန်ကောင်လို့ စွပ်စွဲပြောဆိုလာကြတယ်။ သူက အဖမ်းခံထိသွားတော့ ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လံပြသပေးရတာပေါ့လေ။ နောက်ဆို ဒင်းတို့ဖမ်းတာ မခံရအောင် ကြိုးစားနေထိုင်ရမယ်။ လောလောဆယ်တော့ သူတို့လာတယ်ဆိုရင် လွတ်အောင် ထွက်ပြေးကြဖို့ပါပဲ။ သတိရှိရှိနေကြဖို့ လိုအပ်တယ်။ လောလောဆယ်တော့ မီးရှို့ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နေရာထိုင်ခင်းရရှိအောင်နဲ့ စားသောက်မှုအဆင်ပြေဖို့ တစ်ရွာလုံးက တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီပေးကြဖို့ပါပဲ။ အနိမ့်ဆုံး လုပ်အားတော့ စိုက်ထုတ်ကူညီပေးနိုင်ကြပါတယ်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ဆိုတဲ့ ရွာစိတ် ကိန်းဝပ်နေဖို့ပါ။

 

ဒါကြောင့်လည်း ပြည်သူတရပ်လုံးကို အကြောက်တရားနဲ့ ငြိမ်ဝပ်သွားအောင် ရက်စက်၊ ယုတ်မာ၊ ရိုင်းစိုင်းနေကြတာဖြစ်တယ်။ မတရားဖိနှိပ်လာတော့လည်း ပြည်သူတရပ်လုံးအနေနဲ့ နာကျည်းမှုတွေကနေ တော်လှန်လိုစိတ်တွေ ပေါက်ဖွားလာကြတော့တယ်။ 

 

ခွေးသားတွေပြိုလဲသွားဖို့ဆိုတာ ဘယ်လောက်ကြာမယ် မပြောနိုင်သေးဘူး။ ဒင်းတို့မှာ လက်နက်အင်အား စုစည်းခဲ့တဲ့ကာလတွေဟာ ကျုပ်တို့ထက် အားသာမှုတွေရှိနေတယ်။ ဒါပေမဲ့ ဒင်းတို့မှာ နိုင်ငံ့အကျိုးဆိုတာထက် ဒင်းတို့ အကြမ်းဖက်အင်အားစုသာ လွှမ်းမိုးနေစေရမယ်ဆိုတဲ့ အားနည်းချက်ရှိတယ်။ ဒါကြောင့်လည်း ပြည်သူတရပ်လုံးကို အကြောက်တရားနဲ့ ငြိမ်ဝပ်သွားအောင် ရက်စက်၊ ယုတ်မာ၊ ရိုင်းစိုင်းနေကြတာဖြစ်တယ်။ မတရားဖိနှိပ်လာတော့လည်း ပြည်သူတရပ်လုံးအနေနဲ့ နာကျည်းမှုတွေကနေ တော်လှန်လိုစိတ်တွေ ပေါက်ဖွားလာကြတော့တယ်။ အဲဒီအချက်ဟာ ကျုပ်တို့ပြည်သူတွေရဲ့ အားသာချက်ပဲ။

 

ဒါပေမဲ့ ဒေါသနဲ့ယှဥ်တဲ့တုန့်ပြန်မှုထက် သတိ၊ ပညာ၊ အသိဥာဏ်နဲ့ယှဥ်တဲ့ တုန့်ပြန်မှုတွေလိုအပ်တယ်။ ကိုယ်ကျိုးထက် နိုင်ငံအကျိုးကို ရှေ့ရှုထားကြရမယ်။ သံဃာအား ဘုရားမဆန်နိုင်ဆိုတာလို ပြည်သူ့အားကိုလည်း မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကမှ မလွန်နိုင်ပါဘူး။ လမ်းဆုံးတဲ့တစ်နေ့မှာတော့ ဒင်းတို့သစ်အာဏာရှင်တွေ မလွဲမသွေ ကျဆုံးပျက်စီးသွားကြရမှာပါပဲ။ လဲပြိုနေပေမဲ့ ဒူးမထောက်မိကြစေနဲ့။

~~~~

နွေသစ်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။