Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မရယ်ရတဲ့ ဟာသတွေ (Opinion)

ဒီရက်ထဲမှာ မဲဆောက်အခြေအနေက ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ ရစ်ပြနေတာနဲ့ တူနေတာပါ။ နေ့စဉ် မြန်မာပြည်ဘက်ခြမ်းက လူငယ်တွေ ထိုင်းနယ်စပ်တစ်လျှောက် တစ်သုတ်ပြီး တစ်သုတ် ဝင်လာလိုက်၊ အများစု အဖမ်းခံရလိုက်၊ တချို့တလေ ပြန်လွှတ်လာလိုက်၊ တချို့က နယ်စပ်မှာပဲ သောင်တင်ကာ ရရာအိမ်တွေကို မတန်တဆစျေးတွေနဲ့ ငှာရမ်းနေထိုင်သူက ထိုင်။ တချို့က ဘန်ကောက်ထိ ဆက်တက်ကြသူတွေက တက်။ နောက်တစ်နေ့ရောက်တော့လည်း  အစုလိုက် ဝင်လာလိုက်၊ နောက်တစ်ညရောက်တော့လည်း အသုတ်လိုက် ဝင်လာလိုက်နဲ့ လတ်တလော မြန်မာပြည်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြောင့်  မြန်မာပြည်သူပြည်သားတွေရဲ့ အခြေအနေတွေ၊ ဘဝတွေဟာ သရုပ်မှန်ပြကွက်တွေထဲမှာ ဟာသမဟုတ်တာတော့ သေချာပါတယ်။

 

“ဒီမနက် ၁၃ ယောက် ကမ်းကူတာကို တစ်ယောက်ပဲ လွတ်သွားတယ်။ ကျန်တဲ့ ၁၂ ယောက် အကုန် အဖမ်းခံလိုက်ရတယ်”

 

အခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့က အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် မြန်မာပြည်နယ်စုံက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တရားဝင်နည်းလမ်းနဲ့ ထွက်ခွာကြတာရှိသလို တရားမဝင်နည်းလမ်းနဲ့ နီးစပ်ရာနိုင်ငံတွေဆီ ဝင်ရောက်လာကြတာပဲဖြစ်ပါတယ်။ အဲဒီထဲမှာမှ ထိုင်းနိုင်ငံတွင်းကို တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ အလုံးအရင်း ဝင်ရောက်လျက်ရှိနေပြီး နယ်စပ်တစ်လျှောက်မှာ ရက်ပိုင်းအတွင်းမှာတင် ဖမ်းဆီးခံလိုက်ရသူတွေ  အများအပြားရှိနေတာ ဖြစ်ပါတယ်။ 

 

“ဒီမနက် ၁၃ ယောက် ကမ်းကူတာကို တစ်ယောက်ပဲ လွတ်သွားတယ်။ ကျန်တဲ့ ၁၂ ယောက် အကုန် အဖမ်းခံလိုက်ရတယ်”လို့ ပြောသူက မြဝတီဘက်ခြမ်းကနေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ကမ်းကူးရာမှာ ကူညီပေးတဲ့ မချောစုဖြစ်ပါတယ်။

 

ထိုင်းဘက်ကို မြဝတီအပြင် ကော့သောင်း တာချီလိတ်ဘက်မှပါ လူဝင်မှု များပြားပြီး ယခင်က တရားမဝင်လမ်းကြောင်းကနေတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ တစ်ရက်ကို လူ ၂၀၀ နီးပါးလောက်ရှိရာမှ ယခုအခါ တစ်ရက်ကို လူငယ် ၁,၀၀၀ ဝန်းကျင်အထိ ထိုင်းနိုင်ငံကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၁ ရက်အတွင်းမှာပင် နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးဟာ ထိုင်းနိုင်ငံရဲ့ ခရိုင် သုံးခုဖြစ်တဲ့ နခွန်းစဝမ်ခရိုင်၊ တာ့က်ခရိုင်နှင့် နခွန်းပထုံခရိုင်တို့ကနေ ဝင်ရောက်လာရာက ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ ညှိနှိုင်းအဆင်ပြေပြီး လွတ်သွားကြသူတွေရှိသလို တချို့ကတော့ ထိုင်းဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး မြန်မာပြည်ဘက်ခြမ်းကို ပြန်ပို့ခံရမယ့်သူတွေလည်း အများအပြား ရှိနေပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဌာနတွေဆီ ပို့ဆောင်ကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူပြီး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီခံရသူတွေကို ပြည်နှင်ဒဏ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ ညှိနှိုင်းအဆင်ပြေပြီး လွတ်သွားကြသူတွေရှိသလို တချို့ကတော့ ထိုင်းဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး မြန်မာပြည်ဘက်ခြမ်းကို ပြန်ပို့ခံရမယ့်သူတွေလည်း အများအပြား ရှိနေပါတယ်။

 

မြန်မာအလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ကလည်း နှစ်ပတ်အတွင်းမှာပဲ မြန်မာနိုင်ငံသား ၃၀၀ ခန့် ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။ 

 

ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်လာတယ်ဆိုရင်တော့ ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်လာတယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူမှာဖြစ်ပြီး ဒီအတွက်ကိုလည်း လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေနဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားတာပါ။ 

 

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဝင်ရောက်သူတွေများပြားတာကြောင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို ထိုင်းနိုင်ငံရဲ့ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သတိပေးပြောဆိုထားတာ ရှိပါတယ်။

 

ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်လာတယ်ဆိုရင်တော့ ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်လာတယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူမှာဖြစ်ပြီး ဒီအတွက်ကိုလည်း လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေနဲ့ ဆွေးနွေးထားပြီးဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားတာပါ။ 

 

ဖမ်းဆီးခံရသူတွေထဲမှာ ကြားက ညှိနှိုင်းပေးသူနဲ့ ငွေကြေးသုံးစွဲနိုင်သူအချို့ကတော့ ဘန်ကောက်ဘက် ဆက်တက်သွားကြသူတွေရှိသလို တချို့ကတော့ ထိုင်းဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး မြန်မာပြည်ဘက်ခြမ်းကို ပြန်ပို့ခံရမယ့်သူတွေလည်း အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလုံခြုံရေးနဲ့ စိတ်အေးချမ်းသာရေးအတွက် မဲဆောက်မှာရှိတဲ့ အိမ်ရှင်တွေ၊ ဟိုတယ်နဲ့ တည်းခိုခန်း မန်နေဂျာတွေက သူတို့ဆီမှာ တည်းခိုနေထိုင်ဖို့ နိုင်ငံခြားသားတွေကို လက်ခံတဲ့အခါ နေထိုင်သူတွေရဲ့ ဧည့်စာရင်းတွေကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေထံ အစီရင်ခံတင်ပြရမယ်လို့ သိရပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ B.E. 2522 ပုဒ်မ 38 အရ နေထိုင်တဲ့အချိန်မှ ၂၄ နာရီအတွင်း အကြောင်းကြားနိုင်ပြီး လိုက်နာခြင်းမရှိပါက အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်ဟာ ၁၀ ရက်အတွင်း ၃၀၂ ဦးထိ ရှိလာတယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အ‌ကြား အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၂၇ နှစ်အကြား အမျိုးသမီး ၇ ဒသမ ၇ သန်းရှိကြောင်း သိရပြီး လတ်တလောမှာတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ မခေါ်သေးဘူးလို့လည်း သိရပါတယ်။

 

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်ဟာ ၁၀ ရက်အတွင်း ၃၀၂ ဦးထိ ရှိလာတယ်လို့ သိရပါတယ်။

 

ဒါကြောင့် လက်ရှိအချိန်မှာတော့ လူငယ်တွေ ပြည်ပကို နည်းလမ်းအမျိုးစုံနဲ့ ထွက်ခွာဖို့ မိဘတွေကိုယ်တိုင် တွန်းအားပေးတာတွေ များလာပါတယ်။ “ရရာနည်းလမ်းနဲ့ ထွက်စေချင်တယ်။ မဟုတ်ရင် လာမယ့် ၄ လပိုင်းမှာ စခေါ်တော့မယ့် ဥပဒေကတမျိုး၊ လက်ရှိ နယ်စုံမှာ နေ့ရောညပါ ပေါ်တာဆွဲ၊ တပ်သားသစ်စုဆောင်းတာတွေက ရှိနေတော့ ကလေးတွေအတွက် တစ်နေ့မှ စိတ်မအေးရဘူးလို့” တောင်ဒဂုံမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန် မြောက်ဥက္ကလာပမှာ ကျမအသိတစ်ယောက်ရဲ့သား ပန်းရန်အလုပ်ကနေ ညနေ ၆ နာရီကျော် အိမ်ပြန်လာတာ။ လမ်းမှာတင် ပေါ်တာဆွဲသွားတယ်လို့ သိရတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်း ဘာမှ မသိရဘူး၊ ဘာအဆက်အသွယ်မှလည်း မရဘူး”

 

ပြည်တွင်းမှာ နယ်တွေပါမက ရန်ကုန်၊ မန္တလေးမြို့ကြီးမတွေမှာပါ စစ်တပ်က ပေါ်တာဆွဲတာတွေ ခပ်စိတ်စိတ်လုပ်လာတာကြောင့် ညနေ ၆ နာရီကျော်တာနဲ့ လူတိုင်းနီးပါး အိမ်ပြင်မထွက်ကြတော့ပဲ ဆိုင်တွေပါပိတ်သိမ်းကာ ခြောက်ကပ်တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

“ပြီးခဲ့တဲ့ ၂ ရက်လောက်က ရန်ကုန် မြောက်ဥက္ကလာပမှာ ကျမအသိတစ်ယောက်ရဲ့သား ပန်းရန်အလုပ်ကနေ ညနေ ၆ နာရီကျော် အိမ်ပြန်လာတာ။ လမ်းမှာတင် ပေါ်တာဆွဲသွားတယ်လို့ သိရတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်း ဘာမှ မသိရဘူး၊ ဘာအဆက်အသွယ်မှလည်း မရဘူး” မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒါဟာ စကစဘက်မှာ အင်အားချိနဲ့နေလို့ ရရာနည်းလမ်းတွေ ထုတ်သုံးနေတာလည်းဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ပြည်တွင်းမှာ လူကြီးလူငယ် ဘယ်သူမဆို ဘာဆက်လုပ်ကြမလဲ ခေါင်းချင်းဆိုင်နေရတဲ့ အခြေအနေတွေ။

 

 ခုချိန်မှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ ဘယ်လမ်းကို‌ လျှောက်မလဲ ပြတ်ပြတ်သားသား ရွေးချယ်ရတော့မယ့်ကာလလည်း ဖြစ်ပါတယ်။

 

ပြည်ပထွက်သူက ထွက် ၊ ပတ်စပို့စ် တိုးဝှေ့သူက ဝှေ့၊ ဗီဇာဝင်သူက ဝင်နဲ့ ခပ်သွက်သွက် လှုပ်ရှားလာကြသလို အောက်လမ်းကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသူတွေလည်း ခပ်မြန်မြန်ပါပဲ။ တချို့ မိသားစုလိုက်ဖြစ်ပြီး တချို့ တစ်ကိုယ်တည်း ထွက်လာကြသူလူငယ်တွေလည်း တစ်ပုံတပင်။ ပြည်တွင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ဘယ်လောက်တောင် ကျန်ရစ်ခဲ့လိမ့်မလဲ။ ဒါတောင် တချို့ ဘယ်မှ ထွက်ဖို့ ရွေးချယ်စရာမရှိသူ လူငယ်တွေက စစ်မှုထမ်းတာကို ရွေ့ဆိုင်းနိုင်ဖို့ ကျောင်းပြန်တက်ရကောင်းနိုးနိုး တွေဝေသူတွေလည်း ရှိနေကြတယ်။ ခုချိန်မှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ ဘယ်လမ်းကို‌ လျှောက်မလဲ ပြတ်ပြတ်သားသား ရွေးချယ်ရတော့မယ့်ကာလလည်း ဖြစ်ပါတယ်။

 

ဒါကြောင့် စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး အဲဒီဥပဒေဟာ တနိုင်ငံလုံးကို စစ်နွံအတွင်း နက်ရှိုင်းစွာ ကျရောက်စေဖို့ လုပ်ဆောင်တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် စစ်အာဏာ သက်ဆိုးရှည်စေမယ့် လုပ်ရပ်ဖြစ်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

စစ်မှုမထမ်းမနေရ ဥပဒေနဲ့ပတ်သတ်ပြီး စစ်ကောင်စီဟာ လူငယ်တွေကို လူသားဒိုင်းအဖြစ် အသေခိုင်းခံမှာဖြစ်ကြောင်း၊ မြန်မာလူငယ်တွေအနေနဲ့လည်း စစ်အာဏာရှင်အတွက် အသေခံ စစ်တိုက်ပေးမယ့်သူမရှိဖြစ်နေကြောင်း ၊ ဒါပေမဲ့ စစ်တပ်အနေနဲ့ အသက်ရှုပေါက်ရဖို့ တိုင်းပြည်ကို ဗရုတ်ဗရပ်ဖြစ်အောင် လုပ်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဘက်ကလည်း ပြောဆိုထားပါတယ်။

 

ဒါ့အပြင် အဲဒီ ဥပဒေကြောင့် လူငယ်တွေ ထောင်သောင်းချီ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေဆီ ဆက်သွယ်လာကြပြီး အကျပ်အတည်းဖြစ်နေတဲ့ လူငယ်တွေအနေနဲ့လည်း တိုင်းရင်းသား ထိန်းချုပ်နယ်မြေတွေ၊ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ကြဖို့ NUG ဘက်က တိုက်တွန်းထားပါတယ်။ 

 

လူငယ်တွေအနေဖြင့် ရွေးချယ်စရာ ၄ ခုရှိပြီး 

၁။ PDFမှာ တာဝန်ထမ်း​ဆောင်မလား

၂။ EROs ​တွေမှာ တာဝန်ထမ်း​ဆောင်မလား

၃။ နိုင်ငံ့ဝန်ထမ်းလုပ်မလား

၄။ သင့်​တော်ရာ အလုပ်အကိုင် တစ်ခုခုနဲ့ အသက်​မွေးဝမ်း​ကျောင်းရင်း ​တော်လှန်​ရေးကို အလုပ်အ​ကျွေးပြုမလား ။

 

လွတ်​မြောက်နယ်​မြေ လာ​ရောက်လိုသူတွေအနေနဲ့ NUG အစိုးရနဲ့ ဆက်သွယ်​ဆောင်ရွက်ဖို့လိုပြီး NUG အ​နေနဲ့လည်း ညီ​နောင်တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့​တွေနဲ့ လိုအပ်တဲ့ ချိတ်ဆက်ညှိနှိုင်းစီစဥ်မှုတွေ ​ဆောင်ရွက်​ပေးသွားမယ်လို့ သိရပါတယ်။

 

အခြေအနေကို ရှောင်လွှဲတာဟာ အဖြေတစ်ခုမဟုတ်ဘူးဆိုတာ လူငယ်တွေ သဘောပေါက်ကြမှာပါ။ အများမျှော်လင့်နေတဲ့ တော်လှန်ရေးအမြန်ဆုံး အောင်နိုင်ဖို့နဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ဆိုရာမှာ လူငယ်တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဒီအချိန်မှာ အမှန်တရားဘက်က ဘယ်လောက်ထိ လက်တွေ့ကျကျ ရွေးချယ်ပါဝင် နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။

 

ပြည်တွင်းကနေ ထွက်လာသူတွေထဲမှာ တော်လှန်ရေးကို ရှောင်ချင်တဲ့လူငယ်တွေ ပါဝင်နိုင်သလို ဘယ်ကိုရောက်ရောက် ရရာအသက်မွေးဝမ်းကျောင်းလုပ်ရင်း တော်လှန်ရေးကို အမှန်တယ် အလုပ်အကျွေးပြုချင်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားသူတွေ အများအပြား ရှိနေမှာပါ။ အခြေအနေကို ရှောင်လွှဲတာဟာ အဖြေတစ်ခုမဟုတ်ဘူးဆိုတာ လူငယ်တွေ သဘောပေါက်ကြမှာပါ။ အများမျှော်လင့်နေတဲ့ တော်လှန်ရေးအမြန်ဆုံး အောင်နိုင်ဖို့နဲ့ ဖက်ဒရယ်စနစ်ထူထောင်ဖို့ဆိုရာမှာ လူငယ်တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဒီအချိန်မှာ အမှန်တရားဘက်က ဘယ်လောက်ထိ လက်တွေ့ကျကျ ရွေးချယ်ပါဝင် နိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။ သေချာတာကတော့ ဒါဟာ ရုပ်ရှင်တကားမဟုတ်တဲ့အတွက် ကျော်သွား၊ ရစ်သွားလို့ မရနိုင်ပါဘူး။ ဟာသဆိုရင်တောင် မရယ်ရတဲ့ ဟာသပဲဖြစ်မှာပါ။...။ 

~~~~

ခေးလု

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။