Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

သမိုင်းကို လိမ်ညာလို့မရ (Opinion)

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ...။


မင်းက နိုင်ငံရေးပြဿနာကို နိုင်ံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ကြတယ်လို့ ပါးစပ်ကသာ ပြောနေတာပါကွာ။ လက်တွေ့မှာတော့ နိုင်ငံတည်ငြိမ်အေးချမ်းမှုရအောင်ဆိုပြီး မင်းတို့ရဲ့ စစ်အာဏာရှင်အမြင်နဲ့ စစ်ရေးအရဖိနှိပ်နေတာ မဟုတ်ပါလား။

 

မင်းတို့ အာဏာသိမ်းခဲ့တာ သုံးနှစ်ကျော်လာပြီ။ လက်နက်အားကိုးနဲ့ အစွမ်းကုန် ဖိနှိပ်ခဲ့တာလေ။ ဘယ်မှာ တည်ငြိမ်အေးချမ်းမှု ရခဲ့လို့လဲ။ နိုင်ငံတဝှမ်း ပြည်တွင်းစစ်မီးသာ လောင်ကျွမ်းခဲ့ကြတယ်မဟုတ်လား။ အဲဒါ ပကတိအခြေအနေပဲလေ။ အဲဒီအချက်ကို မင်းတို့ သဘောပေါက်သင့်ကြပြီ။

 

NUG, CRPH, PDF တွေကြောင့်၊ EAO တွေကြောင့်၊ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုကြောင့်၊ ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ဆိုပြီး တစ်ဖက်သတ် စွပ်စွဲပြစ်တင်နေရုံလောက်နဲ့တော့ ပြဿနာက ပြေငြိမ်းသွားလိမ့်မယ် မဟုတ်ပေဘူး။ 

 

 အဲဒီမှာ NUG, CRPH, PDF တွေကြောင့်၊ EAO တွေကြောင့်၊ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုကြောင့်၊ ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့်ဆိုပြီး တစ်ဖက်သတ် စွပ်စွဲပြစ်တင်နေရုံလောက်နဲ့တော့ ပြဿနာက ပြေငြိမ်းသွားလိမ့်မယ် မဟုတ်ပေဘူး။ နှစ်ဦးနှစ်ဘက် အမြင်၊ အယူအဆတွေ မတူညီကြလို့သာ ပြဿနာဖြစ်လာရတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ဘက်ကအနေအထားကိုလည်း ပြန်လည်ဆန်းစစ်သင့်တာပေါ့ကွာ။

 

ခုတော့ မင်းက ဖြစ်ပေါ်နေတဲ့ပြဿနာကို မဖြေရှင်းနိုင်သေးသည့်တိုင် နောက်ထပ်ပြဿနာမကြီးထွားဖို့ မဖြစ်ပေါ်ဖို့ ကြိုးစားရမယ့်အစား မီးလောင်ရာလေပင့်ဆိုတာလို လုပ်ကိုင်နေပါပေါ့လား။ ဘာလဲဆိုတော့ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ခြင်းပဲ။ စစ်မှုထမ်းဥပဒေကို ပြည်သူတရပ်လုံးက မူအရ လက်ခံထားပြီးသားပါ။

 

ဒါပေမဲ့ လက်ရှိ ရင်ဆိုင်​ဖြတ်သန်းနေကြရတဲ့အခြေအနေက ငါတို့နိုင်ငံကို တခြားတပါးသောနိုင်ငံက လာရောက်ကျူးကျော်တာကို တော်လှန်နေရတာမဟုတ်ဘူး။ တကယ်လို့သာ တခြားတပါးသောနိုင်ငံက တို့နိုင်ငံကို လာရောက်ကျူးကျော်ကြည့်ပါလား။ ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ တို့လူငယ်တွေက ဆင့်ခေါ်နေစရာတောင် မလိုပါဘူး။ နိုင်ငံချစ်စိတ်နဲ့ တာဝန်သိစွာ စစ်မှုထမ်းကြပြီးသားပါပဲ။

 

မင်းတို့ဟာ အုပ်ချုပ်နိုင်ဖို့နေနေသာသာ ပြိုလဲတော့မယ့်အချိန်မှာ ကျေးလက်က ပြည်သူ့အိုးအိမ်ပစ္စည်းတွေကို မီးတင်ရှို့၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြို့ပြက အိုးအိမ်တွေကို ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ထု၊ ဆက်သွယ်ရေးဖြတ်တောက်တဲ့အနေနဲ့ တံတားတွေကို ချိုးဖျက်။ ဘယ်မှာလဲ မင်းတို့ နိုင်ငံချစ်တာ။ 


မင်းတို့လို မင်းတို့ကိုယ်ကျိုးရှိလို့ မင်းတို့လောက် နိုင်ငံကို ချစ်ကြတဲ့သူတွေမရှိတော့သယောင် ချစ်မြတ်နိုးပြ၊ ဟန်ဆောင်နေကြတာမှ မဟုတ်ဲ။ ဟုတ်တယ်လေကွာ။ အခုတောင် မင်းတို့ဟာ အုပ်ချုပ်နိုင်ဖို့နေနေသာသာ ပြိုလဲတော့မယ့်အချိန်မှာ ကျေးလက်က ပြည်သူ့အိုးအိမ်ပစ္စည်းတွေကို မီးတင်ရှို့၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြို့ပြက အိုးအိမ်တွေကို ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ထု၊ ဆက်သွယ်ရေးဖြတ်တောက်တဲ့အနေနဲ့ တံတားတွေကို ချိုးဖျက်။ ဘယ်မှာလဲ မင်းတို့ နိုင်ငံချစ်တာ။ မင်းတို့အာဏာတည်မြဲဖို့ နိုင်ငံကို အလုံးစုံပျက်စီးအောင် ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ မဟုတ်လား။

 

အခု တို့နိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေက လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မင်းတို့စစ်အာဏာရှင်တွေ။ ပြည်သူ့ဘက်က ကာကွယ်ပေးနေကြတဲ့ PDF တွေနဲ့ မင်းတို့စစ်အာဏာရှင်တွေ။ ကိုယ့်နိုင်ငံသားချင်း တိုက်ခိုက်နေကြတာမဟုတ်လား။ အဲဒီမှာ မင်းတို့က အင်အားချိနဲ့လာချိန်ရောက်မှ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာလေ။

 

စစ်မှုထမ်းဥပဒေ ပြဌာန်းပိုင်ခွင့်ရှိသလား။ မင်းတို့အနေနဲ့တော့ တည်နေဆဲလို့သတ်မှတ်ထားတဲ့ ၂၀၀၈ခြေဥနဲ့ရော ကိုက်ညီမှုရှိပါရဲ့လား။ ဥပဒေကြောင်းအရတွေတော့ ပြောမနေချင်တွေပါဘူး။ ဘာလို့လဲဆိုတော့ မင်းတို့က အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်တွေပီပီ ဥပဒေတွေထုတ်ပြန်၊ အိမ့်တွေ ထုတ်နေကြလို့ပါပဲ။

 

မင်းတို့ပြောသလို စစ်မှုထမ်းကြရပါပြီတဲ့။ ဘယ်သူ့ကို တိုက်ကြရမှာလဲ။ PDF တွေကိုလား။ EAO တွေကိုလား။ တို့ပြည်သူ၊ တို့တိုင်းရင်းသားတွေချည်းပဲနော်။ အချင်းချင်းတွေမို့ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းရမှာပဲမဟုတ်လား။ 

 

ကိုင်း မင်းတို့ပြောသလို စစ်မှုထမ်းကြရပါပြီတဲ့။ ဘယ်သူ့ကို တိုက်ကြရမှာလဲ။ PDF တွေကိုလား။ EAO တွေကိုလား။ တို့ပြည်သူ၊ တို့တိုင်းရင်းသားတွေချည်းပဲနော်။ အချင်းချင်းတွေမို့ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းရမှာပဲမဟုတ်လား။ ဒီမှာ မလိမ့်တပတ်တွေ လုပ်မနေပါနဲ့တော့။ မင်းတို့စစ်အာဏာရှင်တွေ တည်တံ့ခိုင်မြဲဖို့၊ မင်းတို့ရဲ့ အင်အားချိနဲ့နေမှုကို ဖုံးဖိဖို့ စစ်မှုထမ်းပေးရမှာပါလို့သာ သတ္တိရှိရှိပြောလိုက်ကြစမ်းပါ။

 

ခုဆို မြို့အချို့မှာ စစ်မှုထမ်းဥပဒေကို ထောက်ခံတဲ့ပွဲတွေ လုပ်နေကြလေရဲ့။ လုပ်မနေပါနဲ့ကွာ။ အသံပြာငွေကုန်ရုံ ရှိမှာပါ။ ဆန္ဒပြုချင်တာကတော့ ထောက်ခံပွဲလုပ်ကြတဲ့သူတွေထဲမှာ မင်းတို့သတ်မှတ်ထားတဲ့ အရည်အချင်းရှိတွေကို စစ်မှုထမ်းခိုင်းလိုက်ပါလား။ ပြည်သူတွေလည်း စိုးရိမ်ပူပန်နေစရာမလိုတော့ဘူး။ မင်းတို့က လုပ်ချင်လိုက်တာလည်း ပြာလို့၊ အလိုက်တာကလည်း ချာလို့ဆိုတဲ့ ကောင်တွေပဲကွာ။

 

 အိပ်တာတောင် ဖြောင့်ဖြောင့်တန်းတန်း မအိပ်နိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေက ဘယ်လို နေကြာ၊ ဝါ၊ ကြံတို့ကို စိုက်နိုင်မှာတဲ့လဲ။

 

ဟေ့ကောင် အကြမ်းဖက်ခေါင်းဆောင် မ.အ.လ ရေ။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆို တာလည်း နိုင်ငံတည်ငြိမ်အေးချမ်းနေမှ ဖော်ဆောင်လို့ဖြစ်တာကွ။ အဲဒီလောက်တော့ မင်းအနေနဲ့ နားလည်သင့်တာပေါ့ကွာ။ ခုတော့ မင်းက ဆီဖူလုံမှုရှိအောင် နေကြာသီးထပ် စိုက်သင့်တာတို့၊ ဝါစိုက်သင့်တာတို့၊ ကြံစိုက်သင့်တာတို့ လျှောက်ပြောနေတယ်။ ပြီးတော့ MSME လုပ်ငန်းတွေ လုပ်ကိုင်ကြရမယ်လို့လည်း ပြောနေသေးတယ်။ ဘယ်ကွာ။ အိပ်တာတောင် ဖြောင့်ဖြောင့်တန်းတန်း မအိပ်နိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေက ဘယ်လို နေကြာ၊ ဝါ၊ ကြံတို့ကို စိုက်နိုင်မှာတဲ့လဲ။

 

ရန်ကုန်လိုမြို့ကြီးမှာတောင် အချိန်ပိုင်းလောက်သာ  မီးပေးနိုင်တဲ့အနေအထားက ဘယ်လို SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာတဲ့လဲ။ ပြီးတော့ သွားရလာရတာကလည်း မလုံခြုံ၊ လုံခြုံရေးဂိတ်ဆိုတာကလည်း အေးဓမြတိုက်သလို မတန်တဆ တောင်းခံနေကြတာ။

 

လောင်စာဆီကလည်း စျေးကြီးဆိုတော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေက ကြီးမြင့်နေလိုက်တာ။ ဒီတော့ စစ်မက်အနည်းငယ်အေးဆေးတဲ့နေရာတောင်မှ ကုန်စျေးနှုန်းတွေက ခေါင်ခိုက်နေရော။ စစ်မက်ဖြစ်ပွားနေတဲ့ ရခိုင်၊ ချင်း၊ ကရင်နီ၊ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်းလိုနေရာတွေမှာ စဥ်းစားသာကြည့်ပေရော့။

 

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေ စားဝတ်နေရေး အင်မတန်ခက်ခဲလာကြတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် အင်မတန် ရုန်းကန်လှုပ်ရှားနေကြရတယ်။ လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံး၊ လူငယ်တွေလည်း အနာဂတ်ပျောက်။ မင်းတို့လုပ်ရပ် ဂယက်တွေကြောင့် ပြည်သူတရပ်လုံး နစ်နာမှုတွေခံစားနေရတယ်။ 


မင်းတို့စစ်အာဏာရှင်တွေ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူတွေ စားဝတ်နေရေး အင်မတန်ခက်ခဲလာကြတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် အင်မတန် ရုန်းကန်လှုပ်ရှားနေကြရတယ်။ လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံး၊ လူငယ်တွေလည်း အနာဂတ်ပျောက်။ မင်းတို့လုပ်ရပ် ဂယက်တွေကြောင့် ပြည်သူတရပ်လုံး နစ်နာမှုတွေခံစားနေရတယ်။ ဒါကြောင့် မင်းတို့ကို လက်နက်ကိုင် တော်လှန်နေကြတာပေါ့။ ဒီမှာ၊ မင်းတို့က လက်နက်ကိုင်တော်လှန်နေသူတွေကိုပဲ ထပ်တလဲလဲ ပြစ်တင်ပြောဆိုနေကြတယ်။ မင်းတို့ကိုယ်မင်းတို့တော့ တကယ့်ကို နိုင်ငံကယ်တင်ရှင်ကြီးတွေလို့ သတ်မှတ်ခံယူထားကြတယ်။ ထင်မှတ်နေကြပြန်တယ်။


၁ နှစ်နဲ့ ၆ လလောက် အာဏာထိန်းသိမ်းပြီးတော့ ရွေးကောက်ပွဲကျင်းပပေးမယ်။ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးသွားမယ်ပေါ့။ ဗိုလ်သန်းရွှေရဲ့ ထွက်ရပ်နည်းအတိုင်းပဲပေါ့လေ။ ဒါပေမဲ့ အခြေခံအနေအထားတွေက မတူကြဘူးလေ။ မင်းက ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် မင်းဖြစ်ချင်တဲ့အရာကိုပဲ ဇွတ်အတင်းပြုလုပ်တော့တာပါ။ အဲဒီလို ဖြစ်နိုင်မဖြစ်နိုင် ထည့်သွင်းမစဥ်းစားဘဲ ကိုယ်ဖြစ်ချင်တာကို ဇွတ်အတင်းပြုလုပ်ကြတာ အမြော်အမြင်နည်းပါးသူတွေရဲ့ လုပ်ရပ်တွေပဲ။

 

ဟော ၁ နှစ်နဲ့ ၆ လ မပြောနဲ့၊ ၃ နှစ်ကျော်သည်အထိ နိုင်ငံက တည်ငြိမ်မှုမရှိတဲ့အပြင် တော်လှန်တဲ့အရှိန်အဟုန်သာ ပိုမိုကြီးထွားလာတယ်။ ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းတိုင်း၊ ချင်း၊ ရခိုင်၊ ကရင်နီနဲ့ ကရင်ပြည်နယ်တွေမှာ မြို့တွေ လက်လွှတ်ရသည်ထိ ဖြစ်လာတယ်။ အဲဒီမှာ မင်းတို့အနေနဲ့လည်း ရွေးကောက်ပွဲမှ မလုပ်ရသေးဘူး၊ ရွေးကော်ဥက္ကဌကို ပြောင်းလဲလိုက်ရပြီ။ ပါတီစည်းကမ်း၊ စည်းမျဥ်းဥပဒေတွေကိုလည်း လျှော့ပေါ့ပေးလိုက်ရပြီ။ သန်းကောင်စာရင်းကောက်ဖို့လည်း တစ်လ နောက်ဆုတ်လိုက်ရပြီ။

 

ပြည်သူ့ဘက်က တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေးပဲ။ ကြားထဲက ပြည်သူတွေရဲ့အခက်အခဲတွေ၊ အနာဂတ်တွေက မြင့်မားပျောက်ဆုံးနေကြပြီ။ 


ဒါပေမဲ့ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုတာက မလျှော့သေးဘူး။ အန္တိမရည်မှန်းချက်လို့တောင် ဆိုလိုက်သေး။ အဲဒီလို တစ်ကြောင်းဆွဲ၊ တစ်ဖက်ပိတ်အနေအထားနဲ့တော့ ဆက်လျှောက်လှမ်းလို့ မဖြစ်ပေဘူး။ ပြည်သူ့ဘက်က တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာရှင်အမြစ်ပြတ်ရေးပဲ။ ကြားထဲက ပြည်သူတွေရဲ့အခက်အခဲတွေ၊ အနာဂတ်တွေက မြင့်မားပျောက်ဆုံးနေကြပြီ။ အဓိကတာဝန်အရှိဆုံးကတော့ အကြမ်းဖက်ခေါင်းဆောင် မ.အ.လ...ရေ။ မင်းပဲကွ။ မင်းဦးဆောင်ပြီး အာဏာသိမ်းခဲ့လို့ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေမဟုတ်လား။


ဒီမှာ၊ အခု ပြည်သူတွေ လက်နက်ကိုင်တော်လှန်နေကြတာက ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းတည်တံ့ရေးပဲ။ မင်းတို့ပြုလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်လာရေး မဟုတ်ဘူး။ မင်းတို့လည်း လက်ရှိအနေအထားအရ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဘူးဆိုတာ၊ ပြုလုပ်နိုင်လည်း ဟန်ပြအနေအထားလောက်ပဲဖြစ်မယ်ဆိုတာ သိရှိနိုင်လောက်ပါရဲ့။ ဒါကို မထူးဇာတ်ခင်းပြီး ဆင်ကန်းတောတိုးသလို ရှေ့ဆက်သွားနေကြတယ်လို့ ယူဆမိတယ်။

 

တို့ပြည်သူတွေကတော့ လူငယ်တွေရဲ့အနာဂတ်အတွက် ပေးဆပ်ထားကြပြီးသားပါ။ မင်းတို့ကရော ဘဟ်သူ့အနာဂတ်အတွက် ပေးဆပ်နေကြသလဲ။ အဲဒီပေးဆပ်ခြင်းအဖြေက သမိုင်းမှတ်ကျောက်ဖြစ်လိမ့်မယ်။ ဘယ်သူက နိုင်ငံကာကွယ်နေသူလဲ။ ဘယ်သူက နိုင်ငံကို ဖျက်ဆီးနေသူလဲ။

~~~~

ဒေါင်းနီ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။