မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ သုံးနှစ်ပြည့်လို့ တစ်လအလွန်မှာပဲ စစ်မှုထမ်း ဥပဒေဆိုတာကို ပြဋ္ဌာန်းလိုက်ပါတယ်။ တိုက်ပွဲတိုင်းမှာ အကျအဆုံး များစွာနဲ့ ဒယီးဒယိုင် ဖြစ်လာနေတဲ့ စစ်တပ်ဟာ အခုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ရေးဆွဲထားခဲ့တဲ့ စစ်မှုထမ်း ဥပဒေဆိုတာကို ဖုတ်ဖက်ခါပြီး အလျင်စလို ပွဲထုတ်လာရပါတော့တယ်။ ဒီလို မလုပ်လို့ကလည်း မဖြစ်တော့ပါဘူး။ ဘယ်နေရာမှာမဆို တပ်တွေက စုပေါင်းစပ်ပေါင်းနဲ့ စုဖွဲ့ထားနေရပြီ။ လက်ရုံးတပ် ပေါင်းစုံ ပျူ ပေါင်းစုံနဲ့ ဖွဲ့ထားရတဲ့ တပ်တွေကလည်း ထီကနဲ ဆိုတာနဲ့ ကွဲတာချည်း ဖြစ်နေတော့ စစ်မှုထမ်းဟောင်းတွေကို တပ်ထဲ မရအရ ပြန်ဆွဲသွင်းရတော့တာပေါ့။ ဒါနဲ့ မလုံလောက်သေးတာကြောင့် တိုင်းပြည်ရဲ့ အညွန့်အဖူး လူငယ်လေးတွေကို စစ်ထဲ အတင်းအကျပ် ဆွဲသွင်းဖို့ လုပ်လာရတော့ တာပေါ့။
အခု ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေအရ တစ်လကို စစ်သားသစ် ၅၀၀၀ နှုန်းနဲ့ တစ်နှစ် ခေါ်ယူမှာ ဖြစ်လို့ သုံးနှစ်အတွင်း စစ်ခွေးတွေ သေကြေ ဒဏ်ရာရပြီး ပြုန်းတီးခဲ့တဲ့ အင်အားက အနည်းဆုံးတော့ ၆ သောင်းနဲ့ ၇သောင်း ကြားမှာ ရှိနိုင်ပါတယ်။
ဒီအခြေအနေကို ကြည့်ရင် ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း “တပ်ပြုန်းညီနောင်” လက်ထဲမှာ စစ်တပ်ဟာ အင်အား အလွန်ပြုန်းတီးသွားခဲ့ပြီဆိုတာ တွေ့နိုင်ပါတယ်။ AAPP လို အဖွဲ့တွေနဲ့ ပြည်သူဘက်ကရပ်တဲ့ သတင်းဌာနတွေက ထုတ်ပြန်နေတဲ့ ရန်သူ့စစ်သား အကျအဆုံး စာရင်းတွေကို ကြည့်ရင် နိုင်ငံတကာ သတင်းအေဂျင်စီ တချို့နဲ့ ဇော်မဲလုံးတို့ ဘယ်လောက်ပဲ ငြင်းချက် ထုတ်ကြပါစေ၊ အဲဒါတွေ အမှန်ပဲဆိုတာ သက်သေပြ နေသလိုပါပဲ။ အခု ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေအရ တစ်လကို စစ် သားသစ် ၅၀၀၀ နှုန်းနဲ့ တစ်နှစ် ခေါ်ယူမှာ ဖြစ်လို့ သုံးနှစ်အတွင်း စစ်ခွေးတွေ သေကြေ ဒဏ်ရာရပြီး ပြုန်းတီးခဲ့တဲ့ အင်အားက အနည်းဆုံးတော့ ၆ သောင်းနဲ့ ၇သောင်း ကြားမှာ ရှိနိုင်ပါတယ်။
ဒီကြားထဲ ဇော်မဲလုံးက ပညာသည်တွေ၊ ကွန်ပျူတာသမားတွေ ဘာဘာညာညာတွေလည်း နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်ပါတယ်လို့ ရွှီးပါသေးတယ်။ နောက်ဆုံးမှာတော့ လာမယ့် ဧပြီလလောက် ကစပြီး တစ်လကို စစ်သားသစ် ၅၀၀၀ နှုန်းနဲ့ တစ်နှစ်တိတိ စစ်ထဲဆွဲသွင်းဖို့ လူစုနေတယ်ဆိုတာကို ဝန်ခံ သွားရတာပါပဲ။
သူတို့အကြောင်း နောကြေနေတဲ့ ပြည်သူတွေနဲ့ လူငယ်တွေကတော့ ဇော်မဲလုံး စပြီး ပါးစပ်ဟလိုက်တာနဲ့ ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်တယ်ဆိုတာ သိနေကြပါပြီ။
လူတကာ တံတွေးခွက်မှာ ပက်လက်မြောရမယ့် စစ်ခွေး အဖြစ်ခံမလား၊ ပြည်သူဘက်ကို ပြတ်ပြတ်သားသား ရပ်မလားဆိုတာက လူငယ်တွေအဖို့ အလွယ်တကူပဲ ရွေးချယ်နိုင်တဲ့လမ်းကြောင်းပါ။
ဒါကြောင့် စစ်မှုထမ်းဥပဒေဆိုတာကြီး ပြဋ္ဌာန်းကြောင်း ကြေညာပြီး နောက်နေ့ကစလို့ လူငယ်တွေဟာ နီးစပ်ရာ နီးစပ်ရာ လူစုပြီး တိုင်ပင်ကြ၊ ဘယ်လမ်းကို ရွေးမလဲဆိုတာ ဆွေးနွေးကြ၊ လုပ်နေကြပါပြီ။ လူတကာ တံတွေးခွက်မှာ ပက်လက်မြောရမယ့် စစ်ခွေး အဖြစ်ခံမလား၊ ပြည်သူဘက်ကို ပြတ်ပြတ်သားသား ရပ်မလားဆိုတာက လူငယ်တွေအဖို့ အလွယ်တကူပဲ ရွေးချယ်နိုင်တဲ့လမ်းကြောင်းပါ။ နဂိုက သံယောဇဥ်တွေ၊ ထောက်ထားစရာ အကြောင်းတွေ ရှိနေကြတာကြောင့် ရုန်းမထွက်နိုင်ကြသေးတဲ့ လူငယ်တွေတောင် ဒီတစ်ချီမှာတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်လာကြတာတွေ့လာရပါတယ်။
ဒါကလည်း သဘာဝကျတဲ့ ကိစ္စပါ။ နိုင်ငံတကာမှာ စစ်မှုထမ်း ဥပဒေဆိုတာ မိမိနိုင်ငံကို ကာကွယ်ဖို့အတွက် လိုအပ်ချက်ရှိလို့ လုပ်ကြရတာပါ။ တောင်ကိုရီးယားတို့၊ စင်္ကာပူတို့ ဆိုတာ အလွန် လိုအပ်လို့ကို လုပ်ကြရတာပါ။ ရုရှားတောင် ပြည်တွင်းစစ် ဖြစ်လို့ စစ်မှုထမ်း ဆင့်ခေါ်တာ မဟုတ်ပါဘူး။ အိမ်နီးချင်း ယူကရိန်းနဲ့ စစ်ဖြစ်လို့ပါ။ ဒါတောင် သူများနိုင်ငံကို ကျူးကျော်တဲ့စစ်၊ မတရားတဲ့စစ် ဖြစ်လို့ သိန်းနဲ့ချီတဲ့ ရုရှားလူငယ်တွေဟာ စစ်မှုထမ်းဖို့ ငြင်းဆန်ပြီး တိုင်းပြည်ထဲက ထွက်ပြေးခဲ့ကြတာ အားလုံး အသိပါပဲ။ ပြည်တွင်းစစ်မှာ ဥပဒေ ပြဋ္ဌာန်းပြီး အတင်းအကြပ်ချွေးတပ်ဆွဲသလို လုပ်တာကတော့ ကမ္ဘာမှာ တပ်ပြုန်းညီနောင် လက်ထက်မှာပဲ ရှိပါလိမ့်မယ်။
တိုက်ပွဲတစ်ခုမှာ ဖမ်းမိတဲ့ စစ်သားတွေရဲ့ စစ်သက်တွေကို ကြည့်လိုက်တော့ စစ်မှုထမ်းသက် ၁၆ နှစ်ကနေ ၂၆ နှစ်လောက်အထိ ရှိတဲ့သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီလူတွေဟာ ရှေ့ တန်းတွေမှာ တိရိစ္ဆာန်လို အဆင့်အတန်းမျိုးနဲ့ နေကြရတာ ဖြစ်တယ်။
ပြောရရင်တော့ ဒီလုပ်ချက်က တပ်ပြုန်းညီနောင်ရဲ့ နောက်ဆုံး လုပ်ချက်ပဲ ဖြစ်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီနည်းနဲ့ ပြည်သူကို အနိုင်ယူနိုင်မှာ မဟုတ်တဲ့အပြင် အချိန်ကို ဆွဲဆန့်လို့တောင် ရမှာ မဟုတ်လို့ပါပဲ။ တိုက်ပွဲတစ်ခုမှာ ဖမ်းမိတဲ့ စစ်သားတွေရဲ့ စစ်သက်တွေကို ကြည့်လိုက်တော့ စစ်မှုထမ်းသက် ၁၆ နှစ်ကနေ ၂၆ နှစ်လောက်အထိ ရှိတဲ့သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီလူတွေဟာ ရှေ့ တန်းတွေမှာ တိရိစ္ဆာန်လို အဆင့်အတန်းမျိုးနဲ့ နေကြရတာ ဖြစ်တယ်။ စစ်သက် ဘယ်လောက်ပဲရှိရှိ အခြားအဆင့် ဆိုတာက မတက်ဘဲ၊ မျှော်လင့်ချက်မဲ့၊ အနာဂါတ်မဲ့ နေကြရသူတွေ ဖြစ်ပါတယ်။ မပြည့်စုံတဲ့ မိသားစု ဘဝတွေနဲ့ စိတ်ဒါဏ်ရာ ကြီးကြီးမားမား ရနေသူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘယ်စစ်သားမှာမှ မရှိတဲ့ စိတ်ဒါဏ်ရာမျိုးတွေ ရနေသူတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူတွေဟာ သူတို့ အင်အားသာနေချိန် သူတို့ လက်ထဲရောက်ရင် လူထုအပေါ် ရက်ရက်စက်စက် လုပ်တတ်ကြပြီး၊ စစ်တိုက်ရာမှာလည်း မိုက်ရူးရဲ အဆင့်ထက် မပိုပါဘူး။ အကြပ်အတည်း ကြုံလာရင်တော့ အလွယ်တကူ လက်နက်ချဖို့ ဝန်မလေးကြတာ ဖြစ်ပါတယ်။
အရာရှိ အဆင့်တွေဆိုရင်လည်း နိုင်ငံရေး ဗလာနထ္ထိ၊ အထက်ဖား အောက်ဖိနဲ့ ကိုယ့်အတွက်ပဲ ကိုယ် ကြည့်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စာမဖတ် ပေမဖတ်၊ အယူသည်းမှုတွေ၊ အထက်လမ်း အောက်လမ်းတွေ၊ ဓာတ်တွေနတ်တွေ၊ ဗေဒင် နက္ခတ်တွေကို အလွန်အမင်း ယုံကြည်လိုက်စားကြတဲ့ ကမ္ဘာ့တစ်ခုတည်းသော စစ်ဗိုလ် အုပ်စုလို့ ဆိုရမှာပါ။
ဒီစစ်ခွေးတပ်ကြီး တစ်ခုလုံးဟာ အစဥ်အဆက် ရှိလာတဲ့ ဖွဲ့စည်းပုံ အောက်မှာ ဟန်မပျက်သလို တည်ရှိနေပေမယ့် အတွင်းက လှိုက်စားနေတဲ့ အနာဆွေး အနာပုပ်ကြီးလို ဖြစ်နေတာပါ။
အလောင်းဘုရား၊ ဘိုးတော်ဘုရားတို့ လက်ထက် တပ်မင်း တပ်ဗိုလ်တွေလောက်တောင် အတွေးအခေါ် အဆင့်အတန်း မရှိကြသူတွေ ဖြစ်နေပါတယ်။ ဒါတွေ အားလုံးဟာ ဗိုလ်သန်းရွှေ လက်ထက်က စပြီး သန္ဓေ တည်လာတာ ဖြစ်ပါတယ်။ ကုလား တရုတ် မုန်းတီးစိတ်၊ ဆန့်ကျင်ဘက်လိင်အပေါ် အထင်သေးစိတ်တွေက ဒေါ်စိန်အေးကျောင်းသား ဘဝမှာကတည်းက ရိုက်သွင်းခံလိုက်ရတာပါ။ ဒီတော့ ဒီစစ်ခွေးတပ်ကြီး တစ်ခုလုံးဟာ အစဥ်အဆက် ရှိလာတဲ့ ဖွဲ့စည်းပုံ အောက်မှာ ဟန်မပျက်သလို တည်ရှိနေပေမယ့် အတွင်းက လှိုက်စားနေတဲ့ အနာဆွေး အနာပုပ်ကြီးလို ဖြစ်နေတာပါ။
ဒါကြောင့် ဒီတပ်မျိုးမှာ အလွန် ခေတ်ရှေ့ပြေးနေတဲ့ G.Z တွေ မပြောနဲ့ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေတောင် တပ်ပြုန်းညီနောင်ရဲ့ တပ်ထဲကို ဝင်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကိုလည်း မအလတို့တစ်သိုက်က အသေအခြာ သိနေကြတာကြောင့် သူတို့ လုပ်တတ်တဲ့ တစ်ခုတည်းသောနည်း ဖြစ်တဲ့ ဇွတ်လုပ်တဲ့နည်း၊ သေနတ်ပြ ခြိမ်းခြောက်တဲ့ နည်းတွေနဲ့ပဲ လုပ်မှာပါပဲ။
အခုတောင် ဥပဒေက ပြည့်ပြည့်စုံစုံ မထွက်သေးဘူး၊ ပေါ်တာဆွဲ သလိုလို တပ်သားသစ်ပဲ သိမ်းသွင်းသလိုလို စပြီး လုပ်နေကြပါပြီ။
အခုတောင် ဥပဒေက ပြည့်ပြည့်စုံစုံ မထွက်သေးဘူး၊ ပေါ်တာဆွဲ သလိုလို တပ်သားသစ်ပဲ သိမ်းသွင်းသလိုလို စပြီး လုပ်နေကြပါပြီ။ ဒီလိုလုပ်ဖို့လည်း သူတို့ အထက်ပုဂ္ဂိုလ်တွေက မျက်စိတဖက် မှိတ်ပြီး ခွင့်ပြုထားတာပဲ ဖြစ်မှာပါ။ ခြုံလိုက်ရင်တော့ စစ်အုပ်စုကို အပြတ် ရှင်းထုတ်မှပဲ ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခအပေါင်းက ကင်းလွတ်ကြမှာပါ။
ဘေးဘီက နိုင်ငံတွေက မည်သို့ပင် သဘောထားကြပါစေ၊ မည်သို့ပင် ဟန့်တားကြပါစေ ကိုယ့်ကိစ္စ ကိုယ်ပဲ ပြီးစီးအောင် လုပ်ကြရမှာပါ။ ဒီအတွက် ခုတလော NUG နဲ့ EAO များရဲ့ ထုတ်ပြန် ကြေညာချက် များနဲ့ ညီနောင် သုံးဖွဲ့ အပါအဝင် ဗမာပြည်မက PDF များ၊ ပကဖများ အားလုံး ပေါင်းစည်း ညီညွတ်စွာ လုပ်ဆောင်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့သာ ကျော်လွှားကြရမှာ ဖြစ်ကြောင်းပါ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။