Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အရာတော်မြို့မှာ စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်၊ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံး၊ အရာရှိအဆင့် ၂ ဦး ပါဝင် ဟုသိရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို အကြမ်းဖက် စစ်ကောင်စီ တင့်ကားတပ် အမှတ် ၅၀၀၄ ရဲ့  အနောက်တောင်ဘက် ၁ မိုင်ခန့်  အကွာရှိ တူးကန်ဘုရားကျောင်း အနီးမှာ PDF ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအဆင့် ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

 

အကြမ်းဖက် စစ်ကောင်စီ ခလရ ၃၆၉ တပ်ရင်းကနေ အရာတော်မြို့ဘက်ကို ထွက်ခွါလာတဲ့ စစ်သား အင်အား ၅၀ ဝန်းကျင်ရှိ ခြေလျင်စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်မှာ PDF ပူးပေါင်းတပ်တွေက နာရီဝက်နီးပါး ကြားဖြတ်တိုက်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိအဆင့် ၂ ဦး အပါအဝင် ရဲတပ်ကြပ် စောမင်းဦးနဲ့ အခြားတပ်သား ၂ ဦး သေဆုံးပြီး စစ်သား ၇ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကာ အရာတော်မြို့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ Danger Force LPDF အဖွဲ့က ပြောပါတယ်။ 

 

ဒီတိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်း တပ်များဘက်မှ တပ်ဖွဲ့ ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုကို Danger Force LPDF ၊ Special Revolution Force ၊ မိုင်းမင်းသားမြေအောက် ပြောက်ကျားတပ်ဖွဲ့နဲ့ မုံရွာခရိုင်တပ်ရင်း (၂၇) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။