" ဝုန်း...ဖောင်းးဖောင်းး ဒုန်းဒုန်း ဒက် ဒက်"
အိပ်ရာထဲရောက်တဲ့အချိန်မှ မိုင်းဆွဲသံ၊ တစ်ချက်ချင်းပစ်ခတ်သံ၊ အတွဲလိုက်ဆွဲသံတွေ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်။ မဝေးလှဘူးထင်တယ်။ လွန်ရောကျွံရော ဝေးလှမှ ရွှေတာဦးတံတားထိပ်လောက်က ဖြစ်လိမ့်မယ်ထင်ပါရဲ့။ ရွာနဲ့ဆို တစ်မိုင်ခွဲ အကွာလောက်ပေါ့။
ခွေးသားတွေက မှောင်ရိပ်ကို အကာအကွယ်ယူပြီး ဖြတ်လာဟန်တူတယ်။ PDF တွေကလည်း အလစ်ကိုမပေးဘူး။ တော်လှန်ရေးထဲကို စိတ်ရောကိုယ်ပါ နှစ်ထားကြတယ်။ ခွေးသားတွေ များများ သေကုန်ကြပါစေ။ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေလည်း ပါပါစေဗျာ။ အဲဒါကိုတော့ မကြာမီအချိန်အတောအတွင်း သိရပါလိမ့်မယ်။ အကောင်ကြီးကြီး အမြီးရှည်ရှည်ပါရင် မကြာခင် အကူခွေးတွေ ရောက်လာလိမ့်မယ်။ နီးစပ်တဲ့ ပုရစ်ကုန်းရွာထဲကို။ ကျုပ်တို့ ရွာသစ်ရွာထဲကို။ သေနတ်တွေပစ်ဖောက် ဝင်ရောက်လာလိမ့်မယ်။
မိုင်းဆွဲခံရပြီး မကြာခင် ခွေးသားတွေ ရောက်လာ၊ အသက်ကြီးတာ၊ ငယ်တာ၊ မိန်းမဖြစ်နေတာ၊ ယောကျ်ားဖြစ်နေတာ မခွဲတော့ဘူး။ တွေ့တဲ့လူကို ရိုက်နှက်သိမ်းကြုံး၊ ဖမ်းဆီးတော့တာပဲ။
တွေ့တဲ့လူကို ဖမ်းမယ်ဆီးမယ်၊ ပစ်မယ်ခတ်မယ်။ အာဏာသိမ်းခါစတုန်းကတော့ ရွာသားတွေက ကားလမ်းမကို မိုင်းဆွဲခံရတုန်းကလည်း ပြေးခြင်းလွှားခြင်း မရှိကြဘူး။ ဖာသိဖာသာ နေမြဲအတိုင်း နေထိုင်ကြတယ်။ ကိုယ်နဲ့မှ မဆိုင်ဘဲကိုး။ ဒါပေမဲ့ မိုင်းဆွဲခံရပြီး မကြာခင် ခွေးသားတွေ ရောက်လာ၊ အသက်ကြီးတာ၊ ငယ်တာ၊ မိန်းမဖြစ်နေတာ၊ ယောကျ်ားဖြစ်နေတာ မခွဲတော့ဘူး။ တွေ့တဲ့လူကို ရိုက်နှက်သိမ်းကြုံး၊ ဖမ်းဆီးတော့တာပဲ။ မုံရွာမြို့ပေါ်ရောက်မှ မေးမြန်းစစ်ဆေးပြီး ပြန်လွှတ်ပေးတယ်။ ရွာကို ခြေကျင်ပြန်လာခဲ့ကြရတာပဲ။ ရွာနဲ့မြို့က ရှစ်မိုင်လောက်ဝေးတယ်။ သက်ကြီးရွယ်အိုတွေဆို နှစ်ထောက်သုံးထောက် နားနားပြီး ပြန်လာကြရတယ်။
ခုတော့ဖြင့် ရွာအနီးနား မိုင်းဆွဲရင်၊ ခွေးသားတွေ ဝင်လာတယ်လို့ကြားရင်၊ ကျုပ်တို့ရွာသားတွေခမျာ ရွေတိုငွေစလေးတွေ၊ အရေးကြီးတဲ့ စာရွက်စာတမ်းလေးတွေပိုက်ပြီး ရှောင်တိမ်းကြရတော့တယ်။ အချိန်သတ်မှတ်ချက်လည်း မရှိဘူး။ မနက် ဝေလီဝေလင်း ဖြစ်ချင်ဖြစ်မယ်။ နေ့ခင်း ဖြစ်ချင်ဖြစ်မယ်။ ညဘက် သန်းခေါင်သလွှဲ ဖြစ်ချင်ဖြစ်မယ်။ ထမင်းဟင်း ချက်ပြုတ်နေတုန်းဖြစ်လည်း မီးငြှိမ်းပြီးသာ ပစ်ထားခဲ့။ ထမင်းစားနေတုန်းဖြစ်လည်း ဝဝ မဝဝ ထားရစ်ခဲ့။ ယာခင်းထဲက တဲတွေဆီ ပြေးကြ။ ရွာဦးဘုန်းကြီးကျောင်းထဲ ပြေးကြ။
ပုဆိုးခပ်တိုတိုနဲ့ အင်္ကျီမပါ ကိုယ်ဗလာဖြစ်နေတဲ့သူကို သေနတ်နဲ့ချိန်ထားတာလေ။ ရွာသားခမျာလည်း သေမှာကြောက်တော့ တုပ်တုပ်မှမလှုပ် ရပ်နေရတာပေါ့။
ခွေးသားတွေက လူစိတ်ရှိကြတဲ့သူတွေ မဟုတ်ဘူးရယ်။ ဒါကို ဇော်မဲလုံးဆိုတဲ့အကောင်က PDF တွေမို့ ထွက်ပြေးကြတာပေါ့။ PDF မဟုတ်ရင် ပြေးစရာအကြောင်း မရှိဘူးလို့ ပြောလိုက်သေး။ အဲဒီမှာ ခွေးသားတွေက မြင်လိုက်လို့ရှိရင် မပြေးနဲ့ ပစ်သတ်လိုက်မယ်တဲ့။ ပုဆိုးခပ်တိုတိုနဲ့ အင်္ကျီမပါ ကိုယ်ဗလာဖြစ်နေတဲ့သူကို သေနတ်နဲ့ချိန်ထားတာလေ။ ရွာသားခမျာလည်း သေမှာကြောက်တော့ တုပ်တုပ်မှမလှုပ် ရပ်နေရတာပေါ့။ ပြီးတော့ ခေါင်းနောက်လက်ယှက်ထားပြီး ထိုင်နေတဲ့သူကို ဖိနပ်ကြီးနဲ့ ကန်လိုကန်၊ ကျောက်လိုကျောက်။ တကယ့် အောင်နိုင်သူ သူရဲကောင်းကြီးအလားပေါ့။
ခွေးသားတွေက ပြည်သူတွေကို ရန်သူလိုသဘောထား ဆက်ဆံကြတာ။ ဒင်းတို့က လူသတ်လက်နက်ကြီး ကိုင်ဆောင်ထားတော့ လက်ဗလာနဲ့ပြည်သူက ကြောက်ရတာပေါ့။
ခွေးသားတွေက ပြည်သူတွေကို ရန်သူလိုသဘောထား ဆက်ဆံကြတာ။ ဒင်းတို့က လူသတ်လက်နက်ကြီး ကိုင်ဆောင်ထားတော့ လက်ဗလာနဲ့ပြည်သူက ကြောက်ရတာပေါ့။ လက်နက်မပါကြည့်ပါလား။ သူသေကိုယ်သေ ကြိတ်ဝံ့ပါရဲ့။ သတ္တိကတော့ မခေပါဘူးဗျ။ ခုတော့ နိုင့်ထက်စီးနင်းလုပ်နေကြတာ။ ရွံစရာကောင်းလိုက်တာ။
ပစ်သံခတ်သံတွေငြိမ်သွားပြီး နာရီဝက်လောက်ကြာတော့ မမပိုင်တို့မြေးအဘွားတွေ ကျုပ်အိမ်ကို ရောက်လာကြတယ်။ မြေးအကြီးမ သိန်းသိန်းက သူ့အဘွားကို ဝှီးချဲကြီးပေါ်တင်တွန်းလို့။ မြေးအငယ်မ အေးအေးက အထုပ်ကြီးကိုရွက်လို့။ မမပိုင်က အသက် ၉၀ ကျော်စပြုနေပြီ။ ဟိုနားဒီနား တောင်ဝှေးနဲ့ လမ်းလျှောက်နိုင်ပေမဲ့ ခပ်ဝေးဝေးဆိုရင်တော့ လမ်းမလျှောက်နိုင်တော့ဘူး။ သူတို့က ရွာအနောက်ပိုင်းမှာ နေထိုင်တယ်။ မုံရွာ-မန္တလေး ကားလမ်းမနဲ့ နီးတယ်။ ကျုပ်က ရွာအရှေ့ပိုင်းထိပ် ရွာနဲ့ လှည်းလမ်းသာခြားတဲ့ ကျုပ်ပိုင်တဲ့ယာခင်းထဲမှာ နေတယ်။ သူတို့အိမ်ထက်စာရင် ကျုပ်အိမ်က အန္တရာယ်နဲ့ အလှမ်းကွာတယ်လို့ ဆိုရမှာပေါ့။
ခက်တာက ခွေးသားတွေက ရွာမှာ ငွေကြေးရှိသူတွေကို PDF ထောက်ပို့လို့ သတ်မှတ်ထားခြင်းပါပဲ။
မမပိုင်နဲ့ကျုပ်နဲ့က မောင်နှမအရင်းတော့ မဟုတ်ပါဘူး။ တစ်ဝမ်းကွဲပါ။ ဒါပေမဲ့ သူက တစ်ဦးတည်းသောသမီးမို့ ကျုပ်တို့ကို အရင်းအချာလိုသဘောထားပြီး ချစ်ခင်ရှာတယ်။ ပြီးတော့ မမပိုင်က ပစ္စည်းဓန ကုံလုံပြည့်ဝချမ်းသာပေမဲ့ ဘဝအကျိုးပေးကတော့ မလှပဘူးလို့ဆိုရမယ်။ လင်သားနဲ့ သားနှစ်ယောက်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားကြတယ်။ သိန်းသိန်းနဲ့ အေးအေးက သားအကြီးရဲ့ သမီးလေးတွေပေါ့။ သူတို့မိခင်ကလည်း တစ်ပင်လဲလို့ တစ်ပင်ထူသွားလေတော့ အဘွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့ကြတယ်။ သားအငယ်က လူပျိုလူလွတ်နဲ့ ကွယ်လွန်သွားခဲ့တာ။ အနှောင်အဖွဲ့တွေ ကျန်မနေရစ်ခဲ့ဘူး။ ခက်တာက ခွေးသားတွေက ရွာမှာ ငွေကြေးရှိသူတွေကို PDF ထောက်ပို့လို့ သတ်မှတ်ထားခြင်းပါပဲ။
" အေးကွယ်။ မမပိုင်ဖြင့် မြေးတွေကိုလည်း စိတ်မချဘူး။ နေလည်းမနေချင်တော့ပါဘူး။ ဘယ်လိုစိတ်မျိုးနဲ့ ယုတ်မာနေကြလဲဆိုတာကိုလည်း မပြောတတ်တော့ပါဘူး။ ခပ်မြန်မြန်သေမှ အေးတော့မယ်ထင်ပါရဲ့။ ငါ့မောင်လည်း အေးအေးဆေးဆေးနေချင်လို့ ရွာပြန်အခြေချခါမှ ခေတ်ပျက်ကြီးနဲ့ ကြုံတွေ့ရတော့တယ်ကွယ် "
ဒီဘက်ရာစုပိုင်းမှာ ကမ္ဘာကြီးက လုံးရာကနေ ပြားလာပါလေရော။ ကျုပ်လည်း သက်ပြည့်ပင်စင်ယူရမယ့်အရွယ် ရောက်လာပြီ။ အဲဒီမှာ လူတိုင်းနီးပါး မိုဘိုင်းဖုန်းတွေ ကိုင်လာနိုင်ကြပြီ။
ဟုတ်တယ်လေ။ ကျုပ်က ကျောင်းပြီးတာနဲ့ ရန်ကုန်မြို့မှာပဲ ဝန်ထမ်း လုပ်ကိုင်နေမိတာ။ ရန်ကုန်မြို့တော်နေမှပဲ ကမ္ဘာကြည့် ကြည့်မြင်နိုင်မှာကိုး။ ဒါကြောင့် တစ်ကိုယ်တည်း ရွက်လွှင့်နေလိုက်တာပ။ ဒါပေမဲ့ ဒီဘက်ရာစုပိုင်းမှာ ကမ္ဘာကြီးက လုံးရာကနေ ပြားလာပါလေရော။ ကျုပ်လည်း သက်ပြည့်ပင်စင်ယူရမယ့်အရွယ် ရောက်လာပြီ။ အဲဒီမှာ လူတိုင်းနီးပါး မိုဘိုင်းဖုန်းတွေ ကိုင်လာနိုင်ကြပြီ။ ပြီးတော့ ရွာမှာ လျှပ်စစ်မီးလည်း ရလာပြီ။ ဝိုင်ဖိုင်နဲ့ပဲ နိုင်ငံတဝှမ်းသာမက နိုင်ငံတကာနဲ့ပါ ဆက်သွယ်လို့ရလာပြီ။
ဒါနဲ့ ကျုပ်လည်း မွန်းကျပ်လှတဲ့မြို့ပြထက် ကျယ်ပြောလွတ်လပ်တဲ့ကျေးလက်ဒေသမှာ အခြေချနေထိုင်ချင်လာတယ်။ မြို့ပြရဲ့ အပျော်အပါးတွေကို ငြီးငွေ့လာတဲ့အရွယ်လည်း ရောက်လာပြီလေ။ ရွာမှာက ဆွေမျိုးသားချင်း အသိုင်းအဝိုင်းလည်းရှိတယ်။ ငယ်ပေါင်းသူငယ်ချင်းတွေလည်းရှိတယ်။ မုံရွာမြို့ပေါ်သွားချင်လည်း ဆိုင်ကယ်လေးနဲ့ ဆယ်မိနစ်ဆိုရင် ရောက်ပြီ။ ရန်ကုန်မြို့ကိုလည်း ညဦးပိုင်းကားစီးရင် မနက်လင်းတာနဲ့ရောက်ပြီ။ ပြီးတော့ ရွာမှာ အမွေရထားထားတဲ့ယာမြေတွေလည်း ရှိတယ်။ ပင်စင်လစာနဲ့ ယာမြေကထွက်ရှိတဲ့ သီးနှံတွေနဲ့ဆို တစ်ကိုယ်ရေတစ်ကာယအတွက် စားရေးပူစရာမရှိ။ စားပင်သီးပင်တွေကလည်း လတ်ဆတ်ပါဘိသနဲ့။ လေရှူရှိုက်ရတာလည်း လတ်ဆတ်သန့်ရှင်းလို့။
ရွာမှာ အခြေချနေထိုင်ဖို့ဆုံးဖြတ်မှုဟာ မှန်ကန်တယ်လို့ ယူဆမိတယ်။ ကိုဗစ်ကာလမှာ ရန်ကုန်ကသူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် နစ်မြုပ်သွားကြတယ်။ ရွာမှာတော့ ကိုဗစ်ဟာ ချိုနဲ့လားကွယ်လို့ မေးရမယ်ထင်ပါရဲ့။ အနည်းငယ်ဆင်ခြင်ရုံနဲ့ စိုးရိမ်မှုကင်းစွာ ဖြတ်သန်းနိုင်ကြတယ်။
ခွေးသားတွေ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ခေတ်အဆက်ဆက် အေးချမ်းငြိမ်သက်ခဲ့တဲ့ ကျုပ်တို့ရွာလေးတွေဟာ ကျွမ်းထိုးမှောက်ခုံ ဗလောင်ဆန်ကုန်ကြတော့တယ်။
ဒါပေမဲ့ ခွေးသားတွေ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ခေတ်အဆက်ဆက် အေးချမ်းငြိမ်သက်ခဲ့တဲ့ ကျုပ်တို့ရွာလေးတွေဟာ ကျွမ်းထိုးမှောက်ခုံ ဗလောင်ဆန်ကုန်ကြတော့တယ်။ ခေတ်ဆိုးခေတ်ပျက်ကြီးလို့ပြောခဲ့ကြတဲ့ ဖက်ဆစ်ဂျပန်လက်ထက်ကတောင် မြို့ပြကလူတွေ ရွာလေးတွေဆီပြေးခိုရင်း အေးအေးချမ်းချမ်းနေထိုင်နိုင်ခဲ့ပါသေးရဲ့။ ခုတော့ ဖက်ဆစ်ဂျပန်ထက်တောင် သာလွန်ယုတ်မာကြတဲ့သူတွေ။ ကျေးလက်မှာလည်း မငြိမ်သက်၊ မအေးချမ်း။ မြို့ပြမှာလည်း မလုံခြုံ စိုးတထိတ်ထိတ်။
ကျုပ်တို့ရွာက အလယ်တန်းကျောင်းကြီးလည်း ပိတ်ထားလိုက်ရပြီ။ ပညာသင်ကြားရမယ့်အရွယ်တွေရဲ့ အနာဂတ်ဟာ မသေချာတော့။ ပညာရေးဆုံးရှုံးခြင်းဟာ နိုင်ငံတော်ဆုံးရှုံးခြင်းပါပဲ။ ခွေးသားတွေကြောင့်ပေါ့။ လျှပ်စစ်မီတာကောက်ခံမယ့်ဝန်ထမ်းလည်းမရှိတော့။ မီတာခလည်း မပေးရတော့။ လျှပ်စစ်မီးကတော့ ရေတင်ရုံ တစ်ရက်ကို တစ်နာရီနှစ်နာရီ လာနေပါသေးရဲ့။ လျှပ်စစ်မီးလုံးဝဖြတ်လိုက်လည်း သောက်ဂရုမစိုက်ပါဘူး။ အင်ဂျင်စက်နဲ့ ရေတင်ရုံပေါ့။ အေး အင်ဂျင်စက်မောင်းဖို့ ဆီပြတ်လည်း တုံကင်နှိပ်ပြီး ရေတင်ရုံပ။ ဒင်းတို့ကို ဒူးထောက်ဖို့ တို့ရွာသားအားလုံး စိတ်ကူးကိုမထည့်ကြတော့။
လူကြီးလုပ်ချင်တဲ့ရောဂါကလည်း ကုသလို့မရတဲ့ ကင်ဆာရောဂါတစ်မျိုးပါပဲ။ ဒါပေမဲ့ ပြည်သူကလက်မခံတော့ တိုးကျော်တစ်ယောက် အုပ်ချုပ်ရေးမှူးမဖြစ်ဘဲ မသာလောင်းဖြစ်သွားပါလေရော။
ရွာမှာ အုပ်ချုပ်ရေးမှူးလည်း မရှိတော့ဘူး။ ဒင်းတို့နဲ့လက်မတွဲချင်လို့ နှုတ်ထွက်လိုက်ပြီ။ ဒီလိုပဲ ဝန်းကျင်က ထိန်းကျောင်းရင်းနဲ့ မတရားမှုတွေ ကင်းစင်စေပါတယ်။ အဲဒါ အစဥ်အဆက်ရှိခဲ့တဲ့ ကျေးလက်အစဥ်အလာထုံးစံပဲ။ အဲဒီမှာ ကျွန်ခေတ် လူရာဝင်ချင်တဲ့သူတွေကရှိလေတော့ အခက်သား။ ကိုအုန်းဖေရဲ့သား တိုးကျော်ဆိုတဲ့အကောင်က အုပ်ချုပ်ရေးမှူးလုပ်ချင်လို့ မြို့တက်ပြီး ပြောဆိုသတဲ့လေ။ အင်း လူကြီးလုပ်ချင်တဲ့ရောဂါကလည်း ကုသလို့မရတဲ့ ကင်ဆာရောဂါတစ်မျိုးပါပဲ။ ဒါပေမဲ့ ပြည်သူကလက်မခံတော့ တိုးကျော်တစ်ယောက် အုပ်ချုပ်ရေးမှူးမဖြစ်ဘဲ မသာလောင်းဖြစ်သွားပါလေရော။
ယာခင်းထွန်ယက်ဖို့သွားတာ သေနတ်ဒဏ်ရာနဲ့မသာလောင်းကို နွားတွေက လှည်းနဲ့တိုက်ပြီး ယူလာသတဲ့။ လက်သည်တောင်မပေါ်တော့ဘူး။ သမ္မတရာထူးရူးပြီး အာဏာသိမ်းခဲ့တဲ့ဒင်းလည်း သူ့အချိန်ရောက်ရင် သမ္မတတော့ဖြစ်လာမှာမဟုတ်ဘူး။ တိုးကျော်လို အသေဆိုးနဲ့သေမှာ မြင်ယောင်မိပါသေး။
ည ၁၀နာရီထိုးတဲ့အထိ ငြိမ်သက်နေဆဲမို့ မမပိုင်ကို စိတ်ချလက်ချအိပ်ရာဝင်ဖို့ စေခိုင်းရတယ်။ အဲဒီမှာ မမပိုင်က ပြောလာတယ်။
"ဘယ်စိတ်ချလက်ချအိပ်နိုင်ပါ့မလဲ ငါ့မောင်ရယ်။ ဒင်းတို့ရှိနေသရွေ့ကာလပတ်လုံး တို့ဘဝတွေလည်း လုံခြုံမယ်မထင်ပါဘူး။ " တဲ့လေ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။