Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကိုင်း ဘာလုပ်ကြမလဲ (Opinion)

ဖက်ဆစ်အကြမ်းဖက်အုပ်စုက​တော့ တံခါး​ခေါက်သံ​ပေးလိုက်ရုံအဆင့်တင်မက တတိုင်းပြည်လုံးကို အချိန်မ​ရွေး အနိုင်ကျင့်ဖို့ စိန်​ခေါ်လိုက်ပါပြီ။ ၂၀၁၀ ပြည့်နှစ်ကတည်းက ဗိုလ်သန်း​ရွှေ ပြဋ္ဌာန်းထားခဲ့ပြီး ဗိုလ်သိန်းစိန်အစိုးရလက်ထက်ကကော၊ NLD အစိုးရလက်ထက်ကပါ အတည်မပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို မအလက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ တနည်းအားဖြင့် ​ပြောရရင် ဖက်ဆစ်အုပ်စုဟာ မြန်မာပြည်သူတစ်ရပ်လုံးကို အိုးမည်းသုတ်​ပေးလိုက်တာပဲ ဖြစ်ပါတယ်။ "ငါ့ကို မ​ထောက်ခံတဲ့ မင်းတို့​ပြည်သူတွေအကုန်လုံးကို အချင်းချင်းရန်သတ်ကြ​​​ပေ​တော့" လို့ မအလရဲ့ ရင်​ခေါင်းသံကြီးနဲ့ကြုံးဝါးလိုက်တဲ့ အသံဆိုလည်း ဟုတ်ပါတယ်။

 

ကြောက်တတ်လွန်းတဲ့စိတ်​တွေကို ခဏ ခဝါချပြီး စဥ်းစားကြပါ။ ဘာလုပ်သင့်ကြပြီလဲဆိုတာကို အပြန်ပြန် အလှန်လှန် စဥ်းစားခန်းဝင်ကြပါ။ ဘယ်ပြည်သူ တကောင်တမြီးမှ ​နေသာသလို ​နေ​နေလို့မရ​အောင် ဖက်ဆစ်အာဏာရှင်က တရွတ်တိုက်ဆွဲချဖို့ ​ခြေလှမ်းပြင်နေပါပြီ။ 

 

ပြည်သူလူထုကြီး ခင်ဗျာ၊ ဘာလုပ်ချင်ကြပါသလဲ။ ​ကြောက်တတ်လွန်းတဲ့စိတ်​တွေကို ခဏ ခဝါချပြီး စဥ်းစားကြပါ။ ဘာလုပ်သင့်ကြပြီလဲဆိုတာကို အပြန်ပြန် အလှန်လှန် စဥ်းစားခန်းဝင်ကြပါ။ ဘယ်ပြည်သူ တကောင်တမြီးမှ ​နေသာသလို ​နေ​နေလို့မရ​အောင် ဖက်ဆစ်အာဏာရှင်က တရွတ်တိုက်ဆွဲချဖို့ ​ခြေလှမ်းပြင်နေပါပြီ။ အထူးသဖြင့် မြို့ပြမှာ ​နေသာ​နေသူ​တွေဟာ အတင်းအဓမ္မကြုံကြရလို့ရှိရင် ​ပြောင်းပြန်လှည့်မယ်တို့၊ ဘက်​ပြောင်းလိုက်မှာ​ပေါ့တို့ စသဖြင့် စိတ်ကူးယဥ်လို့မရနိုင်​အောင် ဖက်ဆစ်အကြမ်းဖက်အုပ်စုက လက်​တွေ့လုပ်ပြမှာပါ။ မီးကျိုး​မောင်းပျက် လက်နက်အတိုအစ​လောက် ကိုင်ခိုင်းပြီး ​တံတိုင်းလုပ်ရုံအပြင် မပိုနိုင်ပါဘူး။ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့အ​တွေးကို ပြည်သူတစ်ဦးချင်းစီတိုင်းဟာ ​တွေး​တောသင့်ကြပါပြီ။ တအိမ်တ​ယောက် လမ်း​ပေါ်ထွက်ကြမလား၊ ဥပ​ဒေအရ အကြုံးဝင်သူ လူငယ်လူရွယ်​တွေ အကုန် ​တောခိုကြမလား စသဖြင့် တခုခု ​ရွေးချယ်ကြရ​တော့မယ့်အ​ခြေ ဆိုက်လာပြီဖြစ်ပါတယ်။ အဲဒီအ​ခြေ မ​ရောက်ခင်မှာပင် ​နေ့စဥ်နဲ့အမျှ မြို့ပြက အရွယ်​ကောင်း လူငယ်​တွေဟာ အချိန် ​နေရာမ​ရွေးမှာ ​ပေါ်တာဆွဲခံ​နေကြရပြီးလည်း ဖြစ်ပါတယ်။ 

 

NUG က လူကြီးမင်းများကလည်း စကစ ​ကြေညာချက်တစုံတရာ ထုတ်လိုက်ပြီဆိုရင် စာတိုစာရှည်​လောက်နဲ့ တုံ့ပြန်လိုက်မယ်ဆိုတာချည့် လုပ်မရတော့ဘူး။ စစ်နိုင်​ရေးကို အချိန်တိုတိုနဲ့ ​ဖြောင့်​ဖြောင့်မတ်မတ် သွားနိုင်ဖို့ ပိုအ​လေး​ပေးရ​တော့မှာ ဖြစ်ပါတယ်။ ရန်သူကို အနား​ပေးထားတာဟာ ​ကိုယ့်ကိုထိုးမယ့်ဆင်ကို အား​မွေး​ခွင့်​ပေးသလို ဖြစ်​နေပါတယ်။ စကစဘက်က Tipping point ​ရောက်​နေပြီ၊ ဒီ​ကောင်​တွေ ပြို​တော့မှာ မကြာခင် အ​လျှော့​ပေး​တောင်းဆိုစကား​တွေ ဆိုလာ​တော့မှာလို့ ဇွတ်ထင်မ​​နေသင့်ဘူးလို့ ယူဆပါတယ်။ လက်​တွေ့ကျကျ သူတို့ရှုံးပြီဆို​တော့မှ ပြည်သူတစ်ရပ်လုံး "ဟင်း" ချနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်​တော့ စစ်ပွဲရှည်ကြာလာတာနဲ့အမျှ ပြည်သူ​တွေဟာ ​သောက​တွေ ရင်မှာပိုက်ရင်း ​နေ့​တွေည​တွေကို ပူ​လောင်​စွာနဲ့ ဖြတ်သန်း​နေကြရမှာ ဖြစ်ပါတယ်။ 

 

​လူမှုကွန်ရက်​ပေါ်က​နေ မိုတီ​ပေးရုံ၊ ​အာဏာရှင်ရဲ့ အမိန့်မှန်သမျှကို ဆန့်ကျင်ကြလို့ ​အော်ပြရုံ​တွေဟာ လက်​တွေ့မှာ အသုံးမဝင်ပါဘူး။

 

ဒီလိုအ​ခြေအ​နေ​တွေက​နေ ပြည်သူ​တွေ ရုန်းထွက်နိုင်​အောင် အစီအမံ​တွေ ချမှတ်ပြီး လက်​တွေ့ကျ​ကျ ​ဆောင်ရွက်နိုင်ဖို့က အ​ရေးကြီးလှပါတယ်။ ​လူမှုကွန်ရက်​ပေါ်က​နေ မိုတီ​ပေးရုံ၊ ​အာဏာရှင်ရဲ့ အမိန့်မှန်သမျှကို ဆန့်ကျင်ကြလို့ ​အော်ပြရုံ​တွေဟာ လက်​တွေ့မှာ အသုံးမဝင်ပါဘူး။ တအိမ်တ​ယောက် လမ်း​ပေါ်ထွက်ပြီး လူထုတိုက်ပွဲအဖြစ် ညီညီညွတ်ညွတ်နဲ့ ​ဖော်​ဆောင်ကြ၊ လက်နက်ကိုင် pdf ​တွေကလည်း စခန်းသိမ်းတိုက်ပွဲတွေကို အုံနဲ့ကျင်းနဲ့ လုပ်နိုင်ကြရင်​တော့ ဖက်ဆစ်အုပ်စုဟာ ဗိုင်းခနဲ လဲကျသွားပါမယ်။ သို့​​ပေမဲ့ ပြည်သူလူထုရဲ့ ညီညွတ်ခြင်းအားကို ရဖို့ဆိုတာဟာ ​​နွေဦးရဲ့ ခေါင်း​ဆောင်မှုအခန်းကဏ္ဍက ​နေရာယူထားသူ​တွေရဲ့ လက်​တွေ့ကျတဲ့ စွမ်း​ဆောင်နိုင်မှု​ပေါ်မှာပဲ မူတည်​နေပါတယ်။ အသက်စွန့် ဘဝစွန့်နဲ့ ​ခြေစုံပစ်ပြီး တိုက်ပွဲဝင်​နေကြတဲ့ လူငယ်အများစုရဲ့ ထည့်ဝင်သယ်ပိုးမှု​တွေကို အ​လေးအနက်ထားသင့်ပါတယ်။

 

အများစုဖြစ်တဲ့ ပြည်သူလူထုကြီးကလည်း ထုံးစံအတိုင်း ငါ့သားအတွက် ငါ့သမီးအတွက် ငါ့​မြေးအတွက် ငါ့တူ တူမအတွက်ဆိုပြီး ဗမာတပြည်လုံးက အိမ်တိုင်း​စေ့မှာ ​သောက​တွေ ​လောင်မြိုက်​နေကြပြီ ဖြစ်ပါတယ်။ ငါ့သားသမီး​တွေကို နိုင်ငံခြားပို့ရမလား၊ ​တောပဲခိုခိုင်းရမလားဆိုပြီး ဟိုနား တိုးတိုး၊ ဒီနား တိုးတိုးနဲ့ ​ပြော​နေကြရပြီဖြစ်တယ်။ မြို့နီးချုပ်စပ်​တွေမှာလည်း လူကုန်ကူးမယ့် ပွဲစား​တွေဟာလည်း ဆည်ဝမှာ ဗျိုင်း​စောင့်တာထက် ​သေချာတဲ့ နည်းလမ်း​တွေနဲ့ နှုတ်ခမ်းတပြင်ပြင်၊ ​မေးတပွတ်ပွတ်နဲ့ ဟန်​ရေးပြ​နေကြပြီ ဖြစ်တယ်။ တတိုင်းပြည်လုံကလည်း ငါးပွက်ရာငါးစာချစရာ မလို​အောင်ကို ပူ​လောင်ပွက်ထ​နေကြပြီဖြစ်တယ်။ ဒီအခါ ​ခေါင်း​အေး​အေးနဲ့ ဉာဏ်ပါပါ စဥ်းစား​တွေး​ခေါပြီး လုပ်​ဆောင်တတ်ကြဖို့ တဦးချင်းစီတိုင်းမှာ လိုအပ်ပါတယ်။

 

အာဏာရှင်အဆက်ဆက်ဟာ ပြည်သူလူထုတစ်ရပ်လုံး ကျဥ်းထဲကျပ်ထဲ​ကျရောက်သွား​ပြီး မခံမရပ်နိုင်​တော့လို့ ဆူပူအုံကြွလာမယ့် ​စွမ်းအားကို သိပ်​ကြောက်ပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို ကျင့်သုံး​တော့မယ်လို့ အတည်ပြုလိုက်တဲ့ ၁၀.၂.၂၀၂၄ ​နေ့ကစပြီး ဖက်ဆစ်အုပ်စုဘက်ကလည်း ​နေ့တိုင်းနီးပါး ဒီဥပ​ဒေနဲ့ပတ်သက်ပြီး ပြည်သူ​တွေ စိုးရိမ်ပူပန်မှု မဖြစ်​စေဖို့ ပြော​နေရတဲ့ ​ဇော်မဲလုံးရဲ့လျှာ​တောင် ၂ ​တောင်​လောက်ရှည်ထွက်​နေပြီ။ ဒါက​တော့ သူတို့ရဲ့ စုပ်လည်း စူး၊ စားလည်း ရူး အ​ခြေအ​နေကို ပြ​နေတာ ဖြစ်ပါတယ်။ ရန်သူရဲ့ ရှုံး​ခြေ​တွေကို တွက်ဆပြီး​တော့ ကိုယ့်ရဲ့ ​တော်လှန်ဘက်သားများဘက်ကလည်း ရန်သူကို ​လျှော့မတွက်အပ်ဘူး။ သူတို့ ပါးစပ်ကကို "ဘာမဆို လုပ်ရဲတယ်"လို့ ​ပြောဖူးတဲ့အတိုင်း ရန်သူဟာ သူ့အလုပ်သူ တဆုံးလုပ်လိမ့်မယ်။ အဲဒါကို ​သေ​သေချာချာ သတိချပ်ထားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က အဆိုးဆုံးအ​ခြေအ​နေထိ တွက်ဆပြီး ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ ​အာဏာရှင်အဆက်ဆက်ဟာ ပြည်သူလူထုတစ်ရပ်လုံး ကျဥ်းထဲကျပ်ထဲ​ကျရောက်သွား​ပြီး မခံမရပ်နိုင်​တော့လို့ ဆူပူအုံကြွလာမယ့် ​စွမ်းအားကို သိပ်​ကြောက်ပါတယ်။ အခု ဖက်ဆစ်အုပ်စု အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပ​ဒေဟာ သူတို့အဖို့မှာလည်း ​​ဂျောက်ကျ​မယ့် အစထွက်ကျလာ​စေတဲ့ လုပ်ရပ်တခုဖြစ်​နေပါတယ်။ ဒါ​ကြောင့် ပြည်သူလူထုရဲ့ စုစည်းညီညွတ်တဲ့ အားတခု ဖြစ်မသွား​စေဖို့ သူတို့အစကိုသူတို့ လိုက်ဆည်ဖို့ ​နေ့စဥ်ရက်ဆက်ကြိုးစား​နေရတာဖြစ်ပါတယ်။ ဒီအချက်ကို ​နွေဦးရဲ့ပဲ့ကိုင်များ အထူးဂရုပြုပြီး လူထုအုံကြွမှုလှိုင်းကြီးဖြစ်​အောင် ဖန်တီး​ဖော်​ဆောင်သင့်ပါတယ်။ 

 

ခေတ်​ပြောင်း​တော်လှန်​ရေးအဖြစ် ​အောင်ပွဲဆင်နိုင်ဖို့က လက်နက်ကိုင်​တော်လှန်​ရေးနဲ့ လက်နက်မဲ့​တော်လှန်​ရေးကို ဆုံချက်တစ်ခုမှာ ​ပေါင်းဆုံ​စေမှ ဖြစ်ပါမယ်။ ​နွေဦးကို ယုံယုံရဲရဲ ​လျှောက်လှမ်း​နေကြသူ ပြည်သူလူထုကြီးတစ်ရပ်လုံးကလည်း အခုအချိန်မှာ ကိုယ်လွတ်ရုန်းလိုမှု​တွေကို ခဏ​ရွှေ့ထားပြီး တပြည်လုံး လွတ်လပ်မယ့်အ​ရေးကို အာရုံစိုက် စုစည်းသင့်ကြပါတယ်။

 

​နောက် အ​ရေးကြီးတဲ့အချက်တခုကို ​ပြောချင်ပါ​သေးတယ်။ ​(nonviolence) အကြမ်းမဖက်နည်းနဲ့ သွားတဲ့နိုင်ငံ​ရေးတို့၊ (violence) လက်နက်ကိုင်တဲ့နည်းနဲ့သွားတဲ့ နိုင်ငံ​ရေးတို့လို့ မ​ယောင်ရာဆီလူး​နေကြသူ​တွေကိစ္စ ဖြစ်ပါတယ်။ လက်ရှိသွား​နေတဲ့ အန္တိမရည်မှန်းချက်က ​ခေတ်​ပြောင်း​တော်​ရေးတရပ်ကို ဆင်နွှဲ​နေတာ ဖြစ်ပါတယ်။ ​ခေတ်​ပြောင်း​တော်လှန်​ရေးအဖြစ် ​အောင်ပွဲဆင်နိုင်ဖို့က လက်နက်ကိုင်​တော်လှန်​ရေးနဲ့ လက်နက်မဲ့​တော်လှန်​ရေးကို ဆုံချက်တစ်ခုမှာ ​ပေါင်းဆုံ​စေမှ ဖြစ်ပါမယ်။ ​နွေဦးကို ယုံယုံရဲရဲ ​လျှောက်လှမ်း​နေကြသူ ပြည်သူလူထုကြီးတစ်ရပ်လုံးကလည်း အခုအချိန်မှာ ကိုယ်လွတ်ရုန်းလိုမှု​တွေကို ခဏ​ရွှေ့ထားပြီး တပြည်လုံး လွတ်လပ်မယ့်အ​ရေးကို အာရုံစိုက် စုစည်းသင့်ကြပါတယ်။ ဥပမာ ၁၉၈၈ မတ်လ ၁၃ ရက်မှာ ကျဆုံးသွားတဲ့ ကိုဖုန်း​မော်ကို အ​ကြောင်းပြုပြီး သတ်မှတ်ခဲ့တဲ့ "မြန်မာနိုင်ငံလူ့အခွင့်အ​ရေး​နေ့" လိုမျိုးကို ချိန်ကိုက်ထားကာ တိုင်ပင်​ခေါ်ပြီး လူထုအုံကြွမှုကြီးတရပ် ဖြစ်​ပေါ်လာ​အောင် လှုံ့​ဆော်သင့်ကြပါတယ်။ အဲဒီ​တော့ ပြည်သူလူထုကြီးကို​ကော၊ ​နွေဦးရဲ့​ခေါင်းကိုင်ကြီးများကို​ကော တပ်လှန့်လိုက်ပါတယ်။ ကိုင်း ဘာလုပ်ကြမလဲ။

~~~~

နွေဦးစင်ရော်

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။