ဒီတလောတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာက ရေးသားကြတာတွေ များလာသည်။ နောက်၂ ရက်နဲ့ ၃ ရက်နေ့များတွင် ထိုင်းလွှတ်တော်ထဲမှာ ပီတာလင်ဂျာရိုရတ်ရဲ့ ရှေ့သို့ချီပါတီရဲ့ ဦးဆောင်မှုနဲ့ ကျင်းပမည့် မြန်မာ့အရေး ဆွေးနွေးပွဲ ရှိလာမည်။ ထူးခြားသည်က ဤဆွေးနွေးပွဲတွင် အင်ယူဂျီ အစိုးရအပြင် အခြားသော စကစနှင့် မပတ်သက်သော အဖွဲ့များ ပါဝင်ခွင့်ရကြခြင်းပင် ဖြစ်သည်။
အမေရိကန်ကသာ လှုပ်ရှားလိုက်လျှင် မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့ အနာဂါတ်ဟာ လက်တကမ်းမှာ ရှိနေတယ်
ပြင်သစ် လွှတ်တော်အမတ်နှင့် အင်ယူဂျီ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့သည်။ နိုင်ငံခြားသတင်းထောက်များက မြန်မာပြည်တွင်း တိုက်ပွဲနယ်မြေများသို့ သွားရောက် စွန့်စားရိုက်ကူးထားသော ဗီဒီယိုများလည်း ထွက်ပေါ်နေသည်။ ဗီဒီယိုတစ်ခု၏ ခေါင်းစဥ်က ပဋိပက္ခအလွန် မြန်မာနိုင်ငံ မည်သို့ ဖြစ်နိုင်သနည်း ဆိုသည့်သဘော ပေးထားသည်။ ၁ ရက်နေ့ ဝါရှင်တန်ပို့စ်ဆောင်းပါးမှာမူ "အမေရိကန်ကသာ လှုပ်ရှားလိုက်လျှင် မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့ အနာဂါတ်ဟာ လက်တကမ်းမှာ ရှိနေတယ် "ဟု ရေးသည်။
အားလုံး၏ သုံးသပ်ချက်များတွင် စစ်ကောင်စီသည် အရှုံးနှင့် ရင်ဆိုင်နေရပြီ။ ချက်ချင်းလက်ငင်း ပြိုကွဲရန်ကမူ မလွယ်ကူသေးဟု အချို့က ဖေးဖေးမမ တွေးဆပေးကြသည့်တိုင် အနှေးနှင့် အမြန် ပြိုကွဲကျဆုံး သွားနိုင်သည်ဆိုခြင်းကိုတော့ အကြောက်အကန် ငြင်းချက်ထုတ်သူ မရှိ ဖြစ်နေသည်။ ထို့ကြောင့်ပင် ပဋိပက္ခ အလွန်ကာလကို မှန်းဆလာကြခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ဘက်တဘက်မှ လုံးဝ အသာစီး ရသွားမည်ကို မလိုလားဟု ဝမ်ယိက မကြာသေးမီက ဘန်ကောက်တွင် ပြောသွားခဲ့သည်။
တရုတ်ကတော့ ရှင်းသည်။ မြန်မာ့နိုင်ငံရေးတွင် ဘက်တဘက်မှ လုံးဝ အသာစီး ရသွားမည်ကို မလိုလားဟု ဝမ်ယိက မကြာသေးမီက ဘန်ကောက်တွင် ပြောသွားခဲ့သည်။ ထိုဘန်ကောက်အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပါဝင်နေသည့်တိုင် အမေရိကန်၏ သဘောထားကို တရုတ်ကဲ့သို့ ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုသည်ကို မကြားရ။ ဤသည်မှာ ဒီမိုကရက်ပါတီ၏ ပျော့ညံ့သော ပုံစံပင် ဖြစ်၍ ထူးဆန်းသည်ဟုတော့ မဆိုသာပါ။
စစ်အုပ်စု ကျဆုံးသွားနိုင်ခြင်း၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို သုံးသပ်ရာတွင် ဤပဋိပက္ခများ မည်သို့ဖြစ်ပေါ်လာသည်။ ပဋိပက္ခ မတိုင်မီ အခြေအနေက မည်သို့ ဖြစ်သည်ဆိုသော အခြေအနေများကို နားလည်ဖို့ လိုပါသည်။ သို့မှသာ အကြောင်းအကျိုး ဆက်စပ်နေမှုများကို သိရှိပြီး မှန်ကန်သော ဖြစ်ပေါ်နိုင်ခြေများကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။
ဗိုလ်နေဝင်း အာဏာသိမ်းခြင်းသည် အာရှတိုက်အတွင်း မည်သည့် စစ်တပ် အာဏာသိမ်းခြင်းထက်မဆို တိုင်းပြည်တခုကို ပိုမို ဆုတ်ယုတ်စေခဲ့သည်။
၂၀၂၁ ခု အာဏာသိမ်းမှုသည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကဲ့သို့ပင် အလားအလာ အလွန်ကောင်းနေသော နိုင်ငံ၊ အကောင်းအတိုင်းကြီး ရှိနေရာမှ တမဟုတ်ခြင်း ပျက်စီးခြင်း ငါးပါး ဆိုက်လာရခြင်း ဖြစ်သည်။ ဗိုလ်နေဝင်း အာဏာသိမ်းခြင်းသည် အာရှတိုက်အတွင်း မည်သည့် စစ်တပ် အာဏာသိမ်းခြင်းထက်မဆို တိုင်းပြည်တခုကို ပိုမို ဆုတ်ယုတ်စေခဲ့သည်။
မြန်မာစစ်တပ်သည် အခြားသော မည်သည့် စစ်တပ်နှင့်မှ မတူဘဲ ဖက်ဆစ်ဝါဒနှင့်အတူ သန္ဓေတည်လာခြင်း ဖြစ်သည်။ စစ်တပ်ကို ဗိုလ်နေဝင်း သွတ်သွင်းပေးခဲ့သော အရာများမှာ မွတ်ဆလင် မုန်းတီးရေး ၊ တရုတ်ဆန့်ကျင်ရေး၊ ဆန့်ကျင်ဘက်လိင် အထင်သေးခြင်းနှင့် တိုင်းရင်း သား လူမျိုးငယ်များအား ဖိနှိပ်ထားရေးတို့ပင် ဖြစ်သည်။
ကိုယ်ကျိုး စီးပွားလည်း မကင်းသော စစ်တပ်ကြောင့် တိုင်းပြည်သည် ၂၆ နှစ်အကြာတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်သို့ ရောက်ခဲ့ရသည်။
ဤအမူအကျင့်များကို ဗိုလ်သန်းရွှေ လက်ထက် ဦးသိန်းစိန် လက်ထက်တို့တွင် တလျှောက်လုံး တွေ့မြင်လာကြရသည်။ မြန်မာ့နိုင်ငံရေးသည် တလျှောက်လုံး လက်ဝဲသန်များ လွှမ်းမိုးခဲ့ရာ စစ်တပ်က သူလည်း လုပ်နိုင်သည် ဆို၍ မဆလ ဆိုရှယ်လစ် လမ်းစဥ်ကို လုပ်ခဲ့သည်။ သို့သော် သဘောတရားရေးရာတွင် နထ္ထိဖြစ်ပြီး ကိုယ်ကျိုး စီးပွားလည်း မကင်းသော စစ်တပ်ကြောင့် တိုင်းပြည်သည် ၂၆ နှစ်အကြာတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်သို့ ရောက်ခဲ့ရသည်။
မဆလ ပါတီသက်တမ်းတွင် ၆၂ ခုနှစ်ခန့်က တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ခန့်သာ ထင်ထင်ရှားရှား ရှိရာမှ ၁၉၈၉ တွင် အဖွဲ့ပေါင်း ၂၀ ကျော် ဖြစ်လာသည်။ ဤသည်မှာ တိုင်းရင်းသား တန်းတူ မညီမျှမှု၊ လူမျိုးကြီးဝါဒ ကျင့်သုံးမှုတို့ကြောင့်ပင် ဖြစ်သည်။
၁၉၈၈ ခုနှစ် ဗိုလ်ချုပ်သန်းရွှေ လက်ထက်တွင် ပိုဆိုးလာသည်။ ကမ္ဘာတွင် မကြားဖူး မရှိဖူးသော်လည်း ဒီမိုကရေစီအရေးကို တပ်ကသာ ဦးဆောင်ရမည်ဟု လုပ်လာပြန်သည်။
၁၉၈၈ ခုနှစ် ဗိုလ်ချုပ်သန်းရွှေ လက်ထက်တွင် ပိုဆိုးလာသည်။ ကမ္ဘာတွင် မကြားဖူး မရှိဖူးသော်လည်း ဒီမိုကရေစီအရေးကို တပ်ကသာ ဦးဆောင်ရမည်ဟု လုပ်လာပြန်သည်။ သို့သော် တရုတ်၊ အိန္ဒိယ အပါအဝင် အိမ်နီးချင်းနိုင်ငံများ အားလုံးလောက် ပြုပြင်ပြောင်းလဲရေး အစီအမံများ ချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်သွားချိန်တွင် မြန်မာတစ်နိုင်ငံတည်းသာ လုံခြုံရေး ဦးစားပေး စစ်အာဏာရှင် စနစ်အောက်တွင် ဒေသတွင်း ဓမ္မနောက်ပိတ်ခွေးဖြစ်ခဲ့ရသည်။
တိုင်းရင်းသား လက်နက်ကိုင် အကြီးအသေး အဖွဲ့ ၄၀ ခန့် ရှိလာသည်။ စီးပွားရေးတွင် LDC အဆင့်မှ မကျော်နိုင်၊ တစ်ကမ္ဘာလုံးရှိ အညွှန်းကိန်း သတ်မှတ်မှု အမျိုးပေါင်းစုံတွင် အောက်ဆုံး သုံးလေးနိုင်ငံမှ မတက်နိုင်လောက်အောင် တော်ခဲ့ကြသည်။
၎င်း၏လက်ထက်တွင် အဆုံးအဖြတ် အာဏာ အားလုံး စစ်တပ်လက်တွင် ထည့်ပေးထားသော ၂၀၀၈ အခြေခံ ဥပဒေကို ၁၄ နှစ်လောက် အချိန်ယူ ရေးခဲ့သည်။ ထိုအခြေခံ ဥပဒေအရ မည်သည့်ပါတီ အစိုးရဖွဲ့ ဖွဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့် အဝန်းအဝိုင်းသည် မဆလ လက်ထက်က ဦးထွန်းရင်လော နှစ်များစွာ လုပ်ဆောင်ခဲ့သလိုသာ ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ဘက်ပေါင်းစုံ ချွတ်ခြုံကျစေခဲ့သော စစ်တပ်၏ ကျေးဇူး မူးလို့မှ ရှူစရာ မရှိဆိုသော ဆရာကြီး ဦးဝင်းတင်၏ စကားက အမှန်ပင် ဖြစ်ပါသည်။
ကယား ခေါ် ကရင်နီပြည်နယ်တွင် ဦးအေမြလေး သို့မဟုတ် ဦးခင်မောင်ဦး အုပ်ချုပ်သည်နှင့် အတူတူပင် ဖြစ်သည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အလားတူပင်ဖြစ်သည်။ ဆိုလို သည်မှာ တိုင်းရင်းသား အခွင့်အရေးများသည် ဒုံရင်းအတိုင်းသာ ဖြစ်သည်။ ယနေ့ခေတ် လူမျိုးစုံ တောင်းဆိုချက်များနှင့် အလှမ်းကွာ ဝေးလှသည်။
ထို့ကြောင့် တိုင်းပြည်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ဘက်ပေါင်းစုံ ချွတ်ခြုံကျစေခဲ့သော စစ်တပ်၏ ကျေးဇူး မူးလို့မှ ရှူစရာ မရှိဆိုသော ဆရာကြီး ဦးဝင်းတင်၏ စကားက အမှန်ပင် ဖြစ်ပါသည်။
ဝါရင့် သတင်းစာဆရာကြီး အောင်ဗလကလည်း ဦးနေဝင်း ကောင်းတာ တခုတလေများ မရှိနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ဦးနေဝင်း တိုင်းပြည်အပေါ် ကောင်းခဲ့တာ တခုမှ မရှိပါဘူးခင်ဗျာ ဆိုပြီး ဖြေခဲ့သည်ကို အမှတ်ရမိသည်။
အလားတူပင် ဝါရင့် သတင်းစာဆရာကြီး အောင်ဗလကလည်း ဦးနေဝင်း ကောင်းတာ တခုတလေများ မရှိနိုင်ဘူးလား ဆိုသည့်မေးခွန်းကို ဦးနေဝင်း တိုင်းပြည်အပေါ် ကောင်းခဲ့တာ တခုမှ မရှိပါဘူးခင်ဗျာ ဆိုပြီး ဖြေခဲ့သည်ကို အမှတ်ရမိသည်။
ယခု မအလကမူ အားလုံး ထက်သာသည်။ တိုင်းပြည်ကို ချောက်ထဲသို့သာ မဟုတ်၊ အဝီစိအထိ ဆွဲချနေသည်။ ၂၀၂၁ နောက်ပိုင်း အဖြစ်အပျက် များမှာ IT ခေတ် ဖြစ်သည့်အတွက် တကမ္ဘာလုံးက နေ့စဥ် အသေးစိတ် သိမြင်နေကြသည့်အတွက် အထူးတလည် တင်ပြရန်ပင် မလိုတော့ပေ။
လူတန်းစားတစ်ရပ် လူမျိုးတစ်မျိုးသာ မဟုတ် တစ်တိုင်းပြည်လုံး လူမျိုးပေါင်းစုံ ဆင်းရဲချမ်းသာ မရွေး သူတောင်းစားမှသည် သူဌေးသူကြွယ်အထိ၊ မင်းခစား ကမ်းနားသစ်ပင် အရပ်ဖက်နှင့် အဆင့်နိမ့် စစ်ဘက်အရာရှိများပါ ခံစားနေရခြင်း ဖြစ်သည်။
ထိုအခြေအနေဆိုးများကို ခံစားရသည်မှာ လူတန်းစားတစ်ရပ် လူမျိုးတစ်မျိုးသာ မဟုတ် တစ်တိုင်းပြည်လုံး လူမျိုးပေါင်းစုံ ဆင်းရဲချမ်းသာ မရွေး သူတောင်းစားမှသည် သူဌေးသူကြွယ်အထိ၊ မင်းခစား ကမ်းနားသစ်ပင် အရပ်ဖက်နှင့် အဆင့်နိမ့် စစ်ဘက်အရာရှိများပါ ခံစားနေရခြင်း ဖြစ်သည်။
ဤအခြေအနေကို အားလုံးက ကောင်းစွာ သဘောပေါက်ပြီး ဖြစ်သည့်အတွက် အနာဂါတ် မြန်မာနိုင်ငံ တည်ဆောက်ရာတွင် စစ်တပ် အခန်းကဏ္ဍ မပါဖို့သာ လိုပါသည်။ ဤသည်မှာ ဘက်တဘက်က အသာစီး ရသွားခြင်း မဟုတ်။ တိုင်းပြည် တစစီ ပြိုကွဲခြင်းလည်း မဟုတ်သလို ဗရန်းဗတာ အခြေအနေသို့လည်း လုံးဝ ရောက်မည် မဟုတ်သည်ကို တိုင်းရင်းသားပေါင်းစုံ ပြည်သူများက အလေးအနက် ယုံကြည်ကြပြီးလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်တပ် မပါသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမှသာ မိမိတို့ အကျိုးစီးပွားများ ပိုမို ခိုင်မြဲမည်ကို မြင်သင့်သည်။
နိုင်ငံကြီးများ အိမ်နီးချင်းများအနေနှင့် ကိုယ်ကျိုးစီးပွား အခြေခံသော စိုးရိမ်မှုများ မထားသင့်တော့။ မြန်မာနိုင်ငံသည် စစ်တပ် မပါသော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမှသာ မိမိတို့ အကျိုးစီးပွားများ ပိုမို ခိုင်မြဲမည်ကို မြင်သင့်သည်။
စစ်အုပ်စုကို ဖယ်ထုတ်ပြီး ကြားကာလတခုကို ဖြတ်သန်းရမည်။ ထို့နောက် ဖွဲ့စည်းပုံအသစ်အရ ပေါ်ထွက်လာသော အစိုးရသည် တရုတ် အပါအဝင် ဒေသတွင်း မည်သည့် နိုင်ငံအတွက်မှ စိုးရိမ်စရာ ရှိမည် မဟုတ်ပါ။ ထိုအချက်ကို မြန်မာအပါအဝင် တိုင်းရင်းသားနိုင်ငံရေးသမားများ အားလုံးက အာမခံနိုင်ကြသည်။
မြန်မာပြည်သူများသည် ၎င်းတို့အတွက် ပိုမို ကောင်းမွန် လုံခြုံမှု ရှိမည့် အနာဂါတ် ပေါ်ထွက်လာရေး မျှော်လင့်ချက်အား အရာရာကို စွန့်လွှတ် အနစ်နာခံကာ ဆုပ်ကိုင်ထားဆဲ ဖြစ်၍ နိုင်ငံတကာမှ ထောက်ခံ ပံ့ပိုးမှု ပေးရန် လိုအပ်နေသည်
လတ်တလောတွင်မူ တစ်ရက်နေ့က ဂျီနီဗာတွင် ကျင်းပသော ကုလ လူ့အခွင့်အရေး ကော်မရှင် တွင် ကော်မရှင် ဥက္ကဋ္ဌ ဗော်ကာတပ်ဖ် ပြောကြားသွားသော စကားကို လေးနက်ကြစေချင်သည်။ ၎င်းမှာ "မြန်မာပြည်သူများသည် ၎င်းတို့အတွက် ပိုမို ကောင်းမွန် လုံခြုံမှု ရှိမည့် အနာဂါတ် ပေါ်ထွက်လာရေး မျှော်လင့်ချက်အား အရာရာကို စွန့်လွှတ် အနစ်နာခံကာ ဆုပ်ကိုင်ထားဆဲ ဖြစ်၍ နိုင်ငံတကာမှ ထောက်ခံ ပံ့ပိုးမှု ပေးရန် လိုအပ်နေသည်"ဟု ဖြစ်ပါသည်။
ဤဆောင်းပါးတွင် ပြောလိုသည်မှာ မည်သို့သော ထိရောက်သည့် ကူညီမှု မရလျှင်တောင်မှ မြန်မာပြည်သူများသည် ကိုယ့်အားကိုယ့်ကိုး ဆင်နွှဲလာသော တော်လှန်ရေးကို တိုင်းရင်းသားအားလုံး၏ စုပေါင်းဆောင်ရွက်မှုဖြင့် ပြီးဆုံးအောင် ဆင်နွှဲသွားမည် ဆိုခြင်းပင် ဖြစ်ပါသည်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။