Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ဒါဟာ မင်းအောင်လှိုင် ဇာတ်သိမ်းခန်း (Opinion)

ပြောစရာတွေ သိပ်များလာလို့ထင်တယ်။ ဘကြီး ကျနော့်ဆီ ဖုန်းဆက်လာတယ်။ ပြောစရာတွေက တော့ ကိုယ့်ရင်ထဲမှာလည်း အပြည့်၊ မြန်မာပြည်သူတို့ရဲ့ ရင်ထဲမှာလည်း မျက်ရည်တွေ၊ နာကျင်ပေါက်ကွဲ ဒေါသထွက်ရတာတွေနဲ့ ပျစ်ခဲလို့။

 

 “ငါ့တူကြီးရေ၊ ရွာမှာလည်း ပြေးကြလွှားကြဖို့ အထုပ်ပြင်နေကြတာ ဗြောင်းဆန်နေရော။ အရွယ်ရောက်သူတိုင်း မင်းအောင်လှိုင်လက်ချက်မမိဖို့ သတိဆွဲပြီး အသင့်ပြင်နေရတယ်”လို့ ဘကြီးက ဆိုတယ်။

 

PDF မရှိ နိုင်ငံရေးမရှိလေတော့ မြို့သားတွေခမျာ နိုင်ငံရေးပို့စ်လေးတင်မိ၊ ရှဲမိတာနဲ့တင် ရဲစခန်းရောက် ချောက်ကျ၊ ရိုက်နှက်ညှင်းပန်းခြင်း မျိုးစုံကို ခံရပြီးနောက် သိန်း သုံး၊ လေးဆယ်လောက်မှ မပေးနိုင်ရင် ထောင်ထဲ အပို့ခံရ။

 

ဘကြီးရဲ့ ဇာတိမြို့မှာ မြန်မာနိုင်ငံအောက်ပိုင်းက ဒီမိုကရေစီရေး ကြွေးကြော်သံတွေမရှိ၊ အကြမ်း ဖက်စစ်အုပ်စုရဲ့ ထင်ရာစိုင်းမှုအောက်မှာ ပြားပြားမှောက်နေရတဲ့ မြို့လေး။ PDF မရှိ နိုင်ငံရေးမရှိလေတော့ မြို့သားတွေခမျာ နိုင်ငံရေးပို့စ်လေးတင်မိ၊ ရှဲမိတာနဲ့တင် ရဲစခန်းရောက် ချောက်ကျ၊ ရိုက်နှက်ညှင်းပန်းခြင်း မျိုးစုံကို ခံရပြီးနောက် သိန်း သုံး၊ လေးဆယ်လောက်မှ မပေးနိုင်ရင် ထောင်ထဲ အပို့ခံရ။ ပြီးတော့ အာ ဏာပိုင်တွေရဲ့ အစောင့်အရှောက်နဲ့ တရားဝင်သဖွယ် ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းမျိုးစုံကြောင့် ဘဝပျက်မှု အစုံစုံ၊ အရင့်အရင်က မရှိခဲ့ဖူးတဲ့ ရာဇဝတ်မှုတွေ အစုံ။ အဲဒီလို အရောင်အသွေးစုံလင်လှတဲ့ လောကဓံတွေထဲ အခုအခါမှာတော့ ကိုယ့်မြို့ကိုယ့်ရွာမှာ ဘယ်လူငယ်မှ မနေရဲအောင် နောက်တစ်ဆင့် မိုင်ကုန် ဒုက္ခပေးချက်က ကမ်းကုန်အောင်။

 

“ခွေးတွေ ထုံးစံအတိုင်း တော်လှန်ရေးလှုပ်ရှားမှုမရှိတဲ့မြို့တွေရွာတွေကို ပိုဒုက္ခပေးတော့မယ်လို့ အားလုံးက တွက်ဆကြတယ်။ အခု ကြံ့ဖွတ်နဲ့ တပ်ထောက်ခံတဲ့ မိသားစုတွေတောင် မအလကို မယုံလို့ လစ်ပြီ”လို့ ဘကြီးက ပြောပြတယ်။

 

“အခုက တပ်ထောက်ခံသူမကလို့ ကြံ့ဖွတ်မကလို့ ဘာကြီးဖြစ်ဖြစ် ဆောရီးပဲ။ အသက် ၄၀ ကျော်နေပြီ ၊ ၅၀ကျော်နေပြီဆိုပြီး လွတ်မယ်မထင်နဲ့။ အသက်ကျော်လို့ စစ်ထဲ မထည့်တောင် ပြည်သူ့စစ် လုပ်ခိုင်းပြီး ကိုယ့်ဒေသမှာ PDF တွေကို ပြန်တိုက်ခိုင်းလို့ရတယ်။ 

 

တပ်ထောက်ခံသူ မိသားစုက ဘကြီးနဲ့ ရပ်ဆွေရပ်မျိုးတွေ။ သူတို့ရဲ့ အရင်းအချာတစ်ဦးက စစ်တပ်ထဲက လက်ရှိ ဗိုလ်မှူးအဆင့်ရှိသူ။ သူ့ဆီကို လှမ်းတိုင်ပင်ကြည့်တော့ ဘာကိုမှ မယုံဖို့နဲ့ မင်းအောင်လှိုင်က သူ့ အာဏာကလွဲ ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘူးလို့ ထောက်ခံချက်ပေးလေတော့ ကျောင်းလည်းမတက်၊ အလုပ်လည်းမရှိတဲ့ တပ်ထောက်ခံမိသားစု  ၂ စုထဲက အသက် ၂၀ ကျော် လူငယ် ၃ ဦး ဘေးလွတ်ရာသို့ သုတ်သုတ်ပြေးပြီလို့ ဘကြီး ပြောပြတယ်။

 

“အခုက တပ်ထောက်ခံသူမကလို့ ကြံ့ဖွတ်မကလို့ ဘာကြီးဖြစ်ဖြစ် ဆောရီးပဲ။ အသက် ၄၀ ကျော်နေပြီ ၊ ၅၀ကျော်နေပြီဆိုပြီး လွတ်မယ်မထင်နဲ့။ အသက်ကျော်လို့ စစ်ထဲ မထည့်တောင် ပြည်သူ့စစ် လုပ်ခိုင်းပြီး ကိုယ့်ဒေသမှာ PDF တွေကို ပြန်တိုက်ခိုင်းလို့ရတယ်။ အဲဒါ ဘကြီး သူငယ်ချင်းက လှမ်းပြောပြတာ။ ကန့်ဘလူမှာ ၅၀ ကျော်မှ ပျူစောထီး လုပ်နေရတာ အများကြီးတဲ့။ မြိုင်မှာ မကြာသေးဘူး။ PDF ပစ်လို့ သေနေတဲ့ စစ်သားကို စစ်တပ်က ဒီအတိုင်းပစ်ထားခဲ့တာ၊ PDF တွေ ရောက်လာလို့ ကြည့်လိုက်တော့ အသက် ၅၀ ကျော်တွေတဲ့။ တကယ့်စစ်သားလား၊ ပျူလား မပြောတတ်ဘူးလို့ ဘကြီးသူငယ်ချင်း ပြောတယ်”တဲ့။

 

ဘကြီး သူငယ်ချင်းဆိုတာက သန်းရွှေနဲ့ မင်းအောင်လှိုင်ကို တူးတူးခါးခါးမုန်းပြီး စစ်အာဏာရှင်စနစ်ကို လုံးဝဆန့်ကျင်တဲ့ အငြိမ်းစား ဗိုလ်မှူးကြီး။ သူ့တပည့်တပန်းတွေက စစ်တပ်ထဲ  မနည်း ရှိနေတာမို့ စစ်တပ်ထဲက သတင်းတွေ နီးနီးစပ်စပ် သိနေသူ။

 

PDF တိုက်လို့သေတဲ့ စစ်သားတွေကို ဒီအတိုင်း ခွေးသေဝက်သေ စွန့်ထားခဲ့တာ PDF တွေက ဖေဖေါ်ဝါရီ ၁၅ ရက်မှာ ပြန်လည်တွေ့ရှိ။ အသက် ၄၅ နှစ်နဲ့  ၅၀ ကျော် အရွယ်တွေတဲ့။ ဪ… အသက်ကြီးမှ သေတာတောင် ခွေးသေဝက်သေ ပြည်သူ့တပ်မတော်ကြီးက မြေကျင်းလေးတူးပြီးတောင် မမြှုပ်။ 

 

ဘကြီး သူငယ်ချင်း ပြောတယ်ဆိုမှ ဖတ်လိုက်ရတဲ့ သတင်းကို အမှတ်ရမိ။ မကွေးတိုင်း၊ မြိုင်မြို့ နယ်အတွင်း PDF တိုက်လို့သေတဲ့ စစ်သားတွေကို ဒီအတိုင်း ခွေးသေဝက်သေ စွန့်ထားခဲ့တာ PDF တွေက ဖေဖေါ်ဝါရီ ၁၅ ရက်မှာ ပြန်လည်တွေ့ရှိ။ အသက် ၄၅ နှစ်နဲ့  ၅၀ ကျော် အရွယ်တွေတဲ့။ ဪ… အသက်ကြီးမှ သေတာတောင် ခွေးသေဝက်သေ ပြည်သူ့တပ်မတော်ကြီးက မြေကျင်းလေးတူးပြီးတောင် မမြှုပ်။ တပ်မတော်ကြီးက မင်းအောင်လှိုင်လက်ထက်ကျမှ ရှုံးလိုက်တာလည်း ဝါးရင်းတုတ်နဲ့ တက်ရိုက်ရင်တောင် ကြောက်ပါပြီဗျလို့ အော်ပြေးကြမှာလိုလို။ ရှမ်းမြောက်မှာရော ရခိုင်ပြည်နယ်မှာပါ ညီနောင် ၃ ဖွဲ့က ပြတ်ပြတ်သားသား အားမနာတမ်း နွှာထားခဲ့လေတော့ သေကြေဒဏ်ရာရ သောက်သောက်လဲ၊ စခန်းစွန့်ထွက်ပြေး မျက်ဖြူလန် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ရောက်တဲ့အထိ အပြေးသန်ကြတဲ့ စစ်သားတွေလည်း ဖွေးလို့။ပြီးတော့ ပြည်သူ့ရင်ခွင် ဝင်လာသူနဲ့ လက်နက်ချ အညံ့ချတွေကလည်း အထွေးလိုက်။

 

“အခုနွေဦးတော်လှန်ရေး ၃ နှစ်ကျော်အတွင်း  ထွက်ပြေးတာနဲ့ လက်နက်ချတဲ့ စစ်သားအရေအ တွက်က  လွတ်လပ်ရပြီးတဲ့ ၁၉၄၈ ခုနှစ်ကနေ  ၂၀၂၀ အထိ ၇၂ နှစ်အတွင်း  ထွက်ပြေးနဲ့ လက်နက်ချ အရေအတွက် စုစုပေါင်းထက် အများကြီး ပိုများတယ်လို့ ဘကြီးသူငယ်ချင်းက ခန့်မှန်းပြောတာ။ ကာချုပ်ကြီးမအလက အဲဒီလို  အောင်မြင်တာ။ ပြီးတော့ ကာချုပ်ကြီးက ကြုံသလို အီးပေါက်တတ်တဲ့ ပါးစပ်နဲ့ ဗရမ်းဗတာတွေ ပြောတဲ့ နေရာ မှာလည်း နာမည်ကျော်တော့ သူတို့စစ်တပ်တောင် အယုံအကြည်မဲ့နေပြီ”လို့ ဘကြီးက ဆိုရဲ့။

 

အခုတော့ ခိုင်မာတဲ့သတင်းတွေက လောက်ကိုင်ဗိုလ်မှူးချုပ် ၃ ဦးကို သေဒဏ်နဲ့ နောက် ၃ ဦးကို တစ်သက်တစ်ကျွန်းချမှတ်။ 

 

ဘယ်လိုတွေ ဗရမ်းဗတာပါးစပ်လဲလို့ မေးကြည့်တော့ လောက်ကိုင်မှာ လက်နက်ချပြီး စစ်တပ်ရင်ခွင် ပြန်ဝင်ကြတဲ့ ပြဿနာကြီး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့က လောက်ကိုင် ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် ၆ ဦး၊ စစ်သား ၂၀၀၀ ကျော်နဲ့ မိသားစုဝင် ၁၆၀၀ ကျော် ကိုးကန့်တပ်မတော် MNDAA ထံ လက်နက်ချအညံ့ခံကာ လူချည်းဗလာ စစ်တပ်ရင်ခွင် ပြန်ဝင်ကြတဲ့ နောက်ဆုံးပေါ် လက်နက်ချနည်းအသစ်။ အဲဒီတုန်းက စစ်ကောင်စီရဲ့ ဗရမ်းဗတာ ပါးစပ်ပေါက် ဇော်မင်းထွန်းက “အခုလို လုပ်လိုက်ရတာ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ လုပ်လိုက်ရတာပါ။ နောက်တစ်ချက်က ပဋိပက္ခတွေပြီးဆုံးသွားအောင် ငြိမ်ချမ်းရေးကို မျှော်တွေးပြီး လက်နက်ချလိုက်တာ”လို့ လောက်ကိုင်တပ်မှူးတွေကို နေပြည်တော်ကညွှန်ကြားလို့ လက်နက်ချ လိုက်တာလိုလို ပြောကြားခဲ့ဖူးရဲ့။

 

အခုတော့ ခိုင်မာတဲ့သတင်းတွေက လောက်ကိုင်ဗိုလ်မှူးချုပ် ၃ ဦးကို သေဒဏ်နဲ့ နောက် ၃ ဦးကို တစ်သက်တစ်ကျွန်းချမှတ်။ လောက်ကိုင်တပ်မှူးတွေဟာ ကိုယ့်သဘောနဲ့ကိုယ် လက်နက်ချခဲ့တယ်ဆိုရင် စစ်တပ် ရင်ခွင်ပြန်ဝင်ရဲမှာ မဟုတ်ဘူးဆိုတာ ၃ ချက်တွက်နည်းလောက်မတက်လည်း တွက်ချက်လို့ရပြီးသား။

 

ဇော်မဲလုံးပါးစပ်က လောက်ကိုင်ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်ချမှတ်တာမျိုး မရှိဘူးလို့ ပြောခဲ့တာလေ။ အဲဒီလို ဗရမ်းဗတာပါးစပ်နဲ့ ပြောချင်တိုင်းပြောပြီး သူတို့စိတ်မထင်ရင် မထင်သလို ကိုယ့်လူ့ကိုယ်တောင် သေဒဏ်ပေးနေတော့ စစ်တပ်ထဲမှာ မင်းအောင်လှိုင်ကို မယုံကြည်ကြတဲ့အသံ ပိုကျယ်လာတာပဲ

 

 “ဇန်နဝါရီလဆန်းပိုင်းမှာ ဇော်မဲလုံးပါးစပ်က လောက်ကိုင်ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်ချမှတ်တာမျိုး မရှိဘူးလို့ ပြောခဲ့တာလေ။ အဲဒီလို ဗရမ်းဗတာပါးစပ်နဲ့ ပြောချင်တိုင်းပြောပြီး သူတို့စိတ်မထင်ရင် မထင်သလို ကိုယ့်လူ့ကိုယ်တောင် သေဒဏ်ပေးနေတော့ စစ်တပ်ထဲမှာ မင်းအောင်လှိုင်ကို မယုံကြည်ကြတဲ့အသံ ပိုကျယ်လာတာပဲ”လို့ ဘကြီးက သူ့သူငယ်ချင်းရဲ့စကားတွေကို ကိုးကားပြီး ဆက်ပြောပြတယ်။

 

မင်းအောင်လှိုင်နဲ့ လက်တစ်ဆုပ်စာကတော့ ရှင်းတယ်။ တိုင်းပြည်အာဏာ ရာသက်ပန်သိမ်းပိုက်ရေးဆိုတဲ့ သူတို့ရဲ့ရည်မှန်းချက်အတိုင်း အကွေ့အဝိုက်မရှိ တန်းတန်းမတ်မတ် ပြတ်ပြတ်သားသား။ စစ်တပ်ထဲ စစ်သားတွေမရှိ လုံးပါးပါးလာတော့ စစ်မှုမထမ်းမနေရ အဓမ္မပြဌာန်း။ အဲဒီပြဌာန်းချက်က လက်တွေ့အ သက်မဝင်သေးတာတောင် တစ်နိုင်ငံလုံး ဝရုန်းသုန်းကားတွေ ဖြစ်နေလေတော့ ငါ့အာဏာ တယ်အစွမ်းထက် ပါလားဆိုပြီး မင်းအောင်လှိုင် သိပ်ပျော်နေမယ့်ပုံ။

 

အဓမ္မစစ်ထဲသွင်းဥပဒေကို အသက်သွင်းရုံရှိသေး၊ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားလူငယ်တွေကို အကြောင်းပြချက်မဲ့ အဓမ္မဖမ်းဆီး ပေါ်တာဆွဲနေခြင်းက ဥပဒေလို့ ခေါင်းစဉ်တပ်ပြီးတော့ရော ဥပဒေတွေ ဘာတွေမလို ဖမ်းချင်ရင်ဖမ်းမယ်ဆိုတာမျိုးနဲ့ပါ ပြည်သူကို ဒုက္ခပေးကြ။

 

အခု အဓမ္မစစ်ထဲသွင်းဥပဒေကို အသက်သွင်းရုံရှိသေး၊ လမ်းသွားလမ်းလာတွေနဲ့ ခရီးသွားလူငယ်တွေကို အကြောင်းပြချက်မဲ့ အဓမ္မဖမ်းဆီး ပေါ်တာဆွဲနေခြင်းက ဥပဒေလို့ ခေါင်းစဉ်တပ်ပြီးတော့ရော ဥပဒေတွေ ဘာတွေမလို ဖမ်းချင်ရင်ဖမ်းမယ်ဆိုတာမျိုးနဲ့ပါ ပြည်သူကို ဒုက္ခပေးကြ။

 

“မဆလ ခေတ်တုန်းကလည်း ပေါ်တာဆွဲတာ ရှိတယ်။ ဘကြီးတို့မြို့မှာ ညဘက် ရုပ်ရှင်ရုံကနေအထွက် ဖမ်းတာမျိုးတွေ၊ သင်္ဘောဆိပ်မှာ ဖမ်းတာတွေ၊ မုတ္တမ ဘူတာရုံမှာ ဖမ်းတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့၊အမြဲ ဖမ်းနေတာမျိုး မဟုတ်ဘူး။ မဲသဝေါတို့လို ကုလားမတောင် တိုက်ပွဲတွေလို တိုက်ပွဲပြင်းတဲ့အချိန်မျိုးကျမှ အထုပ်ထမ်းဖို့ ပေါ်တာဆွဲတာ။ ပေါ်တာဆွဲတာလိုလို ဘာလိုလိုနဲ့ စစ်တပ်ထဲ ထည့်တာမျိုးမရှိဘူး”လို့ ဘကြီး က အတိတ်ခေတ်ပေါ်တာကို ပြန်ပြောပြတယ်။

 

အခုအဓမ္မစစ်ထဲသွင်းဥပဒေကို အသက်သွင်းပြီးတဲ့နောက် မြို့တွင်း လမ်းသွားလမ်းလာတွေကိုလည်း အလစ်သုတ်ဝင်ဖမ်း၊ ညဘက် ရပ်ကွက်တွေထဲ ဝင်ဖမ်း၊ အဝေးပြေး လမ်းမကြီးတွေပေါ် လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးပြီးနောက် ဘယ်ရောက်လို့ ရောက်ကုန်မှန်းမသိ။ ပေါ်တာဆွဲတာလား၊ စစ်တပ်ထဲ ထည့်တာလား၊ ငွေညှစ်ပြီး ပြန်လွှတ်ပေးမလား မသေချာ။

 

ဘကြီး သူငယ်ချင်းပြောတာက အခုလမ်းပေါ် အဖမ်းခံရတဲ့သူတွေက သူတို့တောင်းတဲ့ ငွေမပေးနိုင်ရင် စစ်တပ်ထဲလည်း ရောက်သွားနိုင်တယ်။ ပေါ်တာနဲ့ လူသားဒိုင်းလည်း ဖြစ်နိုင်တယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်

 

 “ဘကြီး သူငယ်ချင်းပြောတာက အခုလမ်းပေါ် အဖမ်းခံရတဲ့သူတွေက သူတို့တောင်းတဲ့ ငွေမပေးနိုင်ရင် စစ်တပ်ထဲလည်း ရောက်သွားနိုင်တယ်။ ပေါ်တာနဲ့ လူသားဒိုင်းလည်း ဖြစ်နိုင်တယ်။ ဘာမဆို ဖြစ်သွားနိုင် တယ်”လို့ ဘကြီးက ဆက်ပြောတယ်။

 

တစ်နိုင်ငံလုံးအနှံ့ အဓမ္မစစ်ထဲသွင်းဥပဒေ ထွက်ပေါ်လာပြီးကတည်းက ဆောက်တည်ရာမရ ဝုန်းဒိုင်းကြဲ။ တိုင်းပြည်စွန့်ခွာ လူငယ်များစွာ၊ PDF တပ်ဖွဲ့ဝင်အဖြစ် လူငယ်များစွာ၊ပြေးစရာမြေ ရှာမတွေ့သေး ပိတ်မိ နေတဲ့ လူငယ်များစွာနဲ့ တစ်နေရာရာကို ထွက်ပြေးလို့ရနိုင်ကောင်းရဲ့ဆိုပြီး မန္တလေးပတ်စပို့ရုံးရှေ့ တန်းစီနေ တဲ့ လူအုပ်ပြိုကျပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရရှာတဲ့ ရင်နင့်နင့်နာ ဖြစ်ရပ်။ နိုင်ငံနဲ့ချီ အကြီးကျယ်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုကြီးကို မင်းအောင်လှိုင်က ပျော်ပျော်ကြီး ကျူးလွန်နေ‌ပုံ ရက်ရက်စက်စက်။

 

“အာဏာသိမ်းပြီးကတည်းက မတည်မငြိမ်ဖြစ်နေတဲ့ လူဘဝများစွာကို အခု ဖရိုဖရဲဖြစ်အောင် လုပ်တဲ့ ကောင် ဘာသာရေးအရ ကြည့်မယ်ဆိုရင် တော်တော်ငရဲရမယ့်ကောင်”

 

“အာဏာသိမ်းပြီးကတည်းက မတည်မငြိမ်ဖြစ်နေတဲ့ လူဘဝများစွာကို အခု ဖရိုဖရဲဖြစ်အောင် လုပ်တဲ့ ကောင် ဘာသာရေးအရ ကြည့်မယ်ဆိုရင် တော်တော်ငရဲရမယ့်ကောင်”လို့ ဘကြီးက ဆက်ပြောတယ်။

 

ဘာပဲဖြစ်ဖြစ် ဒီကောင် ငရဲရတာကနောက် လောလောဆယ်မှာ ကျနော်တို့ပြည်သူအားလုံး ဒီကပ်ဆိုးကြီးကို ရအောင်ကျော်။ ဒီမြေပေါ်မှာ စစ်အာဏာရှင်တွေကို မြေလှန် အမြစ်ဖြတ်နိုင်ရေး၊ ကျနော်တို့ မှာ နောက်ပြန်ဆုတ်ရစရာ လမ်းမရှိ။

 

ဘကြီးရေ၊ အဓမ္မစစ်ထဲသွင်းဥပဒေဆိုတာ စစ်ကောင်စီရဲ့ နောက်ဆုံးထွက်သက်။ သေခါနီးအချိန်မှာ ရှိသမျှခွန်အားတွေအကုန်ထုတ်လို့ တစ်နိုင်ငံလုံး တုန်လှုပ်အောင် ရမ်းကားပစ်လိုက်တာပဲလို့ ကျနော် ရဲရဲဝံ့ဝံ့ ပြောချလိုက်တယ်။

 

သေချာတယ်၊ ဒါဟာ စစ်အုပ်စုရဲ့ နောက်ဆုံး ထွက်သက်။

~~~~

ထွန်းလင်း

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။