Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အာဏာရူးတို့ရဲ့ အကြီးကျယ်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု (Human Rights)

ပထမအာဏာရှင်နေဝင်းနဲ့ မဆလပါတီဆိုတာ ဘယ်လိုမှထိုးခွဲလို့မရတဲ့ ကျောက်သားကျောင်ဆိုင် ပမာ အထင်မှားခဲ့ကြတယ်။ နိုင်ငံလုပ်ချင်ရင် မဆလပါတီထဲဝင်၊ လက်သီးလက်မောင်းတန်း ဆန့်ကျင်မယ် ဆိုရင်တော့ ထောင်ထဲသွား၊ သမိုင်းဆိုတာ နေဝင်းနဲ့ သူ့ခါးပိုက်ဆောင်တပ်ကသာ ရေးသားရတာလို့ အပြော အဆိုများခဲ့တယ်။ဒါပေမဲ့၊ အင်မတန်ဟိတ်ဟန်ကြီးခဲ့တဲ့ မဆလခေတ်ကို ရှစ်လေးလုံးအရေးတော်ပုံကြီးက သမိုင်းအမှိုက်ပုံထဲ လွှင့်ပစ်ပြခဲ့လေတော့ ကျနော်တို့ ဘဝင်မြင့်ခဲ့ကြတယ်။

 

နိုင်ငံရေး ဆိုတာ ငါတို့ လူငယ်တွေအရေးပဲ။ စစ်အာဏာရှင်တွေကို မြေလှန်ပစ်ရေး၊ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ငါတို့လူငယ်တွေရဲ့ အသက်သွေးတွေ ချခင်းလို့ ထွန်ယက်ကြမယ်လို့ ကြွေးကြော်ခဲ့။ ဒီလှိုင်းလုံးကြီးထဲ ကျနော်တို့ ပျော်ပျော်ကြီး စီးခဲ့ကြတယ်။

 

​ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကျနော်တို့ လက်သီးလက်မောင်းတန်းကြ၊နိုင်ငံရေးဆိုတာကို အဲဒီမှာ စသိခဲ့တယ်။ နိုင်ငံရေးကို စာလုံး ပေါင်းမှန်တယ်ဆိုရုံလောက် ရှိသေး၊ စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက် မယ်လို့ ကျနော်တို့ အံတင်းတင်းကြိတ်ခဲ့ဖူးတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက ကျနော်တို့မျိုးဆက်ရဲ့ ဉာဏ်စဉ်ကို မြှင့်တင်ပေးခဲ့တယ်။ နိုင်ငံရေး ဆိုတာ ငါတို့ လူငယ်တွေအရေးပဲ။ စစ်အာဏာရှင်တွေကို မြေလှန်ပစ်ရေး၊ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်ကို ငါတို့လူငယ်တွေရဲ့ အသက်သွေးတွေ ချခင်းလို့ ထွန်ယက်ကြမယ်လို့ ကြွေးကြော်ခဲ့။ ဒီလှိုင်းလုံးကြီးထဲ ကျနော်တို့ ပျော်ပျော်ကြီး စီးခဲ့ကြတယ်။

 

ကျနော် ၁၅ နှစ်သားအရွယ်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ တည့်တည့်တိုးခဲ့တယ်။ ရန်ကုန်မြို့ကို အလီလီပတ်ကာ စစ်အာဏာရှင်ကို လက်သီး လက်မောင်းတန်း ဆန့်ကျင်ခဲ့တယ်။ နိုင်ငံရေးဆိုတာကို သိဖို့ စာ ဖတ်ရမယ်ဆိုပြီး ဖတ်ဖတ် မှတ်မှတ်။ စာအုပ်ထဲ ဖတ်ထားမှတ်ထားသမျှ လေကြီးလေကျယ်တွေနဲ့ နိုင်ငံရေး ဆိုတာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ လူနည်းနည်းထူလာရင် လေလုံးထွားပြရတာလည်း အမော။

 

ဒီစစ်အာဏာရှင်တွေကို တော်လှန်ရမယ်ဆိုတာပဲ အာရုံကို နှစ်ထားတော့ ၁၆ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ထောင်ထဲရောက်ခဲ့တာ ဘယ်ဆန်းမလဲ။

 

​ဘဝဆိုတာ နိုင်ငံရေးပဲလို့လည်း အထင်ရောက်။ ဒီစစ်အာဏာရှင်တွေကို တော်လှန်ရမယ်ဆိုတာပဲ အာရုံကို နှစ်ထားတော့ ၁၆ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ထောင်ထဲရောက်ခဲ့တာ ဘယ်ဆန်းမလဲ။ ထောင်ဆိုတာ ကိုယ့်နိုင်ငံရေးဘဝ ထုသားပေသားကျအောင် ထုထောင်းခံ မာကျောစေတဲ့နေရာ။ ထောင်ထဲမှာ စိတ်ဓာတ်ကျ ဆင်းခြင်းမရှိဘဲ ဆက်လက်မာကျောစေခဲ့တယ်။

 

​ထောင်ထဲမှာ အာဟာရပြတ်ခဲ့တယ်။ ထောင်ထဲမှာ စားရသောက်ရမဲ့ဘဝ ဆားနဲ့လည်း ထမင်းစားခဲ့ဖူး။ ထောင်ထဲမှာ နံစော်လွန်းလှတဲ့ ငပိကို အချိုမှုန့် ဆေးလိပ် ၂ လိပ်ဖိုးဝယ်၊ ငရုပ်သီးအစိမ်းတောင့် ဆေးလိပ် ၃ လိပ် ဖိုးဝယ်၊ ငပိကို ရေနဲ့ဖျော်ကာ ရောသမမွှေ။ ထောင်ထဲမှာညနေပိုင်းကျွေးတဲ့ ဝက်ခေါင်းခါဟင်းရွက်ပြုတ်ရည် ထက်လည်း အဆများစွာသာ၊ ဆားနဲ့စားရတာထက်လည်း ပိုကောင်းနေတော့ ငပိမကြိုက်တဲ့ကျနော် အဲဒီလို အရည်အသွေးမြှင့်ထားတဲ့ငပိရည်ကို ပျော်ပျော်ကြီး အရသာခံခဲ့ဖူးတယ်။

 

​ထောင်ထဲမှာ လေပြင်းပြင်းတိုက်လာရင် လဲကျမသွားအောင် တစ်ခုခုကို ကိုင်ထားရတဲ့အထိ ခန္ဓာကိုယ် ဝါးခြမ်းပြားထက် ပါးလျနေပေမဲ့ ထောင်ထဲမှာ အသေမခံဘူးဆိုတဲ့စိတ်နဲ့ ထောင်ထဲကနေ ရအောင်ပြန် ထွက်ခဲ့တယ်။

 

​ထောင်ထဲမှာ လေပြင်းပြင်းတိုက်လာရင် လဲကျမသွားအောင် တစ်ခုခုကို ကိုင်ထားရတဲ့အထိ ခန္ဓာကိုယ် ဝါးခြမ်းပြားထက် ပါးလျနေပေမဲ့ ထောင်ထဲမှာ အသေမခံဘူးဆိုတဲ့စိတ်နဲ့ ထောင်ထဲကနေ ရအောင်ပြန် ထွက်ခဲ့တယ်။

 

​ထောင်ထဲကနေ ပြန်ထွက်ပြီးနောက် မြင်လိုက်ရတဲ့ရန်ကုန်မြို့ဟာ ကျနော်မြင်မက်ခဲ့တဲ့ ခေတ်ကြီးနဲ့ ဘာမှမဆိုင်သလို အေးအေးဆေးဆေး သူ့ဘာသာ ရွေ့နေတော့ တော်တော်စိတ်ပျက်ခဲ့ဖူးတယ်။ ကိုယ့်ဘာသာ လက်ဖက်ရည်ဆိုင်ထောင့်ကွေးမှာ လက်ဖက်ရည်တစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ အံတင်းတင်းကြိတ်။

 

​ဒီခေတ်ကြီးထဲက အဆင်ပြေသလို ရွေ့နေတဲ့ရေစီးထဲ ပြီးစလွယ်မရွေ့အောင် တောင့်ခံခဲ့ရ၊ ဒီစစ်အာ ဏာရှင်တွေကို ရရင်ရသလို တော်လှန်ပစ်ရမယ်ဆိုတဲ့ အသိကိုလည်း ကျစ်ကျစ်ပါဆုပ်ကိုင်ခဲ့ရ။ ကျနော်တို့ မျိုး ဆက်လူငယ်တွေ နာမယ်မှန်းသိပေမဲ့ အနာခံတိုက်ပွဲဝင်ခဲ့ကြတယ်။

 

​ဒုတိယအာဏာရှင်သန်းရွှေဟာ ဒီမိုကရေစီအင်အားစုတွေကို အပြင်းထန်ဆုံး ဖိနှိပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ဦးကိုတောင် ဒီပဲယင်းမှာ လုပ်ကြံခဲ့တယ်။ ဒီမိုကရေစီအင်အားစု ကင်းစင်တဲ့ အာဏာရှင်နိုင်ငံဖြစ်ရေးကို သန်းရွှေနဲ့ အပေါင်းအပါတွေ လက်ကုန် အားစိုက်စိတ်ကူးယဉ်ခဲ့ကြတယ်။ သန်းရွှေလက်ထက်တစ်လျှောက် ဒီမိုကရေစီအင်အားစုတွေကို အပေါ်စီးကနေ ဖြိုခွင်းခဲ့ပေမဲ့ ဘယ်လိုမှ မဖြိုခွင်းနိုင်ခြင်းရဲ့ ရလဒ်၊ စစ်တစ်ပိုင်းဒီမိုကရေစီအဖြစ် အာဏာရှင်တွေ နောက်တစ်လှမ်းဆုတ်ခဲ့ကြရတယ်။

 

သန်းရွှေဆုတ်ခဲ့တဲ့ နောက်တစ်လှမ်းဟာ တစ်ဘဝစာမက ဆုတ်ပေးလိုက်ရမှန်း  ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မျက်ရည်စက်လက်နဲ့ စစ်အုပ်စု အသိနောက်ကျခဲ့တယ်။

 

​စစ်တစ်ပိုင်းဒီမိုကရေစီဆိုတာ စစ်အုပ်စုဝင်တွေ ရာသက်ပန်အာဏာရရေးကို ရည်မှန်းခဲ့ပေမဲ့ ပြည်သူ တင်မြှောက်တဲ့အစိုးရလက်ထဲ တစ်စိတ်တစ်ပိုင်းအာဏာ လွှဲအပ်ခဲ့ရကာ စစ်အုပ်စုဝင်တွေကို အကြီးအကျယ်အထိ နာစေခဲ့တယ်။ သန်းရွှေဆုတ်ခဲ့တဲ့ နောက်တစ်လှမ်းဟာ တစ်ဘဝစာမက ဆုတ်ပေးလိုက်ရမှန်း  ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မျက်ရည်စက်လက်နဲ့ စစ်အုပ်စု အသိနောက်ကျခဲ့တယ်။

 

​NLD အစိုးရလက်ထက်မှာ ကျနော်တို့ ကျေနပ်ခဲ့ကြတယ်။ ကိုယ်တွေမျိုးဆက်ရဲ့ အနာခံထမ်းပိုးခဲ့ခြင်း ရလဒ်ကို ကျနော်တို့ညီငယ်လေးတွေနဲ့ ကျနော်တို့သားသမီးတွေ ခံစားခဲ့ရပြီလို့ စိတ်ကြီးဝင် အထင်မှားခဲ့ကြတယ်။ NLD အစိုးရလက်ထက်၊ စစ်အုပ်စုဝင်တွေ ရှုပ်ခဲ့တဲ့ ရိုဟင်ဂျာပြဿနာနဲ့တိုင်းပြည် ရှေ့တစ်လှမ်းမတိုးနိုင်ရေး စစ်အုပ်စုဝင်တွေ ခြေထိုးခံနေတဲ့ ပြဿနာတွေရဲ့ကြား အစိုးရနဲ့ ပြည်သူ တလူလူလွှင့်ခဲ့ကြ၊ နောက်အကျ ကြီးကျခဲ့တဲ့ တိုင်းပြည်အပေါ် ကျနော်တို့ အများကြီး မျှော်လင့်ခဲ့ကြတယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေး၊ ရေရှည်အတွက်အကျိုးရှိမယ့် အခြေခံအဆောက်အဦ တည်ဆောက်ရေး လုံ့လစိုက်ကြ၊ ပြည်သူတွေ အတန်အသင့် ကျေနပ်ကြရ။လောလောလတ်လတ် တိုင်းပြည်စီးပွားရေး တိုးတက်လာမှုရဲ့ အသီးအပွင့်တွေကို ခံစား ကြရ။ အဲဒါတွေရဲ့ ရလဒ်  ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ NLD ကိုပုံအောလိုက်ကြ။ တည်ငြိမ်အေးချမ်းတဲ့ ခေတ်တစ်ခေတ်ဆီ စိတ်ကူးယဉ်ချက်တွေနဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေအတွက် သိပ်ကျေနပ်မိတယ်။

 

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဲ့အာဏာသိမ်းပွဲဟာ ကျနော်တို့ပြည်သူတို့ရဲ့ ဆန္ဒပြကန့်ကွက်မှုတွေအောက်မှာ ပျက်ပြယ်သွားလိမ့်မယ်လို့လည်း သွေးဆာနေတဲ့ စစ်ဗိုလ်ချုပ်တွေကို လျှော့တွက်ခဲ့ကြတယ်။

 

​အာဏာသိမ်းနိုင်ခြေရှိတယ်ဆိုတာလောက်တော့ သိကြတယ်။ အာဏာသိမ်းခြင်းကို တုံ့ပြန်ခုခံစရာ ကျနော်တို့ ဘာမှမစွမ်းနိုင်တော့ လာမယ့်ဘေး ပြေးတွေ့ဖို့သာ ကျနော်တို့ စိတ်ဒုံးဒုံးချရတယ်။ ပျော်စရာ ကောင်းတဲ့ အနာဂတ်အကြောင်း စိတ်ကူးယဉ်ခဲ့တာတွေကို လွှတ်မချနိုင်တော့ အခုလို ခက်ထန်ကြမ်းတမ်းလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ကြတာလည်း အမှန်ပါပဲ။ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဲ့အာဏာသိမ်းပွဲဟာ ကျနော်တို့ပြည်သူတို့ရဲ့ ဆန္ဒပြကန့်ကွက်မှုတွေအောက်မှာ ပျက်ပြယ်သွားလိမ့်မယ်လို့လည်း သွေးဆာနေတဲ့ စစ်ဗိုလ်ချုပ်တွေကို လျှော့တွက်ခဲ့ကြတယ်။

 

​မြန်မြန်ဆန်ဆန် အသိရှိကာ မြန်မြန်ဆန်ဆန် လက်တွေ့တုံ့ပြန်နိုင်တာက နိုင်ငံရေးဆိုတာနဲ့ သိပ်ဝေး လွန်းလှတယ်လို့ ကျနော်တို့ထင်ခဲ့တဲ့ ကျနော်တို့ရဲ့ မျိုးဆက် ဂျန်နရေးရှင်းဇက်တွေပါပဲ။ ဂျန်နရေးရှင်းဇက်တွေ ဟာ တော်လှန်ရေးနဲ့ဝေးဝေး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ချက်တွေနဲ့ တခြားစီ။ ကျနော်တို့ထက် ပိုကြောက်စရာကောင်းတဲ့ ခေတ်ကို ဖြတ်သန်းရတော့တယ်။

 

​အာဏာရူးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ တစ်ဆက်ပြီးတစ်ဆက် ဆတိုးကိန်းတွေနဲ့ ရက်စက်ကြမ်းကြုတ်နေတာ ကျနော်တို့ လက်တွေ့ ကြုံသိခဲ့ရတယ်။ 

 

​အာဏာရူးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ တစ်ဆက်ပြီးတစ်ဆက် ဆတိုးကိန်းတွေနဲ့ ရက်စက်ကြမ်းကြုတ်နေတာ ကျနော်တို့ လက်တွေ့ ကြုံသိခဲ့ရတယ်။ ကုလသမဂ္ဂအချက်အလက်စုဆောင်းရေးအဖွဲ့ (IIMM)က မင်းအောင်လှိုင်စစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင် ပြောင်တင်းတင်းကျူးလွန်နေကြောင်း သက်သေတွေရရှိ ထားတယ်လို့ ပြောကြားထားပြီးလည်းဖြစ်တယ်။

 

​၁၀၂၇ စစ်ဆင်ရေးကစလို့ စခန်းတွေရှုံး၊ မြို့တွေပြုန်းနဲ့ အရှုံးကြီးလာတာနဲ့အမျှ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တစ်စုက သူတို့လက်လွှတ်ဆုံးရှုံးခဲ့တဲ့ မြို့တွေကို မီးလောင်တိုက်သွင်းတဲ့အထိ ရက်စက်ကြမ်းကြုတ်ခဲ့တယ်။

 

​အခုနောက်ဆုံးပေါ် ရက်စက်ကြမ်းကြုတ်မှုကတော့ ဖေဖေါ်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရဥပဒေဖြစ်တဲ့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို အသက်သွင်းလိုက်တာပါ။ 

 

​အခုနောက်ဆုံးပေါ် ရက်စက်ကြမ်းကြုတ်မှုကတော့ ဖေဖေါ်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရဥပဒေဖြစ်တဲ့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေကို အသက်သွင်းလိုက်တာပါ။ အဲဒါကို နောက်တစ်မျိုးဆိုရရင် နိုင်ငံလုံးပြည့် လူ့အခွင့်အရေးချိုးဖောက်မှုကို အကြီးအကျယ်ဖော်ဆောင်ဖို့ ခတ်ကွင်းပြင်လိုက်ခြင်းပါပဲ။

 

​ကျနော်တို့ မျိုးဆက်ကာလ၊ ဒုတိယအာဏာရှင်သန်းရွှေလက်ထက်တုန်းက စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်း မရှိတဲ့ဘယ်သူမဆို စစ်အာဏာရှင်တွေရဲ့ အန္တရာယ်စက်ကွင်းထဲ မရောက်ဘဲ ကိုယ့်ဘဝ ကိုယ့်ဘာသာ ထူ ထောင်ခွင့်ရခဲ့ကြပေမဲ့ အခု အဓမ္မစစ်သားစုဆောင်းရေးဥပဒေကတော့ ဘယ်လူငယ်ကိုမှ အလွတ်မပေးဘဲ ဒုက္ခပေးတော့တာပါပဲ။

 

လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ အတင်းအကျပ်စီစဉ်တာဟာ ရှိသမျှ လက်နက်အင်အားသုံးပြီး အရပ်သားပြည်သူတွေကို နှစ်ဆတိုးတိုက်ခိုက်ဖို့ အလောင်းအစားလုပ်လိုက်တာပဲ ဖြစ်ပါတယ်

 

​မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက “လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ အတင်းအကျပ်စီစဉ်တာဟာ ရှိသမျှ လက်နက်အင်အားသုံးပြီး အရပ် သားပြည်သူတွေကို နှစ်ဆတိုးတိုက်ခိုက်ဖို့ အလောင်းအစားလုပ်လိုက်တာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

 

​ဒီဥပဒေကို တရားမဝင် စတင်အသက်သွင်းတဲ့အချိန်ကစပြီး လူငယ်အားလုံးရော မိဘတွေပါ တုန်လှုပ် ခြောက်ခြားကြရပြီး စစ်တပ်ထဲ မရောက်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အစွမ်းကုန်အားထုတ်နေကြရ။ ခေတ်သစ်မြန်မာနိုင်ငံသက်တမ်းတစ်လျှောက် အဆိုးရွားဆုံးအခြေအနေတစ်ခုကို ဒီနေ့လူငယ်အကုန် ဖြတ် သန်းနေကြရတယ်။

 

​မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တစ်ဆုပ်စာဟာ ပြုန်းတီးနေတဲ့ စစ်တပ်အင်အားကို အကြီးကျယ်ဆုံး လူ့အခွင့်အရေးချိုးဖောက်ခြင်းနည်းနဲ့ ဖြည့်တင်းဖို့ ကြိုးစားခြင်းဖြစ်သလို သူတို့ကို ပြတ်ပြတ်သားသားတော်လှန်နေတဲ့ လူငယ်မျိုးဆက်တစ်ခုလုံးအပေါ် အငြိုးကြီးစွာနဲ့ လက်စားချေခြင်းလည်း ဖြစ်ပါတယ်။

 

​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီက စစ်အုပ်စုဟာ အာဏာသိမ်း လုပ်ရပ်ရဲ့ကျဆုံးခန်းကို လက်ခံဖို့ထက် လူငယ်မျိုးဆက်တစ်ခုလုံး ဖျက်ဆီးလိုက်ဖို့ပဲ ဆန္ဒရှိနေတာကို ပြလိုက်တာပဲလို့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

 

​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် မစ္စယန်ဟီးလီက စစ်အုပ်စုဟာ အာဏာသိမ်း လုပ်ရပ်ရဲ့ကျဆုံးခန်းကို လက်ခံဖို့ထက် လူငယ်မျိုးဆက်တစ်ခုလုံး ဖျက်ဆီးလိုက်ဖို့ပဲ ဆန္ဒရှိနေတာကို ပြလိုက်တာပဲလို့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ကျဆုံးခန်းကို ဒီနေ့ထိတိုင် လက်မခံသေးတာကြောင့် အသေထွက်ထွက်ဖို့က လွဲ တခြားမရှိနိုင်ပါဘူး။ကျနော်တို့အတွက်လည်း နောက်ဆုတ်စရာလမ်းမရှိပါဘူး။ ကျနော်တို့မျိုးဆက်ရော ဒီ နေ့ဂျန်နရေးရှင်းဇက်အထိ ခံနေရတဲ့ စစ်အာဏာရှင်တွေပေးတဲ့ ဒုက္ခဆိုးတွေကို ဒီနှစ်ပိုင်းမှာပဲ တစ်ခါတည်း အ ပြတ်ဖြတ်ချဖို့လိုပါတယ်။

 

စစ်ကောင်စီရဲ့ လုံးဝ ကျရှုံးခန်းဟာ အချိန်ပိုင်းလောက်ပဲ လိုတော့တယ်ဆိုတာ ညွှန်ပြနေပါတယ်

 

​လက်ရှိမှာ ကျနော်တို့ပြည်သူအားလုံး အခက်ခဲဆုံးကာလတစ်ခုကို ဖြတ်သန်းနေရတာမှန်ပေမယ့် သန်းခေါင်ထက် ညမနက်တော့သလို ဒါ့ထက်ပိုခက်ခဲစရာလည်း မရှိတော့ပါဘူး။

 

​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် ခရစ် ဆီဒိုတီ က “စစ်ကောင်စီရဲ့ လုံးဝ ကျရှုံးခန်းဟာ အချိန်ပိုင်းလောက်ပဲ လိုတော့တယ်ဆိုတာ ညွှန်ပြနေပါတယ်” လို့ ဆိုပါတယ်။ ဖရိုဖရဲနဲ့ သွေး ရူးသွေးတန်းဖြစ်နေတဲ့ စစ်အုပ်စုကို ကျနော်တို့ အသေအချာမြင်နေရပြီပဲ ဖြစ်ပါတယ်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။